သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပဲြ ေရႊ႕ဆိုင္းမယ္႔ ေကာလာဟလ အင္ဒိုနီးရွား ေက်ာင္းသားေတြဆႏၵျပ


(Zawgyi / Unicode)

အင္ဒိုနီးရွား သမၼတ ေရြးေကာက္ပြဲကို ၂၀၂၄ ခုႏွစ္ က်င္းပဖို႔ ရွိေနတာကေန ေရႊ႕ဆိုင္းႏိုင္တယ္ဆိုတဲ႔ အတည္မျပဳႏိုင္တဲ႔ သတင္းေတြ ထြက္လာၿပီးေနာက္ တနလာၤေန႔မွာ ႏိုင္ငံတ၀န္း ေက်ာင္းသား ေထာင္ခ်ီ ဆႏၵျပခဲ႔ၾကပါတယ္။ ေရြးေကာက္ပြဲကို ဆိုင္းငံ႔လိုက္ရင္ သမၼတ Joko Widodo အေနနဲ႔ ရာထူးသက္တမ္း ၂ ဆက္ကို ေက်ာ္လြန္ၿပီး ဆက္လက္ တာ၀န္ယူႏိုင္သြားမွာ ျဖစ္တယ္လို႔ ေက်ာင္းသားေတြက ေျပာဆိုၾကပါတယ္။ ၂၀၂၄ အေထြေထြ ေရြးေကာက္ပြဲကို ေရႊ႕ဆိုင္းမယ္လို႔ ၾကားပါတယ္။ အစိုးရ ဘာေတြ လုပ္ေနတာလဲလို႔ ဆႏၵျပ ေက်ာင္းသား တဦးက ေျပာဆိုခဲ႔ပါတယ္။

သမၼတ Widodo ကေတာ့ ေကာလာဟလေတြကို ျငင္းဆိုထားပါတယ္။ ဒီကိစၥကို ရွင္းလင္းဖို႔ လိုအပ္ပါတယ္။ ဒါမွလည္း ေရြးေကာက္ပြဲကို ေရႊ႕ဆိုင္းဖို႔ အစိုးရက ႀကိဳးစားေနတယ္ဆိုတာမ်ိဳး ေကာလာဟလေတြ၊ ဒါမွမဟုတ္လည္း သမၼတ သက္တမ္းကို ထပ္တိုးဖို႔ - တတိယ သက္တမ္းလို ကိစၥမ်ိဳး ခန္႔မွန္းေျပာဆိုခ်က္ေတြ လူထုၾကား မပ်ံ႕ႏွံ႔မွာ ျဖစ္ပါတယ္လို႔ သမၼတ Widodo က ေရြးေကာက္ပြဲ ျပင္ဆင္မႈဆိုင္ရာ အစိုးရ အစည္းအေ၀းမွာ ေျပာဆိုခဲ႔ပါတယ္။

ဂ်ာကာတာက လႊတ္ေတာ္ အေဆာက္အအံုေရွ႕မွာေတာ့ ရဲတပ္ဖြဲ႔က မ်က္ရည္ယိုဗံုးေတြနဲ႔ မီးသတ္ပိုက္ေတြ သံုးၿပီး ဆႏၵျပပြဲကို အဆံုးသတ္သြားေအာင္ ႀကိဳးစားခဲ႔ၾကပါတယ္။ ႏိုင္ငံေရးသမား တခ်ိဳ႕ ထြက္လာၿပီး ဆႏၵျပသူေတြနဲ႔ ေတြ႕ဆံုကာ အေျခခံ ဥပေဒကို ကာကြယ္မယ္လို႔ ကတိေပးၿပီးေနာက္မွာေတာ့ အမ်ားစု ျပန္သြားၾကပါတယ္။

ဒါေပမယ့္လည္း ႏိုင္ငံေရးသမား တခ်ိဳ႕ကေတာ့ သမၼတ Widodo ရာထူး သက္တမ္း တိုးေရးကို ေထာက္ခံတဲ႔ သေဘာထားေတြ ရွိေနတယ္လို႔လည္း ေျပာဆိုၾကပါတယ္။ Covid-19 ကပ္ေဘးေရာဂါေၾကာင့္ အထိနာခဲ႔ရတဲ႔ ႏိုင္ငံရဲ႕ စီးပြားေရးကို ျပန္လည္ ကုစားေရး အတြက္ သမၼတ အေနနဲ႔ အခ်ိန္ ပိုၿပီး လိုအပ္ေနတယ္လို႔လည္း သူတို႔က ေျပာဆိုၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ရွေးကောက်ပွဲ ရွှေ့ဆိုင်းမယ့် ကောလာဟလ အင်ဒိုနီးရှား ကျောင်းသားတွေဆန္ဒပြ

အင်ဒိုနီးရှား သမ္မတ ရွေးကောက်ပွဲကို ၂၀၂၄ ခုနှစ် ကျင်းပဖို့ ရှိနေတာကနေ ရွှေ့ဆိုင်းနိုင်တယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်လာပြီးနောက် တနလာၤနေ့မှာ နိုင်ငံတဝန်း ကျောင်းသား ထောင်ချီ ဆန္ဒပြခဲ့ကြပါတယ်။ ရွေးကောက်ပွဲကို ဆိုင်းငံ့လိုက်ရင် သမ္မတ Joko Widodo အနေနဲ့ ရာထူးသက်တမ်း ၂ ဆက်ကို ကျော်လွန်ပြီး ဆက်လက် တာဝန်ယူနိုင်သွားမှာ ဖြစ်တယ်လို့ ကျောင်းသားတွေက ပြောဆိုကြပါတယ်။ ၂၀၂၄ အထွေထွေ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမယ်လို့ ကြားပါတယ်။ အစိုးရ ဘာတွေ လုပ်နေတာလဲလို့ ဆန္ဒပြ ကျောင်းသား တဦးက ပြောဆိုခဲ့ပါတယ်။

သမ္မတ Widodo ကတော့ ကောလာဟလတွေကို ငြင်းဆိုထားပါတယ်။ ဒီကိစ္စကို ရှင်းလင်းဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ အစိုးရက ကြိုးစားနေတယ်ဆိုတာမျိုး ကောလာဟလတွေ၊ ဒါမှမဟုတ်လည်း သမ္မတ သက်တမ်းကို ထပ်တိုးဖို့ - တတိယ သက်တမ်းလို ကိစ္စမျိုး ခန့်မှန်းပြောဆိုချက်တွေ လူထုကြား မပျံ့နှံ့မှာ ဖြစ်ပါတယ်လို့ သမ္မတ Widodo က ရွေးကောက်ပွဲ ပြင်ဆင်မှုဆိုင်ရာ အစိုးရ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

ဂျာကာတာက လွှတ်တော် အဆောက်အအုံရှေ့မှာတော့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ မီးသတ်ပိုက်တွေ သုံးပြီး ဆန္ဒပြပွဲကို အဆုံးသတ်သွားအောင် ကြိုးစားခဲ့ကြပါတယ်။ နိုင်ငံရေးသမား တချို့ ထွက်လာပြီး ဆန္ဒပြသူတွေနဲ့ တွေ့ဆုံကာ အခြေခံ ဥပဒေကို ကာကွယ်မယ်လို့ ကတိပေးပြီးနောက်မှာတော့ အများစု ပြန်သွားကြပါတယ်။

ဒါပေမယ့်လည်း နိုင်ငံရေးသမား တချို့ကတော့ သမ္မတ Widodo ရာထူး သက်တမ်း တိုးရေးကို ထောက်ခံတဲ့ သဘောထားတွေ ရှိနေတယ်လို့လည်း ပြောဆိုကြပါတယ်။ Covid-19 ကပ်ဘေးရောဂါကြောင့် အထိနာခဲ့ရတဲ့ နိုင်ငံရဲ့ စီးပွားရေးကို ပြန်လည် ကုစားရေး အတွက် သမ္မတ အနေနဲ့ အချိန် ပိုပြီး လိုအပ်နေတယ်လို့လည်း သူတို့က ပြောဆိုကြပါတယ်။

XS
SM
MD
LG