သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဆြီဒင္နဲ႔ ဖင္လန္ NATO ထဲ မပါဝင္ဖို႔ ႐ုရွား ၿခိမ္းေျခာက္သတိေပး


NATO အဖြဲ႔ အလံ။

[[ ZAWGYI / UNICODE ]]

ဆြီဒင္နဲ႔ ဖင္လန္ NATO ထဲ မပါဝင္ဖို႔ ႐ုရွား ၿခိမ္းေျခာက္သတိေပး

တကယ္လို႔ ဆြီဒင္နဲ႔ ဖင္လန္ႏိုင္ငံေတြက NATO မဟာမိတ္အဖြဲ႔မွာ ပူးေပါင္းမယ္ဆိုရင္ ဥေရာပအလယ္က အခ်က္အခ်ာက်တဲ့ အရပ္မွာ ရုရွားက အသံထက္ျမန္တဲ့ hypersonic မစ္ဇုိင္းဒံုးေတြနဲ႔ ႏ်ဴကလီယား လက္နက္ေတြ ခ်ထားဖို႔ လုပ္မွာျဖစ္ေၾကာင္း ရုရွားက ၾကာသပေတးေန႔မွာ သတိေပးလိုက္ပါတယ္။

ရုရွားနဲ႔ နယ္စပ္အရွည္ မိုင္ ၈၁၀ ထိစပ္ေနတဲ့ ဖင္လန္ကေရာ ဆြီဒင္ကပါ အေမရိကန္ဦးေဆာင္တဲ့ NATO စစ္မဟာမိတ္အဖြဲ႔မွာ ပူးေပါင္းဖုိ႔ စဥ္းစားေနၾကတာျဖစ္ပါတယ္။

တကယ္လို႔ ဆီြဒင္နဲ႔ ဖင္လန္တို႔က NATO နဲ႔ပူးေပါင္းမယ္ဆိုရင္ ရုရွားဘက္က သူ႔နယ္ေျမအင္အား ေတာင့္တင္းေအာင္ လုပ္ေဆာင္ရမွာ ျဖစ္ၿပီး၊ ပိုလန္နဲ႔ Lithuania ၾကားက ရုရွားပိုင္ Kaliningrad ၿမိဳ႕ရွိရာ ေဘာလတစ္ ပင္လယ္မွာ ၾကည္း၊ ေရ၊ ေလ တပ္ေတြကို အင္အားတိုးခ်ဲ႕မွာ ျဖစ္ေၾကာင္း ရုရွားလံုၿခံဳေရးေကာင္စီ ဒုဥကၠဌ Dmitry Medvedev က ေျပာပါတယ္။

ရုရွားနယ္စပ္မွာရွိတဲ့ ဖင္လန္ႏိုင္ငံ Imatra ၿမိဳ႕ကေလးဟာ လူဦးေရ ၂၆,၀၀၀ ေလာက္ ေနထုိင္တဲ့ ၿမိဳ႕ျဖစ္ၿပီး ရုရွားခရီးသြားဧည့္သည္ေတြ လာေလ့ရွိေပမယ့္ အခု ရုရွားက အထူးစစ္ဆင္ေရးလို႔ ေခၚေနတဲ့ အိမ္နီးခ်င္း ယူကရိန္းကို ဝင္က်ဴးေက်ာ္မႈ ေနာက္ပိုင္း ရုရွားဧည့္သည္ေတြကို လက္ခံဖို႔ ေၾကာက္ေနၾကတာ ျဖစ္ပါတယ္။

အလားတူပဲ ဖင္လန္ကလည္း ရုရွားရန္ကို စိုးရိမ္တာေၾကာင့္ လံုၿခံဳေရးေကာင္းေကာင္း ေပးႏိုင္တဲ့ NATO အဖြဲ႔မွာ ပူးေပါင္းဖုိ႔ စဥ္းစားလာတာျဖစ္ပါတယ္။ ဖင္လန္ဝန္ႀကီးခ်ဳပ္ Sanna Marin ကေတာ့ လာမယ့္ သီတင္းပတ္ေတြအတြင္းမွာ ဒီကိစၥကို ဆံုးျဖတ္မွာျဖစ္ေၾကာင္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

{{ UNICODE }}

ဆွီဒင်နဲ့ ဖင်လန် NATO ထဲ မပါဝင်ဖို့ ရုရှား ခြိမ်းခြောက်သတိပေး

တကယ်လို့ ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတွေက NATO မဟာမိတ်အဖွဲ့မှာ ပူးပေါင်းမယ်ဆိုရင် ဥရောပအလယ်က အချက်အချာကျတဲ့ အရပ်မှာ ရုရှားက အသံထက်မြန်တဲ့ hypersonic မစ်ဇိုင်းဒုံးတွေနဲ့ နျူကလီယား လက်နက်တွေ ချထားဖို့ လုပ်မှာဖြစ်ကြောင်း ရုရှားက ကြာသပတေးနေ့မှာ သတိပေးလိုက်ပါတယ်။

ရုရှားနဲ့ နယ်စပ်အရှည် မိုင် ၈၁၀ ထိစပ်နေတဲ့ ဖင်လန်ကရော ဆွီဒင်ကပါ အမေရိကန်ဦးဆောင်တဲ့ NATO စစ်မဟာမိတ်အဖွဲ့မှာ ပူးပေါင်းဖို့ စဉ်းစားနေကြတာဖြစ်ပါတယ်။

တကယ်လို့ ဆွီဒင်နဲ့ ဖင်လန်တို့က NATO နဲ့ပူးပေါင်းမယ်ဆိုရင် ရုရှားဘက်က သူ့နယ်မြေအင်အား တောင့်တင်းအောင် လုပ်ဆောင်ရမှာ ဖြစ်ပြီး၊ ပိုလန်နဲ့ Lithuania ကြားက ရုရှားပိုင် Kaliningrad မြို့ရှိရာ ဘောလတစ် ပင်လယ်မှာ ကြည်း၊ ရေ၊ လေ တပ်တွေကို အင်အားတိုးချဲ့မှာ ဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီ ဒုဥက္ကဌ Dmitry Medvedev က ပြောပါတယ်။

ရုရှားနယ်စပ်မှာရှိတဲ့ ဖင်လန်နိုင်ငံ Imatra မြို့ကလေးဟာ လူဦးရေ ၂၆,၀၀၀ လောက် နေထိုင်တဲ့ မြို့ဖြစ်ပြီး ရုရှားခရီးသွားဧည့်သည်တွေ လာလေ့ရှိပေမယ့် အခု ရုရှားက အထူးစစ်ဆင်ရေးလို့ ခေါ်နေတဲ့ အိမ်နီးချင်း ယူကရိန်းကို ဝင်ကျူးကျော်မှု နောက်ပိုင်း ရုရှားဧည့်သည်တွေကို လက်ခံဖို့ ကြောက်နေကြတာ ဖြစ်ပါတယ်။

အလားတူပဲ ဖင်လန်ကလည်း ရုရှားရန်ကို စိုးရိမ်တာကြောင့် လုံခြုံရေးကောင်းကောင်း ပေးနိုင်တဲ့ NATO အဖွဲ့မှာ ပူးပေါင်းဖို့ စဉ်းစားလာတာဖြစ်ပါတယ်။ ဖင်လန်ဝန်ကြီးချုပ် Sanna Marin ကတော့ လာမယ့် သီတင်းပတ်တွေအတွင်းမှာ ဒီကိစ္စကို ဆုံးဖြတ်မှာဖြစ်ကြောင်း ပြောပါတယ်။

XS
SM
MD
LG