သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကွေး ပေါက်မြို့နယ် စစ်ကောင်စီ ရွာမီးရှို့နယ်မြေရှင်း


FILE - This handout from Pauk Township News taken and released June 16, 2021, shows the remains of houses after they were burnt by Myanmar soldiers in Kin Ma village, Pauk Township, in Myanmar's Magway region.
FILE - This handout from Pauk Township News taken and released June 16, 2021, shows the remains of houses after they were burnt by Myanmar soldiers in Kin Ma village, Pauk Township, in Myanmar's Magway region.

[Zawgyi/Unicode]

မကွေး ပေါက်မြို့နယ် စစ်ကောင်စီ ရွာမီးရှို့နယ်မြေရှင်း

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေဆက်လုပ်နေပါတယ်။ ဧပြီ ၁၂ ရက် အင်္ဂါနေ့က နယ်မြေရှင်းမှုအတွင်း ဘို့မယ်ရွာက နေအိမ် ၄၀ ထက်မနည်း မီးရှို့ခံခဲ့ရပါတယ်။ ပေါက်မြိုနယ်တောင်ပိုင်းက ကျေးရွာတော်တော်များများ ဒီရက်ပိုင်း မီးရှို့ခံနေကြတဲ့ အကြောင်း ရန်ကုန်ကပေးပို့လာတဲ့သတင်းပ့ို ကိုရဲမွန်က ကပြောပြပါမယ်။

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တောင်ပိုင်းမှာ ဧပြီ ၇ ရက်ကစလို့ စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေးတွေ လုပ်နေသလို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဧပြီ ၁၁ ရက်ကစပြီး ၁၂ ရက်နေ့အထိ အိမ်ခြေ ၉၀ နီးပါးရှိတဲ့ ဘို့မယ်ရွာကို စစ်ကောင်စီက ဝင်ရောက်မီးရှို့သွားတဲ့အတွက် နေအိမ် ထက်ဝက်လောက် မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မနေ့က ၁၁ က ရှို့တာ ဒီနေ့လည်း ဆက်ရှို့သေးတယ်။ တဝက်ချိုးလောက်တော့ရှိမယ်။ ၉၀ ကျော်လောက်ရှိတာကို ဒီနေ့ ၅ လုံးထပ်ရှို့တာနဲ့ဆိုရင် တဝက်ချိုးလောက်ရောက်မှာ မနေ့က ကတည်းက သူတို့က မြောက်ကကော တောင်ကကော ညှပ်ဝင်တာဆိုတော့ ကျွန်တော်တို့မှာ ကြားညှပ်မှာဆိုးလို့ ကျွန်တော်တို့က ထွက်ပြေးရတာပေါ့။ ကားလေးပါတယ်ဆိုတော့ ကားလေးလွတ်အောင်ဆိုပြီး မောင်းပြေးလာခဲ့တာ။ အခြေအနေကတော့ မသိရသေးဘူး။ ပြန်လို့ အဆင်မပြေသေးဘူး။ သူတို့စစ်ကြောင်းက ကျွန်တော်တို့ရွာတွေသွားမယ့် လမ်းကြောင်းမှာပဲရှိသေးတယ်။ ရွာနားကို ကျွန်တော်တို့ ကပ်လို့မရဘူးခင်ဗျ။”

ဧပြီ ၁၂ ရက်မှာ ဘို့မယ်ရွာအပြင် တစူးကျေးရွာက နေအိမ်တွေကိုလည်း စစ်ကောင်စီက မီးရှို့သွားပေမဲ့ ပျက်ဆီးဆုံးရှုံးမှု မသိရသေးဘူးလို့လည်း ပြောပါတယ်။ ဧပြီ ၁၁ ညပိုင်းလောက်မှာ ကျောက်အိုးရွာနားမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ကျောက်အိုးရွာကို မီးရှို့သွားတယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“ကျောက်အိုးရွာနဲ့ရေကျင်ခြောက်နဲ့(ကျောက်အိုးရွာနဲ့ကင်းမရွာကြား)ကြားမှာ တိုက်ပွဲဖြစ်ကြတာ။ ကျောက်အိုးရွာကို မီးရှို့တယ်။ ရွာလုံးကျွတ်လောင်တာ ကျောက်အိုးရွာက ဘုန်းကြီးကျောင်းကော။ အိမ်ခြေက ရွာလုံးကျွတ်လို့ပဲသိရတာ မရေရသေးဘူး။ အနားကိုလည်း မကပ်ရဲဘူး။ စစ်သားတွေက ကျောက်အိုးရွာမှာပဲ စခန်းထိုင်နေတာ။ ဒေသခံတွေက အနားမကပ်ရဲဘူး အကုန်ရှောင်ခွါနေကြတာ။ စစ်ဘေးရှောင်ဖြစ်နေရတာ။”

ဆိပ်ဖြူမြို့နယ်အပိုင် ရှားလှကျေးရွာ နဲ့ ပေါက်မြို့နယ်ထဲက တောင်ချို ၊ ဘို့မယ် ၊ အင်းငယ်ဒေါင့်ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဧပြီ ၁၁ ရက်မှာ မီးရှို့သွားတဲ့အတွက် နေအိမ်ရာနဲ့ချီမီးလောင်ခဲ့ပါတယ်။ ဒါ့အပြင် ဆိပ်ဖြူမြို့နယ် ရှားလှကျေးရွာကနေ တောင်ချိုကျေးရွာကို စစ်ကြောင်းချီသွားစဉ် တောထဲက တဲအိမ် ၅ လုံးကိုလည်း မီးရှို့သွားတဲ့အတွက် မျက်စိကွယ်နေတဲ့ အသက် ၈၀ ကျော်အဖွားတဦး တဲအိမ်တွေနဲ့အတူ မီးလောင်သေဆုံးသွားတာမှာ အကြွင်းအကျန်တွေကို ဧပြီ ၁၂ ရက်မှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီလက်နက်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေတင်ဆောင်လာတဲ့ ကား ၃ စီးကို မုံရွာ - ပုသိမ်လမ်းပေါ်မှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက ဧပြီ ၆ ရက်က သိမ်းယူလိုက်ပြီး နောက်နေ့မှာပဲ စစ်ကောင်စီက ပေါက်မြို့နယ်တောင်ပိုင်းကို တရွာဝင် တရွာထွက် ရှင်းလင်းနေတာဖြစ်ပါတယ်။ သိမ်းဆည်းထားတဲ့ ကား ၂ စီးကိုတော့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက ဖျက်ဆီးလိုက်ပြီး ကျန် ၁ စီးကိုတော့ စစ်ကောင်စီက ပြန်လည် ယူဆောင်သွားတယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်းမှာ ဧပြီ ၁၁ ရက်နဲ့ ၁၂ ရက် ၂ ရက်အတွင်း စစ်ကောင်စီက နယ်မြေရှင်းလင်း မီးရှို့တဲ့ ရွာပေါင်း ၆ ရွာရှိနေပါပြီ။ ခုလိုနယ်မြေရှင်းလင်းမှုတွေ တိုက်ပွဲတွေနဲ့ ကျေးရွာတွေမီးလောင်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ပေါက်မြို့နယ် သမားတော်ကျေးရွာ အနောက်ဖက် ရေနံနဲ့သဘာ၀ ဓာတ်ငွေ့လုပ်ငန်းကို ရေမောင်းနှင်ပို့ပေးတဲ့ ပန့်စက်ရုံကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဖောက်ခွဲဖျက်ဆီးတယ်ဆိုတာကိုတော့ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

###

[Unicode]











XS
SM
MD
LG