သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ထိုင္းမွာ ညမထြက္ရ အပါအဝင္ ကပ္ေဘးကန္႔သတ္ခ်က္တိုး


ထုိင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ကို႐ိုနာဗုိင္းရပ္စ္ စစ္ေဆးဖုိ႔ ညလုံးေပါက္ တန္းစီေစာင့္ဆုိင္းေနတဲ့ ေဒသခံမ်ား။ (ဇူလုိင္ ၉၊ ၂၀၂၁)

(Zawgyi / Unicode)

ထိုင္းႏို္င္ငံအတြင္း ညမထြက္ရအမိန္႔ အပါအဝင္ ကပ္ေဘး ကန္႔သတ္ခ်က္ေတြ ပိုၿပီး တင္းက်ပ္ထားပါတယ္။ အေရွ႕ေတာင္အာရွေဒသတြင္း ကိုဗစ္ပိုးမ်ိဳးကြဲသစ္ ေတြ႔ေနရၿပီး ကာကြယ္ေဆးထိုးမႈ ေႏွးေကြးတာနဲ႔အတူ ပိုးေတြ႔မႈေတြ ႐ုတ္တရက္ ျမင့္မားလာေနပါတယ္။

ည ၉ နာရီကေန မနက္ ၄ နာရီအထိ ၇ နာရီၾကာ အျပင္အထြက္ရအမိန္႔နဲ႔အတူ ၅ ဦးထက္ ပုိမစုဖို႔နဲ႔ မလိုအပ္ဘဲ ခရီးမသြားၾကဖို႔ ဘန္ေကာက္နဲ႔ အနားက ျပည္နယ္ ၅ ခု၊ ေနာက္ ေတာင္ပိုင္းက ျပည္နယ္ ၄ ခုမွာ ထုတ္ျပန္လိုက္ပါတယ္။ သန္ဘက္ခါ တနလၤာကစၿပီး အသက္ဝင္မွာပါ။

ဒါ့အျပင္ ဘန္ေကာက္မွာဆိုရင္ ေက်ာင္းေတြပိတ္တာ အပါအဝင္ ေနာက္ထပ္ ကန္႔သတ္မႈေတြ ခ်လိုက္ပါတယ္။

ထိုင္းမွာ ဒီေန႔ COVID-19 ပိုးေတြ႔သူသစ္ ၉,၂၀၀ ရွိၿပီး စုစုေပါင္းပိုးေတြ႔သူ ၃ သိန္းေက်ာ္လာကာ ေသဆံုးသူကလည္း ၇၂ ဦးမို႔ ေသဆံုးသူေပါင္းလည္း ၂,၅၀၀ ေက်ာ္လာေနပါတယ္။

အေရွ႕ေတာင္အာရွရဲ႕ လူဦးေရအမ်ားဆံုး အင္ဒိုနီးရွားႏိုင္ငံမွာလည္း အရင္ တ႐ုတ္ကာကြယ္ေဆး ထိုးေပးခဲ့ရာကေန ကုလသမဂၢ COVEX ကာကြယ္ေဆး ညြန္႔ေပါင္းအဖြဲ႔ကတဆင့္ အေမရိကန္ကပို႔လိုက္တဲ့ ကာကြယ္ေဆး ၄ သန္းကို အျမန္ထိုးဖို႔ လံုးပန္းေနပါၿပီ။

အရင္ တ႐ုတ္ Sinovac ကာကြယ္ေဆး ၂ ႀကိမ္ထိုးေပးထားတဲ့ ေရွ႕တန္းက က်န္းမာေရးလုပ္သားေတြကို ေရွ႕အပတ္ေရာက္မယ့္ အေမရိကန္ Moderna ကာကြယ္ေဆး ဦးစားေပးအျဖစ္ တတိယအႀကိမ္ ထပ္ထိုးေပးမွာျဖစ္ၿပီး အေၾကာင္းကေတာ့ မ်ိဳးကြဲသစ္ေပၚလာတာေၾကာင့္ပါလို႔ အင္ဒိုနီးရွား က်န္းမာေရးဝန္ႀကီး Budi Gunadi Sadikin က ဆိုပါတယ္။

ေတာင္ကိုရီးယားမွာလည္း ေန႔စဥ္ပိုးေတြ႔ႏႈန္း စံခ်ိန္တင္ တတိယေန႔အျဖစ္ ဆက္တက္ခဲ့တာမို႔ ဆုိးလ္ၿမိဳ႕ေတာ္တဝိုက္မွာ လူလူခ်င္းခြာေနဖို႔ ကန္႔သတ္ခ်က္အျဖစ္ ညေန ၆ နာရီေနာက္ပိုင္း ၃ ဦး (သို႔) ၃ ဦးအထက္ မစုဖို႔ အပါအဝင္ တင္းက်ပ္မႈေတြ ျပင္ဆင္ေနပါတယ္။

ဒီေန႔ပိုးေတြ႔သူသစ္ ၁,၄၀၀ နီးပါးထဲ အမ်ားစု ၁,၀၀၀ ေက်ာ္ကို ဆုိးလ္နဲ႔ အနားက Myeonggyi ျပည္နယ္နဲ႔ Incheon ၿမိဳ႕မွာ ေတြ႔ခဲ့တာမို႔ Night Club ညကပြဲေတြနဲ႔ ခရစ္ယာန္ဘုရားေက်ာင္းေတြပါ ပိတ္လိုက္ပါတယ္။ ေဆး႐ုံနဲ႔ လူအို႐ုံေတြမွာ အျပင္လူဝင္ခြင့္ ပိတ္ပင္တာ၊ လက္ထပ္ပြဲနဲ႔ အသုဘခ်တာမွာလည္း မိသားစုဝင္ေတြပဲ တက္ဖို႔ ကိုရီးယား ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဌာနက ေရွ႕အပတ္ကစ ကန္႔သတ္လိုက္ပါၿပီ။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ထိုင်းမှာ ညမထွက်ရ အပါအဝင် ကပ်ဘေးကန့်သတ်ချက်တိုး

ထိုင်းနိုင်ငံအတွင်း ညမထွက်ရအမိန့် အပါအဝင် ကပ်ဘေး ကန့်သတ်ချက်တွေ ပိုပြီး တင်းကျပ်ထားပါတယ်။ အရှေ့တောင်အာရှဒေသတွင်း ကိုဗစ်ပိုးမျိုးကွဲသစ် တွေ့နေရပြီး ကာကွယ်ဆေးထိုးမှု နှေးကွေးတာနဲ့အတူ ပိုးတွေ့မှုတွေ ရုတ်တရက် မြင့်မားလာနေပါတယ်။

ည ၉ နာရီကနေ မနက် ၄ နာရီအထိ ၇ နာရီကြာ အပြင်အထွက်ရအမိန့်နဲ့အတူ ၅ ဦးထက် ပိုမစုဖို့နဲ့ မလိုအပ်ဘဲ ခရီးမသွားကြဖို့ ဘန်ကောက်နဲ့ အနားက ပြည်နယ် ၅ ခု၊ နောက် တောင်ပိုင်းက ပြည်နယ် ၄ ခုမှာ ထုတ်ပြန်လိုက်ပါတယ်။ သန်ဘက်ခါ တနင်္လာကစပြီး အသက်ဝင်မှာပါ။

ဒါ့အပြင် ဘန်ကောက်မှာဆိုရင် ကျောင်းတွေပိတ်တာ အပါအဝင် နောက်ထပ် ကန့်သတ်မှုတွေ ချလိုက်ပါတယ်။

ထိုင်းမှာ ဒီနေ့ COVID-19 ပိုးတွေ့သူသစ် ၉,၂၀၀ ရှိပြီး စုစုပေါင်းပိုးတွေ့သူ ၃ သိန်းကျော်လာကာ သေဆုံးသူကလည်း ၇၂ ဦးမို့ သေဆုံးသူပေါင်းလည်း ၂,၅၀၀ ကျော်လာနေပါတယ်။

အရှေ့တောင်အာရှရဲ့ လူဦးရေအများဆုံး အင်ဒိုနီးရှားနိုင်ငံမှာလည်း အရင် တရုတ်ကာကွယ်ဆေး ထိုးပေးခဲ့ရာကနေ ကုလသမဂ္ဂ COVEX ကာကွယ်ဆေး ညွန့်ပေါင်းအဖွဲ့ကတဆင့် အမေရိကန်ကပို့လိုက်တဲ့ ကာကွယ်ဆေး ၄ သန်းကို အမြန်ထိုးဖို့ လုံးပန်းနေပါပြီ။

အရင် တရုတ် Sinovac ကာကွယ်ဆေး ၂ ကြိမ်ထိုးပေးထားတဲ့ ရှေ့တန်းက ကျန်းမာရေးလုပ်သားတွေကို ရှေ့အပတ်ရောက်မယ့် အမေရိကန် Moderna ကာကွယ်ဆေး ဦးစားပေးအဖြစ် တတိယအကြိမ် ထပ်ထိုးပေးမှာဖြစ်ပြီး အကြောင်းကတော့ မျိုးကွဲသစ်ပေါ်လာတာကြောင့်ပါလို့ အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီး Budi Gunadi Sadikin က ဆိုပါတယ်။

တောင်ကိုရီးယားမှာလည်း နေ့စဉ်ပိုးတွေ့နှုန်း စံချိန်တင် တတိယနေ့အဖြစ် ဆက်တက်ခဲ့တာမို့ ဆိုးလ်မြို့တော်တဝိုက်မှာ လူလူချင်းခွာနေဖို့ ကန့်သတ်ချက်အဖြစ် ညနေ ၆ နာရီနောက်ပိုင်း ၃ ဦး (သို့) ၃ ဦးအထက် မစုဖို့ အပါအဝင် တင်းကျပ်မှုတွေ ပြင်ဆင်နေပါတယ်။

ဒီနေ့ပိုးတွေ့သူသစ် ၁,၄၀၀ နီးပါးထဲ အများစု ၁,၀၀၀ ကျော်ကို ဆိုးလ်နဲ့ အနားက Myeonggyi ပြည်နယ်နဲ့ Incheon မြို့မှာ တွေ့ခဲ့တာမို့ Night Club ညကပွဲတွေနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေပါ ပိတ်လိုက်ပါတယ်။ ဆေးရုံနဲ့ လူအိုရုံတွေမှာ အပြင်လူဝင်ခွင့် ပိတ်ပင်တာ၊ လက်ထပ်ပွဲနဲ့ အသုဘချတာမှာလည်း မိသားစုဝင်တွေပဲ တက်ဖို့ ကိုရီးယား ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက ရှေ့အပတ်ကစ ကန့်သတ်လိုက်ပါပြီ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG