သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေလးရွားမွာ ကိုဗစ္ကန္႔သတ္ခ်က္ေတြ စၿပီးေျဖေလွ်ာ့


ကုိဗစ္ကန္႔သတ္ခ်က္ေတြ ေျဖေလွ်ာ့ေပးလိုက္တဲ့ မေလးရွားႏုိင္ငံက ျပည္တြင္း ခရီးသြားအခ်ဳိ႕။ (စက္တင္ဘာ ၁၆၊ ၂၀၂၁)

(Zawgyi / Unicode)

မေလးရွားႏုိင္ငံမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈႏႈန္း က်ဆင္းလာၿပီး ကာကြယ္ေဆးထိုးၿပီးသူ အေရအတြက္ ပိုမ်ားလာတာေၾကာင့္ ျပည္တြင္းနဲ႔ ႏုိင္ငံတကာ ခရီးသြားထိန္းခ်ဳပ္မႈ အကန္႔အသတ္ေတြကို ဒီကေန႔ တနဂၤေႏြေန႔မွာ စၿပီး ေျဖေလွ်ာ့ေပးလိုက္ပါတယ္။

ၿပီးခဲ့တဲ့လေတြ အတြင္းကေတာ့ ကိုဗစ္လႈိင္းျပင္းထန္ခဲ့လို႔ အာဏာပိုင္ေတြက တႏုိင္ငံလံုးမွာ အသြားအလာ ကန္႔သတ္ထားခဲ့တာပါ။

ဒါေပမယ့္လည္း ကာကြယ္ေဆးထိုးႏႈန္း အရွိန္ရလာၿပီး ကူးစက္မႈ က်ဆင္းလာတာနဲ႔အမွ် ကန္႔သတ္ခ်က္ေတြကိုလည္း ေလွ်ာ့ခ်၊ စီးပြားေရး လုပ္ငန္းေတြကိုလည္း ျပန္လည္ဖြင့္လွစ္ၿပီး အလုပ္သမားေတြလည္း လုပ္ငန္းခြင္ေတြဆီ တျဖည္းျဖည္း ျပန္လည္ဝင္ေရာက္ေနတာပါ။

မေလးရွားဝန္ႀကီးခ်ဳပ္ Sabri Yaakob က ကာကြယ္ေဆးအျပည့္ ထိုးထားၿပီးသူေတြ အေနနဲ႔ လြတ္လြတ္လပ္လပ္ သြားလာခြင့္ရွိၿပီး အထူးတလည္ ခြင့္ျပဳခ်က္ေတြမလိုဘဲ ႏုိင္ငံျခားထြက္ခြာခြင့္ရွိတယ္လို႔ ႐ုပ္သံကေန ေၾကညာသြားပါတယ္။

ကပ္ေဘးေၾကာင့္ ဒီႏွစ္အေစာပိုင္းကတည္းကစလို႔ မေလးရွားႏုိင္ငံမွာ ျပည္နယ္ခ်င္း ကူးလူးဆက္ဆံတာကို ကန္႔သတ္ထားခဲ့တာပါ။

အခုအခါမွာေတာ့ မေလးရွား က်န္းမာေရးဌာနက ထုတ္ျပန္ခ်က္အရ ႏုိင္ငံလူဦးေရရဲ႕ ၉၀ ရာခုိင္ႏႈန္းကို ကာကြယ္ေဆးထိုးၿပီးေၾကာင္း ေဖာ္ျပထားပါတယ္။

လူဦးေရ ၃၂ သန္းရွိတဲ့ မေလးရွားႏုိင္ငံဟာ အေရွ ့ေတာင္အာရွမွာ လူထုကို အျမန္ဆံုး ကာကြယ္ေဆးထိုးေပးႏုိင္တဲ့ ႏုိင္ငံတခုျဖစ္ၿပီး မွတ္တမ္းမ်ားအရ လူ ၂.၃ သန္း ကိုဗစ္ကူးစက္ခဲ့တာမွာ လူေပါင္း ၂၇,၀၀၀ ေသဆံုးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

မလေးရှားမှာ ကိုဗစ်ကန့်သတ်ချက်တွေ စပြီးဖြေလျှော့

မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း ကျဆင်းလာပြီး ကာကွယ်ဆေးထိုးပြီးသူ အရေအတွက် ပိုများလာတာကြောင့် ပြည်တွင်းနဲ့ နိုင်ငံတကာ ခရီးသွားထိန်းချုပ်မှု အကန့်အသတ်တွေကို ဒီကနေ့ တနင်္ဂနွေနေ့မှာ စပြီး ဖြေလျှော့ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့လတွေ အတွင်းကတော့ ကိုဗစ်လှိုင်းပြင်းထန်ခဲ့လို့ အာဏာပိုင်တွေက တနိုင်ငံလုံးမှာ အသွားအလာ ကန့်သတ်ထားခဲ့တာပါ။

ဒါပေမယ့်လည်း ကာကွယ်ဆေးထိုးနှုန်း အရှိန်ရလာပြီး ကူးစက်မှု ကျဆင်းလာတာနဲ့အမျှ ကန့်သတ်ချက်တွေကိုလည်း လျှော့ချ၊ စီးပွားရေး လုပ်ငန်းတွေကိုလည်း ပြန်လည်ဖွင့်လှစ်ပြီး အလုပ်သမားတွေလည်း လုပ်ငန်းခွင်တွေဆီ တဖြည်းဖြည်း ပြန်လည်ဝင်ရောက်နေတာပါ။

မလေးရှားဝန်ကြီးချုပ် Sabri Yaakob က ကာကွယ်ဆေးအပြည့် ထိုးထားပြီးသူတွေ အနေနဲ့ လွတ်လွတ်လပ်လပ် သွားလာခွင့်ရှိပြီး အထူးတလည် ခွင့်ပြုချက်တွေမလိုဘဲ နိုင်ငံခြားထွက်ခွာခွင့်ရှိတယ်လို့ ရုပ်သံကနေ ကြေညာသွားပါတယ်။

ကပ်ဘေးကြောင့် ဒီနှစ်အစောပိုင်းကတည်းကစလို့ မလေးရှားနိုင်ငံမှာ ပြည်နယ်ချင်း ကူးလူးဆက်ဆံတာကို ကန့်သတ်ထားခဲ့တာပါ။

အခုအခါမှာတော့ မလေးရှား ကျန်းမာရေးဌာနက ထုတ်ပြန်ချက်အရ နိုင်ငံလူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပြီးကြောင်း ဖော်ပြထားပါတယ်။

လူဦးရေ ၃၂ သန်းရှိတဲ့ မလေးရှားနိုင်ငံဟာ အရှေ့တောင်အာရှမှာ လူထုကို အမြန်ဆုံး ကာကွယ်ဆေးထိုးပေးနိုင်တဲ့ နိုင်ငံတခုဖြစ်ပြီး မှတ်တမ်းများအရ လူ ၂.၃ သန်း ကိုဗစ်ကူးစက်ခဲ့တာမှာ လူပေါင်း ၂၇,၀၀၀ သေဆုံးခဲ့ပါတယ်။

XS
SM
MD
LG