သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘန္ေကာက္အနီးေဆာက္လုပ္ေရးလုပ္ငန္းခြင္ ၆၀၀ နီးပါး ကန္႔သတ္ပိတ္ဆို႔ထား


ဘန္ေကာက္ Laksi ခရိုင္ထဲက ေဆာက္လုပ္ေရးလုပ္သားေတြကို Camps ထဲသို ့ျပန္လည္ပို ့ေဆာင္စဥ္ (ဓာတ္ပုံ - Bangkok Post)

(Zawgyi/Unicode)

ထိုင္းႏို္္င္ငံမွာ ကိုဗစ္တတိယလွိဳင္းကူးစက္မူမွာ ေရြေျပာင္းအလုပ္သမားေတြ အမ်ားအျပားကူးစက္ေနတာေႀကာင့္ ဘန္ေကာက္နဲ့အနီးတ၀ိုက္က ေဆာက္လုပ္ေရးဆိုဒ္ ၆၀၀ ေလာက္ကို ဇြန္လ ၂၈ ရက္ကစျပီး တလႀကာ ကန့္သတ္ပိတ္ဆုိ့မူ လုပ္ထားပါတယ္။ ဒီလိုလုပ္ထားခ်ိန္မွာပဲ ျမန္မာအပါအ၀င္ ေရြ႕ေျပာင္းလုပ္သားတခ်ိဳ့ဟာ ကန့္သတ္ပိတ္ဆိုထားတဲ့ေနရာကေန ထြက္ေျပးတာေတြ ျဖစ္ေပၚေနပါတယ္။ ဒီအေၾကာင္း ဗြီိအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ထားပါတယ္။

ထိုင္းႏိုင္ငံအတြင္း ကိုဗစ္တတိယလွိုင္းကူးစက္ ျပန္႔ႏွံ႔မူေတြ ျဖစ္ေနတာမွာ ေရာဂါပုိးကူးစက္သူ ေန႔စဥ္ ေထာင္ခ်ိီတိုးေနတာေႀကာင့္ ေဆာက္လုပ္ေရးလုပ္သားအမ်ားအျပား ကူးစက္မူေတြျဖစ္တယ္ဆိုျပီး ထုိင္းအစုိးရက ဘန္ေကာက္နဲ့အနီးတ၀ိုက္က ေဆာက္လုပ္ေရးဆိုဒ္ ၆၀၀ ေလာက္ကို Lock down လုပ္ျပီး လံုျခံဳေရးေတြ ေစာင့္ႀကပ္ထားပါတယ္။ ဒီလိုပိတ္ဆို့ထားခ်ိန္မွာ ျမန္မာေရြေျပာင္းအလုပ္သမားတခ်ိဳ့ဟာ စုိးရိမ္မူေတြျဖစ္ျပီး ပိတ္ဆုိထားတဲ့ေနရာကေန ထြက္ေျပးတာေတြရိွေနတယ္လို့ ပညာေရးနဲ့ဖြံျဖိဳးေရးေဖာင္ေဒးရွင္းက အလုပ္သမားေရးရာတာ၀န္ခံ ဦးမင္းဦးက အခုလိုေျပာျပပါတယ္။

"တခ်ိဳေတြထြက္ေျပးလို့ဖမ္းတယ္ေလ။ သူတို႔က တလလံုးအပိတ္ခံထားမယ္ဆုိေတာ့ တခ်ိဳ့က စိုးရိမ္တာေပါ့။ အထဲမွာေနရင္လည္းေရာဂါေတြဘာေတြျဖစ္လို့ ကူးစက္တာဆိုရင္လည္ းကုသေပးဖို့ကလည္း အစီစဥ္ကသိပ္မရွိဘူးေလ။ ထုိင္းအစုိးရက သူတို့မွာလည္း မႏိုင္မနင္းျဖစ္ေနတာဆိုေတာ့။ အထဲမွာျဖစ္တယ္ဆိုရင္ ကုသလလို့မရမွာစုိးတာ၊ အႀကာႀကီးပိတ္မွာကိုစုိးတာ။ အဲဒီေတာ့ လူေတြက တခ်ိဳ ့ကထြက္ေျပးဖို့ ႀကိဳးစားႀကတာေပါ့။ တရားမ၀င္အလုပ္သမားေတြလည္း ရွိႏိုင္တယ္။ တျခားေနရာက လာလုပ္တာလည္း ရွိႏိုင္တယ္။ အဲဒီလူေတြကို အလုပ္သမားဌာနကေတြ႔ရင္ေတာ့ အေရး ယူခံရႏိုင္တယ္။ အဲဒါကိုလည္းေႀကာက္တာေပါ့။ အဲဒါေႀကာင့္ထြက္ေျပးတာလည္း ပါမယ္။ ေရြေျပာင္းအလုပ္သမားေတြအတြက္က တခ်ိဳကလည္း ဖမ္းမိတယ္ ဖမ္းမိျပီးေတာ့ အဲဒီ camp ထဲကိုျပန္ထားတာေပါ့။"

ထိုင္းအစိုးရက ဘန္ေကာက္က ေဆာက္လုပ္ေရးဆိုဒ္ ၆၀၀ ေလာက္က အလုပ္သမား ၇ေသာင္းကေန ၈ေသာင္း၀န္းက်င္ကို ကိုဗစ္ကူးစက္မူေတြ မ်ားတာေႀကာင့္ဆုိျပီး ကန့္သတ္ပိတ္ဆို့ထားပါ။ တလတာပိတ္ဆို့ကန္သတ္ထားခ်ိန္မွာ အလုပ္သမားေတြရဲ ့အက်ိဳးခံစားခြင့္နဲ့ပတ္သက္လုိ့လည္း ဦးမင္းဦးကေျပာျပပါတယ္။

"သူတို႔ ေၾကျငာထားတာက အစိုးရအေနနဲ႔က လစာရဲ့ ၅၀ရာခိုင္ႏႈန္း ေပးမယ္။ သူတို့နဲ့ဆိုင္တဲ့ကုမၸဏီကေတာ့ က်န္တဲ့ ၅၀ရာခိုင္ႏွံုးေပးရမယ္လို႔ ေႀကျငာထားတယ္။ အဲ့ဒါကေတာ့ လူမူ့ဖူလံုေရး၀င္ထားတဲ့သူေတြ ကုမၸဏီႀကီးႀကိီးေတြနဲ့ လုပ္တဲ့သူေတြကေတာ့ ရႏိုင္တယ္။ က်န္တဲ့ကုမၸဏီေသးေသးေတြ Sub ကန္ထရိုက္ေတြ လုပ္တဲ့သူေတြက်ေတာ့ မေသခ်ာဘူး၊ မရႏုိ္င္ပါဘူး။"

ထိုင္းအစိုးရ က ျပီးခဲ့တဲ့ႏွစ္ ကုိဗစ္ဒုတိယလိွုင္းျဖစ္တဲ့အခ်ိန္ ဆာမြတ္ဆာခြန္းျပည္နယ္ ပင္လယ္စာလုပ္ငန္းမွာ အလုပ္လုပ္ေနတဲ့ ေရြ႕ေျပာင္းအလုပ္သမားေတြကေန စတင္ကူးစက္တယ္ဆုိျပီး ျမန္မာအပါအ၀င္ ေရႊေျပာင္းအလုပ္သမားေတြရဲ့ ခရီးသြားလာခြင့္ေတြ၊ တနယ္နဲ့တနယ္ျဖတ္သန္းသြားလာခြင့္ေတြကုိ မျပဳေတာ့ပဲ သက္တမ္းတိုးျပီး ကန့္သတ္ထားတာ အခု တတိယလွိုင္း ျဖစ္တဲ့အခ်ိန္ထိပါ။

အခုဆိုရင္ ႏြံထဘူရီျပည္နယ္အတြင္းက စက္ရံုေတြမွာလည္း ေရြေျပာင္းအလုပ္သမားေတြ ကိုဗစ္ကူးစက္မူေတြရွိေနသလို ဆုန္ခလာျပည္နယ္နဲ့ တာခ့္ျပည္နယ္ထဲမွာလည္း ေရြေျပာင္းအလုပ္သမားေတြ ရာနဲ့ခ်ီျပီး ကူးစက္မူေတြ ျဖစ္ေနပါတယ္။ ေန့စဥ္လည္း ကူးစက္မူေတြတုိးေနပါတယ္။ ကူးစက္မူေတြထဲမွာ အမ်ားစုကေတာ့ ျမန္မာႏိုင္ငံသားေတြ ျဖစ္ေနပါတယ္။

ထိုင္းတႏို္င္ငံလံုးမွာကုိဗစ္အတည္ျပဳလူနာ ၂သိန္း ၅ေသာင္း၉ ေထာင္ေက်ာ္ရိွေနျပီး ဇြန္လ ၃၀ရက္ေန့မွာေတာ့ လူနာအသစ္ ၄၈၀၀ နီးပါးတိုးလာပါတယ္။ ေသဆံုးသူကေတာ့ ၂၀၂၃ဦး ရွိသြားျပီျဖစ္ေႀကာင္း ထိုင္းက်န္းမာေရးဌာနက တရား၀င္သတင္း ထုတ္ျပန္ထားပါတယ္ရွင္။

.......................................................................................

တိုက္႐ိုက္ လင့္ခ္


ဘန်ကောက်အနီးဆောက်လုပ်ရေးလုပ်ငန်းခွင် ၆၀၀ နီးပါး ကန့်သတ်ပိတ်ဆို့ထား

(Unicode)

ထိုင်းနို်င်ငံမှာ ကိုဗစ်တတိယလှိုင်းကူးစက်မူမှာ ရွေပြောင်းအလုပ်သမားတွေ အများအပြားကူးစက်နေတာကြောင့် ဘန်ကောက်နဲ့အနီးတဝိုက်က ဆောက်လုပ်ရေးဆိုဒ် ၆၀၀ လောက်ကို ဇွန်လ ၂၈ ရက်ကစပြီး တလကြာ ကန့်သတ်ပိတ်ဆို့မူ လုပ်ထားပါတယ်။ ဒီလိုလုပ်ထားချိန်မှာပဲ မြန်မာအပါအဝင် ရွေ့ပြောင်းလုပ်သားတချို့ဟာ ကန့်သတ်ပိတ်ဆိုထားတဲ့နေရာကနေ ထွက်ပြေးတာတွေ ဖြစ်ပေါ်နေပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံအတွင်း ကိုဗစ်တတိယလှိုင်းကူးစက် ပြန့်နှံ့မူတွေ ဖြစ်နေတာမှာ ရောဂါပိုးကူးစက်သူ နေ့စဉ် ထောင်ချီတိုးနေတာကြောင့် ဆောက်လုပ်ရေးလုပ်သားအများအပြား ကူးစက်မူတွေဖြစ်တယ်ဆိုပြီး ထိုင်းအစိုးရက ဘန်ကောက်နဲ့အနီးတဝိုက်က ဆောက်လုပ်ရေးဆိုဒ် ၆၀၀ လောက်ကို Lock down လုပ်ပြီး လုံခြုံရေးတွေ စောင့်ကြပ်ထားပါတယ်။ ဒီလိုပိတ်ဆို့ထားချိန်မှာ မြန်မာရွေပြောင်းအလုပ်သမားတချို့ဟာ စိုးရိမ်မူတွေဖြစ်ပြီး ပိတ်ဆိုထားတဲ့နေရာကနေ ထွက်ပြေးတာတွေရှိနေတယ်လို့ ပညာရေးနဲ့ဖွံဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက အခုလိုပြောပြပါတယ်။

"တချိုတွေထွက်ပြေးလို့ဖမ်းတယ်လေ။ သူတို့က တလလုံးအပိတ်ခံထားမယ်ဆိုတော့ တချို့က စိုးရိမ်တာပေါ့။ အထဲမှာနေရင်လည်းရောဂါတွေဘာတွေဖြစ်လို့ ကူးစက်တာဆိုရင်လည် းကုသပေးဖို့ကလည်း အစီစဉ်ကသိပ်မရှိဘူးလေ။ ထိုင်းအစိုးရက သူတို့မှာလည်း မနိုင်မနင်းဖြစ်နေတာဆိုတော့။ အထဲမှာဖြစ်တယ်ဆိုရင် ကုသလလို့မရမှာစိုးတာ၊ အကြာကြီးပိတ်မှာကိုစိုးတာ။ အဲဒီတော့ လူတွေက တချို့ကထွက်ပြေးဖို့ ကြိုးစားကြတာပေါ့။ တရားမဝင်အလုပ်သမားတွေလည်း ရှိနိုင်တယ်။ တခြားနေရာက လာလုပ်တာလည်း ရှိနိုင်တယ်။ အဲဒီလူတွေကို အလုပ်သမားဌာနကတွေ့ရင်တော့ အရေး ယူခံရနိုင်တယ်။ အဲဒါကိုလည်းကြောက်တာပေါ့။ အဲဒါကြောင့်ထွက်ပြေးတာလည်း ပါမယ်။ ရွေပြောင်းအလုပ်သမားတွေအတွက်က တချိုကလည်း ဖမ်းမိတယ် ဖမ်းမိပြီးတော့ အဲဒီ camp ထဲကိုပြန်ထားတာပေါ့။"

ထိုင်းအစိုးရက ဘန်ကောက်က ဆောက်လုပ်ရေးဆိုဒ် ၆၀၀ လောက်က အလုပ်သမား ၇သောင်းကနေ ၈သောင်းဝန်းကျင်ကို ကိုဗစ်ကူးစက်မူတွေ များတာကြောင့်ဆိုပြီး ကန့်သတ်ပိတ်ဆို့ထားပါ။ တလတာပိတ်ဆို့ကန်သတ်ထားချိန်မှာ အလုပ်သမားတွေရဲ့အကျိုးခံစားခွင့်နဲ့ပတ်သက်လို့လည်း ဦးမင်းဦးကပြောပြပါတယ်။

"သူတို့ ကြေငြာထားတာက အစိုးရအနေနဲ့က လစာရဲ့ ၅၀ရာခိုင်နှုန်း ပေးမယ်။ သူတို့နဲ့ဆိုင်တဲ့ကုမ္ပဏီကတော့ ကျန်တဲ့ ၅၀ရာခိုင်နှုံးပေးရမယ်လို့ ကြေငြာထားတယ်။ အဲ့ဒါကတော့ လူမူ့ဖူလုံရေးဝင်ထားတဲ့သူတွေ ကုမ္ပဏီကြီးကြီးတွေနဲ့ လုပ်တဲ့သူတွေကတော့ ရနိုင်တယ်။ ကျန်တဲ့ကုမ္ပဏီသေးသေးတွေ Sub ကန်ထရိုက်တွေ လုပ်တဲ့သူတွေကျတော့ မသေချာဘူး၊ မရနိုင်ပါဘူး။"

ထိုင်းအစိုးရ က ပြီးခဲ့တဲ့နှစ် ကိုဗစ်ဒုတိယလှိုင်းဖြစ်တဲ့အချိန် ဆာမွတ်ဆာခွန်းပြည်နယ် ပင်လယ်စာလုပ်ငန်းမှာ အလုပ်လုပ်နေတဲ့ ရွေ့ပြောင်းအလုပ်သမားတွေကနေ စတင်ကူးစက်တယ်ဆိုပြီး မြန်မာအပါအဝင် ရွှေပြောင်းအလုပ်သမားတွေရဲ့ ခရီးသွားလာခွင့်တွေ၊ တနယ်နဲ့တနယ်ဖြတ်သန်းသွားလာခွင့်တွေကို မပြုတော့ပဲ သက်တမ်းတိုးပြီး ကန့်သတ်ထားတာ အခု တတိယလှိုင်း ဖြစ်တဲ့အချိန်ထိပါ။

အခုဆိုရင် နွံထဘူရီပြည်နယ်အတွင်းက စက်ရုံတွေမှာလည်း ရွေပြောင်းအလုပ်သမားတွေ ကိုဗစ်ကူးစက်မူတွေရှိနေသလို ဆုန်ခလာပြည်နယ်နဲ့ တာခ့်ပြည်နယ်ထဲမှာလည်း ရွေပြောင်းအလုပ်သမားတွေ ရာနဲ့ချီပြီး ကူးစက်မူတွေ ဖြစ်နေပါတယ်။ နေ့စဉ်လည်း ကူးစက်မူတွေတိုးနေပါတယ်။ ကူးစက်မူတွေထဲမှာ အများစုကတော့ မြန်မာနိုင်ငံသားတွေ ဖြစ်နေပါတယ်။

ထိုင်းတနိုင်ငံလုံးမှာကိုဗစ်အတည်ပြုလူနာ ၂သိန်း ၅သောင်း၉ ထောင်ကျော်ရှိနေပြီး ဇွန်လ ၃၀ရက်နေ့မှာတော့ လူနာအသစ် ၄၈၀၀ နီးပါးတိုးလာပါတယ်။ သေဆုံးသူကတော့ ၂၀၂၃ဦး ရှိသွားပြီဖြစ်ကြောင်း ထိုင်းကျန်းမာရေးဌာနက တရားဝင်သတင်း ထုတ်ပြန်ထားပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG