(Zawgyi / Unicode)
ႏိုင္ငံျခားသား ဧည့္သည္ေတြအေပၚ ခ်မွတ္ထားတဲ့ COVID-19 စည္းမ်ဥ္းကန႔္သတ္ခ်က္ေတြကို အင္ဒိုနီးရွားနဲ႔ မေလးရွားႏိုင္ငံတို႔ ေျဖေလွ်ာ့ေပးေနပါၿပီ။
အင္ဒိုနီးရွားႏိုင္ငံအေနနဲ႔ လာမယ့္သီတင္းပတ္ထဲ အင္ဒိုနီးရွား ဘာလီကၽြန္းဆီကို အလည္အပတ္လာမယ့္ ကမၻာလွည့္ခရီးသြား ႏိုင္ငံျခားသား ဧည့္သည္ေတြအေပၚ ကိုဗစ္စည္းမ်ဥ္းနဲ႔အညီ သီးျခားခြဲ ကြာရမ္တင္းဝင္ရမယ့္ စည္းမ်ဥ္းသတ္မွတ္ခ်က္ကို ပယ္ဖ်က္ဖို႔ စဥ္းစားေနပါၿပီလို႔ ဒီကေန႔ စေနေန႔မွာ အင္ဒိုနီးရွား အာဏာပိုင္ေတြက ေျပာလိုက္တာပါ။
အင္ဒိုနီးရွားရဲ႕ အိမ္နီးခ်င္း မေလးရွားႏိုင္ငံကေတာ့ ထိုင္းႏိုင္ငံနဲ႔ ကေမၻာဒီးယားႏိုင္ငံကေန လာမယ့္ ခရီးသြားေတြအေပၚ ကန႔္သတ္ခ်က္ေတြ ဖယ္ရွားေပးလိုက္ပါၿပီ။
အင္ဒိုနီးရွားနဲ႔ မေလးရွားတို႔ဟာ ကိုဗစ္ကပ္ေရာဂါ ကူးစက္ျပန္႔ပြားမႈ ထိန္းခ်ဳပ္ႏိုင္ဖို႔ ကိုဗစ္ဗီဇမ်ိဳးကြဲသစ္ မကူးစက္ေအာင္ ကာကြယ္ႏိုင္ေရး ႏိုင္ငံတြင္းဝင္ခြင့္ေတြကို တင္းတင္းက်ပ္က်ပ္ ကန႔္သတ္ခဲ့တာပါ။ ဒီတားျမစ္ခ်က္ေတြက သူတို႔ရဲ႕ ခရီးသြားလုပ္ငန္းေတြအေပၚ အေတာ္ေလး သက္ေရာက္မႈေတြ ရွိခဲ့ပါတယ္။
ကာကြယ္ေဆးထိုးဆန႔္က်င္တဲ့ ခရီးသြားဧည့္သည္ေတြအတြက္ ႏိုင္ငံတြင္း ဝင္ခြင့္ကိုေတာ့ ေဆြးေႏြးေနၾကဆဲ ျဖစ္ပါတယ္။ ဒါေပမယ့္ အင္ဒိုနီးရွားသမၼတ ဂ်ိဳကိုဝီဒိုဒိုကေတာ့ လာမယ့္ တနလၤာေန႔မွာ ဆုံးျဖတ္ခ်က္ခ်ဖြယ္ရွိတယ္လို႔ ေရေၾကာင္းနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ ဝန္ႀကီးဌာန ေျပာခြင့္ရ ဂ်ိဳဒီမဟာဒီက ေျပာပါတယ္။
ၾသစေၾတးလ်၊ အေမရိကန္ျပည္ေထာင္စု၊ ဂ်ာမနီ၊ နယ္သာလန္ အပါအဝင္ ႏိုင္ငံေပါင္း ၂၃ ႏိုင္ငံက ႏိုင္ငံျခားသား ဧည့္သည္ေတြအတြက္ ဆိုက္ေရာက္ဗီဇာ ထုတ္ေပးဖြယ္ ရွိတယ္လို႔လည္း ဂ်ိဳဒီမဟာဒီက ေျပာပါတယ္။ ဧည့္သည္ေတြအတြက္ ကြာရမ္တင္းဝင္ရမယ့္ အစီအစဥ္ ပယ္ဖ်က္ဖို႔ရွိတယ္၊ ဒါေပမယ့္ ဆုံးျဖတ္ခ်က္ေတာ့ အတည္မျပဳရေသးဘူးလို႔လည္း ဘာလီခရီးသြားလုပ္ငန္း႐ုံး ေျပာခြင့္ရက ေျပာပါတယ္။
မတ္လ ၁၅ ရက္ကေနစၿပီး မေလးရွားကို ကေမၻာဒီးယားနဲ႔ ထိုင္းႏိုင္ငံကေန ဝင္ေရာက္လာမယ့္ ကာကြယ္ေဆး အျပည့္ထိုးၿပီးသား သူေတြအတြက္ သီးျခားခြဲ ကြာရမ္တင္းဝင္ရမယ့္ အစီအစဥ္ မရွိေတာ့ပါဘူး။
မေလးရွား ကြာလာလမ္ပူကို ဖႏြမ္းပင္၊ ဘန္ေကာက္နဲ႔ ဖူးခက္ကၽြန္းေတြကေန ေန႔စဥ္လို ေလယာဥ္ခရီးစဥ္ေတြ အမ်ားအျပား ဝင္ေရာက္ေနတာပါ။
စင္ကာပူကေန မေလးရွားကို လာသူေတြအတြက္ကေတာ့ ကြာရမ္တင္းဝင္ရမယ့္ ကန႔္သတ္ခ်က္ကို ပယ္ဖ်က္ၿပီးသားပါ။
အိမ္နီးခ်င္းႏိုင္ငံေတြျဖစ္တဲ့ ဖိလစ္ပိုင္၊ ဗီယက္နမ္နဲ႔ ထိုင္းႏိုင္ငံေတြမွာလည္း ကြာရမ္တင္းဝင္ရမယ့္အစား ႏိုင္ငံတြင္း မဝင္ေရာက္မီနဲ႔ ဆိုက္ေရာက္လာခ်ိန္ ကိုဗစ္ပိုးရွိမရွိ စစ္ေဆးခဲ့ပါတယ္။
အခုလို အာရွႏိုင္ငံတခ်ိဳ႕မွာ ကိုဗစ္စည္းကမ္းခ်က္ေတြ ေျဖေလွ်ာ့ဖို႔ အာဏာပိုင္ေတြ စီစဥ္ေနခ်ိန္မွာ ကမၻာတဝန္းမွာေတာ့ ကိုဗစ္ကူးစက္မႈေတြက တိုးလာေနဆဲျဖစ္ၿပီး ကမၻာ့ကပ္ေရာဂါ COVID-19 ကူးစက္မႈေတြကို ေစာင့္ၾကည့္မွတ္တမ္းယူေနတဲ့ အေမရိကန္အေျခစိုက္ John Hopkins ေဆးတကၠသိုလ္ရဲ႕ ဒီကေန႔ ထုတ္ျပန္ခ်က္အရ ကူးစက္သူေပါင္း ၄၄၃ သန္း ေက်ာ္သြားပါၿပီ။ ကမၻာတဝန္း ကိုဗစ္ေၾကာင့္ ေသဆုံးသူကေတာ့ ၆ သန္းနီးပါးအထိ ရွိေနၿပီျဖစ္ပါတယ္။
--------------------------
(Unicode)
အရှေ့တောင်အာရှတလွှား ပြည်ဝင်ခွင့် ကိုဗစ်စည်းမျဉ်းများ ဖြေလျှော့
နိုင်ငံခြားသား ဧည့်သည်တွေအပေါ် ချမှတ်ထားတဲ့ COVID-19 စည်းမျဉ်းကန့်သတ်ချက်တွေကို အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့ ဖြေလျှော့ပေးနေပါပြီ။
အင်ဒိုနီးရှားနိုင်ငံအနေနဲ့ လာမယ့်သီတင်းပတ်ထဲ အင်ဒိုနီးရှား ဘာလီကျွန်းဆီကို အလည်အပတ်လာမယ့် ကမ္ဘာလှည့်ခရီးသွား နိုင်ငံခြားသား ဧည့်သည်တွေအပေါ် ကိုဗစ်စည်းမျဉ်းနဲ့အညီ သီးခြားခွဲ ကွာရမ်တင်းဝင်ရမယ့် စည်းမျဉ်းသတ်မှတ်ချက်ကို ပယ်ဖျက်ဖို့ စဉ်းစားနေပါပြီလို့ ဒီကနေ့ စနေနေ့မှာ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောလိုက်တာပါ။
အင်ဒိုနီးရှားရဲ့ အိမ်နီးချင်း မလေးရှားနိုင်ငံကတော့ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံကနေ လာမယ့် ခရီးသွားတွေအပေါ် ကန့်သတ်ချက်တွေ ဖယ်ရှားပေးလိုက်ပါပြီ။
အင်ဒိုနီးရှားနဲ့ မလေးရှားတို့ဟာ ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ဖို့ ကိုဗစ်ဗီဇမျိုးကွဲသစ် မကူးစက်အောင် ကာကွယ်နိုင်ရေး နိုင်ငံတွင်းဝင်ခွင့်တွေကို တင်းတင်းကျပ်ကျပ် ကန့်သတ်ခဲ့တာပါ။ ဒီတားမြစ်ချက်တွေက သူတို့ရဲ့ ခရီးသွားလုပ်ငန်းတွေအပေါ် အတော်လေး သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။
ကာကွယ်ဆေးထိုးဆန့်ကျင်တဲ့ ခရီးသွားဧည့်သည်တွေအတွက် နိုင်ငံတွင်း ဝင်ခွင့်ကိုတော့ ဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကတော့ လာမယ့် တနင်္လာနေ့မှာ ဆုံးဖြတ်ချက်ချဖွယ်ရှိတယ်လို့ ရေကြောင်းနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ကြီးဌာန ပြောခွင့်ရ ဂျိုဒီမဟာဒီက ပြောပါတယ်။
သြစတြေးလျ၊ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ နယ်သာလန် အပါအဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံက နိုင်ငံခြားသား ဧည့်သည်တွေအတွက် ဆိုက်ရောက်ဗီဇာ ထုတ်ပေးဖွယ် ရှိတယ်လို့လည်း ဂျိုဒီမဟာဒီက ပြောပါတယ်။ ဧည့်သည်တွေအတွက် ကွာရမ်တင်းဝင်ရမယ့် အစီအစဉ် ပယ်ဖျက်ဖို့ရှိတယ်၊ ဒါပေမယ့် ဆုံးဖြတ်ချက်တော့ အတည်မပြုရသေးဘူးလို့လည်း ဘာလီခရီးသွားလုပ်ငန်းရုံး ပြောခွင့်ရက ပြောပါတယ်။
မတ်လ ၁၅ ရက်ကနေစပြီး မလေးရှားကို ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံကနေ ဝင်ရောက်လာမယ့် ကာကွယ်ဆေး အပြည့်ထိုးပြီးသား သူတွေအတွက် သီးခြားခွဲ ကွာရမ်တင်းဝင်ရမယ့် အစီအစဉ် မရှိတော့ပါဘူး။
မလေးရှား ကွာလာလမ်ပူကို ဖနွမ်းပင်၊ ဘန်ကောက်နဲ့ ဖူးခက်ကျွန်းတွေကနေ နေ့စဉ်လို လေယာဉ်ခရီးစဉ်တွေ အများအပြား ဝင်ရောက်နေတာပါ။
စင်ကာပူကနေ မလေးရှားကို လာသူတွေအတွက်ကတော့ ကွာရမ်တင်းဝင်ရမယ့် ကန့်သတ်ချက်ကို ပယ်ဖျက်ပြီးသားပါ။
အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတွေမှာလည်း ကွာရမ်တင်းဝင်ရမယ့်အစား နိုင်ငံတွင်း မဝင်ရောက်မီနဲ့ ဆိုက်ရောက်လာချိန် ကိုဗစ်ပိုးရှိမရှိ စစ်ဆေးခဲ့ပါတယ်။
အခုလို အာရှနိုင်ငံတချို့မှာ ကိုဗစ်စည်းကမ်းချက်တွေ ဖြေလျှော့ဖို့ အာဏာပိုင်တွေ စီစဉ်နေချိန်မှာ ကမ္ဘာတဝန်းမှာတော့ ကိုဗစ်ကူးစက်မှုတွေက တိုးလာနေဆဲဖြစ်ပြီး ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်မှုတွေကို စောင့်ကြည့်မှတ်တမ်းယူနေတဲ့ အမေရိကန်အခြေစိုက် John Hopkins ဆေးတက္ကသိုလ်ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ ကူးစက်သူပေါင်း ၄၄၃ သန်း ကျော်သွားပါပြီ။ ကမ္ဘာတဝန်း ကိုဗစ်ကြောင့် သေဆုံးသူကတော့ ၆ သန်းနီးပါးအထိ ရှိနေပြီဖြစ်ပါတယ်။