သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam ဒုတိယသက်တမ်း အရွေးခံမည်မဟုတ်


ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam
ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam

[[ ZAWGYI / UNICODE ]]

ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam ဒုတိယသက်တမ်း အရွေးခံမည်မဟုတ်

ဟောင်ကောင် အုပ်ချုပ်ရေးမှူးချုပ် Carrie Lam ဟာ ပြဿနာတွေ များပြားခဲ့တဲ့ ၅ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၊ ဒုတိယ သက်တမ်းအတွက် အရွေးမခံ တော့ဘူးလို့ တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။

အစိုးရအရာရှိကြီးတဦးအဖြစ် ဆယ်စုနှစ်ချီ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၁၇ မှာ အုပ်ချုပ်ရေးမှူးချုပ် ဖြစ်လာခဲ့တဲ့ Lam ရဲ့ ပထမ သက်တမ်းမှာ နိုင်ငံရေး မငြိမ်သက်မှုတွေ ၊ သဘောထားကွဲသူတွေ အပေါ် နှိမ်နင်းခဲ့မှုတွေနဲ့ ကိုဗစ် ကပ်ရောဂါ ကိုင်တွယ်ရာမှာ ဝေဖန်ခံရမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

သူမရဲ့ ဆုံးဖြတ်ချက်ကို တရုတ်အစိုးရက လက်သင့်ခံကြောင်း ၊ သူ့ရဲ့ အဓိက အကြောင်းပြချက်ကတော့ သူမ မိသားစုအတွက် ပြန်လည် အချိန်ပေးနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ Carrie Lam ဟာ ဟောင်ကောင်မှာ ပြစ်မှုဆိုင်ရာ ဥပဒေတွေနဲ့ စွဲဆို ခံရသူတွေကို တရုတ်ပြည်မကြီးဆီ လွှဲပြောင်းပေးရေး-ဥပဒေကြမ်းကို ၂၀၁၉ မှာ အဆိုပြုခဲ့တဲ့အတွက် ၊ ဒီမိုကရေစီ လိုလားသူတွေ လမ်းပေါ်ထွက် အကြီးကျယ် ဆန့်ကျင်ဆန္ဒပြမှုကို ရင်ဆိုင်ခဲ့ရသူလည်း ဖြစ်ပါတယ်။ ဒီအတွက် ၂၀၂၀ မှာ တရုတ်ပြည်မကြီး အစိုးရက ဟောင်ကောင်မှာ အမျိုးသားလုံခြုံရေးဥပဒေကို ပြဌာန်းပြီး ၊ နိုင်ငံရေး အံတုတဲ့လုပ်ရပ်တွေဟာ တရားမဝင်ဘူးလို့ သတ်မှတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

= = = = = = = =






XS
SM
MD
LG