သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွား တောင်တရုတ်ပင်လယ် ကျွန်းကို ဖိလစ်ပိုင်စစ်ဘက် အထောက်အပံ့ ပို့မည်


ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး Delfin Lorenzana. (မတ် ၁၄၊ ၂၀၁၇)
ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး Delfin Lorenzana. (မတ် ၁၄၊ ၂၀၁၇)

(Zawgyi / Unicode)

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက တရုတ်ကမ်းခြေစောင့်တပ်ရဲ့ တားဆီးမှုကြောင့် ပြန်လာခဲ့ရတဲ့ ဖိလစ်ပိုင်စစ်တပ် ပစ္စည်းဖြည့်တင်းပေးတဲ့ အဖွဲ့ကို ဒီသီတင်းပတ်ထဲမှာ တောင်တရုတ်ပင်လယ်ပြင်ထဲက ဖိလစ်ပိုင်ထိန်းချုပ်ထားတဲ့ ဒုတိယ Thomas Shoal ကျွန်းကို ပြန်သွားဖို့ ညွှန်ကြားထားတယ်လို့ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး Delfin Lorenzana က ပြောပါတယ်။ ဒီတကြိမ်မှာတော့ ဖိလစ်ပိုင်သင်္ဘောကို တရုတ်ဘက်က အနှောင့်အယှက်ပေးမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

Ayungin လို့ ခေါ်ဆိုကြတဲ့ ဒုတိယ Thomas Shoal ကျွန်းမှာ ချထားတဲ့ ဖိလစ်ပိုင်စစ်တပ်အတွက် ပစ္စည်းအထောက်အပံ့ ဖြည့်တင်းပေးဖို့ သွားတဲ့ ဖိလစ်ပိုင် သင်္ဘောတွေကို တရုတ်ကမ်းစောင့်သင်္ဘောတွေက မီးသတ်ပိုက်တွေနဲ့ ပက်ဖျန်းတာ၊ တားဆီးခဲ့တာတွေ လုပ်ခဲ့တဲ့အတွက် ဖိလစ်ပိုင်အစိုးရက ကြာသပတေးနေ့က အပြင်းထန်ဆုံး စကားလုံးတွေနဲ့ ရှုတ်ချခဲ့တာပါ။

တရုတ်ရဲ့ ဒီလုပ်ရပ်တွေဟာ တရားမျှတမှုမရှိဘဲ အန္တရာယ်ရှိသလို ရန်စတဲ့လုပ်ရပ်ဖြစ်ပြီး ဖိလစ်ပိုင်သင်္ဘောတွေကို ခုလို လက်နက်သုံး တိုက်ခိုက်တာဟာ ကာကွယ်ရေးဆိုင်ရာ အပြန်အလှန် ကတိကဝတ်ပြုထားတဲ့ အမေရိကန်ကိုပါ ရန်စသလို ဖြစ်နေတယ်လို့လည်း သတိပေးလိုက်ပါတယ်။

အခင်းစတင်ခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေကနေ နိုဝင်ဘာ ၂၀ စနေနေ့အထိ ပြေလည်မှုမရခဲ့ဘဲ တရုတ်သံအမတ်ကြီး Huang Xilian နဲ့ သူဆွေးနွေးခဲ့သလို ဒီဆွေးနွေးမှုအရ တရုတ်ဘက်က နှောင့်ယှက်တော့မှာ မဟုတ်ဘူးလို့လည်း ဝန်ကြီး Lorenzana က ပြောပါတယ်။

မနီလာမှာရှိတဲ့ တရုတ်သံရုံးကတော့ တစုံတရာ တုံ့ပြန်ပြောဆိုတာ မရှိသေးဘူးလို့ ရိုက်တာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)







XS
SM
MD
LG