သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေတာင္တ႐ုတ္ပင္လယ္ေဒသတြင္း ရပိုင္ခြင့္ အင္ဒိုနီးရွား စတင္လႈပ္ရွား


ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ Natuna ကၽြန္းစုအနီး ကင္းလွည့္ေနတဲ့ အင္ဒိုနီးရွား တိုက္ေလယာဥ္နဲ႔ စစ္ေရယာဥ္။ (ဇန္နဝါရီ ၁၀၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုနဲ႔ တ႐ုတ္တို႔အၾကား ေတာင္တ႐ုတ္ပင္လယ္ျပင္အတြင္း လြတ္လပ္စြာ ေရေၾကာင္းသြားလာခြင့္အတြက္ ဆက္လက္အျငင္းပြားလ်က္ ရွိပါတယ္။ ေတာင္တ႐ုတ္ပင္လယ္ျပင္အတြင္း ကၽြန္းေတြနဲ႔ ေရပိုင္နက္ အေတာ္မ်ားမ်ားကို တ႐ုတ္က သူပိုင္အျဖစ္ ေၾကညာထားပါတယ္။ ဒီအျငင္းပြားမႈအေပၚမွာ ေဒသတြင္း အဓိကႏုိင္ငံႀကီး တႏိုင္ငံကေတာ့ အမ်ားအားျဖင့္ ႏႈတ္ဆိတ္ေနခဲ့ပါတယ္။ ဒါေပမယ့္ အခုေနာက္ပိုင္း ေျပာင္းလဲမႈေတြ ရွိလာပါတယ္။ ဗြီအိုေအသတင္းေထာက္ Yuni Salim သတင္းေပးပို႔ထားတာကို ကိုေဇာ္မိုးေက်ာ္ ေျပာျပေပးပါမယ္။

ေတာင္တ႐ုတ္ပင္လယ္ျပင္အတြင္း ပုိင္နက္အျငင္းပြားမႈနဲ႔ ပတ္သက္ၿပီး အေရွ႕ေတာင္အာရွအတြင္း အႀကီးဆုံးႏုိင္ငံျဖစ္တဲ့ အင္ဒုိနီးရွားဟာ တ႐ုတ္ကုိ ေပ်ာ့ေပ်ာင္းစြာ ခ်ဥ္းကပ္ဆက္ဆံေလ့ ရွိပါတယ္။ ဒါေပမယ့္ မၾကာေသးမီကစလုိ႔ အင္ဒုိနီးရွားဟာ ေဒသတြင္း သူ႔ရဲ႕အခြင့္အေရးနဲ႔ ပတ္သက္ၿပီး ခုိင္ခုိင္မာမာ ျပတ္ျပတ္သားသား စတင္ေျပာဆုိ ရပ္တည္လာပါတယ္။

တ႐ုတ္က သူ႔ေရပုိင္နက္ပါလုိ႔ ေႂကြးေၾကာ္ထားတဲ့ ပင္လယ္ျပင္အတြင္း ၿပီးခဲ့တဲ့ ၾသဂုတ္လထဲတုန္းက အင္ဒုိနီးရွားက အေမရိကန္နဲ႔ ပူးတဲြ စစ္ေရးေလ့က်င့္ခဲ့ပါတယ္။ တ႐ုတ္က ဒီကိစၥကုိ ခ်က္ခ်င္း ကန္႔ကြက္ခဲ့ပါတယ္။

ဝါရွင္တန္အေျခစုိက္ မဟာဗ်ဴဟာနဲ႔ ႏုိင္ငံတကာေလ့လာေရးဌာန CSIS က Greg Polling က အခုလုိ သုံးသပ္ေျပာဆုိပါတယ္။

“Tuna Block ေရပုိင္နက္အတြင္း အင္ဒုိနီးရွားရဲ႕ စစ္ေရးေလ့က်င့္မႈေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္ လိပ္ခဲတည္းလည္း ျဖစ္ခဲ့ရတဲ့ အေျခအေနဟာ အင္ဒုိနီးရွားအတြက္ အခက္အခဲေတြ ျဖစ္ေစခဲ့ပါတယ္။ ဒါ့အျပင္ (sub region/Asean) ေဒသတြင္း သံတမန္ေရး နည္းလမ္းေတြကုိ ရွာေဖြဖုိ႔ လွည့္သာေျပာင္းသာ အေျခအေနတရပ္ကုိ ဖန္တီးေပးခဲ့ပါတယ္။ ဆုိလုိတာကေတာ့ အာဆီယံျပင္ပမွာ ဒီေဒသနဲ႔ပတ္သက္လုိ႔ အျငင္းပြားေနတဲ့သူေတြနဲ႔ ဆက္ဆံဖုိ႔အတြက္ ျဖစ္ပါတယ္။ တကယ္ေတာ့ ဒါကုိလည္း အင္ဒုိနီးရွား မလုပ္ခ်င္ဘူး။”

Tuna Block ေရပုိင္နက္ဟာ Natuna ကၽြန္းေတြအနီးက ပင္လယ္ေရျပင္ရဲ႕ အစိတ္အပုိင္း ျဖစ္ပါတယ္။ မၾကာေသးမီကမွ အဓိကျပႆနာေနရာတခု ျဖစ္လာခဲ့ပါတယ္။ ဒီေဒသကုိ အင္ဒုိနီးရွားက သူ႔ရဲ႕ စီးပြားေရးအထူးဇုန္အတြင္း ပါဝင္တယ္လုိ႔ သတ္မွတ္ထားပါတယ္။ တခ်ိန္တည္းမွာပဲ တ႐ုတ္ကလည္း သူ႔ရဲ႕ အစဥ္အဆက္ ငါးဖမ္းခဲ့တဲ့ ေရပုိင္နက္လုိ႔ သတ္မွတ္ထားပါတယ္။

အခုေတာ့ အင္ဒုိနီးရွားဟာလည္း အျခား အင္ဒုိ-ပစိဖိတ္ ေဒသတြင္းက ႏုိင္ငံေတြလုိပဲ တ႐ုတ္ငါးဖမ္းသေဘၤာေတြနဲ႔ ကင္းလွည့္ေရယာဥ္ေတြကုိ အျငင္းပြားေနတဲ့ ေရပုိင္နက္ထဲက ထြက္ခြါသြားဖုိ႔ ခုခံဖယ္ရွားတာေတြ ပုံမွန္လုပ္လာေနပါတယ္။

RAND Cooperation က Scott Harold ကေတာ့ အခုလုိေျပာပါတယ္။

“က်ေနာ္ထင္တာကေတာ့ တ႐ုတ္က ဒီကိစၥ အေလးအနက္ထားပါတယ္။ အင္ဒုိနီးရွားက တ႐ုတ္နဲ႔ အေဝးဆုံးမွာ ရွိပါတယ္။ တ႐ုတ္ရဲ႕ ဖိအားေပး အက်ပ္ကုိင္မႈကုိ အနည္းဆုံးခံရတဲ့တုိင္းျပည္ ျဖစ္ႏုိင္ပါတယ္။ ဒါေပမယ့္ တ႐ုတ္ကေတာ့ အားလုံးကုိ ဖိအားေပး လုပ္ေဆာင္မွာပါပဲ။”

အခုဆုိရင္ အင္ဒုိနီးရွားဟာ တ႐ုတ္ရဲ႕ ပုိင္နက္က်ဴးေက်ာ္မႈကုိ ပူးေပါင္းကာကြယ္ဖုိ႔ စုဖဲြ႔ထားတဲ့ အေရွ႕ေတာင္အာရွ ၅ ႏုိင္ငံ၊ မေလးရွား၊ စင္ကာပူ၊ ဖိလစ္ပုိင္၊ ဘ႐ူႏုိင္း၊ ဗီယက္နမ္တုိ႔ ပါဝင္တဲ့ အဖဲြ႔နဲ႔ပါ ဆက္ဆံမႈေတြ ရွိလာေနၿပီ ျဖစ္ပါတယ္။

ဒါေပမယ့္ Natuna ကၽြန္းစု ေရပုိင္နက္ အျငင္းပြားမႈမွာ အင္ဒုိနီးရွားက တ႐ုတ္ကုိ တင္းတင္းမာမာ ဆက္ဆံဖုိ႔ ဆုိရာမွာ တ႐ုတ္ဟာ အင္ဒုိနီးရွားရဲ႕ အႀကီးဆုံးကုန္သြယ္ဘက္ျဖစ္ၿပီး အင္ဒုိနီးရွားမွာ ဒုတိယအမ်ားဆုံး ရင္းႏွီးျမႇဳပ္ႏွံထားသူ ျဖစ္တဲ့အတြက္ ဒီႏွစ္ခုကုိ ခဲြျခားဖုိ႔မွာ အခက္အခဲေတြ ရွိေနပါတယ္။

ဝါရွင္တန္အေျခစုိက္ မဟာဗ်ဴဟာနဲ႔ ႏုိင္ငံတကာ ေလ့လာေရးဌာန CSIS က Greg Polling က အခုလုိ သုံးသပ္ ေျပာဆုိပါတယ္။

“တ႐ုတ္နဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးကုိ ထိန္းထားႏုိင္ဖုိ႔က သူတုိ႔ရဲ႕ နံပါတ္ ၁ အခ်က္ ျဖစ္ပါတယ္။ အဓိကကေတာ့ သူတုိ႔ရဲ႕ အေျခခံအေဆာက္အဦးေတြအတြက္ တ႐ုတ္ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ဝင္ေရာက္လာေရးဟာ အၿမဲတမ္း ထိပ္ဆုံးက ဦးစားေပးျဖစ္ပါတယ္။”

အဲဒီလုိပါပဲ၊ အျခား ၅ ႏုိင္ငံအေနနဲ႔လည္း မွ်တေအာင္ ထိန္းညႇိလုပ္ေဆာင္ပါတယ္။ အင္ဒုိနီးရွားနဲ႔ ပင္လယ္ျပင္လုံၿခံဳေရး ကိစၥေတြမွာ ပုိမုိပူးေပါင္း ေဆာင္ရြက္ႏုိင္ေအာင္ ႀကိဳးပမ္းသလုိ အျခား အင္ဒုိ-ပစိဖိတ္ ႏုိင္ငံေတြနဲ႔လည္း ပူးေပါင္းေဆာင္ရြက္ႏုိင္မႈကုိ လုပ္ၾကပါတယ္။

RAND Corporation က Scott Harold ကေတာ့ အခုလုိျမင္ပါတယ္။

“တ႐ုတ္ဟာ ႐ုပ္ဝတၳဳစြမ္းအားအရ ႏုိင္ငံအေတာ္မ်ားမ်ားထက္ မယွဥ္သာေအာင္ သာလြန္ပါတယ္။ ဒီႏုိင္ငံေတြအေနနဲ႔ သူတုိ႔အေပၚ အေတာ္ကုိ အတင္းအက်ပ္ ဖိအားေပးလာတဲ့ အေျခအေနမ်ိဳးမွာသာ တုံ႔ျပန္တုိက္ခုိက္ဖုိ႔ဆိုတဲ့ နည္းလမ္းကုိ ေရြးခ်ယ္ၾကပါတယ္။ အခ်ိဳ႕ အေသးစားကိစၥေလးေတြမွာေတာ့ လူသိရွင္ၾကား ျပႆနာျဖစ္လာေအာင္ မလုပ္ေတာ့ဘဲ တုိးတုိးတိတ္တိတ္ ႀကိတ္ၿပီး ေျဖရွင္းတတ္ၾကပါတယ္။”

မိမိတုိ႔ရဲ႕ သက္ဆုိင္ရာ ေရပုိင္နက္ကုိ ကာကြယ္ဖုိ႔ အျငင္းပြားမႈထဲမွာ ပါဝင္ေနတဲ့ အာဆီယံ ၆ ႏုိင္ငံရဲ႕ အစည္းအေဝးကုိ ေဖေဖာ္ဝါရီလထဲမွာ က်င္းပဖုိ႔ စီစဥ္ထားေပမယ့္ COVID-19 ေၾကာင့္ မတ္လကုန္ပုိင္းအထိ ေရႊ႕ဆုိင္းထားေၾကာင္းပါ။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

တောင်တရုတ်ပင်လယ်ဒေသတွင်း ရပိုင်ခွင့် အင်ဒိုနီးရှား စတင်လှုပ်ရှား

အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်တို့အကြား တောင်တရုတ်ပင်လယ်ပြင်အတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်အတွက် ဆက်လက်အငြင်းပွားလျက် ရှိပါတယ်။ တောင်တရုတ်ပင်လယ်ပြင်အတွင်း ကျွန်းတွေနဲ့ ရေပိုင်နက် အတော်များများကို တရုတ်က သူပိုင်အဖြစ် ကြေညာထားပါတယ်။ ဒီအငြင်းပွားမှုအပေါ်မှာ ဒေသတွင်း အဓိကနိုင်ငံကြီး တနိုင်ငံကတော့ အများအားဖြင့် နှုတ်ဆိတ်နေခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ပြောင်းလဲမှုတွေ ရှိလာပါတယ်။ ဗွီအိုအေသတင်းထောက် Yuni Salim သတင်းပေးပို့ထားတာကို ကိုဇော်မိုးကျော် ပြောပြပေးပါမယ်။

တောင်တရုတ်ပင်လယ်ပြင်အတွင်း ပိုင်နက်အငြင်းပွားမှုနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှအတွင်း အကြီးဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားဟာ တရုတ်ကို ပျော့ပျောင်းစွာ ချဉ်းကပ်ဆက်ဆံလေ့ ရှိပါတယ်။ ဒါပေမယ့် မကြာသေးမီကစလို့ အင်ဒိုနီးရှားဟာ ဒေသတွင်း သူ့ရဲ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား စတင်ပြောဆို ရပ်တည်လာပါတယ်။

တရုတ်က သူ့ရေပိုင်နက်ပါလို့ ကြွေးကြော်ထားတဲ့ ပင်လယ်ပြင်အတွင်း ပြီးခဲ့တဲ့ သြဂုတ်လထဲတုန်းက အင်ဒိုနီးရှားက အမေရိကန်နဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။ တရုတ်က ဒီကိစ္စကို ချက်ချင်း ကန့်ကွက်ခဲ့ပါတယ်။

ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာန CSIS က Greg Polling က အခုလို သုံးသပ်ပြောဆိုပါတယ်။

“Tuna Block ရေပိုင်နက်အတွင်း အင်ဒိုနီးရှားရဲ့ စစ်ရေးလေ့ကျင့်မှုကြောင့် ပြီးခဲ့တဲ့နှစ် လိပ်ခဲတည်းလည်း ဖြစ်ခဲ့ရတဲ့ အခြေအနေဟာ အင်ဒိုနီးရှားအတွက် အခက်အခဲတွေ ဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် (sub region/Asean) ဒေသတွင်း သံတမန်ရေး နည်းလမ်းတွေကို ရှာဖွေဖို့ လှည့်သာပြောင်းသာ အခြေအနေတရပ်ကို ဖန်တီးပေးခဲ့ပါတယ်။ ဆိုလိုတာကတော့ အာဆီယံပြင်ပမှာ ဒီဒေသနဲ့ပတ်သက်လို့ အငြင်းပွားနေတဲ့သူတွေနဲ့ ဆက်ဆံဖို့အတွက် ဖြစ်ပါတယ်။ တကယ်တော့ ဒါကိုလည်း အင်ဒိုနီးရှား မလုပ်ချင်ဘူး။”

Tuna Block ရေပိုင်နက်ဟာ Naturna ကျွန်းတွေအနီးက ပင်လယ်ရေပြင်ရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ မကြာသေးမီကမှ အဓိကပြဿနာနေရာတခု ဖြစ်လာခဲ့ပါတယ်။ ဒီဒေသကို အင်ဒိုနီးရှားက သူ့ရဲ့ စီးပွားရေးအထူးဇုန်အတွင်း ပါဝင်တယ်လို့ သတ်မှတ်ထားပါတယ်။ တချိန်တည်းမှာပဲ တရုတ်ကလည်း သူ့ရဲ့ အစဉ်အဆက် ငါးဖမ်းခဲ့တဲ့ ရေပိုင်နက်လို့ သတ်မှတ်ထားပါတယ်။

အခုတော့ အင်ဒိုနီးရှားဟာလည်း အခြား အင်ဒို-ပစိဖိတ် ဒေသတွင်းက နိုင်ငံတွေလိုပဲ တရုတ်ငါးဖမ်းသင်္ဘောတွေနဲ့ ကင်းလှည့်ရေယာဉ်တွေကို အငြင်းပွားနေတဲ့ ရေပိုင်နက်ထဲက ထွက်ခွါသွားဖို့ ခုခံဖယ်ရှားတာတွေ ပုံမှန်လုပ်လာနေပါတယ်။

RAND Cooperation က Scott Harold ကတော့ အခုလိုပြောပါတယ်။

“ကျနော်ထင်တာကတော့ တရုတ်က ဒီကိစ္စ အလေးအနက်ထားပါတယ်။ အင်ဒိုနီးရှားက တရုတ်နဲ့ အဝေးဆုံးမှာ ရှိပါတယ်။ တရုတ်ရဲ့ ဖိအားပေး အကျပ်ကိုင်မှုကို အနည်းဆုံးခံရတဲ့တိုင်းပြည် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တရုတ်ကတော့ အားလုံးကို ဖိအားပေး လုပ်ဆောင်မှာပါပဲ။”

အခုဆိုရင် အင်ဒိုနီးရှားဟာ တရုတ်ရဲ့ ပိုင်နက်ကျူးကျော်မှုကို ပူးပေါင်းကာကွယ်ဖို့ စုဖွဲ့ထားတဲ့ အရှေ့တောင်အာရှ ၅ နိုင်ငံ၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ဗီယက်နမ်တို့ ပါဝင်တဲ့ အဖွဲ့နဲ့ပါ ဆက်ဆံမှုတွေ ရှိလာနေပြီ ဖြစ်ပါတယ်။

ဒါပေမယ့် Naturna ကျွန်းစု ရေပိုင်နက် အငြင်းပွားမှုမှာ အင်ဒိုနီးရှားက တရုတ်ကို တင်းတင်းမာမာ ဆက်ဆံဖို့ ဆိုရာမှာ တရုတ်ဟာ အင်ဒိုနီးရှားရဲ့ အကြီးဆုံးကုန်သွယ်ဘက်ဖြစ်ပြီး အင်ဒိုနီးရှားမှာ ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံထားသူ ဖြစ်တဲ့အတွက် ဒီနှစ်ခုကို ခွဲခြားဖို့မှာ အခက်အခဲတွေ ရှိနေပါတယ်။

ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာန CSIS က Greg Polling က အခုလို သုံးသပ် ပြောဆိုပါတယ်။

“တရုတ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းထားနိုင်ဖို့က သူတို့ရဲ့ နံပါတ် ၁ အချက် ဖြစ်ပါတယ်။ အဓိကကတော့ သူတို့ရဲ့ အခြေခံအဆောက်အဦးတွေအတွက် တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာရေးဟာ အမြဲတမ်း ထိပ်ဆုံးက ဦးစားပေးဖြစ်ပါတယ်။”

အဲဒီလိုပါပဲ၊ အခြား ၅ နိုင်ငံအနေနဲ့လည်း မျှတအောင် ထိန်းညှိလုပ်ဆောင်ပါတယ်။ အင်ဒိုနီးရှားနဲ့ ပင်လယ်ပြင်လုံခြုံရေး ကိစ္စတွေမှာ ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်အောင် ကြိုးပမ်းသလို အခြား အင်ဒို-ပစိဖိတ် နိုင်ငံတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နိုင်မှုကို လုပ်ကြပါတယ်။

RAND Corporation က Scott Harold ကတော့ အခုလိုမြင်ပါတယ်။

“တရုတ်ဟာ ရုပ်ဝတ္ထုစွမ်းအားအရ နိုင်ငံအတော်များများထက် မယှဉ်သာအောင် သာလွန်ပါတယ်။ ဒီနိုင်ငံတွေအနေနဲ့ သူတို့အပေါ် အတော်ကို အတင်းအကျပ် ဖိအားပေးလာတဲ့ အခြေအနေမျိုးမှာသာ တုံ့ပြန်တိုက်ခိုက်ဖို့ဆိုတဲ့ နည်းလမ်းကို ရွေးချယ်ကြပါတယ်။ အချို့ အသေးစားကိစ္စလေးတွေမှာတော့ လူသိရှင်ကြား ပြဿနာဖြစ်လာအောင် မလုပ်တော့ဘဲ တိုးတိုးတိတ်တိတ် ကြိတ်ပြီး ဖြေရှင်းတတ်ကြပါတယ်။”

မိမိတို့ရဲ့ သက်ဆိုင်ရာ ရေပိုင်နက်ကို ကာကွယ်ဖို့ အငြင်းပွားမှုထဲမှာ ပါဝင်နေတဲ့ အာဆီယံ ၆ နိုင်ငံရဲ့ အစည်းအဝေးကို ဖေဖော်ဝါရီလထဲမှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် COVID-19 ကြောင့် မတ်လကုန်ပိုင်းအထိ ရွှေ့ဆိုင်းထားကြောင်းပါ။

XS
SM
MD
LG