သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ခိုးဝင္ျမန္မာေတြကို ထိုင္းဘက္က ဖမ္းဆီး


ဇြန္လ ၁၇ ရက္ေန႕က ထုိင္းျမန္မာနယ္စပ္ မဲေဆာက္ၿမိဳ ့ထဆိုင္လု၀ပ္နယ္ေျမမွာ ဖမ္းဆီးခံရတဲ့ ျမန္မာႏိုင္ငံသားမ်ား ( အမွတ္၃- ထိုင္းနယ္ျခားေစာင့္တပ္)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ အလုပ္အကိုင္အခက္အခဲေတြ စား၀တ္ေနေရး အၾကပ္အတည္းေတြ ႏို္င္ငံေရးမတည္ၿငိမ္မူေတြေၾကာင့္ ထိုင္းျမန္မာနယ္စပ္ေတြမွာ ေန႔စဥ္ျမန္မာအလုပ္သမား ရာဂဏန္း ေလာက္ ခိုး၀င္ေနၾကၿပီး ဖမ္းဆီးမူေတြဆက္တုိက္ျဖစ္ေနပါတယ္။ ဒီသတင္းကုိ ဗြီအုိေအသတင္းေထာက္ မေအးေအးမာက ေျပာျပေပးမွာပါ။

ထိုင္းျမန္မာနယ္စပ္၊ တာ့ခ္ျပည္နယ္ မဲေဆာက္ၿမိဳ႕ ထဆိုင္လု၀ပ္နယ္ ေျမ၊ ၀မ္သခီရမ္ဆုိတဲ့ ေက်းရြာအနီးမွာ ဇြန္လ ၁၇ ရက္ေန႔ က ျမန္မာႏို္င္ငံဘက္က ခိုး၀င္လာသူ ၃၅ ဦး ဖမ္းမိခဲ့ပါတယ္။ ထုိင္း- ျမန္မာနယ္စပ္တေလ်ာက္ေတြမွာ ေန႔စဥ္ ခိုး၀င္လာသူေတြထဲ က ရာဂဏန္းေလာက္ဟာ နယ္ေျမေဒသ အသီးသီးမွာ ဖမ္းဆီးခံေနရတယ္လို႔ AAC အလုပ္သမားကူညီေရးအဖဲြ႕ က ေျပာေရးဆုိခြင့္ရွိသူ ကုိရဲမင္းက အခုလိုေျပာျပပါတယ္။

“က်ေနာ္တို႔ အလုပ္အကိုင္ေတြရွားပါးတယ္ စား၀တ္ေနေရးေတြခက္ခဲတယ္ တခ်ိဳ႕ စားစရာေတြမရွိၾကေတာ့ အနီးစပ္ဆံုး ထိုင္းႏိုင္ငံထဲကုိ လြယ္တဲ့လမ္းေၾကာင္းထဲကို ခိုး၀င္ၾကတာ အဲဒီကေန ဖမ္းဆီးခံထိတာ ဒီေန႔ ဖမ္းဆီးခံထိတာက ၃၅ဦး ျဖစ္ပါတယ္။ က်ား၂၄ဦး၊ မ ၁၁ဦးပါ ဦးေဆာင္ေခၚလာတဲ့သူ ၅ဦးလို႔ သိရတယ္ ။ မေန႔ကဆုိလည္း ကမ္ခ်နဘူရီဘက္မွာ ဖမ္းဆီးခံထိသူ ၁၅ဦး ပကၽြတ္ခရိုင္ထဲမွာ ဖမ္းဆီးခံထိတာ ၁၆ဦး ဆာမြတ္ဆာခြန္း ထဲကို အလုပ္သြားလုပ္မယ့္သူေတြမဟာခ်ိဳင္ကို တက္ျပီး အလုပ္လုပ္မယ့္သူေတြ နယ္စပ္က တက္လာသူေတြ မေန႔ကလည္းအဖမ္းခံထိတယ္။ ဒီေန႔ လည္းအဖမ္းခံထိတယ္ အရင္ရက္ပုိင္းကလည္းဖမ္းခံထိတယ္ ဆက္တိုက္ဖမ္းခံထိတဲ့သေဘာပါ။

ကုိဗစ္ကပ္ေဘးကာလမွာနယ္စပ္တံတားေတြပိတ္ထားတႏွစ္ေက်ာ္ျပီျဖစ္တာေႀကာင့္ အလုပ္အကုိင္ရွာေဖြလိုသူေတြဟာ ထိုင္းဘက္ျခမ္းမွာ အဖမ္းအဆီးေတြ ဆက္တိုက္လုပ္ေနတဲ့ ၾကားကပဲ ေန႔စဥ္ ေတာလမ္းေတြကေန လာႀကသလို ေသာင္ရင္းျမစ္ကုိျဖတ္ၿပီး လာေနႀကတာလို႔ ဆုိပါတယ္။

“က်ေနာ္တို႔ ႏိုင္ငံထဲမွာက တုိင္းျပည္က ပ်က္ဆီးေနၿပီး စားစရာကမရွိ အေၾကြးေတြ၀ုိင္း ဒုကၡေတြေရာက္ဆိုေတာ့ ထုိင္းမွာအလုပ္လုပ္ခဲ့ဘူးတဲ့သူေတြက ထိုုင္းကုိႀကိဳးစားျပီး ျပန္တက္ေနႀကတာအဲဒီမွာတင္ အခုလိုမ်ိဳးျပႆနာေတြ ေန႔စဥ္ျဖစ္ေနတာပါ။”

ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးမတည္ျငိမ္မႈ စီးပြားေရးအခက္အခဲေတြနဲ႔ စစ္အုပ္ခ်ဳပ္ေရးေကာင္စီက အဖမ္းအဆီးေတြေႀကာင့္ အိမ္နီးခ်င္း ထိုင္းႏိုင္ငံတြင္းကို ဒီလပုိင္းေတြ အတြင္း ေနစဥ္ရက္ဆက္ ခိုး၀င္လာေနမူေတြျဖစ္လာၿပီး အခုဆိုရင္ လူဦးေရ ၄၀၀၀ ထက္မနည္းဟာ ထုိင္းအာဏာပိုင္ေတြရဲ႕ ဖမ္းဆီးမူကို ခံထားရပါတယ္။

ခိုးဝင္ျမန္မာေတြကို ထိုင္းဘက္က ဖမ္းဆီး
please wait

No media source currently available

0:00 0:01:02 0:00
တိုက္႐ိုက္ လင့္ခ္


........

ခိုးဝင်မြန်မာတွေကို ထိုင်းဘက်က ဖမ်းဆီး

(Unicode)

မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခက်အခဲတွေ စားဝတ်နေရေး အကြပ်အတည်းတွေ နိုင်ငံရေးမတည်ငြိမ်မူတွေကြောင့် ထိုင်းမြန်မာနယ်စပ်တွေမှာ နေ့စဉ်မြန်မာအလုပ်သမား ရာဂဏန်း လောက် ခိုးဝင်နေကြပြီး ဖမ်းဆီးမူတွေဆက်တိုက်ဖြစ်နေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက ပြောပြပေးမှာပါ။

ထိုင်းမြန်မာနယ်စပ်၊ တာ့ခ်ပြည်နယ် မဲဆောက်မြို့ ထဆိုင်လုဝပ်နယ် မြေဝမ်သခီရမ်ဆိုတဲ့ ကျေးရွာအနီးမှာ ဇွန်လ ၁၇ ရက်နေ့ က မြန်မာနိုင်ငံဘက်က ခိုးဝင်လာသူ ၃၅ ဦး ဖမ်းမိခဲ့ပါတယ်။ ထိုင်း- မြန်မာနယ်စပ်တလျောက်တွေမှာ နေ့စဉ် ခိုးဝင်လာသူတွေထဲ က ရာဂဏန်းလောက်ဟာ နယ်မြေဒေသ အသီးသီးမှာ ဖမ်းဆီးခံနေရတယ်လို့ AAC အလုပ်သမားကူညီရေးအဖွဲ့ က ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက အခုလိုပြောပြပါတယ်။

“ကျနော်တို့ အလုပ်အကိုင်တွေရှားပါးတယ် စားဝတ်နေရေးတွေခက်ခဲတယ် တချို့ စားစရာတွေမရှိကြတော့ အနီးစပ်ဆုံး ထိုင်းနိုင်ငံထဲကို လွယ်တဲ့လမ်းကြောင်းထဲကို ခိုးဝင်ကြတာ အဲဒီကနေ ဖမ်းဆီးခံထိတာ ဒီနေ့ ဖမ်းဆီးခံထိတာက ၃၅ဦး ဖြစ်ပါတယ်။ ကျား၂၄ဦး၊ မ ၁၁ဦးပါ ဦးဆောင်ခေါ်လာတဲ့သူ ၅ဦးလို့ သိရတယ် ။ မနေ့ကဆိုလည်း ကမ်ချနဘူရီဘက်မှာ ဖမ်းဆီးခံထိသူ ၁၅ဦး ပကျွတ်ခရိုင်ထဲမှာ ဖမ်းဆီးခံထိတာ ၁၆ဦး ဆာမွတ်ဆာခွန်း ထဲကို အလုပ်သွားလုပ်မယ့်သူတွေမဟာချိုင်ကို တက်ပြီး အလုပ်လုပ်မယ့်သူတွေ နယ်စပ်က တက်လာသူတွေ မနေ့ကလည်းအဖမ်းခံထိတယ်။ ဒီနေ့ လည်းအဖမ်းခံထိတယ် အရင်ရက်ပိုင်းကလည်းဖမ်းခံထိတယ် ဆက်တိုက်ဖမ်းခံထိတဲ့သဘောပါ။

ကိုဗစ်ကပ်ဘေးကာလမှာနယ်စပ်တံတားတွေပိတ်ထားတနှစ်ကျော်ပြီဖြစ်တာကြောင့် အလုပ်အကိုင်ရှာဖွေလိုသူတွေဟာ ထိုင်းဘက်ခြမ်းမှာ အဖမ်းအဆီးတွေ ဆက်တိုက်လုပ်နေတဲ့ ကြားကပဲ နေ့စဉ် တောလမ်းတွေကနေ လာကြသလို သောင်ရင်းမြစ်ကိုဖြတ်ပြီး လာနေကြတာလို့ ဆိုပါတယ်။

“ကျနော်တို့ နိုင်ငံထဲမှာက တိုင်းပြည်က ပျက်ဆီးနေပြီး စားစရာကမရှိ အကြွေးတွေဝိုင်း ဒုက္ခတွေရောက်ဆိုတော့ ထိုင်းမှာအလုပ်လုပ်ခဲ့ဘူးတဲ့သူတွေက ထိုင်းကိုကြိုးစားပြီး ပြန်တက်နေကြတာအဲဒီမှာတင် အခုလိုမျိုးပြဿနာတွေ နေ့စဉ်ဖြစ်နေတာပါ။”

မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှု စီးပွားရေးအခက်အခဲတွေနဲ့ စစ်အုပ်ချုပ်ရေးကောင်စီက အဖမ်းအဆီးတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံတွင်းကို ဒီလပိုင်းတွေ အတွင်း နေစဉ်ရက်ဆက် ခိုးဝင်လာနေမူတွေဖြစ်လာပြီး အခုဆိုရင် လူဦးရေ ၄၀၀၀ ထက်မနည်းဟာ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးမူကို ခံထားရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG