[Zawgyi/Unicode]
ယူကရိန္းကို ေနာက္ထပ္ေဒၚလာ သန္း ၈၀၀ ဖိုး လက္နက္ေတြ ကန္ေထာက္ပံ့မည္
ယူကရိန္းကိုအေမရိကန္ကေနာက္ထပ္ လက္နက္ခဲယမ္းအေမရိကန္ေဒၚလာ သန္း ၈၀၀ ဖိုးကူညီေထာက္ပံ့တာဟာ ယူကရိန္းအေရွ႕ဖက္ျခမ္းမွာ႐ုရွားက ထိုးစစ္ဆင္ေနတာ ကိုယူကရိန္းအေနနဲ႔ခုခံႏိုင္ဖို႔အတြက္ျဖစ္တယ္လို႔ အေမရိကန္အစိုးရက ဗုဒၶဟူးေန႔မွာ ေျပာဆိုလိုက္ပါတယ္။
ေနာက္ထပ္အခုလိုလက္ႏွက္ခဲယမ္းေတြထပ္မံေပးပို႔မယ့္အေၾကာင္းကို သမတ Joe Biden က သမတဇာလင္းစကီးနဲ႔ ၁ နာရီၾကာဖုန္းနဲ႔စကားေျပာခဲ့စဥ္ထည့္သြင္းေျပာ ၾကားခဲ့သလို ေနာက္ပိုင္းမွာေၾကျငာခ်က္လည္းထုတ္ျပန္ခဲ့ပါတယ္။
႐ုရွားက ဒုန္ဘက္ေဒသကို အရွိန္ျမႇင့္ထိုးစစ္ဆင္ဖို႔ျပင္ဆင္ေနတဲ့အတြက္၊ ယူကရိန္း အေနနဲ႔သူ႔ကိုယ္သူခုခံကာကြယ္ႏိုင္ေအာင္ အေမရိကန္ကအကူအညီေတြဆက္ေပး သြားမယ္လို႔လည္းသမတဘိုင္ဒင္ကေျပာဆိုခဲ့ပါတယ္။
“အာဏာရွင္ထက္စာရင္၊ လြတ္ေျမာက္ေရးကိုလက္ႏွက္တပ္ဆင္ေပးတာကပို ေကာင္း ပါတယ္လို႔” ယူကရိန္းသမတဇာလင္းစကီးက ဗြီဒီယိုကေနတဆင့္ေျပာၾကားခဲ့ၿပီး၊ ေနာက္ထပ္စစ္လက္ႏွက္ပစၥည္းေတြေထာက္ပံ့ဖို႔ေတာင္းခဲ့ပါတယ္။ အဲဒိေနာက္ သမတ ဘိုင္ဒင္အ ေနနဲ႔ရဟတ္ယဥ္ေတြအပါအဝင္ စစ္လက္ႏွက္ပစၥည္းေတြေထာက္ပံ့ဖို႔ သေဘာတူညီခ်က္ထြက္ေပၚလာတာပါ။
သမတဘိုင္ဒင္ရဲ႕ေျပာဆိုခ်က္ထြက္ေပၚလာတဲ့တရက္ထဲမွာဘဲ NATO အဖြဲ႕ဝင္ ပိုလန္၊ လစ္သူေရးနီးယား၊ လတီဗာ နဲ႔ အက္တိုးနီးယားႏိုင္ငံက သမတေတြဟာ ယူကရိန္းၿမိဳ႕ ေတာ္ကီယက္ကိုရထားနဲ႔သြားၿပီး ယူကရိန္းသမတဇာလင္းစကီးကိုအားေပးခဲ့ပါတယ္။ ယူကရိန္းကိုသိမ္းပိုက္ၿပီးရင္ ႐ုရွားနဲ႔နယ္နိမိတ္ျခင္းထိစပ္ေနတဲ့ အဲဒီႏိုင္ငံေတြအေနနဲ႔ သူတို႔ကိုလည္း႐ုရွားဆက္လက္က်ဴးေက်ာ္တိုက္ခိုက္မွာကိုစိုးရိမ္ေနၾကပါတယ္။
သမတဘိုင္ဒင္နဲ႔ဥေရာပ၄ႏိုင္ငံကသမတေတြရဲ႕လုပ္ေဆာင္မႈဟာ ႐ုရွားသမတဗလာ ဒီမာပူတင္က ယူကရိန္းအေပၚတိုက္ခိုက္မႈကို အျပည့္အဝၿပီးစီးတဲ့အထိတိုက္ခိုက္သြား မယ္လို႔ ေျပာဆိုခဲ့ၿပီးေနာက္တရက္မွာလုပ္ေဆာင္ခဲ့ၾကတာပါ။
သမတ ပူတင္ကေတာ့ ေနာက္ထပ္ထိုးစစ္အတြက္ ရဟတ္ယဥ္နဲ႔ စစ္လက္ႏွက္ပစၥည္းတခ်ိဳ႕ ဘဲလား႐ုစ္ႏိုင္ငံအတြင္း ျပန္လည္စုစည္းျပင္ဆင္ေနတယ္လို႔ အေမရိကန္ကာကြ ယ္ေရးဝန္ႀကီးဌာနတာဝန္ရွိသူတဦးကေျပာဆိုခဲ့ပါတယ္။
###
ယူကရိန်းကို နောက်ထပ်ဒေါ်လာ သန်း ၈၀၀ ဖိုး လက်နက်တွေ ကန်ထောက်ပံ့မည်
ယူကရိန်းကိုအမေရိကန်ကနောက်ထပ် လက်နက်ခဲယမ်းအမေရိကန်ဒေါ်လာ သန်း ၈၀၀ ဖိုးကူညီထောက်ပံ့တာဟာ ယူကရိန်းအရှေ့ဖက်ခြမ်းမှာရုရှားက ထိုးစစ်ဆင်နေတာ ကိုယူကရိန်းအနေနဲ့ခုခံနိုင်ဖို့အတွက်ဖြစ်တယ်လို့ အမေရိကန်အစိုးရက ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပါတယ်။
နောက်ထပ်အခုလိုလက်နှက်ခဲယမ်းတွေထပ်မံပေးပို့မယ့်အကြောင်းကို သမတ Joe Biden က သမတဇာလင်းစကီးနဲ့ ၁ နာရီကြာဖုန်းနဲ့စကားပြောခဲ့စဉ်ထည့်သွင်းပြော ကြားခဲ့သလို နောက်ပိုင်းမှာကြေငြာချက်လည်းထုတ်ပြန်ခဲ့ပါတယ်။
ရုရှားက ဒုန်ဘက်ဒေသကို အရှိန်မြှင့်ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတဲ့အတွက်၊ ယူကရိန်း အနေနဲ့သူ့ကိုယ်သူခုခံကာကွယ်နိုင်အောင် အမေရိကန်ကအကူအညီတွေဆက်ပေး သွားမယ်လို့လည်းသမတဘိုင်ဒင်ကပြောဆိုခဲ့ပါတယ်။
“အာဏာရှင်ထက်စာရင်၊ လွတ်မြောက်ရေးကိုလက်နှက်တပ်ဆင်ပေးတာကပို ကောင်း ပါတယ်လို့” ယူကရိန်းသမတဇာလင်းစကီးက ဗွီဒီယိုကနေတဆင့်ပြောကြားခဲ့ပြီး၊ နောက်ထပ်စစ်လက်နှက်ပစ္စည်းတွေထောက်ပံ့ဖို့တောင်းခဲ့ပါတယ်။ အဲဒိနောက် သမတ ဘိုင်ဒင်အ နေနဲ့ရဟတ်ယဉ်တွေအပါအဝင် စစ်လက်နှက်ပစ္စည်းတွေထောက်ပံ့ဖို့ သဘောတူညီချက်ထွက်ပေါ်လာတာပါ။
သမတဘိုင်ဒင်ရဲ့ပြောဆိုချက်ထွက်ပေါ်လာတဲ့တရက်ထဲမှာဘဲ NATO အဖွဲ့ဝင် ပိုလန်၊ လစ်သူရေးနီးယား၊ လတီဗာ နဲ့ အက်တိုးနီးယားနိုင်ငံက သမတတွေဟာ ယူကရိန်းမြို့ တော်ကီယက်ကိုရထားနဲ့သွားပြီး ယူကရိန်းသမတဇာလင်းစကီးကိုအားပေးခဲ့ပါတယ်။ ယူကရိန်းကိုသိမ်းပိုက်ပြီးရင် ရုရှားနဲ့နယ်နိမိတ်ခြင်းထိစပ်နေတဲ့ အဲဒီနိုင်ငံတွေအနေနဲ့ သူတို့ကိုလည်းရုရှားဆက်လက်ကျူးကျော်တိုက်ခိုက်မှာကိုစိုးရိမ်နေကြပါတယ်။
သမတဘိုင်ဒင်နဲ့ဥရောပ၄နိုင်ငံကသမတတွေရဲ့လုပ်ဆောင်မှုဟာ ရုရှားသမတဗလာ ဒီမာပူတင်က ယူကရိန်းအပေါ်တိုက်ခိုက်မှုကို အပြည့်အဝပြီးစီးတဲ့အထိတိုက်ခိုက်သွား မယ်လို့ ပြောဆိုခဲ့ပြီးနောက်တရက်မှာလုပ်ဆောင်ခဲ့ကြတာပါ။
သမတ ပူတင်ကတော့ နောက်ထပ်ထိုးစစ်အတွက် ရဟတ်ယဉ်နဲ့ စစ်လက်နှက်ပစ္စည်းတချို့ ဘဲလားရုစ်နိုင်ငံအတွင်း ပြန်လည်စုစည်းပြင်ဆင်နေတယ်လို့ အမေရိကန်ကာကွ ယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတဦးကပြောဆိုခဲ့ပါတယ်။