သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

လိင္အၾကမ္းဖက္မႈ ဥပေဒၾကမ္း အင္ဒိုနီးရွားလႊတ္ေတာ္ အတည္ျပဳ


အင္ဒိုနီးရွား လႊတ္ေတာ္

[[ ZAWGYI / UNICODE ]]

လိင္အၾကမ္းဖက္မႈ ဥပေဒၾကမ္း အင္ဒိုနီးရွားလႊတ္ေတာ္ အတည္ျပဳ

အင္ဒိုနီးရွားႏုိင္ငံမွာ ႏွစ္ေပါင္းအေတာ္ၾကာ ၾကဳိးပမ္းခဲ့ၿပီးေနာက္ လိင္မႈဆုိင္ရာ အၾကမ္းဖက္မႈေတြကုိ အေရးယူႏုိင္မယ့္ ဥပေဒမူၾကမ္း တရပ္ကုိ အဂၤါေန့တုန္းက လႊတ္ေတာ္မွာ အတည္ျပဳ ႏုိင္ခဲ့ပါတယ္။

အင္ဒုိနီးရွားမွာ လိင္အေပၚအေျခခံတဲ့ အၾကမ္းဖက္မႈနဲ႔ လိင္ပုိင္းဆုိင္ရာ အၾကမ္းဖက္မႈေတြအတြက္ တရားဥပေဒအရ အေရးယူႏုိင္မယ့္ နည္းလမ္းေတြ နည္းပါးေနတာေၾကာင့္ အမ်ိဳးသမီးအခြင့္အေရး လႈပ္ရွားသူေတြက ႏွစ္အေတာ္ၾကာ ေ၀ဖန္ေျပာဆုိခဲ့ၾကပါတယ္။ အင္ဒိုနီးရွားမွာ လိင္မႈဆုိင္ရာ မေတာ္မတရားျပုမွုကုိ ပုဂၢိဳလ္ေရးကိစၥလို႔ ျမင္ၾကၿပီး၊ အေရးယူဖုိ႔ တုိင္တန္းတာမ်ိဳးကုိ အားမေပးၾကပါဘူး၊

လိင္မႈဆုိင္ရာ အၾကမ္းဖက္မႈအားလုံးကုိ ကာကြယ္ဖုိ႔နဲ႔ လိင္မႈဆုိင္ရာ အၾကမ္းဖက္ခံရသူေတြကုိ ျပဳစုေစာင့္ေရွာက္ဖုိ႔၊ အကာကြယ္ေပးဖုိ႔နဲ႔ ျပန္လည္ ထူေထာင္ေပးဖုိ့အတြက္ ဒီဥပေဒကုိ ျပဌာန္းခဲ့တာျဖစ္တယ္လုိ႔ အမ်ိဳးသမီး စြမ္းအားျမင့္တင္ေရးနဲ႔ ကေလးသူငယ္ ေစာင့္ေရွာက္ေရး၀န္ႀကီး Bintagn Puspayoga ကေျပာဆုိခဲ့ပါတယ္။

ခုလို ျပဌာန္းလုိက္တဲ့ ဥပေဒအရ လက္ထပ္ထားသူ ႏွစ္ဦးအၾကားမွာျဖစ္ေစ၊ လက္မထပ္ထားသူ အၾကားမွာျဖစ္ေစ လိင္မႈဆုိင္ရာမေတာ္မတရားမႈ က်ဴးလြန္ပါက အျမင့္ဆုံးေထာင္ဒဏ္ ၁၂ ႏွစ္အထိ အျပစ္ေပးႏုိင္မွာျဖစ္ပါတယ္။ ကေလးငယ္ေတြ အပါအ၀င္ အတင္းအဓမၼ လက္ထပ္ထိမ္းျမားေစျခင္း စတဲ့ အမႈေတြကုိ က်ဳးလြန္ခဲ့ရင္လည္း အျမင့္ဆုံး ေထာင္ဒဏ္ ၉ ႏွစ္အထိ အျပစ္ေပးအေရးယူႏုိင္မွာျဖစ္ပါတယ္။

အစၥလမ္မစ္အုပ္စုေတြကေတာ့ ဒီဥပေဒဟာ အလြယ္တကူ လိင္ဆက္ဆံမႈကုိ အားေပးရာ က်တယ္လုိ႔ ေျပာဆုိၿပီး၊ ေရွးရုိးစဲြ၀ါဒရွိတဲ့လႊတ္ေတာ္အမတ္ေတြက လက္မထပ္ဘဲ လိင္ဆက္ဆံတာနဲ႔ ေယာက္်ားလ်ာ၊ မိန္းမလ်ာ၊ လိင္တူ၊ လိင္ေျပာင္းသူ စတဲ့ LGBT ျဖစ္သူေတြကုိ ရာဇ၀တ္မႈအျဖစ္ သတ္မွတ္ဖုိ႔ ေတာင္းဆုိၾကပါတယ္။

အင္ဒုိနီးရွားမွာ ကုိဗစ္ကာလ လိင္ပိုင္းဆုိင္ရာ အၾကမ္းဖက္မႈေတြ တုိးလာခဲ့သလုိ၊ ၿပီးခဲ့တဲ့ႏွစ္ထဲက အစၥလမ္မစ္ေက်ာင္းမွာ ဆရာက သူ႔ရဲ႕ ေက်ာင္းသား ၁၃ ေယာက္ကုိ အဓမၼျပဳက်င့္ခဲ့တဲ့ ကိစၥလုိ ထင္ရွားတဲ့ လိင္မႈဆုိင္ရာ မေတာ္မတရား ျပဳက်င့္မႈေတြျဖစ္ခဲ့ၿပီး ေနာက္ ဒီဥပေဒကုိ အျမန္ဆုံးျပဌာန္းႏုိင္ဖုိ႔ သမၼတ Joko Widodo က ဇႏၷ၀ါရီလထဲတုန္းက လႊတ္ေတာ္မွာ တုိက္တြန္းခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္အတြင္း အင္ဒုိနီးရွားမွာ လိင္မႈဆုိင္ရာ အၾကမ္းဖက္မႈေပါင္း (၃၃၈,၀၀၀) ေက်ာ္ တုိင္ၾကားခဲ့တယ္လုိ႔ အမ်ိဳးသမီးမ်ား အၾကမ္းဖက္မႈကာကြယ္ေရးဆုိင္ရာ ေကာ္မရွင္က ထုတ္ျပန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

= = = = = = = = = =

{{ UNICODE }}

လိင်အကြမ်းဖက်မှု ဥပဒေကြမ်း အင်ဒိုနီးရှားလွှတ်တော် အတည်ပြု

အင်ဒိုနီးရှားနိုင်ငံမှာ နှစ်ပေါင်းအတော်ကြာ ကြိုးပမ်းခဲ့ပြီးနောက် လိင်မှုဆိုင်ရာ အကြမ်းဖက်မှုတွေကို အရေးယူနိုင်မယ့် ဥပဒေမူကြမ်း တရပ်ကို အင်္ဂါနေ့တုန်းက လွှတ်တော်မှာ အတည်ပြု နိုင်ခဲ့ပါတယ်။

အင်ဒိုနီးရှားမှာ လိင်အပေါ်အခြေခံတဲ့ အကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအတွက် တရားဥပဒေအရ အရေးယူနိုင်မယ့် နည်းလမ်းတွေ နည်းပါးနေတာကြောင့် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက နှစ်အတော်ကြာ ဝေဖန်ပြောဆိုခဲ့ကြပါတယ်။ အင်ဒိုနီးရှားမှာ လိင်မှုဆိုင်ရာ မတော်မတရားပြုမှုကို ပုဂ္ဂိုလ်ရေးကိစ္စလို့ မြင်ကြပြီး၊ အရေးယူဖို့ တိုင်တန်းတာမျိုးကို အားမပေးကြပါဘူး၊

လိင်မှုဆိုင်ရာ အကြမ်းဖက်မှုအားလုံးကို ကာကွယ်ဖို့နဲ့ လိင်မှုဆိုင်ရာ အကြမ်းဖက်ခံရသူတွေကို ပြုစုစောင့်ရှောက်ဖို့၊ အကာကွယ်ပေးဖို့နဲ့ ပြန်လည် ထူထောင်ပေးဖို့အတွက် ဒီဥပဒေကို ပြဌာန်းခဲ့တာဖြစ်တယ်လို့ အမျိုးသမီး စွမ်းအားမြင့်တင်ရေးနဲ့ ကလေးသူငယ် စောင့်ရှောက်ရေးဝန်ကြီး Bintagn Puspayoga ကပြောဆိုခဲ့ပါတယ်။

ခုလို ပြဌာန်းလိုက်တဲ့ ဥပဒေအရ လက်ထပ်ထားသူ နှစ်ဦးအကြားမှာဖြစ်စေ၊ လက်မထပ်ထားသူ အကြားမှာဖြစ်စေ လိင်မှုဆိုင်ရာမတော်မတရားမှု ကျူးလွန်ပါက အမြင့်ဆုံးထောင်ဒဏ် ၁၂ နှစ်အထိ အပြစ်ပေးနိုင်မှာဖြစ်ပါတယ်။ ကလေးငယ်တွေ အပါအဝင် အတင်းအဓမ္မ လက်ထပ်ထိမ်းမြားစေခြင်း စတဲ့ အမှုတွေကို ကျုးလွန်ခဲ့ရင်လည်း အမြင့်ဆုံး ထောင်ဒဏ် ၉ နှစ်အထိ အပြစ်ပေးအရေးယူနိုင်မှာဖြစ်ပါတယ်။

အစ္စလမ်မစ်အုပ်စုတွေကတော့ ဒီဥပဒေဟာ အလွယ်တကူ လိင်ဆက်ဆံမှုကို အားပေးရာ ကျတယ်လို့ ပြောဆိုပြီး၊ ရှေးရိုးစွဲဝါဒရှိတဲ့လွှတ်တော်အမတ်တွေက လက်မထပ်ဘဲ လိင်ဆက်ဆံတာနဲ့ ယောက်ျားလျာ၊ မိန်းမလျာ၊ လိင်တူ၊ လိင်ပြောင်းသူ စတဲ့ LGBT ဖြစ်သူတွေကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ဖို့ တောင်းဆိုကြပါတယ်။

အင်ဒိုနီးရှားမှာ ကိုဗစ်ကာလ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ တိုးလာခဲ့သလို၊ ပြီးခဲ့တဲ့နှစ်ထဲက အစ္စလမ်မစ်ကျောင်းမှာ ဆရာက သူ့ရဲ့ ကျောင်းသား ၁၃ ယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့ ကိစ္စလို ထင်ရှားတဲ့ လိင်မှုဆိုင်ရာ မတော်မတရား ပြုကျင့်မှုတွေဖြစ်ခဲ့ပြီး နောက် ဒီဥပဒေကို အမြန်ဆုံးပြဌာန်းနိုင်ဖို့ သမ္မတ Joko Widodo က ဇန္နဝါရီလထဲတုန်းက လွှတ်တော်မှာ တိုက်တွန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း အင်ဒိုနီးရှားမှာ လိင်မှုဆိုင်ရာ အကြမ်းဖက်မှုပေါင်း (၃၃၈,၀၀၀) ကျော် တိုင်ကြားခဲ့တယ်လို့ အမျိုးသမီးများ အကြမ်းဖက်မှုကာကွယ်ရေးဆိုင်ရာ ကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG