သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ကူးစက္သူ ထုိင္းေရာက္အလုပ္သမားေတြ က်န္းမာေရးေစာင့္ေရွာက္မႈရေရး အခက္ေတြ႔


ထိုင္းႏိုင္ငံ စမြတ္ဆာခြန္းခ႐ုိင္္ ပုစြန္ေစ်းမွာ ကိုဗစ္စစ္ေဆးဖို႔ တန္းစီေစာင့္ဆုိင္းေနတဲ့ ေရႊ႕ေျပာင္းအလုပ္သမားမ်ား။ (ဒီဇင္ဘာ ၂၀၊ ၂၀၂၀)

(Zawgyi / Unicode)

ကပ္ေရာဂါ ကူးစက္မႈေတြ တေက်ာ့ျပန္ ႀကံဳေနရတဲ့ ထိုင္းႏိုင္ငံမွာ ကိုဗစ္အတည္ျပဳလူနာ ၂ သိန္းေက်ာ္ထဲမွာ ျမန္မာႏုိင္ငံသား အမ်ားစု အပါအဝင္ ေရႊ႕ေျပာင္းအလုပ္သမား ေသာင္းနဲ႔ခ်ီ ပါဝင္ေနပါတယ္။ ဒါေပမယ့္လည္း ခန္႔မွန္းေျခ ၄ ေသာင္းေလာက္ရွိတဲ့ အလုပ္သမားေတြ က်န္းမာေရးေစာင့္ေရွာက္မႈ ရရွိေရးမွာ အခက္အခဲေတြ ရွိေနတာေၾကာင့္ ေျဖရွင္းေပးဖုိ႔ အလုပ္သမားေရး လႈပ္ရွားသူေတြက ထုိင္းအာဏာပုိင္ေတြကုိ တုိက္တြန္းေနၾကတာပါ။ ဒီအေၾကာင္း အျပည့္အစုံကုိ ဗြီအုိေအ ျမန္မာပုိင္း ထုိင္းအေျခစုိက္ သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထုိင္းႏို္င္ငံမွာ ကိုဗစ္ကပ္ေဘး စတင္ႀကံဳခဲ့ရၿပီးကတည္းက အခု တတိယလႈိင္း ျဖစ္တဲ့အခ်ိန္မွာ တႏိုင္ငံလံုးအႏွံ႔ အတည္ျပဳလူနာဦးေရက ေန႔စဥ္ ေထာင္ခ်ီတိုးေနတာပါ။ ဒီထဲမွာ အတည္ျပဳလူနာ ၅ ပံု ၁ ပံုက ေရႊ႕ေျပာင္းအလုပ္သမားေတြ ျဖစ္ေနပါတယ္။ ေရႊ႕ေျပာင္းအလုပ္သမားေတြထဲမွာလည္း ျမန္မာႏုိင္ငံသားက အမ်ားဆံုးျဖစ္ေနတာေၾကာင့္ က်န္းမာေရးေစာင့္ေရွာက္မႈေတြ ရရွိဖို႔အတြက္ ဘယ္လိုပံ့ပုိးမလဲ ဆိုတာကို ေရႊ႕ေျပာင္းအလုပ္သမားကြန္ရက္က ထိုင္းအစုိးရကုိ ေမးခြန္းထုတ္ခဲ့တယ္လို႔ ကြန္ရက္အဖဲြ႔ဝင္လည္းျဖစ္ အလုပ္သမားေရး လႈပ္ရွားသူလည္းျဖစ္တဲ့ ဦးမင္းဦးက အခုလိုေျပာျပပါတယ္။

“ထိုင္းႏိုင္ငံတႏိုင္ငံလံုးမွာ အခုက အားလံုးေပါင္း ေရာဂါျဖစ္တဲ့သူ ၂ သိိန္းေက်ာ္ရွိတယ္။ ၂ သိန္းေက်ာ္ထဲမွာ ေရႊ႕ေျပာင္းအလုပ္သမား စုစုေပါင္းက ၄ ေသာင္းေက်ာ္ရွိတယ္။ ၄ ေသာင္းေက်ာ္ထဲမွာ ျမန္မာႏို္င္ငံသား ေရႊ႕ေျပာင္းအလုပ္သမားက ၃ ေသာင္းေက်ာ္ရွိတယ္။ အားလံုးေပါင္း ရွင္းရွင္းေျပာရရင္ ၄ ေသာင္းနားကို ကပ္ေနတယ္။ တတိယလိႈင္းထဲမွာ ဒီႏွစ္ထဲမွာ ျဖစ္တာအမ်ားဆံုးပဲ။ ဒီႏွစ္ထဲမွာျဖစ္တာ ေရႊ႕ေျပာင္းအလုပ္သမား ၂၆,၀၀၀ ေက်ာ္ရွိတယ္၊ တတိယလိႈင္းထဲမွာေနာ္။ အဲဒါေၾကာင့္ လက္ရွိမွာ ေရႊ႕ေျပာင္းအလုပ္သမားကြန္ရက္ MWG က အဲဒါနဲ႔ပတ္သက္လို႔ ေထာက္ျပတယ္။ ေထာက္ျပတာက လက္ရွိကာလမွာက ထုိင္းႏိုင္ငံသားေတြေတာင္မွ ေရာဂါကုသခြင့္ ရရွိေရးတို႔ ေဆးထုိးဖို႔ ကာကြယ္ေဆးထုိးဖို႔ ကိစၥေတြမွာ အခက္အခဲေတြနဲ႔ ႀကံဳေနရတယ္။ အဲဒီလို သူတို႔ႏုိင္ငံသားေတြေတာင္ ျဖစ္ေနတဲ့ကာလမွာ က်ေနာ္တို႔ ေရႊ႕ေျပာင္းအလုပ္သမားေတြမွာ ဘယ္လိုမ်ိဳး အခက္အခဲေတြ႔ရမလဲ။ ေရႊ႕ေျပာင္းအလုပ္သမားေတြအတြက္ေရာ ဘယ္လိုပံ့ပိုးဖို႔ အစီအစဥ္မ်ား ရွိမလဲဆိုတာကို က်ေနာ္တို႔ ေရႊ႕ေျပာင္းအလုပ္သမားကြန္ရက္က ေထာက္ျပထားတဲ့ဟာပါ။”

ကုိဗစ္တတိယလႈိင္းျဖစ္ခ်ိန္မွာ အေထာက္အထားမဲ့ အလုပ္သမားေတြ အတြက္ေတာ့ အခက္အခဲေတြ ျဖစ္ေနတယ္လို႔ ဆိုပါတယ္။

“အေထာက္အထားမဲ့ အလုပ္သမားေတြရွိတယ္။ အဲဒီလို အလုပ္သမားေတြ အတြက္က ျပႆနာေတြ ျဖစ္ေနတယ္။ အဲဒီအလုပ္သမားေတြကလည္း သူတို႔အေနနဲ႔က ေဆးစစ္ခံဖို႔ ထြက္ဖို႔ ေဆးစစ္မခံရဲဘူး။ သူတို႔က တရားမဝင္ျဖစ္ေနလို႔။ တခ်ိဳ႕ အလုပ္ရွင္ေတြကလည္း သူတို႔အလုပ္သမားေတြက တရားမဝင္ ျဖစ္ေနေတာ့ ထုတ္မျပရဲဘူး။ ျပႆနာတက္မွာ ႏွစ္ဖက္လံုးက အေရးယူခံရမွာကိုး။ အဲဒီလိုလူေတြမွာ ေရာဂါျဖစ္ရင္ ျပႆနာတက္ၿပီ။ အဲဒီလိုလူေတြကို ဘယ္လိုကုေပးမလဲ၊ အဲဒီလိုလူေတြကေန တျခားလူေတြကို ကူးစက္မယ္ဆိုရင္ေရာ ဘယ္လိုလုပ္မလဲ၊ ေျပာလို႔မရဘူး။”

ထိုင္းဝန္ႀကီးခ်ဳပ္ Prayuth Chan-ocha က ႏုိင္ငံကို ေလးလအတြင္း ပံုမွန္အေျခအေန ျပန္ဖြင့္မယ္လို႔ ႏုိင္ငံေတာ္မိန္႔ခြန္းမွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ ျပည္နယ္တခ်ိဳ႕မွာ ကုိဗစ္ပိုးေတြ႔ႏႈန္း ျမင့္တက္လာေနတာေၾကာင့္ အနီေရာင္အဆင့္ သတ္မွတ္ထုတ္ျပန္ေနရတဲ့အေၾကာင္း ေျပာဆုိသြားပါတယ္။ ဒီထဲမွာ လူေသဆံုးမႈ အမ်ားဆံုးျဖစ္တဲ့ ခၽြန္ဘူရီျပည္နယ္လည္း ပါဝင္တာပါ။ ဒီျပည္နယ္က ျမန္မာေတြ အမ်ားဆံုး အလုပ္လုပ္ကိုင္ေနတဲ့ သလာမိုင္ေစ်းသစ္ႀကီးမွာ ဒီရက္ပိုင္းမွာပဲ ကိုဗစ္ကူးစက္မႈေတြ ျဖစ္ေနပါတယ္။ ကူးစက္သူ အမ်ားစုကလည္း ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြ ျဖစ္ေၾကာင္း နယ္ေျမက်န္းမာေရးဌာနက ဒီရက္ပုိင္းမွာပဲ ထုတ္ျပန္သြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ကိုဗစ်ကူးစက်သူ ထိုင်းရောက်အလုပ်သမားတွေ ကျန်းမာရေးစောင့်ရှောက်မှုရရေး အခက်တွေ့

ကပ်ရောဂါ ကူးစက်မှုတွေ တကျော့ပြန် ကြုံနေရတဲ့ ထိုင်းနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၂ သိန်းကျော်ထဲမှာ မြန်မာနိုင်ငံသား အများစု အပါအဝင် ရွှေ့ပြောင်းအလုပ်သမား သောင်းနဲ့ချီ ပါဝင်နေပါတယ်။ ဒါပေမယ့်လည်း ခန့်မှန်းခြေ ၄ သောင်းလောက်ရှိတဲ့ အလုပ်သမားတွေ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးမှာ အခက်အခဲတွေ ရှိနေတာကြောင့် ဖြေရှင်းပေးဖို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ထိုင်းအာဏာပိုင်တွေကို တိုက်တွန်းနေကြတာပါ။ ဒီအကြောင်း အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ဘေး စတင်ကြုံခဲ့ရပြီးကတည်းက အခု တတိယလှိုင်း ဖြစ်တဲ့အချိန်မှာ တနိုင်ငံလုံးအနှံ့ အတည်ပြုလူနာဦးရေက နေ့စဉ် ထောင်ချီတိုးနေတာပါ။ ဒီထဲမှာ အတည်ပြုလူနာ ၅ ပုံ ၁ ပုံက ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်နေပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေထဲမှာလည်း မြန်မာနိုင်ငံသားက အများဆုံးဖြစ်နေတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ ရရှိဖို့အတွက် ဘယ်လိုပံ့ပိုးမလဲ ဆိုတာကို ရွှေ့ပြောင်းအလုပ်သမားကွန်ရက်က ထိုင်းအစိုးရကို မေးခွန်းထုတ်ခဲ့တယ်လို့ ကွန်ရက်အဖွဲ့ဝင်လည်းဖြစ် အလုပ်သမားရေး လှုပ်ရှားသူလည်းဖြစ်တဲ့ ဦးမင်းဦးက အခုလိုပြောပြပါတယ်။

“ထိုင်းနိုင်ငံတနိုင်ငံလုံးမှာ အခုက အားလုံးပေါင်း ရောဂါဖြစ်တဲ့သူ ၂ သိန်းကျော်ရှိတယ်။ ၂ သိန်းကျော်ထဲမှာ ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်းက ၄ သောင်းကျော်ရှိတယ်။ ၄ သောင်းကျော်ထဲမှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားက ၃ သောင်းကျော်ရှိတယ်။ အားလုံးပေါင်း ရှင်းရှင်းပြောရရင် ၄ သောင်းနားကို ကပ်နေတယ်။ တတိယလှိုင်းထဲမှာ ဒီနှစ်ထဲမှာ ဖြစ်တာအများဆုံးပဲ။ ဒီနှစ်ထဲမှာဖြစ်တာ ရွှေ့ပြောင်းအလုပ်သမား ၂၆,၀၀၀ ကျော်ရှိတယ်၊ တတိယလှိုင်းထဲမှာနော်။ အဲဒါကြောင့် လက်ရှိမှာ ရွှေ့ပြောင်းအလုပ်သမားကွန်ရက် MWG က အဲဒါနဲ့ပတ်သက်လို့ ထောက်ပြတယ်။ ထောက်ပြတာက လက်ရှိကာလမှာက ထိုင်းနိုင်ငံသားတွေတောင်မှ ရောဂါကုသခွင့် ရရှိရေးတို့ ဆေးထိုးဖို့ ကာကွယ်ဆေးထိုးဖို့ ကိစ္စတွေမှာ အခက်အခဲတွေနဲ့ ကြုံနေရတယ်။ အဲဒီလို သူတို့နိုင်ငံသားတွေတောင် ဖြစ်နေတဲ့ကာလမှာ ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေမှာ ဘယ်လိုမျိုး အခက်အခဲတွေ့ရမလဲ။ ရွှေ့ပြောင်းအလုပ်သမားတွေအတွက်ရော ဘယ်လိုပံ့ပိုးဖို့ အစီအစဉ်များ ရှိမလဲဆိုတာကို ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားကွန်ရက်က ထောက်ပြထားတဲ့ဟာပါ။”

ကိုဗစ်တတိယလှိုင်းဖြစ်ချိန်မှာ အထောက်အထားမဲ့ အလုပ်သမားတွေ အတွက်တော့ အခက်အခဲတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

“အထောက်အထားမဲ့ အလုပ်သမားတွေရှိတယ်။ အဲဒီလို အလုပ်သမားတွေ အတွက်က ပြဿနာတွေ ဖြစ်နေတယ်။ အဲဒီအလုပ်သမားတွေကလည်း သူတို့အနေနဲ့က ဆေးစစ်ခံဖို့ ထွက်ဖို့ ဆေးစစ်မခံရဲဘူး။ သူတို့က တရားမဝင်ဖြစ်နေလို့။ တချို့ အလုပ်ရှင်တွေကလည်း သူတို့အလုပ်သမားတွေက တရားမဝင် ဖြစ်နေတော့ ထုတ်မပြရဲဘူး။ ပြဿနာတက်မှာ နှစ်ဖက်လုံးက အရေးယူခံရမှာကိုး။ အဲဒီလိုလူတွေမှာ ရောဂါဖြစ်ရင် ပြဿနာတက်ပြီ။ အဲဒီလိုလူတွေကို ဘယ်လိုကုပေးမလဲ၊ အဲဒီလိုလူတွေကနေ တခြားလူတွေကို ကူးစက်မယ်ဆိုရင်ရော ဘယ်လိုလုပ်မလဲ၊ ပြောလို့မရဘူး။”

ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha က နိုင်ငံကို လေးလအတွင်း ပုံမှန်အခြေအနေ ပြန်ဖွင့်မယ်လို့ နိုင်ငံတော်မိန့်ခွန်းမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ပြည်နယ်တချို့မှာ ကိုဗစ်ပိုးတွေ့နှုန်း မြင့်တက်လာနေတာကြောင့် အနီရောင်အဆင့် သတ်မှတ်ထုတ်ပြန်နေရတဲ့အကြောင်း ပြောဆိုသွားပါတယ်။ ဒီထဲမှာ လူသေဆုံးမှု အများဆုံးဖြစ်တဲ့ ချွန်ဘူရီပြည်နယ်လည်း ပါဝင်တာပါ။ ဒီပြည်နယ်က မြန်မာတွေ အများဆုံး အလုပ်လုပ်ကိုင်နေတဲ့ သလာမိုင်ဈေးသစ်ကြီးမှာ ဒီရက်ပိုင်းမှာပဲ ကိုဗစ်ကူးစက်မှုတွေ ဖြစ်နေပါတယ်။ ကူးစက်သူ အများစုကလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ကြောင်း နယ်မြေကျန်းမာရေးဌာနက ဒီရက်ပိုင်းမှာပဲ ထုတ်ပြန်သွားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG