သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖိလစ္ပိုင္ရဲ႕ ၂၀၂၂ ခုႏွစ္ ပဲြဦးထြက္ မုန္တိုင္း လူ ၁၄၀ ခန္႔ေသဆံုး


Megi မုန္တိုင္းဒဏ္ ခံထားရတဲ့ ဖိလစ္ပုိင္က ျမင္ကြင္း။ ( ဧၿပီ ၁၄ ၊ ၂၀၂၂ )

[[ ZAWGYI / UNICODE ]]

ဖိလစ္ပိုင္ရဲ႕ ၂၀၂၂ ခုႏွစ္ ပဲြဦးထြက္ မုန္တိုင္း လူ ၁၄၀ ခန္႔ေသဆံုး

ဖိလစ္ပုိင္ႏုိင္ငံမွာ ၿပီးခဲ့တဲ့ တနဂၤေႏြေန့က ဆုိက္ကလုန္းမုန္တုိင္း Megi တုိက္ခတ္ခဲ့တဲ့အတြက္ မုိးႀကီးၿပီး၊ ေရႀကီးေရလ်ံ ေျမၿပိဳတာေတြျဖစ္ခဲ့တာေၾကာင့္ စုစုေပါင္း လူ ၁၃၈ ဦးေသဆုံးခဲ့တယ္လုိ့ တာ၀န္ရွိသူေတြက ဧၿပီလ ၁၄ ရက္ေန့ ၾကာသပေတးေန့မွာ သတင္း ထုတ္ျပန္ခဲ့ပါတယ္။

လူေပါင္း (၁၆၂,၀၀၀) ေက်ာ္ အုိးမဲ့အိမ္မဲ့ျဖစ္ခဲ့ၿပီး၊ အေတာ္မ်ားမ်ား ေပ်ာက္ဆုံးေနဆဲ ျဖစ္တယ္လုိ့ဆုိပါတယ္။ ေသဆုံးခဲ့သူ အေတာ္မ်ားမ်ားကေတာ့ ေျမၿပိဳမႈေၾကာင့္ျဖစ္ၿပီး၊ တခ်ိဳ႕ကေတာ့ ေရနစ္ေသဆုံးခဲ့တာ ျဖစ္ပါတယ္။

မုန္တုိင္းဒဏ္ ခံခဲ့ရတဲ့အထဲမွာ Kantagnos ခရုိင္ဟာ အဆုိးဆုံးျဖစ္တယ္လုိ့ ဖိလစ္ပုိင္စစ္တပ္ တပ္ရင္းတရင္းရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေဖၚျပထားပါတယ္။ အုိးအိမ္ေတြနဲ႔ အိမ္ေမြးတိရိစၦာန္ေတြ ပ်က္စီး ဆုံးရႈံးခဲ့ရသလုိ၊ မိသားစုေတြနဲ႔ အခ်ိဳ႕လူေတြ ေပ်ာက္ဆုံးေနဆဲ ျဖစ္တယ္လုိ႔ ဆုိပါတယ္။ စစ္တပ္အေနနဲ႔ ကယ္ဆယ္ေရး လုပ္ငန္းေတြကုိ ဆက္လက္ လုပ္ကုိင္ေနဦးမွာျဖစ္တယ္လုိ႔လည္း ေဖၚျပထားပါတယ္။

ဆုိုက္ကလုံး မက္ဂီဟာ ၂၀၂၂ ခုႏွစ္အတြင္း ပထမဆုံး တုိက္ခတ္ခဲ့တဲ့ ဆုိက္ကလုံး မုန္တုိင္း ျဖစ္ၿပီး ဖိလစ္ပုိင္မွာ တႏွစ္ပတ္လုံး ဆုိက္ကလုံးမုန္တုိင္း အႀကိမ္ ၂၀ ေလာက္ တုိက္ခတ္ခံရေလ့ရွိပါတယ္။

===============

{{ UNICODE }}

ဖိလစ်ပိုင်ရဲ့ ၂၀၂၂ ခုနှစ် ပွဲဦးထွက် မုန်တိုင်း လူ ၁၄၀ ခန့်သေဆုံး

ဖိလစ်ပိုင်နိုင်ငံမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆိုက်ကလုန်းမုန်တိုင်း Megi တိုက်ခတ်ခဲ့တဲ့အတွက် မိုးကြီးပြီး၊ ရေကြီးရေလျံ မြေပြိုတာတွေဖြစ်ခဲ့တာကြောင့် စုစုပေါင်း လူ ၁၃၈ ဦးသေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ဧပြီလ ၁၄ ရက်နေ့ ကြာသပတေးနေ့မှာ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

လူပေါင်း (၁၆၂,၀၀၀) ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး၊ အတော်များများ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ဆိုပါတယ်။ သေဆုံးခဲ့သူ အတော်များများကတော့ မြေပြိုမှုကြောင့်ဖြစ်ပြီး၊ တချို့ကတော့ ရေနစ်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

မုန်တိုင်းဒဏ် ခံခဲ့ရတဲ့အထဲမှာ Kantagnos ခရိုင်ဟာ အဆိုးဆုံးဖြစ်တယ်လို့ ဖိလစ်ပိုင်စစ်တပ် တပ်ရင်းတရင်းရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။ အိုးအိမ်တွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေ ပျက်စီး ဆုံးရှုံးခဲ့ရသလို၊ မိသားစုတွေနဲ့ အချို့လူတွေ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်တပ်အနေနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်နေဦးမှာဖြစ်တယ်လို့လည်း ဖေါ်ပြထားပါတယ်။

ဆိုက်ကလုံး မက်ဂီဟာ ၂၀၂၂ ခုနှစ်အတွင်း ပထမဆုံး တိုက်ခတ်ခဲ့တဲ့ ဆိုက်ကလုံး မုန်တိုင်း ဖြစ်ပြီး ဖိလစ်ပိုင်မှာ တနှစ်ပတ်လုံး ဆိုက်ကလုံးမုန်တိုင်း အကြိမ် ၂၀ လောက် တိုက်ခတ်ခံရလေ့ရှိပါတယ်။

XS
SM
MD
LG