(Zawgyi / Unicode)
တ႐ုတ္ႏုိင္ငံမွာ မေန႔ စေနေန႔က ကိုဗစ္ပိုးေတြ႔သူထက္ ႏွစ္ဆတိုးၿပီး ဒီကေန႔မွာ ပိုးကူးခံရသူ ၃,၄၀၀ နီးပါးရွိေၾကာင္း တ႐ုတ္က်န္းမာေရး တာဝန္ရွိသူေတြက ေျပာပါတယ္။ ဒီအေျခအေနေၾကာင့္ ပိုးကူးစက္မႈျမင့္တက္တဲ့ ေနရာေတြကို သြားလာမႈေတြ ကန္႔သတ္ထားပါတယ္။
ရွန္ဟိုင္းၿမိဳ႕နဲ႔ ႏုိင္ငံအေရွ႕ေျမာက္ပုိင္းက ၿမိဳ႕အေတာ္မ်ားမ်ားက စာသင္ေက်ာင္းေတြကို တာဝန္ရွိသူေတြအမိန္႔နဲ႔ ပိတ္ထားရပါတယ္။
ျပည္နယ္ ၁၉ ခုေလာက္မွာ မ်ိဳးဗီဇေျပာင္း Delta နဲ႔ Omicron ပိုးေတြ ကူးစက္ပ်ံ႕ႏွံ႔ေနတာပါ။
ေျမာက္ကိုရီးယားနဲ႔နယ္စပ္က လူဦးေရ ၇ သိန္းေလာက္ရွိတဲ့ Yanji ၿမိဳ႕မွာ ဒီကေန႔ Omicron ပိုးေတြ႔သူ ၅၀၀ ေက်ာ္ ရွိတဲ့အတြက္ ၿမိဳ႕အဝင္အထြက္ လုံးဝပိတ္ထားပါတယ္။
Jilin ၿမိဳ႕ထဲက ရာနဲ႔ခ်ီတဲ့ ရပ္ကြက္ေတြကိုလည္း Lockdown ခ်ထားလိုက္တယ္လိို႔ တ႐ုတ္တာဝန္ရွိသူေတြ ဒီကေန႔ ေၾကညာပါတယ္။
လူဦးေရ ၉ သန္းဝန္းက်င္ရွိိၿပီး စက္မႈလုပ္ငန္း အမ်ားအျပား အေျခစိုက္ရာ Changchun ၿမိဳ႕ကိုလည္း ေသာၾကာေန႔ကစၿပီး ကန္႔သတ္ခ်က္ေတြ ခ်မွတ္ထားတာပါ။
၂၀၁၉ ခုနွစ္ ကိုဗစ္ပိုး စတင္ေတြ႔ရွိရာ တ႐ုတ္ႏုိင္ငံတဝန္း ပိုးကူးစက္မႈမ်ားတဲ့ ေနရာေတြမွာ တင္းက်ပ္တဲ့ စည္းကမ္းေတြ ခ်မွတ္႐ုံမက ပိုးစစ္ေဆးမႈ အႀကီးအက်ယ္လုပ္ၿပီး ထိန္းခ်ဳပ္လာေပမယ့္ Omicron ပိုးေၾကာင့္ စိန္ေခၚခ်က္ေတြနဲ႔ ရင္ဆုိင္ေနရတာ ျဖစ္ပါတယ္။
------------------------
(Unicode)
တရုတ်နိုင်ငံတွင်း ကိုဗစ်ကူးစက်မှု ပြန်တိုးလာ
တရုတ်နိုင်ငံမှာ မနေ့ စနေနေ့က ကိုဗစ်ပိုးတွေ့သူထက် နှစ်ဆတိုးပြီး ဒီကနေ့မှာ ပိုးကူးခံရသူ ၃,၄၀၀ နီးပါးရှိကြောင်း တရုတ်ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအခြေအနေကြောင့် ပိုးကူးစက်မှုမြင့်တက်တဲ့ နေရာတွေကို သွားလာမှုတွေ ကန့်သတ်ထားပါတယ်။
ရှန်ဟိုင်းမြို့နဲ့ နိုင်ငံအရှေ့မြောက်ပိုင်းက မြို့အတော်များများက စာသင်ကျောင်းတွေကို တာဝန်ရှိသူတွေအမိန့်နဲ့ ပိတ်ထားရပါတယ်။
ပြည်နယ် ၁၉ ခုလောက်မှာ မျိုးဗီဇပြောင်း Delta နဲ့ Omicron ပိုးတွေ ကူးစက်ပျံ့နှံ့နေတာပါ။
မြောက်ကိုရီးယားနဲ့နယ်စပ်က လူဦးရေ ၇ သိန်းလောက်ရှိတဲ့ Yanji မြို့မှာ ဒီကနေ့ Omicron ပိုးတွေ့သူ ၅၀၀ ကျော် ရှိတဲ့အတွက် မြို့အဝင်အထွက် လုံးဝပိတ်ထားပါတယ်။
Jilin မြို့ထဲက ရာနဲ့ချီတဲ့ ရပ်ကွက်တွေကိုလည်း Lockdown ချထားလိုက်တယ်လို့ တရုတ်တာဝန်ရှိသူတွေ ဒီကနေ့ ကြေညာပါတယ်။
လူဦးရေ ၉ သန်းဝန်းကျင်ရှိပြီး စက်မှုလုပ်ငန်း အများအပြား အခြေစိုက်ရာ Changchun မြို့ကိုလည်း သောကြာနေ့ကစပြီး ကန့်သတ်ချက်တွေ ချမှတ်ထားတာပါ။
၂၀၁၉ ခုနှစ် ကိုဗစ်ပိုး စတင်တွေ့ရှိရာ တရုတ်နိုင်ငံတဝန်း ပိုးကူးစက်မှုများတဲ့ နေရာတွေမှာ တင်းကျပ်တဲ့ စည်းကမ်းတွေ ချမှတ်ရုံမက ပိုးစစ်ဆေးမှု အကြီးအကျယ်လုပ်ပြီး ထိန်းချုပ်လာပေမယ့် Omicron ပိုးကြောင့် စိန်ခေါ်ချက်တွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။