သုံးရလွယ်ကူစေသည့် Link များ

site logo
နောက်ဆုံးရသတင်း



Humvee vehicle

ယူကရိန်းအရှေပိုင်းဒေသမှာ ရုရှားက ထိုးစစ်တွေ တိုးမြှင့်လာနေချိန်မှာပဲ၊ ယူကရိန်းတပ်ဖွဲ့တွေနဲ့အတူ တိုက်ခိုက်ပေးနေတဲ့ အမေရိကန်နိုင်ငံသား အသက် ၂၂ နှစ်အရွယ် မရိန်းတပ်သားဟောင်း Willy Joseph Cancel သေဆုံးသွားတဲ့ အတွက် ဝမ်းနည်းကြေကွဲရကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက သောကြာနေ့ မှာ ပြောပါတယ်။

Zawgyi/Unicode







တိုက်ရိုက် လင့်ခ်

##

Unicode

အမေရိကန် မရိန်းတပ်ဖွဲ့ဝင်ဟောင်း ယူကရိန်းစစ်မှာ သေဆုံး

ယူကရိန်းအရှေပိုင်းဒေသမှာ ရုရှားက ထိုးစစ်တွေ တိုးမြှင့်လာနေချိန်မှာပဲ၊ ယူကရိန်းတပ်ဖွဲ့တွေနဲ့အတူ တိုက်ခိုက်ပေးနေတဲ့ အမေရိကန်နိုင်ငံသား အသက် ၂၂ နှစ်အရွယ် မရိန်းတပ်သားဟောင်း Willy Joseph Cancel သေဆုံးသွားတဲ့ အတွက် ဝမ်းနည်းကြေကွဲရကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

သူသေဆုံးကြောင်း သိရတဲ့အတွက် အထူးဝမ်းနည်းရကြောင်းနဲ့ မိသားစုအတွက် လိုအပ်မယ့် အကူညီတွေ ပေးဖို့ လုပ်နေကြောင်း နိုင်ငံခြားရေးဌာနက ပြောခွင့်ရ Jalina Porter က ပြောပါတယ်။ ပုဂ္ဂလိက စစ်ဖက်ဆိုင်ရာ ကန်ထရိုက် ကုမ္ပဏီတခုမှာ အလုပ်လုပ်နေတဲ့ Willy Joseph တနင်္လာနေ့က သေဆုံးသွားတာ ဖြစ်ပြီး ဒါဟာ ရုရှားကျူးကျော်စစ်ကို ခုခံနေတဲ့ ယူကရိန်းမှာ ပါဝင်တိုက်ခိုက်ရင်း ပထမဆုံး အမေရိကန် နိုင်ငံသားတဦး သေဆုံးရတာလည်း ဖြစ်ပါတယ်။

သောကြာနေ့မှာပဲ ပင်တာဂွန် စစ်ဌာနချုပ် ပြောခွင့်ရ John Kirby ကလည်း ရုရှားတပ်တွေဟာ စစ်ရာဇဝတ်ပြစ်မှုတွေ ကျူးလွန်နေတာ သိပ်ထင်ရှားကြောင်း ပြောပါတယ်။ ဒီအတွက် မေးခွန်းထုတ်နေစရာ မလိုကြောင်းနဲ့ ရုရှားတပ်တွေဟာ ယူကရိန်းမှာ ဆေးရုံတွေကို ဗုံးကြဲခဲ့တဲ့ အပြင် ကိုယ်ဝန်ဆောင် တွေကိုလည်း သွေးအေးအေးနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ် လို့ ပြောပါတယ်။

ဒါ့အပြင် ရုရှားသမ္မတ Vladimir Putin ဟာ ယူကရိန်းကို ဝင်ရောက်ကျူးကျော်တာနဲ့ ပတ်သက်ပြီး ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်း မရှိဘူးလို့လည်း ဝေဖန်ပါတယ်။ နာဇီစံနစ်ကြောင့်၊ ယူကရိန်းက ရုရှားတွေကို အကာကွယ်ပေးလိုတာကြောင့် ယူကရိန်းကို တိုက်ခိုက်ရတာလို့ ပြောနေပေမဲ့ ယူကရိန်းက ခြိမ်းခြောက်တဲ့ လုပ်ရပ်ဆိုလို့ ဘာမှမရှိဘူးလို့လည်း ပြောပါတယ်။

တချိန်ထည်းမှာပဲ ယူကရိန်းမှာ လူသားစာနာမှု အကူညီပေးရေး စေတနာ့ဝန်ထမ်း ဆောင်ရွက်နေတဲ့ ဗြိတိန်လုပ်အားပေး ၂ ဦး ယူကရိန်းတောင်ပိုင်း Zaporizhzhia က စစ်ဆေးရေးဂိတ်မှာ ရုရှားစစ်တပ်ရဲ့ ဖမ်းဆီးတာ ခံရကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

XS
SM
MD
LG