အမေရိကန်ပုဂ္ဂလိက အာကာသစူးစမ်းရေး Firefly ကုမ္မဏီရဲ Blue Ghost လဆင်းယာဉ်ဟာ မတ်လဆန်းမှာ လမျက်နှာပြင်ပေါ် ဆင်းသက်နိုင်ခဲ့ပြီး လပေါ် လူသွားဖို့အပါအဝင် NASA ရဲ့ စူးစမ်းမှုတွေလုပ်ဖို့ စက်ကရိယာတွေ သယ်ဆောင်သွားခဲ့တယ်လို့ NASA သိပ္ပံပညာရှင် ဒေါက်တာပဒေသာတင် ကပြောပါတယ်။ ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
ရေဒဏ်ခံနိုင်တဲ့အဝတ်အထည်တွေကနေ သန့်ရှင်းရေးပစ္စည်းတွေ၊ မကပ်တဲ့ အိုးခွက်တွေအထိ လူသုံးပစ္စည်း အမျိုးမျိုးမှာ ထည့်သွင်းသုံးစွဲနေတဲ့ ဓါတုပစ္စည်း PFAS ဟာ အင်မတန် အသုံးဝင်သလောက် အန္တရာယ်လည်း ကြီးတယ်လို့ ဓါတုပညာရှင် ဒေါက်တာခင်မောင်ညိုက ပြောပါတယ်။ PFAS ဆိုတာ ဘာပါလဲ။ ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
ဝင်ရိုးစွန်း ဝက်ဝံတွေမှာတွေ့ရတဲ့ ရေခဲမတင်တဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိရှိတဲ့ ဓါတုပစ္စည်းတွေကို သဘာဝ အဆီလွှာ ပါး လေး တခု အဖြစ် ထိထိရောက်ရောက် သုံးနိုင်တာကိုပါ တွေ့လာတာကြောင့် သူ့ကို စက်မှုလုပ်ငန်းမှာ ရေမခဲစေတဲ့ပစ္စည်း အဖြစ် အသုံးချဖို့ပါ ဖြစ်နိုင်ခြေရှိနေတာပါ။
အာတိတ်ဒေသလို အပူချိန် သုညအောက်ရှိတဲ့ အအေးလွန်ကဲတဲ့ ဝန်းကျင်ကို ဝင်ရိုးစွန်းဝက်ဝံ polar bear တွေ ဘာကြောင့် ခံနိုင်ရည် ရှိတယ် ဆိုတာကို အိုင်ယာလန်က သုတေသနပညာရှင်တွေ တွေ့လာပါပြီ။ ဒီတွေ့ရှိချက် ကနေ သဘာဝ PFAS ခေါ် မပျောက်ပျယ်တဲ့ ထာဝရဓါတုပစ္စည်း ထုတ်ဖို့ပါ မျှော်လင့်လာကြတာပါ။
နည်းပညာတိုးတက်တဲ့ ခေတ်ကိုရောက်ဖို့ မရှိမဖြစ် ပစ္စည်းတခုက သံလိုက် ဖြစ်ပြီး ဒီသံလိုက်တွေထဲမှာ မြေရှားသတ္တုနဲ့ ပြုလုပ်တဲ့ သံလိုက်ဟာ သံလိုက်ဓါတ်ကို တာရှည်ခိုင်မြဲ စေပါတယ်။ ဒီမြေရှားသတ္တုသုံး သံလိုက်ဟာ ဘာကြောင့် အရေးပါတာပါလဲ။ ဓါတုပညာရှင် ဒေါက်တာ ခင်မောင်ညိုကို ဒေါ်ခင်မျိုးသက်က မေးမြန်း တင်ပြထားပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာ ပြဿနာအတွက် အပူအအေး ထိန်းချုပ်တဲ့ ရုံကြီးတွေနဲ့ စိုက်ပျိုးမှု တွင်ကျယ်လာတဲ့အခါ ဝတ်မှုန်ကူးမယ့် ပျား၊ ပိတုန်းတွေ မဝင်နိုင်ပဲ ဖြစ်လာတာကြောင့် ပျားလို ဝတ်မှုန်ကူးပေး နိုင်မယ့် ပိုးကောင်စက်ရုပ်မျိုး တီထွင်နေတယ်လို့ MIT သုတေသနပညာရှင်က ရိုက်တာကို ပြောပါတယ်။
လူသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ပိုတက်ဆီယမ် K ဓါတုပစ္စည်းနဲ့ ဗိုက်တာမင် K ဘာကွာပါသလဲ။ သူတို့ဟာ လူ့ကိုယ်ခန္ဓာထဲမှာ ဘယ်လို အလုပ်လုပ်ပါသလဲ။ ဓါတုပညာရှင် ဒေါက်တာခင်မောင်ညိုကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
ကယ်လီဖိုးနီးယား တောမီးကို ငြှိမ်းဖို့ ဝေဟင်ကနေ ဖြန်းတဲ့ အနီရောင်၊ လိမ္မော်ရောင် ဆေးတွေဟာ အရောင်ဆိုးထားတဲ့ မီးလျှံတားတဲ့ ဆေးတွေ ဖြစ်ပြီး သဘာဝဝန်းကျင် ထိခိုက်မှုနည်းအောင် လုပ်ထားတယ်လို့ ဒေါက်တာခင်မောင်ညိုက ပြောပါတယ်။ ဒီမီးတားဆေးတွေက လူတွေအတွက်ဘာ အန္တရာယ်ပေးနိုင်ပါသလဲ။
အမေရိကန်လို အအေးပိုင်းဒေသမှာ ဆောင်းရာသီ အေးခဲပြီး ရေငွေ့ကင်းတဲ့ ခြောက်သွေ့မှုကနေ ပြင်ပလေ အစားထိုးပြီး လေပြင်းတိုက်ခတ်တဲ့ အခါ အပူ - မီးစ တခုရှိတာနဲ့ မီးလောင်မှုကို ဖြစ်ပွါးတယ်လို့ ဒေါက်တာခင်မောင်ညိုက ပြောပါတယ်။
ပါကာ နေစူးစမ်းရေးယာဉ်ဟာ သတ်မှတ်ထားတဲ့ နေနဲ့အနီးဆုံးနေရာကို ရောက်သွားပြီဖြစ်ပြီး သူဟာ ပျက်စီးမှုမရှိပဲ အကောင်း ပကတိအတိုင်း ပုံမှန် အလုပ်တွေကို လုပ်နေတယ်လို့ ၂၀၂၄ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ NASA က ကြေညာပါတယ်။
အခဲ၊ အရည် အငွေ့အဖြစ်တည်ရှိတဲ့ ရေမှာ- ရေငွေ့ဟာ လူတွေရဲ့ နေ့စဉ်ဘဝ အတွက် သိပ်ကို အရေးပါတဲ့အပြင် သူဟာ လူသိပ်မသိသေးတဲ့ ဖန်လုံအိမ် ဓါတ်ငွေ့လည်း ဖြစ်တယ်လို့ သိပ္ပံပညာရှင် ဒေါက်တာ ခင်မောင်ညိုက ပြောပါတယ်။ ရေကို သန့်စင်ရာမှာ ကလိုရင်းကို သုံးတာကရော အန္တရာယ်ရှိပါသလား။ ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
တိုက်ပွဲတွေနဲ့ မအေးချမ်းတဲ့ မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်း သိပ္ပံနဲ့ နည်းပညာရပ် ဆိုင်ရာ အခြေနေဘယ်လို ရှိပါသလဲ။ ဂျပန်အဏ္ဏဝါသိပ္ပံနဲ့ နည်းပညာဌာန JAMSTEC က ဒေါက်တာမိုးကျော်သူကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
ကမ္ဘာမှာ မြေရှားသတ္တု ထုတ်လုပ်မှု တတိယအများဆုံး ဖြစ်တဲ့ မြန်မာနိုင်ငံမှာ မြေရှားသတ္တုတွေကို ဘယ်နေရာမှာ တွေ့နိုင်ပါသလဲ။ Australia နိုင်ငံ ဓါတ်သတ္တု ရှာဖွေတူးဖေါ်ရေး အကြံပေး ဒေါက်တာဦးအောင်ပွါးကို ဒေါ်ခင်မျိုးသက်က မေးမြန်းထားပါတယ်။
AI မော်ဒယ်တခု ဖြစ်တဲ့ ChatGPT မှာ လူသားတွေလို မေးခွန်းတွေ ဘာ့ကြောင့် မေးလို့ရပါသလဲ။ ChatGPT ကို သုံးနိုင်တဲ့ အားသာချက်နဲ့ အားနည်းချက်က ဘာပါလဲ။ AI သုတေသနပညာရှင် ဒေါက်တာရဲကျော်သူကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
စက်နဲ့ လူသား ဆက်သွယ် ပြောကြားလို့ရတဲ့ AI မော်ဒယ်တခု ဖြစ်တဲ့ ChatGPT ဆိုတာ ဘာလဲ၊ သူ့ကို ဘယ်လိုတည်ဆောက်ထားတယ် ဆိုတာကို NECTEC ထိုင်းအမျိုးသား အီလက်ထရောနစ်နဲ့ ကွန်ပြူတာနည်းပညာဌာနက AI သုတေသနပညာရှင် ဒေါက်တာရဲကျော်သူကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
KBA က ဂုဏ်ထူးဆောင် 9-dan အမြင့်ဆုံး ဂို့ကစားသမားဆု အချီးမြှင့် ခံရတဲ့ (Google ရဲ့) Alpha Go - AI စက်ရုပ်ဟာ ၂၀၁၆ ခုနှစ်တုန်းက လူနဲ့ စက် သမိုင်းဝင် ဂို့ ကစားနည်း ပြိုင်ပွဲမှာ တောင်ကိုရီးယားက ဂို့-ချန်ပီယံ Lee Sedol ကို အနိုင်ရခဲ့တယ်လို့ AI သုတေသနပညာရှင် ဒေါက်တာရဲကျော်သူ က ပြောပါတယ်။
စက်တွေကို သက်ရှိတွေလို တွေးခေါ် စဉ်းစားနိုင်ဖို့ သင်ကြားပေးတဲ့ နည်းစနစ်တွေထဲက ဆုပေးဒဏ်ပေးပုံစံသင်ကြားပေးတဲ့ Reinforcement Learning စနစ် အကြောင်း NECTEC ထိုင်းအမျိုးသား အီလက်ထရောနစ်နဲ့ ကွန်ပြူတာနည်းပညာဌာနက AI သုတေသနပညာရှင် ဒေါက်တာရဲကျော်သူကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
နိုဘယ်ဆုရှင် ၂ ဦးတီထွင်ခဲ့တဲ့ စက်ရဲ့ Artificial neural ကွန်ယက်ကို အခုအခါ ကျယ်ကျယ်ပြန့်ပြန့် အသုံးချနေတယ်လို့ AI သုတေသနပညာရှင် ဒေါက်တာရဲကျော်သူ ကပြောပါတယ်။ ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြ ထားပါတယ်။
၂၀၂၄ ရူပဗေဒနိုဘယ်လ်ဆုဟာ neural network လို့ခေါ်တဲ့ သက်ရှိတွေ တွေးတော၊ ခံစား၊ လှုပ်ရှားရာမှာ အရေးပါတဲ့ ဦးနှောက်နဲ့ အာရုံကြောထဲက ဆဲလ်တွေ အလုပ်လုပ်တဲ့ အတိုင်း စက်ကို ခိုင်းနိုင်အောင် စဉ်းစားကြံဆခဲ့တာကြောင့်လို့ AI သုတေသန ပညာရှင် ဒေါက်တာရဲကျော်သူက ပြောပါတယ်။ ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်