အက်ဥ္းခ်ဳပ္
ေက်ာင္းေတြမွာ ဉာဏ္ရည္အရ ေ႐ြးခ်ယ္ျခင္းဟာလည္း ခြဲျခားဆက္ဆံျခင္း ျဖစ္တယ္လို႔ ေဒါက္တာ သိန္းလြင္က ျမင္ပါတယ္။
အမ်ားျပည္သူ အခြန္နဲ႔ ေဆာင္႐ြက္ေနတဲ့ အစိုးရေက်ာင္းေတြဟာ ဘယ္လို အေၾကာင္းနဲ႔မွ ခြဲျခားဆက္ဆံျခင္း မျပဳသင့္ပါ။ တန္းတူညီမွ်ေရးဟာ အေရးႀကီးပါတယ္။ အစိုးရ ျဖစ္ခ်င္တာကို ေက်ာင္းသားက ျဖည့္ရမွာ မဟုတ္ပါ။ ေက်ာင္းသားျဖစ္ခ်င္တာကို အစိုးရက ေဆာင္႐ြက္ေပးရမွာပါ။
ဘာသာရပ္ တစ္ခု အထူးျပဳေက်ာင္းေတြကို ပုဂၢလိက ေက်ာင္းေတြက လုပ္ႏိုင္ပါတယ္။ ဥပမာ သိပၸံ ဘာသာရပ္၊ အားကစား စသည္... ထူးခြၽန္ေက်ာင္းသားေတြ ဉာဏ္ရည္ ေကာင္းလို႔ အဲဒီလို ဉာဏ္ရည္ ေကာင္းသူခ်ည္း ျဖစ္တဲ့ အတန္းမ်ိဳး၊ ေက်ာင္းမ်ိဳး အစိုးရ ေက်ာင္းေတြ မွာ မဖြဲ႕စည္းသင့္ပါ။ ဒါေပမဲ့ တစ္ဘက္မွာလည္း ေက်ာင္းသား တစ္ေယာက္ ေတာ္လွ်င္ ေတာ္သလို သူ ေလ့လာသြားႏိုင္ေအာင္ စီစဥ္ ေပးသင့္ပါတယ္။ ဒါက ေက်ာင္းသား လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးတာမ်ိဳး ျဖစ္ရပါမယ္။ ဉာဏ္ရည္ ေကာင္းသူမို႔ ခြဲျခား ဆက္ဆံတာမ်ိဳး မျဖစ္သင့္ပါ။
လူတိုင္းဟာ ကမာၻ႔ႏိုင္ငံသားျဖစ္တယ္ဆိုတဲ့ အယူအဆနဲ႔ ပညာသင္ၾကားခြင့္ ရွိသင့္ပါတယ္။
[UNICODE]
လူမျိုးရေးခွဲခြားမှု၊ လူနည်းစု အခွင့်အရေးနဲ့ တန်းတူ ညီမျှမှု
ကျောင်းတွေမှာ ဉာဏ်ရည်အရ ရွေးချယ်ခြင်းဟာလည်း ခွဲခြားဆက်ဆံခြင်း ဖြစ်တယ်လို့ ဒေါက်တာ သိန်းလွင်က မြင်ပါတယ်။
အများပြည်သူ အခွန်နဲ့ ဆောင်ရွက်နေတဲ့ အစိုးရကျောင်းတွေဟာ ဘယ်လို အကြောင်းနဲ့မှ ခွဲခြားဆက်ဆံခြင်း မပြုသင့်ပါ။ တန်းတူညီမျှရေးဟာ အရေးကြီးပါတယ်။ အစိုးရ ဖြစ်ချင်တာကို ကျောင်းသားက ဖြည့်ရမှာ မဟုတ်ပါ။ ကျောင်းသားဖြစ်ချင်တာကို အစိုးရက ဆောင်ရွက်ပေးရမှာပါ။
ဘာသာရပ် တစ်ခု အထူးပြုကျောင်းတွေကို ပုဂ္ဂလိက ကျောင်းတွေက လုပ်နိုင်ပါတယ်။ ဥပမာ သိပ္ပံ ဘာသာရပ်၊ အားကစား စသည်... ထူးချွန်ကျောင်းသားတွေ ဉာဏ်ရည် ကောင်းလို့ အဲဒီလို ဉာဏ်ရည် ကောင်းသူချည်း ဖြစ်တဲ့ အတန်းမျိုး၊ ကျောင်းမျိုး အစိုးရ ကျောင်းတွေ မှာ မဖွဲ့စည်းသင့်ပါ။ ဒါပေမဲ့ တစ်ဘက်မှာလည်း ကျောင်းသား တစ်ယောက် တော်လျှင် တော်သလို သူ လေ့လာသွားနိုင်အောင် စီစဉ် ပေးသင့်ပါတယ်။ ဒါက ကျောင်းသား လိုအပ်ချက်ကို ဖြည့်ဆည်းပေးတာမျိုး ဖြစ်ရပါမယ်။ ဉာဏ်ရည် ကောင်းသူမို့ ခွဲခြား ဆက်ဆံတာမျိုး မဖြစ်သင့်ပါ။
လူတိုင်းဟာ ကမ္ဘာ့နိုင်ငံသားဖြစ်တယ်ဆိုတဲ့ အယူအဆနဲ့ ပညာသင်ကြားခွင့် ရှိသင့်ပါတယ်။