သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္းတိုင္း မိုဘိုင္းအင္တာနက္ ျဖတ္ေတာက္မႈ ေဒသစီးပြါးေရးထိခိုက္


[[ ZAWGYI / UNICODE ]]

စစ္ကိုင္းတိုင္း မိုဘိုင္းအင္တာနက္ ျဖတ္ေတာက္မႈ ေဒသစီးပြါးေရးထိခိုက္

စစ္ကိုင္းတိုင္းေဒသႀကီးမွာ စစ္ေကာင္စီက မိုဘိုင္းအင္တာနက္ ျဖတ္ေတာက္ထားတာ တလရွိလာၿပီျဖစ္တဲ့အတြက္ အေရာင္းအ၀ယ္ေတြ ခက္ခဲလာၿပီး စား၀တ္ေနေရး ၾကပ္တည္းေနပါတယ္။ စစ္ေဘးေရွာင္ေတြလည္း ပိုၿပီးခက္ခဲလာပါတယ္။ ရန္ကုန္ကေပးပို႔လာတဲ့သတင္းကို ကိုဉာဏ္ဝင္းေအာင္က ကေျပာျပပါမယ္။

စစ္ေကာင္စီနဲ႔ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြ စစ္ေရးတင္းမာၿပီး မၾကာ မၾကာတိုက္ပြဲေတြျဖစ္ေနတဲ့ စစ္ကိုင္းတိုင္းေဒသႀကီး ေနရာေတာ္ေတာ္မ်ားမ်ားကို မတ္လ ၃ ရက္ကစၿပီး စစ္ေကာင္စီက မိုဘိုင္းအင္တာနက္ဆက္သြယ္မႈေတြ ျဖတ္ေတာက္ထားပါတယ္။ စစ္ကုိင္းၿမိဳ႕၊ ကေလးၿမိဳ႕၊ မံု႐ြာၿမိဳ႕နဲ႔ ေ႐ႊဘုိၿမိဳ႕တုိ႔ကလြဲလို႔ က်န္တဲ့ေနရာေတြမွာ မိုဘိုင္းအင္တာနက္လိုင္းေတြ ျဖတ္ေတာက္တာ၊ ျမန္ႏႈန္းေလ်ာ့ခ်တာေတြ လုပ္ထားတာ အခုဆိုရင္ ၁ လေက်ာ္ပါၿပီ။ မိုဘုိင္းအင္တာနက္ ျဖတ္ေတာက္ထားတဲ့အတြက္ အင္တာနက္ကို အမွီျပဳၿပီး လုပ္ေနရတ့ဲ စီးပြားေရးလုပ္ငန္းေတြ အလြန္အခက္အခဲေတြ႔ေနၾကတယ္လို႔ ကနီၿမိဳ႕ခံက ေစ်းသည္တေယာက္က အခုလိုေျပာပါတယ္။

“ေစ်းေတြေရာင္းတဲ့ဟာဆို ေစ်းေရာင္းဖို႔က အဆင္မေျပေတာ့ဘူး။ အြန္လိုင္းေရွာ့ေတြလုပ္တဲ့ဟာဆိုရင္လည္း လံုး၀ အဆင္မေျပေတာ့ဘူး။ ေစ်းေတြဘာေတြေရာင္းပို႔တယ္။ ေငြလႊဲတာေတြဆိုလည္း အဲ့လိုဟာေတြ လံုး၀ အဆင္မေျပဘူး။ Wave Money ဆိုလည္း ဒီမွာက မရွိေတာ့ဘူးေလ။ စီးပြားေရးအတြက္ေကာ ဥပမာ သတင္းအခ်က္အလက္ကစလို႔ မသိရေတာ့ဘူးေပါ့။ ေစ်းမွာလို႔ မံုရြာက ယူေရာင္းတာပဲျဖစ္ျဖစ္ အေ၀းကေန ပို႔ေပးတာပဲျဖစ္ျဖစ္ နဂိုကဆိုရင္ ပစၥည္းပို႔လိုက္တယ္ ပိုက္ဆံကို လႊဲေပးလိုက္တယ္။ အဲ့လိုေတြအဆင္ေျပတယ္။ အခုခ်ိန္မွာ အဲ့လိုေတြက လံုး၀ အဆင္မေျပေတာ့ဘူး။ စား၀တ္ေနေရးအတြက္ အားလံုးခက္ခဲသြားတာေပါ့။ ဒီစီးပြားေရး မလုပ္ရဘူးဆိုေတာ့ေလ။”

အခုလို မိုဘိုင္းအင္တာနက္ဆက္သြယ္မႈေတြ ျပတ္ေတာက္ေနတဲ့အတြက္ အိုးအိမ္စြန္႔ထြက္ေျပးေနၾကရသူေတြအတြက္လည္း အခက္အခဲေတြ ႀကံဳေနၾကပါတယ္။ စားေရးေသာက္ေရး ပို႔ေပးဖုိ႔အတြက္ပါ အခက္အခဲေတြျဖစ္ေနတယ္လို႔ စစ္ေျပးဒုကၡသည္ေတြကို ကူညီေပးေနသူတဦးက အခုလိုေျပာပါတယ္။

“သတင္းစီးဆင္းမႈမရွိေတာ့ ကြ်န္ေတာ္တို႔စစ္ေဘးေရွာင္ ေထာက္ပံ့ေရး ရန္ပံုေငြရပ္သြားတာေပါ့။ လိုင္းေပၚကေန ုလုပ္လို႔မရတာေပါ့။ ေငြလႊဲလို႔ လက္ခံလို႔မရတာ ဒါမ်ိဳးေတြျဖစ္တယ္။ အဲ့ဒါေတြကေန ေထာက္ပံ့မႈလုုပ္လို႔မရဘူး။ ပိုၿပီးစားနပ္ရိကၡာ ပိုၾကပ္လာတယ္။ ကြ်န္ေတာ္တို႔အဖြဲ႕မွာရွိတဲ့ အဖြဲ႕အင္အားေတြကို တေယာက္နဲ႔တေယာက္ဆက္သြယ္လို႔မရဘူး။ ဖုန္းဆက္ၿပီးပဲ ေတာ္ယံုဟာကို ေမးေနရတယ္။ အဲ့လိုေတြျဖစ္ေတာ။”

လက္ရွိအခ်ိန္ စစ္ကိုင္းတိုင္းထဲက ယင္းမာပင္ ၊ ပုလဲ ၊ ကနီ ၊ ဒီပဲယင္းစတဲ့ ၿမိဳ႕နယ္ေတြအျပင္ ေကာလင္း၊ အင္းေတာ္၊ ထီးခ်ိဳင့္ စတဲ့ေနရာေတြမွာ စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြ စစ္ေရးတင္းမာေနဆဲျဖစ္ပါတယ္။ အဲဒီေနရာေတြမွာေတာ့ မိုဘိုင္းအင္တာနက္ လံုး၀ကို အသံုးျပဳလို႔မရတဲ့ အေျခအေနျဖစ္ေနပါတယ္။ ရခိုင္ျပည္နယ္မွာ ရခိုင္လက္နက္ကိုင္အဖြဲ႕ ေအေအနဲ႔ စစ္တပ္ၾကား စစ္ပဲြေတြ ျဖစ္ခ့ဲခ်ိန္ကလည္း ရခိုင္ျပည္နယ္ ေနရာေတာ္ေတာ္မ်ားကို အင္တာနက္ေတြျဖတ္ေတာက္ၿပီး စစ္တပ္က ထိုးစစ္ဆင္ တုိက္ခိုက္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

= = = = = = = = = = = = = =

{{ UNICODE }}

စစ်ကိုင်းတိုင်း မိုဘိုင်းအင်တာနက် ဖြတ်တောက်မှု ဒေသစီးပွါးရေးထိခိုက်

စစ်ကိုင်းတိုင်းဒေသကြီးမှာ စစ်ကောင်စီက မိုဘိုင်းအင်တာနက် ဖြတ်တောက်ထားတာ တလရှိလာပြီဖြစ်တဲ့အတွက် အရောင်းအဝယ်တွေ ခက်ခဲလာပြီး စားဝတ်နေရေး ကြပ်တည်းနေပါတယ်။ စစ်ဘေးရှောင်တွေလည်း ပိုပြီးခက်ခဲလာပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က ကပြောပြပါမယ်။

စစ်ကောင်စီနဲ့ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ရေးတင်းမာပြီး မကြာ မကြာတိုက်ပွဲတွေဖြစ်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး နေရာတော်တော်များများကို မတ်လ ၃ ရက်ကစပြီး စစ်ကောင်စီက မိုဘိုင်းအင်တာနက်ဆက်သွယ်မှုတွေ ဖြတ်တောက်ထားပါတယ်။ စစ်ကိုင်းမြို့၊ ကလေးမြို့၊ မုံရွာမြို့နဲ့ ရွှေဘိုမြို့တို့ကလွဲလို့ ကျန်တဲ့နေရာတွေမှာ မိုဘိုင်းအင်တာနက်လိုင်းတွေ ဖြတ်တောက်တာ၊ မြန်နှုန်းလျော့ချတာတွေ လုပ်ထားတာ အခုဆိုရင် ၁ လကျော်ပါပြီ။ မိုဘိုင်းအင်တာနက် ဖြတ်တောက်ထားတဲ့အတွက် အင်တာနက်ကို အမှီပြုပြီး လုပ်နေရတဲ့ စီးပွားရေးလုပ်ငန်းတွေ အလွန်အခက်အခဲတွေ့နေကြတယ်လို့ ကနီမြို့ခံက ဈေးသည်တယောက်က အခုလိုပြောပါတယ်။

“ဈေးတွေရောင်းတဲ့ဟာဆို ဈေးရောင်းဖို့က အဆင်မပြေတော့ဘူး။ အွန်လိုင်းရှော့တွေလုပ်တဲ့ဟာဆိုရင်လည်း လုံး၀ အဆင်မပြေတော့ဘူး။ ဈေးတွေဘာတွေရောင်းပို့တယ်။ ငွေလွှဲတာတွေဆိုလည်း အဲ့လိုဟာတွေ လုံး၀ အဆင်မပြေဘူး။ Wave Money ဆိုလည်း ဒီမှာက မရှိတော့ဘူးလေ။ စီးပွားရေးအတွက်ကော ဥပမာ သတင်းအချက်အလက်ကစလို့ မသိရတော့ဘူးပေါ့။ ဈေးမှာလို့ မုံရွာက ယူရောင်းတာပဲဖြစ်ဖြစ် အဝေးကနေ ပို့ပေးတာပဲဖြစ်ဖြစ် နဂိုကဆိုရင် ပစ္စည်းပို့လိုက်တယ် ပိုက်ဆံကို လွှဲပေးလိုက်တယ်။ အဲ့လိုတွေအဆင်ပြေတယ်။ အခုချိန်မှာ အဲ့လိုတွေက လုံး၀ အဆင်မပြေတော့ဘူး။ စားဝတ်နေရေးအတွက် အားလုံးခက်ခဲသွားတာပေါ့။ ဒီစီးပွားရေး မလုပ်ရဘူးဆိုတော့လေ။”

အခုလို မိုဘိုင်းအင်တာနက်ဆက်သွယ်မှုတွေ ပြတ်တောက်နေတဲ့အတွက် အိုးအိမ်စွန့်ထွက်ပြေးနေကြရသူတွေအတွက်လည်း အခက်အခဲတွေ ကြုံနေကြပါတယ်။ စားရေးသောက်ရေး ပို့ပေးဖို့အတွက်ပါ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ပြေးဒုက္ခသည်တွေကို ကူညီပေးနေသူတဦးက အခုလိုပြောပါတယ်။

“သတင်းစီးဆင်းမှုမရှိတော့ ကျွန်တော်တို့စစ်ဘေးရှောင် ထောက်ပံ့ရေး ရန်ပုံငွေရပ်သွားတာပေါ့။ လိုင်းပေါ်ကနေ ုလုပ်လို့မရတာပေါ့။ ငွေလွှဲလို့ လက်ခံလို့မရတာ ဒါမျိုးတွေဖြစ်တယ်။ အဲ့ဒါတွေကနေ ထောက်ပံ့မှုလုပ်လို့မရဘူး။ ပိုပြီးစားနပ်ရိက္ခာ ပိုကြပ်လာတယ်။ ကျွန်တော်တို့အဖွဲ့မှာရှိတဲ့ အဖွဲ့အင်အားတွေကို တယောက်နဲ့တယောက်ဆက်သွယ်လို့မရဘူး။ ဖုန်းဆက်ပြီးပဲ တော်ယုံဟာကို မေးနေရတယ်။ အဲ့လိုတွေဖြစ်တော။”

လက်ရှိအချိန် စစ်ကိုင်းတိုင်းထဲက ယင်းမာပင် ၊ ပုလဲ ၊ ကနီ ၊ ဒီပဲယင်းစတဲ့ မြို့နယ်တွေအပြင် ကောလင်း၊ အင်းတော်၊ ထီးချိုင့် စတဲ့နေရာတွေမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။ အဲဒီနေရာတွေမှာတော့ မိုဘိုင်းအင်တာနက် လုံးဝကို အသုံးပြုလို့မရတဲ့ အခြေအနေဖြစ်နေပါတယ်။ ရခိုင်ပြည်နယ်မှာ ရခိုင်လက်နက်ကိုင်အဖွဲ့ အေအေနဲ့ စစ်တပ်ကြား စစ်ပွဲတွေ ဖြစ်ခဲ့ချိန်ကလည်း ရခိုင်ပြည်နယ် နေရာတော်တော်များကို အင်တာနက်တွေဖြတ်တောက်ပြီး စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

XS
SM
MD
LG