သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္ ကုိဗစ္ကူးစက္မႈ ေဆး႐ုံေဆးခန္းေတြ ျပည့္ႏွက္


ကို႐ိုနာဗုိင္းရပ္စ္ စစ္ေဆးဖုိ႔ တန္းစီေစာင့္ဆုိင္းေနတဲ့ ေဟာင္ေကာင္ေဒသခံမ်ား။ (မတ္ ၉၊ ၂၀၂၂)

(Zawgyi / Unicode)

ေဟာင္ေကာင္မွာ ဒီကေန႔ ကိုဗစ္ပိုးကူးသူ ၃၂,၄၃၀ ဦးေတြ႔ၿပီး လူအို႐ုံေတြကိုပါ ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့အတြက္ ဒီအက်ပ္အတည္းကို ကိုင္တြယ္ေျဖရွင္းႏုိင္ေအာင္ အစိုးရပိုင္းက ႀကိဳးပမ္းေနပါတယ္လို႔ ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴးက ေျပာပါတယ္။

အာဏာပိုင္ေတြရဲ႕ ေဆာင္ရြက္ခ်က္ေတြ တိုးတက္မႈရွိတယ္ ဆုိေပမယ့္ သီးျခားခြဲထားသူေတြ အကူအညီ လိုေနသလားဆိုတာ တဦးခ်င္းထိ လုိက္မၾကည့္ႏုိင္ေသးဘူးလို႔ အုပ္ခ်ဳပ္ေရးမွဴး Carrie Lam က ေျပာပါတယ္။

Omicron ဗီဇေျပာင္း ပိုးကူးစက္မႈေၾကာင့္ ကိုယ္႔အိမ္မွာတင္ သီးျခားခြဲေနေနၾကသူ ၃ သိန္းေလာက္ရွိေနၿပီး ေဟာင္ေကာင္ေဆး႐ုံေဆးခန္းေတြမွာ လူနာေတြနဲ႔ မႏုိင္မနင္း ျဖစ္လာေနပါတယ္။

တခ်ိဳ႕ကုန္တုိက္ေတြမွာ အစိုးရိမ္လြန္ၿပီး ေစ်းဝယ္ေနၾကတာကိုလည္း ေတြ႔ရပါတယ္။

ေဟာင္ေကာင္မွာ ေန႔စဥ္ပိုးကူးသူ ေသာၾကာေန႔က ၃၀,၀၀၀ နီးပါးရွိၿပီး စေနေန႔မွာ ၂၈,၀၀၀ ဝန္းက်င္နဲ႔ ဒီကေန႔မွာေတာ့ ၃၂,၀၀၀ ေက်ာ္ရွိပါတယ္။ ေသဆုံးသူက ၂၄၈ ဦး ရွိတယ္လို႔လည္း အာဏာပိုင္ေတြက ဒီကေန႔ ေၾကညာပါတယ္။

ေဟာင္ေကာင္မွာ ပိုးကူးသူ ၇ သိန္းနီးပါးရွိၿပီး ၂၀၂၀ ခုႏွစ္ အေစာပိုင္းကစလို႔ ေသဆုံးသူ ၃,၅၀၀ ဝန္းက်င္ရွိတာမွာ အမ်ားစုက ၿပီးခဲ့တဲ့ သီတင္း ၂ ပတ္ေလာက္က ျဖစ္ပါတယ္။ ေသဆုံးသူ အမ်ားစုကလည္း ကိုဗစ္ကာကြယ္ေဆး ထိုးမထားၾကတဲ့သူေတြ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ဟောင်ကောင် ကိုဗစ်ကူးစက်မှု ဆေးရုံဆေးခန်းတွေ ပြည့်နှက်

ဟောင်ကောင်မှာ ဒီကနေ့ ကိုဗစ်ပိုးကူးသူ ၃၂,၄၃၀ ဦးတွေ့ပြီး လူအိုရုံတွေကိုပါ ကူးစက်ပျံ့နှံ့နေတဲ့အတွက် ဒီအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနိုင်အောင် အစိုးရပိုင်းက ကြိုးပမ်းနေပါတယ်လို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက်တွေ တိုးတက်မှုရှိတယ် ဆိုပေမယ့် သီးခြားခွဲထားသူတွေ အကူအညီ လိုနေသလားဆိုတာ တဦးချင်းထိ လိုက်မကြည့်နိုင်သေးဘူးလို့ အုပ်ချုပ်ရေးမှူး Carrie Lam က ပြောပါတယ်။

Omicron ဗီဇပြောင်း ပိုးကူးစက်မှုကြောင့် ကိုယ့်အိမ်မှာတင် သီးခြားခွဲနေနေကြသူ ၃ သိန်းလောက်ရှိနေပြီး ဟောင်ကောင်ဆေးရုံဆေးခန်းတွေမှာ လူနာတွေနဲ့ မနိုင်မနင်း ဖြစ်လာနေပါတယ်။

တချို့ကုန်တိုက်တွေမှာ အစိုးရိမ်လွန်ပြီး ဈေးဝယ်နေကြတာကိုလည်း တွေ့ရပါတယ်။

ဟောင်ကောင်မှာ နေ့စဉ်ပိုးကူးသူ သောကြာနေ့က ၃၀,၀၀၀ နီးပါးရှိပြီး စနေနေ့မှာ ၂၈,၀၀၀ ဝန်းကျင်နဲ့ ဒီကနေ့မှာတော့ ၃၂,၀၀၀ ကျော်ရှိပါတယ်။ သေဆုံးသူက ၂၄၈ ဦး ရှိတယ်လို့လည်း အာဏာပိုင်တွေက ဒီကနေ့ ကြေညာပါတယ်။

ဟောင်ကောင်မှာ ပိုးကူးသူ ၇ သိန်းနီးပါးရှိပြီး ၂၀၂၀ ခုနှစ် အစောပိုင်းကစလို့ သေဆုံးသူ ၃,၅၀၀ ဝန်းကျင်ရှိတာမှာ အများစုက ပြီးခဲ့တဲ့ သီတင်း ၂ ပတ်လောက်က ဖြစ်ပါတယ်။ သေဆုံးသူ အများစုကလည်း ကိုဗစ်ကာကွယ်ဆေး ထိုးမထားကြတဲ့သူတွေ ဖြစ်ပါတယ်။

XS
SM
MD
LG