သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပိုမိုႀကီးထြားလာေနတဲ့ တ႐ုတ္-အာဆီယံ ကုန္သြယ္ေရး


တ႐ုတ္ႏုိင္ငံ ဆိပ္ကမ္းတခုမွာ ေတြ႔ရတဲ့ ကုန္ေသတၱာမ်ား။

(Zawgyi / Unicode)

တ႐ုတ္ရဲ႕ အႀကီးဆံုးကုန္သြယ္ဘက္ ျဖစ္လာတဲ့ အဖြဲ႔ဝင္ ၁၀ ႏိုင္ငံပါ အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအသင္း (ASEAN) ဟာ ၂၀၂၀ ျပည့္ႏွစ္အတြင္း ဥေရာပသမဂၢကို ေက်ာ္လြန္ခဲ့တာပါ။ အာဆီယံနဲ႔ တ႐ုတ္ၾကား ကုန္သြယ္ေရး ပိုမ်ားလာဖို႔လည္း ရွိေနေၾကာင္း ဗြီိအိုေအသတင္းေထာက္ Ahadian Utama အင္ဒိုနီးရွားႏိုင္ငံ ဂ်ကာတာၿမိဳ႕ေတာ္ကေန သတင္းေပးပို႔ထားတာကို မသိဂႌထိုက္ တင္ျပေပးထားပါတယ္။

အင္ဒိုနီးရွားႏိုင္ငံ ဂ်ကာတာၿမိဳ႕ေတာ္က ႏိုင္ငံတကာ ျပပြဲခန္းမႀကီးမွာ China Homelife Indonesia ျပပြဲကို လူေပါင္းရာခ်ီ လာေရာက္ေလ့လာၾကပါတယ္။ မတ္လေႏွာင္းပိုင္းမွာ က်င္းပတဲ့ ဒီျပပြဲမွာေတာ့ တ႐ုတ္ကုမၸဏီ ၁၀၂ ခု ပါဝင္ျပသၿပီး က်န္းမာေရး အသံုးအေဆာင္ကေန လွ်ပ္စစ္ပစၥည္းေတြထိ ထုတ္ကုန္ရာခ်ီ ျပသထားပါတယ္။ Ezviz လုပ္ငန္းက Geroge Wu က အခုလို ေျပာပါတယ္။

“က်ေနာ္တို႔ထုတ္ကုန္ေတြကေတာ့ လံုၿခံဳေရး ကင္မရာေတြနဲ႔ အိမ္သံုးပစၥည္းေတြက အဓိကပါ။ အင္ဒိုနီးရွားေစ်းကြက္က ႀကီးပါတယ္။ က်ေနာ္တို႔ထုတ္ကုန္ေတြက အင္ဒိုနီးရွားေစ်းကြက္နဲ႔ ကိုက္ညီပါတယ္။”

တ႐ုတ္ထုတ္ပစၥည္းျဖစ္ၿပီး ၂၀၁၉ ခုႏွစ္ကတည္းက ေရာင္းခ်ေနတာပါလို႔ InstPower က Erwin Apriyansha က အင္ဒိုနီးရွား ဘာသာစကားနဲ႔ ေျပာျပခဲ့တာပါ။

အင္ဒိုနီးရွားမွာ အခု ၂၀၂၂ ခုႏွစ္အတြင္း ကုန္စည္ျပပြဲေတြ ဆက္တိုက္က်င္းပဖို႔ရွိတဲ့ အထဲက ျပပြဲတခုလည္း ျဖစ္ပါတယ္။ အေရွ႕ေတာင္အာရွမွာ လူဦးေရအမ်ားဆံုး အင္ဒိုနီးရွားဟာ တ႐ုတ္ထုတ္ကုန္ေတြအတြက္ အက်ိဳးရွိေစတဲ့ ေစ်းကြက္တခုလို႔လည္း ျပပြဲစီစဥ္သူေတြက ေျပာပါတယ္။ Ahdi Wismarsyah က ျပပြဲကို စီစဥ္ခဲ့သူတဦး ျဖစ္ပါတယ္။

“အင္ဒိုနီးရွားဟာ တ႐ုတ္ရဲ႕ အဓိက ေစ်းကြက္ေတြထဲက တခုျဖစ္ဖို႔ ရည္ရြယ္ထားပါတယ္။”

အာဆီယံနဲ႔ တ႐ုတ္ အပါအဝင္ အာဆီယံမဟုတ္တဲ့ ၅ ႏိုင္ငံ ပါဝင္တဲ့ ေဒသတြင္း အလံုးစံု စီးပြားေရးပူးေပါင္းေဆာင္ရြက္မႈ RCEP ကို အေကာင္အထည္ ေဖာ္ေနခ်ိန္မွာပဲ ကုန္သြယ္ေရးက ပိုၿပီးတိုးလာဖို႔ ခန္႔မွန္းထားပါတယ္။ သြင္းကုန္ခြန္ ေလွ်ာ့ခ်ၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ အတားအဆီးေတြ မရွိေစေရး ရည္ရြယ္တဲ့ ဒီ ကုန္သြယ္ေရး သေဘာတူညီခ်က္ကို လြန္ခဲ့တဲ့ ၂ ႏွစ္က လက္မွတ္ထိုးခဲ့ၾကၿပီး ဒီႏွစ္အေစာပိုင္းမွာ စတင္သက္ေရာက္ပါတယ္။

အေမရိကန္ ဦးေဆာင္ႀကိဳးပမ္းတဲ့ ေဒသတြင္း လြတ္လပ္စြာ ကုန္သြယ္မႈ အဆင္မေျပခဲ့ၿပီးေနာက္မွ အခုလို ျဖစ္လာတာပါ။ အထူးသျဖင့္ေတာ့ Donald Trump အစိုးရက ၂၀၁၇ ခုႏွစ္မွာ ပစိဖိတ္ တဖက္တခ်က္ႏိုင္ငံမ်ား လြတ္လပ္စြာ ကုန္သြယ္ေရး သေဘာတူညီခ်က္ TPP ကေန ႏုတ္ထြက္ခဲ့ၿပီးေနာက္မွာ ျဖစ္ပါတယ္။

အေမရိကန္နဲ႔ တ႐ုတ္ၾကား တင္းမာမႈျဖစ္တဲ့ အေျခအေနကို ေဒသတြင္းက အစိုးရေတြက သူတို႔စီးပြားေရး အက်ိဳးအတြက္ အသံုးခ်ခဲ့တယ္လို႔ သံုးသပ္သူ David Sumual က ေျပာပါတယ္။

“RCEP ကို အေကာင္အထည္ေဖာ္ဖို႔ တ႐ုတ္ဘက္က အျမန္ တြန္းအားေပးေနတာပါ။ တျခားႏိုင္ငံေတြကလည္း အတည္ျပဳေရး စၿပီး လုပ္ေနၾကပါၿပီ။ တ႐ုတ္နဲ႔ အေမရိကန္ၾကား မေျပမလည္ျဖစ္ေနတဲ့ အေျခအေနကို အခြင့္ေကာင္းယူၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ကုန္သြယ္ေရး၊ အထူးသျဖင့္ ပို႔ကုန္တိုးျမႇင့္ေရးအတြက္ အသံုးခ်ႏိုင္ပါတယ္။”

ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြ တိုးလာတာကေန အင္ဒိုနီးရွားႏိုင္ငံအတြက္ အက်ိဳးရွိေစပါတယ္။ David Sumual က အခုလို ဆက္ေျပာပါတယ္။

“ေနာက္လာမယ့္ ၁၀ ႏွစ္ ၁၅ ႏွစ္အတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈေတြ အမ်ားႀကီး လိုအပ္ပါတယ္။ က်ေနာ္တို႔ လူဦးေရက တိုးလာေနၿပီး သူတို႔အတြက္ အလုပ္ေတြ လိုလာမွာေၾကာင့္ ျဖစ္ပါတယ္။”

အင္ဒိုနီးရွားမွာ တ႐ုတ္ကုန္စည္ေတြ တင္သြင္းမႈ တိုးလာေနၿပီးသား အေျခအေနမွာ RCEP ကုန္သြယ္ေရး သေဘာတူညီခ်က္က စည္းမ်ဥ္းစည္းကမ္းေဘာင္ သတ္မွတ္တာသာ ျဖစ္တယ္လို႔ သံုးသပ္သူေတြက ယူဆပါတယ္။ ၿပီးခဲ့တဲ့ သံုးႏွစ္တာအတြင္း တ႐ုတ္ဟာ ေရနံနဲ႔ သဘာဝဓာတ္ေငြ႔ မဟုတ္တဲ့ သြင္းကုန္အမ်ားစု တင္သြင္းတဲ့ အရင္းအျမစ္ျဖစ္လာၿပီး ဒါဟာဆိုရင္ အင္ဒိုနီးရွားႏိုင္ငံရဲ႕ သြင္းကုန္အားလံုးရဲ႕ သံုးပံုတပံုေလာက္ရွိေၾကာင္း အစိုးရ စာရင္းဇယားေတြက ေဖာ္ျပပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ပိုမိုကြီးထွားလာနေတဲ့ တရုတ်-အာဆီယံ ကုန်သွယ်ရေး

တရုတ်ရဲ့ အကြီးဆုံးကုန်သွယ်ဘက် ဖြစ်လာတဲ့ အဖွဲ့ဝင် ၁၀ နိုင်ငံပါ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ဟာ ၂၀၂၀ ပြည့်နှစ်အတွင်း ဥရောပသမဂ္ဂကို ကျော်လွန်ခဲ့တာပါ။ အာဆီယံနဲ့ တရုတ်ကြား ကုန်သွယ်ရေး ပိုများလာဖို့လည်း ရှိနေကြောင်း ဗွီအိုအေသတင်းထောက် Ahadian Utama အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်ကနေ သတင်းပေးပို့ထားတာကို မသိင်္ဂီထိုက် တင်ပြပေးထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်က နိုင်ငံတကာ ပြပွဲခန်းမကြီးမှာ China Homelife Indonesia ပြပွဲကို လူပေါင်းရာချီ လာရောက်လေ့လာကြပါတယ်။ မတ်လနှောင်းပိုင်းမှာ ကျင်းပတဲ့ ဒီပြပွဲမှာတော့ တရုတ်ကုမ္ပဏီ ၁၀၂ ခု ပါဝင်ပြသပြီး ကျန်းမာရေး အသုံးအဆောင်ကနေ လျှပ်စစ်ပစ္စည်းတွေထိ ထုတ်ကုန်ရာချီ ပြသထားပါတယ်။ Ezviz လုပ်ငန်းက Geroge Wu က အခုလို ပြောပါတယ်။

“ကျနော်တို့ထုတ်ကုန်တွေကတော့ လုံခြုံရေး ကင်မရာတွေနဲ့ အိမ်သုံးပစ္စည်းတွေက အဓိကပါ။ အင်ဒိုနီးရှားဈေးကွက်က ကြီးပါတယ်။ ကျနော်တို့ထုတ်ကုန်တွေက အင်ဒိုနီးရှားဈေးကွက်နဲ့ ကိုက်ညီပါတယ်။”

တရုတ်ထုတ်ပစ္စည်းဖြစ်ပြီး ၂၀၁၉ ခုနှစ်ကတည်းက ရောင်းချနေတာပါလို့ InstPower က Erwin Apriyansha က အင်ဒိုနီးရှား ဘာသာစကားနဲ့ ပြောပြခဲ့တာပါ။

အင်ဒိုနီးရှားမှာ အခု ၂၀၂၂ ခုနှစ်အတွင်း ကုန်စည်ပြပွဲတွေ ဆက်တိုက်ကျင်းပဖို့ရှိတဲ့ အထဲက ပြပွဲတခုလည်း ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ လူဦးရေအများဆုံး အင်ဒိုနီးရှားဟာ တရုတ်ထုတ်ကုန်တွေအတွက် အကျိုးရှိစေတဲ့ ဈေးကွက်တခုလို့လည်း ပြပွဲစီစဉ်သူတွေက ပြောပါတယ်။ Ahdi Wismarsyah က ပြပွဲကို စီစဉ်ခဲ့သူတဦး ဖြစ်ပါတယ်။

“အင်ဒိုနီးရှားဟာ တရုတ်ရဲ့ အဓိက ဈေးကွက်တွေထဲက တခုဖြစ်ဖို့ ရည်ရွယ်ထားပါတယ်။”

အာဆီယံနဲ့ တရုတ် အပါအဝင် အာဆီယံမဟုတ်တဲ့ ၅ နိုင်ငံ ပါဝင်တဲ့ ဒေသတွင်း အလုံးစုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု RCEP ကို အကောင်အထည် ဖော်နေချိန်မှာပဲ ကုန်သွယ်ရေးက ပိုပြီးတိုးလာဖို့ ခန့်မှန်းထားပါတယ်။ သွင်းကုန်ခွန် လျှော့ချပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတားအဆီးတွေ မရှိစေရေး ရည်ရွယ်တဲ့ ဒီ ကုန်သွယ်ရေး သဘောတူညီချက်ကို လွန်ခဲ့တဲ့ ၂ နှစ်က လက်မှတ်ထိုးခဲ့ကြပြီး ဒီနှစ်အစောပိုင်းမှာ စတင်သက်ရောက်ပါတယ်။

အမေရိကန် ဦးဆောင်ကြိုးပမ်းတဲ့ ဒေသတွင်း လွတ်လပ်စွာ ကုန်သွယ်မှု အဆင်မပြေခဲ့ပြီးနောက်မှ အခုလို ဖြစ်လာတာပါ။ အထူးသဖြင့်တော့ Donald Trump အစိုးရက ၂၀၁၇ ခုနှစ်မှာ ပစိဖိတ် တဖက်တချက်နိုင်ငံများ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် TPP ကနေ နုတ်ထွက်ခဲ့ပြီးနောက်မှာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ တရုတ်ကြား တင်းမာမှုဖြစ်တဲ့ အခြေအနေကို ဒေသတွင်းက အစိုးရတွေက သူတို့စီးပွားရေး အကျိုးအတွက် အသုံးချခဲ့တယ်လို့ သုံးသပ်သူ David Sumual က ပြောပါတယ်။

“RCEP ကို အကောင်အထည်ဖော်ဖို့ တရုတ်ဘက်က အမြန် တွန်းအားပေးနေတာပါ။ တခြားနိုင်ငံတွေကလည်း အတည်ပြုရေး စပြီး လုပ်နေကြပါပြီ။ တရုတ်နဲ့ အမေရိကန်ကြား မပြေမလည်ဖြစ်နေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေး၊ အထူးသဖြင့် ပို့ကုန်တိုးမြှင့်ရေးအတွက် အသုံးချနိုင်ပါတယ်။”

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တိုးလာတာကနေ အင်ဒိုနီးရှားနိုင်ငံအတွက် အကျိုးရှိစေပါတယ်။ David Sumual က အခုလို ဆက်ပြောပါတယ်။

“နောက်လာမယ့် ၁၀ နှစ် ၁၅ နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး လိုအပ်ပါတယ်။ ကျနော်တို့ လူဦးရေက တိုးလာနေပြီး သူတို့အတွက် အလုပ်တွေ လိုလာမှာကြောင့် ဖြစ်ပါတယ်။”

အင်ဒိုနီးရှားမှာ တရုတ်ကုန်စည်တွေ တင်သွင်းမှု တိုးလာနေပြီးသား အခြေအနေမှာ RCEP ကုန်သွယ်ရေး သဘောတူညီချက်က စည်းမျဉ်းစည်းကမ်းဘောင် သတ်မှတ်တာသာ ဖြစ်တယ်လို့ သုံးသပ်သူတွေက ယူဆပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်တာအတွင်း တရုတ်ဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ မဟုတ်တဲ့ သွင်းကုန်အများစု တင်သွင်းတဲ့ အရင်းအမြစ်ဖြစ်လာပြီး ဒါဟာဆိုရင် အင်ဒိုနီးရှားနိုင်ငံရဲ့ သွင်းကုန်အားလုံးရဲ့ သုံးပုံတပုံလောက်ရှိကြောင်း အစိုးရ စာရင်းဇယားတွေက ဖော်ပြပါတယ်။

XS
SM
MD
LG