သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆိုးရြားေနတဲ႔ အင္ဒိုနီးရွား ကိုဗစ္ အေျခအေန


(Zawgyi/Unicode)

Covid-19 ကူးစက္ ျဖစ္ပြားမႈႏႈန္း တဟုန္ထိုး တိုးလာေနတဲ႔ အင္ဒိုနီးရွား ႏိုင္ငံဟာ အိႏၵိယကို ေက်ာ္ၿပီး အာရွေဒသမွာ Covid-19 အဆိုးဆံုး ေဒသတခု ျဖစ္လာေနပါတယ္။ ၾကံရာ မရ ျဖစ္ေနၾကတဲ႔ လူနာေတြ ေဆးရံုမွာ ကုသခြင့္ရေရး အတြက္ ရက္နဲ႔ခ်ီ ေစာင့္ဆိုင္းေနရပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရၿပီး ေရာဂါ လကၡဏာ သိပ္ၿပီး မျပင္းထန္လွသူေတြကိုေတာ့ အိမ္မွာဘဲ Quarantien ခြဲေနဖို႔ အစိုးရက တိုက္တြန္းေနပါတယ္။

အိမ္မွာဘဲ အသက္ဆံုးရံႈးသြားရသူေတြလည္း အမ်ားအျပား ရွိေနပါတယ္။ ရပ္ရြာ က်န္းမာေရး စင္တာက ၀န္ထမ္းေတြ၊ ေစတနာ႔ ၀န္ထမ္း အကူအညီေပးသူေတြက အိမ္တိုင္ယာေရာက္ သြားၿပီး ေသဆံုးသူေတြရဲ႕ ႐ုပ္အေလာင္းေတြကို သယ္ယူေပးေနၾကရပါတယ္။ ေသဆံုးရသူေတြ မ်ားလာတာေၾကာင့္ သျဂၤ ိဳဟ္ ႁမွဳပ္ႏွံေရးမွာလည္း ႏိုင္နင္းေအာင္ စီမံခန္႔ခြဲေနၾကရပါတယ္။

ေသဆံုးသူေတြကို သျဂၤ ိဳဟ္ ႁမွဳပ္ႏွံေပးရသူ Deri က သူတို႔ အလုပ္က သိပ္ၿပီး မလြယ္လွပါဘူးတဲ႔။ သူတို႔မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရႏိုင္ေျခ မ်ားလွသလို သူတို႔ မိသားစုေတြကိုလည္း ကူးစက္ခံရႏိုင္တာေၾကာင့္ သူတို႔လုပ္ေနရတဲ႔ အလုပ္ကို အထင္အျမင္ မေသးၾကပါနဲ႔လို႔ ေျပာခဲ႔ပါတယ္။

လူဦးေရ သန္း ၂၇၀ နီးပါး ရွိတဲ႔ အင္ဒိုနီးရွား ႏိုင္ငံမွာ ေန႔စဥ္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈသစ္က ၅၀,၀၀၀ ေက်ာ္ရွိေနေၾကာင္း ထုတ္ျပန္ထားၿပီး ၂၄ နာရီ အတြင္း ေသဆံုးရသူ ၁,၃၀၀ ထိ ေရာက္ရွိခဲ႔ေၾကာင္းလည္း ထုတ္ျပန္ထားပါတယ္။

ဆိုးရြားေနတဲ႔ အင္ဒိုနီးရွား ကိုဗစ္ အေျခအေန
please wait

No media source currently available

0:00 0:01:20 0:00
တိုက္႐ိုက္ လင့္ခ္

(Unicode)

ဆိုးရွားနေတဲ့ အင်ဒိုနီးရှား ကိုဗစ် အခြေအနေ

Covid-19 ကူးစက် ဖြစ်ပွားမှုနှုန်း တဟုန်ထိုး တိုးလာနေတဲ့ အင်ဒိုနီးရှား နိုင်ငံဟာ အိန္ဒိယကို ကျော်ပြီး အာရှဒေသမှာ Covid-19 အဆိုးဆုံး ဒေသတခု ဖြစ်လာနေပါတယ်။ ကြံရာ မရ ဖြစ်နေကြတဲ့ လူနာတွေ ဆေးရုံမှာ ကုသခွင့်ရရေး အတွက် ရက်နဲ့ချီ စောင့်ဆိုင်းနေရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ရောဂါ လက္ခဏာ သိပ်ပြီး မပြင်းထန်လှသူတွေကိုတော့ အိမ်မှာဘဲ Quarantien ခွဲနေဖို့ အစိုးရက တိုက်တွန်းနေပါတယ်။

အိမ်မှာဘဲ အသက်ဆုံးရှုံးသွားရသူတွေလည်း အများအပြား ရှိနေပါတယ်။ ရပ်ရွာ ကျန်းမာရေး စင်တာက ဝန်ထမ်းတွေ၊ စေတနာ့ ဝန်ထမ်း အကူအညီပေးသူတွေက အိမ်တိုင်ယာရောက် သွားပြီး သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို သယ်ယူပေးနေကြရပါတယ်။ သေဆုံးရသူတွေ များလာတာကြောင့် သင်္ဂြ ိုဟ် မြှုပ်နှံရေးမှာလည်း နိုင်နင်းအောင် စီမံခန့်ခွဲနေကြရပါတယ်။

သေဆုံးသူတွေကို သင်္ဂြ ိုဟ် မြှုပ်နှံပေးရသူ Deri က သူတို့ အလုပ်က သိပ်ပြီး မလွယ်လှပါဘူးတဲ့။ သူတို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်ခြေ များလှသလို သူတို့ မိသားစုတွေကိုလည်း ကူးစက်ခံရနိုင်တာကြောင့် သူတို့လုပ်နေရတဲ့ အလုပ်ကို အထင်အမြင် မသေးကြပါနဲ့လို့ ပြောခဲ့ပါတယ်။

လူဦးရေ သန်း ၂၇၀ နီးပါး ရှိတဲ့ အင်ဒိုနီးရှား နိုင်ငံမှာ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ်က ၅၀,၀၀၀ ကျော်ရှိနေကြောင်း ထုတ်ပြန်ထားပြီး ၂၄ နာရီ အတွင်း သေဆုံးရသူ ၁,၃၀၀ ထိ ရောက်ရှိခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG