(Zawgyi / Unicode)
ထိုင္းႏုိင္ငံမွာ ကုိဗစ္တတိယလႈိင္း ျပန္႔ပြားမႈႏႈန္း ျမင့္တက္လာေနတာေၾကာင့္ ဘန္ေကာက္အပါအဝင္ ျပည္နယ္ ၅ ခုမွာ တင္းက်ပ္တဲ့ ပိတ္ဆုိ႔ကန္႔သတ္တဲ့ အမိန္႔ကို ထုတ္ျပန္ၿပီး အလုပ္သမား ၇ ေသာင္းကေန ၈ ေသာင္းေလာက္ရွိတဲ့ ဘန္ေကာက္က ေဆာက္လုပ္ေရးအလုပ္ဆိုက္ ၆၀၀ ကိုလည္း ဇြန္လ ၂၈ ရက္ေန႔ကစၿပီး တလပိတ္ဆို႔ကန္႔သတ္မႈေတြ လုပ္ေတာ့မွာ ျဖစ္တဲ့အတြက္ တနဂၤေႏြေန႔ကစၿပီး ရဲနဲ႔ စစ္တပ္ စတဲ့ လံုၿခံဳေရးတပ္ဖဲြ႔ေတြ ခ်ထားလိုက္ပါၿပီ။ အျပည့္အစုံကို မေအးေအးမာ တင္ျပေပးထားပါတယ္။
ထိုင္းႏုိင္ငံရဲ႕ ကုိဗစ္တတိယလႈိင္းမွာ ေန႔စဥ္ ေထာင္နဲ႔ခ်ီၿပီး ကူးစက္ျပန္႔ပြားမႈေတြ တုိးလာေနတာေၾကာင့္ ဘန္ေကာက္က ေဆာက္လုပ္ေရးအလုပ္ဆုိက္ ၆၀၀ ကုိ တနလၤာေန႔ကစၿပီး အဝင္အထြက္ေတြ မရေတာ့ဘဲ ပိတ္ဆို႔ကန္႔သတ္မႈေတြ လုပ္ေတာ့မွာပါ။ ပညာေရးနဲ႔ ဖြံ႔ၿဖိဳးေရး ေဖာင္ေဒးရွင္းက အလုပ္သမားေရးရာ တာဝန္ခံ ဦးမင္းဦးက အခုလိုေျပာျပပါတယ္။
“ဘန္ေကာက္တခုတည္းမွာပဲ ဆုိက္က ၆၀၀၊ က်န္တဲ့ျပည္နယ္ေတြ ေတာင္ပိုင္းက ျပည္နယ္ေလးခုမွာေတာ့ ဘယ္ေလာက္ရွိတယ္ မေျပာဘူး။ အဓိကကေတာ့ အဲဒီလူေတြကို အျပင္မထြက္ေအာင္ ပိတ္ၿပီး ရဲေတြ၊ စစ္သားေတြ အေစာင့္ခ်ထားတယ္၊ အေစာင့္ထားတယ္။ ၂၈ ရက္ေန႔ကကစၿပီး တလပိတ္မယ္။ ေဆာက္လုပ္ေရးဆိုက္ေတြ အကုန္လံုးေပါ့။ အဓိကဆုိက္ႀကီးေတြ၊ အလုပ္သမားက ၇ ေသာင္းနဲ႔ ၈ ေသာင္းၾကားရွိတယ္။ အလုပ္သမားေတြက ျမန္မာကေတာ့ အမ်ားစုပဲ။ အသြားအလာေတြ ကန္႔သတ္ၿပီးေတာ့ အဲဒီထဲကေန ေပးမထြက္ေတာ့ဘူး။ အဓိကေတာ့ ေဆာက္လုပ္ေရး အလုပ္သမားေတြက ကုိဗစ္ျဖစ္တာ ကူးစက္မႈေတြမ်ားလို႔ေပါ့။”
အဓိက ကိုဗစ္ကပ္ပုိး ကူးစက္မႈမ်ားေနတဲ့ ဘန္ေကာက္အပါအဝင္ ျပည္နယ္ ၅ ခုကို တင္းက်ပ္တဲ့ ပိတ္ဆို႔ကန္႔သတ္မႈေတြ လုပ္သလို ေနာက္ထပ္ျပည္နယ္ ၅ ခုမွာလည္း အကန္႔အသတ္နဲ႔ ပိတ္ဆို႔မႈေတြ လုပ္မယ့္အေၾကာင္း ထိုင္းအစုိးရက တနဂၤေႏြေန႔မွာ ထုတ္ျပန္ခဲ့ပါတယ္။
ထုိင္းႏုိင္ငံရဲ႕ တတိယလႈိင္း ကိုဗစ္ကပ္ပုိး ကူးစက္မႈမွာ ျမန္မာလူမ်ဳိး ၂ ေသာင္းခဲြေက်ာ္ေလာက္ ကူးစက္မႈ ျဖစ္ေနတယ္လို႔လည္း ဦးမင္းဦးက ဆုိပါတယ္။
“ေရႊ႕ေျပာင္းအလုပ္သမား အားလံုးဆုိရင္ေတာ့ ၄ ေသာင္းဝန္းက်င္ေလာက္ရွိတယ္။ အဲဒီထဲမွာက ျမန္မာခ်ည္းပဲဆိုရင္ ျမန္မာက အဲဒီထဲမွာ ၂ ေသာင္းခဲြေက်ာ္ရွိတယ္။”
ထိုင္းတႏုိင္ငံလံုးမွာ ကိုဗစ္အတည္ျပဳလူနာ ၂၄၄,၀၀၀ ေက်ာ္ရွိၿပီး ဇြန္လ ၂၇ ရက္ေန႔မွာ လူနာအသစ္ ၃,၉၉၅ ဦးရွိတယ္လုိ႔ ထုိင္းက်န္းမာေရးဌာနက ထုတ္ျပန္ထားပါတယ္။ လက္ရွိ ေသဆံုးလူနာ စုစုေပါင္း ၁,၉၁၂ ဦးထက္မနည္း ရွိေနပါတယ္။
-----------------------
(Unicode)
မြန်မာတွေရှိတဲ့ လုပ်ငန်းခွင်တွေ အပါအဝင် ထိုင်းဒေသတချို့ ကိုဗစ်ကြောင့် ယာယီပိတ်
ထိုင်းနိုင်ငံမှာ ကိုဗစ်တတိယလှိုင်း ပြန့်ပွားမှုနှုန်း မြင့်တက်လာနေတာကြောင့် ဘန်ကောက်အပါအဝင် ပြည်နယ် ၅ ခုမှာ တင်းကျပ်တဲ့ ပိတ်ဆို့ကန့်သတ်တဲ့ အမိန့်ကို ထုတ်ပြန်ပြီး အလုပ်သမား ၇ သောင်းကနေ ၈ သောင်းလောက်ရှိတဲ့ ဘန်ကောက်က ဆောက်လုပ်ရေးအလုပ်ဆိုက် ၆၀၀ ကိုလည်း ဇွန်လ ၂၈ ရက်နေ့ကစပြီး တလပိတ်ဆို့ကန့်သတ်မှုတွေ လုပ်တော့မှာ ဖြစ်တဲ့အတွက် တနင်္ဂနွေနေ့ကစပြီး ရဲနဲ့ စစ်တပ် စတဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ချထားလိုက်ပါပြီ။ အပြည့်အစုံကို မအေးအေးမာ တင်ပြပေးထားပါတယ်။
ထိုင်းနိုင်ငံရဲ့ ကိုဗစ်တတိယလှိုင်းမှာ နေ့စဉ် ထောင်နဲ့ချီပြီး ကူးစက်ပြန့်ပွားမှုတွေ တိုးလာနေတာကြောင့် ဘန်ကောက်က ဆောက်လုပ်ရေးအလုပ်ဆိုက် ၆၀၀ ကို တနင်္လာနေ့ကစပြီး အဝင်အထွက်တွေ မရတော့ဘဲ ပိတ်ဆို့ကန့်သတ်မှုတွေ လုပ်တော့မှာပါ။ ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦးက အခုလိုပြောပြပါတယ်။
“ဘန်ကောက်တခုတည်းမှာပဲ ဆိုက်က ၆၀၀၊ ကျန်တဲ့ပြည်နယ်တွေ တောင်ပိုင်းက ပြည်နယ်လေးခုမှာတော့ ဘယ်လောက်ရှိတယ် မပြောဘူး။ အဓိကကတော့ အဲဒီလူတွေကို အပြင်မထွက်အောင် ပိတ်ပြီး ရဲတွေ၊ စစ်သားတွေ အစောင့်ချထားတယ်၊ အစောင့်ထားတယ်။ ၂၈ ရက်နေ့ကကစပြီး တလပိတ်မယ်။ ဆောက်လုပ်ရေးဆိုက်တွေ အကုန်လုံးပေါ့။ အဓိကဆိုက်ကြီးတွေ၊ အလုပ်သမားက ၇ သောင်းနဲ့ ၈ သောင်းကြားရှိတယ်။ အလုပ်သမားတွေက မြန်မာကတော့ အများစုပဲ။ အသွားအလာတွေ ကန့်သတ်ပြီးတော့ အဲဒီထဲကနေ ပေးမထွက်တော့ဘူး။ အဓိကတော့ ဆောက်လုပ်ရေး အလုပ်သမားတွေက ကိုဗစ်ဖြစ်တာ ကူးစက်မှုတွေများလို့ပေါ့။”
အဓိက ကိုဗစ်ကပ်ပိုး ကူးစက်မှုများနေတဲ့ ဘန်ကောက်အပါအဝင် ပြည်နယ် ၅ ခုကို တင်းကျပ်တဲ့ ပိတ်ဆို့ကန့်သတ်မှုတွေ လုပ်သလို နောက်ထပ်ပြည်နယ် ၅ ခုမှာလည်း အကန့်အသတ်နဲ့ ပိတ်ဆို့မှုတွေ လုပ်မယ့်အကြောင်း ထိုင်းအစိုးရက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ တတိယလှိုင်း ကိုဗစ်ကပ်ပိုး ကူးစက်မှုမှာ မြန်မာလူမျိုး ၂ သောင်းခွဲကျော်လောက် ကူးစက်မှု ဖြစ်နေတယ်လို့လည်း ဦးမင်းဦးက ဆိုပါတယ်။
“ရွှေ့ပြောင်းအလုပ်သမား အားလုံးဆိုရင်တော့ ၄ သောင်းဝန်းကျင်လောက်ရှိတယ်။ အဲဒီထဲမှာက မြန်မာချည်းပဲဆိုရင် မြန်မာက အဲဒီထဲမှာ ၂ သောင်းခွဲကျော်ရှိတယ်။”
ထိုင်းတနိုင်ငံလုံးမှာ ကိုဗစ်အတည်ပြုလူနာ ၂၄၄,၀၀၀ ကျော်ရှိပြီး ဇွန်လ ၂၇ ရက်နေ့မှာ လူနာအသစ် ၃,၉၉၅ ဦးရှိတယ်လို့ ထိုင်းကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ လက်ရှိ သေဆုံးလူနာ စုစုပေါင်း ၁,၉၁၂ ဦးထက်မနည်း ရှိနေပါတယ်။