သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားကျူးကျော်မှုရပ်ဆိုင်းရေး တရုတ်သြဇာသုံးဖို့ ကန်ဘဏ္ဍာရေးဝန်ကြီးပြောကြား


中俄联手不是秘密。图为习近平与普京在莫斯科克里姆林宫。(美联社2019年6月5日资料照)
中俄联手不是秘密。图为习近平与普京在莫斯科克里姆林宫。(美联社2019年6月5日资料照)

တရုတ်အနေနဲ့သူ့ရဲ့သြဇာကိုအသုံးပြုပြီးရုရှားကယူကရိန်းကိုကျူးကျော်တိုက်ခိုက်နေတဲ့ စစ်ပွဲကိုအဆုံးသတ်အောင်လုပ်ဆောင်သင့်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်ပါတယ်။

[Zawgyi/Unicode]

ရုရှားကျူးကျော်မှု ရပ်ဆိုင်းရေး တရုတ် သြဇာသုံးဖို့ ကန်ဘဏ္ဍာရေးဝန်ကြီးပြောကြား

တရုတ်အနေနဲ့သူ့ရဲ့သြဇာကိုအသုံးပြုပြီးရုရှားကယူကရိန်းကိုကျူးကျော်တိုက်ခိုက်နေတဲ့ စစ်ပွဲကိုအဆုံးသတ်အောင်လုပ်ဆောင်သင့်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်ပြီး၊ အဲဒီလိုမလုပ်ဆောင်ပါက တရုတ် အနေနဲ့ ရုရှားစစ်ပွဲကိုဆန့်ကျင်တဲ့အမေရိကန်အပါ အဝင်မဟာမိတ်နိုင်ငံတွေနဲ့စီးပွား ရေးအရဆက်ဆံရေးကိုထိခိုက်လိမ့်မယ်လို့သတိပေးပြောဆိုလိုက်ပါတယ်။

တကမ္ဘာလုံးက တရုတ်အပေါ်ထားတဲ့သဘောထားနဲ့ စီးပွားရေးအရဆက်လက်ပြီး ရောနှောပေါင်းစပ်မှုဟာ၊ အားလုံးကရုရှားနဲ့ပတ်သက်ပြီးတုန့်ပြန်လုပ်ဆောင်ဖို့ချမှတ် ထားတာတွေအပေါ်တရုတ်ရဲ့တုန့်ပြန်မှုအပေါ်မူတည်နေတယ်လို့ လည်းအမေရိကန် ဘဏ္ဍာရေးဝန်ကြီးကပြောဆိုခဲ့ပါတယ်။

အချုပ်အခြာအာဏာနဲ့ နိုင်ငံနယ်နိမိတ်တည်ရှိမှုတွေကိုလေးစားဖို့ ကမ္ဘာအသိုင်းဝိုင်းက တောင်းဆိုနေချိန်မှာ တရုတ်အနေနဲ့လေးစားလိုက်နာမှုမရှိဘူးဆိုရင်၊ အနာဂတ်မှာ တရုတ်က အချုပ်အခြာနဲ့နိုင်ငံနယ်နိမိတ်တွေကိုလေးစားလိုက်နာဖို့ တောင်းဆိုတဲ့အခါ၊ ကမ္ဘာ့အသိုင်းဝိုင်းကလေးစားလိုက်နာဖို့ဆိုတာကိုတရုတ်အနေနဲ့ မျှော်လင့်လို့ရ မှာ မဟုတ်ဘူးလို့လည်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen ကပြောဆိုခဲ့ပါတယ်။

အခုလိုအမေရိကန်ဘဏ္ဍာရေးဝန်ကြီးရဲ့ပြောကြားချက်အပေါ် တရုတ်အစိုးရရဲ့တုန့်ပြန် ပြောဆိုချက် ရုတ်တရက်ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။ ဒါပေမယ့် တရုတ် နိုင်ငံခြား ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Zhao Lijian ကပုံမှန်လုပ်တဲ့သတင်းစာရှင်း လင်းပွဲ မှာအမေရိကန်ဘဏ္ဍာရေးဝန်ကြီးရဲ့ပြောကြားချက်ကိုရည်ရွယ်ပြီး၊ ယူကရိန်းပဋိပက္ခရဲ့ အဓိကလက်သည်တရားခံဟာ အမေရိကန်ဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ ရုရှားအပေါ် ပိတ်ဆို့အရေးယူတာဟာ ပြဿနာကိုဖြေရှင်းတာမဟုတ်ဘဲ၊ ကျဆင်းနေတဲ့ကမ္ဘာစီးပွား ရေးကိုထိခိုက်စေတာသာ ဖြစ်တယ်လို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆို ခွင့်ရှိသူ Zhao Lijian ကပြောဆိုခဲပါတယ်။

တိုက်ရိုက် လင့်ခ်

###

[Unicode]






XS
SM
MD
LG