သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္ႏုိင္ငံမွာ ၁ ႏွစ္ေက်ာ္အတြင္း ပထမဆုံးအႀကိမ္ ကုိဗစ္ေၾကာင့္ ေသဆုံးသူရွိ


ရွန္ဟုိင္းၿမိဳ႕မွာ ေဒသခံေတြကို ကုိဗစ္စစ္ေဆးဖို႔ Swab နမူနာယူေနတဲ့ျမင္ကြင္း။ (မတ္ ၁၉၊ ၂၀၂၂)

(Zawgyi / Unicode)

တ႐ုတ္ႏုိင္ငံမွာ တႏွစ္ေက်ာ္ကာလအတြင္း ပထမဆုံးအႀကိမ္အျဖစ္ ကုိဗစ္ေၾကာင့္ ေသဆုံးသူရွိေၾကာင္း တာဝန္ရွိသူေတြက ထုတ္ျပန္ေၾကညာပါတယ္။ တ႐ုတ္ႏုိင္ငံ အေရွ႕ေျမာက္ေဒသက Jilin ၿမိဳ႕မွာ ေသဆုံးသူ ၂ ဦး ရွိခဲ့ပါတယ္။

အေနာက္ႏုိင္ငံ အေတာ္မ်ားမ်ားမွာ ကုိဗစ္ကူးစက္ေသဆုံးမႈေတြ ေလ်ာ့က်လာတာေၾကာင့္ စည္းကမ္းတင္းက်ပ္မႈေတြ ေျဖေလ်ာ့ေပးလာေနခ်ိန္မွာ တ႐ုတ္ႏုိင္ငံမွာ တေက်ာ့ျပန္ ကိုဗစ္လႈိင္းေၾကာင့္ စည္းကမ္းေတြ ျပန္လည္တင္းက်ပ္ေနရပါတယ္။

တခ်ိန္တည္းမွာပဲ ေဟာင္ေကာင္မွာေတာ့ ကုိဗစ္ကူးစက္ခံရသူေပါင္း ၁ သန္း ေက်ာ္သြားၿပီ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေသာၾကာေန႔တုန္းကေတာ့ ထပ္မံကူးစက္ခံရသူ ၂ ေသာင္းေက်ာ္ရွိၿပီး ၂၀၆ ဦး ေသဆုံးခဲ့ပါတယ္။

ဥေရာပ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဌာနကေတာ့ ယူကရိန္းက ထြက္ေျပးလာတဲ့ ဒုကၡသည္ေတြကုိ ကုိဗစ္ပုိးရွိမရွိ စစ္ေဆးဖုိ႔နဲ႔ ကာကြယ္ေဆးထုိးေပးဖုိ႔ ဒုကၡသည္လက္ခံေရး စခန္းေတြမွာ ဦးစားေပးလုပ္ေဆာင္ဖုိ႔ လက္ခံတဲ့ႏုိင္ငံေတြကုိ တုိက္တြန္းထားပါတယ္။

လြန္ခဲ့တဲ့ ၂ ႏွစ္က တ႐ုတ္ႏုိင္ငံ ဝူဟန္ၿမိဳ႕မွာ စတင္ေတြ့ရွိခဲ့တဲ့ COVID-19 ေရာဂါဟာ တကမၻာလုံး ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ အေမရိကန္ ဂၽြန္ေဟာ့ကင္း ကုိ႐ုိနာဗုိင္းရပ္စ္ ေလ့လာေရးဌာနရဲ႕ စာရင္းအရ တကမၻာလုံး ကူးစက္သူ ၄၆၈ သန္းေက်ာ္ရွိသြားၿပီး ေသဆုံးသူ ၆ သန္းေက်ာ္ရွိသြားၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

တရုတ်နိုင်ငံမှာ ၁ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ကိုဗစ်ကြောင့် သေဆုံးသူရှိ

တရုတ်နိုင်ငံမှာ တနှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ကိုဗစ်ကြောင့် သေဆုံးသူရှိကြောင်း တာဝန်ရှိသူတွေက ထုတ်ပြန်ကြေညာပါတယ်။ တရုတ်နိုင်ငံ အရှေ့မြောက်ဒေသက Jilin မြို့မှာ သေဆုံးသူ ၂ ဦး ရှိခဲ့ပါတယ်။

အနောက်နိုင်ငံ အတော်များများမှာ ကိုဗစ်ကူးစက်သေဆုံးမှုတွေ လျော့ကျလာတာကြောင့် စည်းကမ်းတင်းကျပ်မှုတွေ ဖြေလျော့ပေးလာနေချိန်မှာ တရုတ်နိုင်ငံမှာ တကျော့ပြန် ကိုဗစ်လှိုင်းကြောင့် စည်းကမ်းတွေ ပြန်လည်တင်းကျပ်နေရပါတယ်။

တချိန်တည်းမှာပဲ ဟောင်ကောင်မှာတော့ ကိုဗစ်ကူးစက်ခံရသူပေါင်း ၁ သန်း ကျော်သွားပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့တုန်းကတော့ ထပ်မံကူးစက်ခံရသူ ၂ သောင်းကျော်ရှိပြီး ၂၀၆ ဦး သေဆုံးခဲ့ပါတယ်။

ဥရောပ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနကတော့ ယူကရိန်းက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ကိုဗစ်ပိုးရှိမရှိ စစ်ဆေးဖို့နဲ့ ကာကွယ်ဆေးထိုးပေးဖို့ ဒုက္ခသည်လက်ခံရေး စခန်းတွေမှာ ဦးစားပေးလုပ်ဆောင်ဖို့ လက်ခံတဲ့နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့တဲ့ COVID-19 ရောဂါဟာ တကမ္ဘာလုံး ပျံ့နှံ့သွားခဲ့ပါတယ်။ အမေရိကန် ဂျွန်ဟော့ကင်း ကိုရိုနာဗိုင်းရပ်စ် လေ့လာရေးဌာနရဲ့ စာရင်းအရ တကမ္ဘာလုံး ကူးစက်သူ ၄၆၈ သန်းကျော်ရှိသွားပြီး သေဆုံးသူ ၆ သန်းကျော်ရှိသွားပြီ ဖြစ်ပါတယ်။

XS
SM
MD
LG