သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဘီးလင္းနယ္က ေက်းရြာ စစ္ေကာင္စီေလေၾကာင္းကတိုက္ခိုက္


War refugees in Beelin township, KNLA area of Mon State in Myanmar

ေကအန္ယူ သထုံခ႐ိုင္(တပ္မဟာ ၁ ) ဘီးလင္းၿမိဳ႕ နယ္ထဲက ေလးေကေက်း႐ြာထဲသို႔ ေမလ (၁)ရက္ေန႔က စစ္ေကာင္စီက ေလေၾကာင္းကေန႔ႏွစ္ႀကိမ္ ဗုံးႀကဲတိုက္ခိုက္ခဲ့အတြက္ ေဒသခံေတြရဲ႕အိမ္ေလာင္ခဲ့ၿပီး အဲဒီေဒသမွာစစ္ေဘးဒုကၡသည္၁၀၀၀၀ ေလာက္ ေဘးလြတ္ရာ ကိုထြက္ေျပးတိမ္းေရွာင္ေနပါတယ္။

Zawgyi/Unicode

ေကအန္ယူ ကရင္အမ်ိဳးသားအစည္းအ႐ုံး သထုံခ႐ိုင္(တပ္မဟာ ၁ ) ထိမ္းခ်ဳပ္ရာ ဘီးလင္းၿမိဳ႕ နယ္ထဲက ေလးေကေက်း႐ြာထဲသို႔ ေမလ (၁)ရက္ေန႔က စစ္ေကာင္စီက ေလေၾကာင္းကေန႔ႏွစ္ႀကိမ္ ဗုံးႀကဲတိုက္ခိုက္ခဲ့အတြက္ ေဒသခံေတြရဲ႕အိမ္ ၁၀လုံးထက္မနည္းထိ ခိုက္မီးေလာင္ခဲ့ၿပီး တျခားေန အိမ္ေတြလည္းပ်က္ဆီးခဲ့ပါတယ္။ အဲဒီေဒသမွာေတာ့ စစ္ေဘးဒုကၡသည္၁၀၀၀၀ ေလာက္ဟာ ေဘးလြတ္ရာကိုထြက္ေျပးတိမ္းေရွာင္ေနပါတယ္ ဒီသတင္းကိုဗြီအိုေအသတင္းေထာက္မေအး ေအးမာကသတင္းေပးပို႔ထားပါတယ္။

#

ေကအန္ယူ ကရင္အမ်ိဳးသားအစည္းအ႐ုံး သထုံခ႐ိုင္(တပ္မဟာ ၁ ) ထိမ္းခ်ဳပ္ရာ ဘီးလင္း ၿမိဳ႕နယ္ထဲ က ေလးေကေက်း ႐ြာထဲသို႔ ေမလ (၁)ရက္ေန႔က စစ္ေကာင္စီဘက္က ေလေၾကာင္းနဲ႔ႏွစ္ႀကိမ္ တိုက္ခိုက္မူ႔လုပ္ခဲ့စဥ္အတြင္းမွာ ေဒသခံေတြရဲ႕အိမ္ေတြ ၁၀လုံးထက္မ နည္းထိခိုက္မီး ေလာင္ခဲ့တယ္လို႔ကရင္လူ႔အခြင့္ေရးအဖြဲ႕KHRGကေျပာေရးဆိုခြင့္ရွိသူေစာနႏၵဆူးကအခုလိုေျပာျပပါတယ္။

“ေလယာဥ္နဲ႔ပစ္တာဟုတ္တယ္ အခု အိမ္ေတြကေတာ့ ၁၀အိမ္ေက်ာ္ေလာက္မီးေလာင္တာေပါ့ေနာ္”

စစ္ေကာင္စီအေနနဲ႔ ကရင္လက္နက္ကိုင္ေတြနဲ႔တိုက္ခိုက္မူျဖစ္တိုင္းမွာ ေလၾကာင္းကေန ေဒသခံ အရပ္သားျပည္သူေတြကိုပစ္မွတ္ထားတိုက္ခိုက္မူေတြလုပ္တာဟာစစ္ရာဇဝတ္မူ႔ေျမာက္တယ္လို႔ ကရင္လူ႔ အခြင့္ေရးအဖြဲကဆိုပါတယ္။
“ေလေၾကာင္းတိုက္ခိုက္မူက်ေတာ့ အထူးသျဖင့္အရပ္သားျပည္သူနဲ႔ရန္သူကိုမခြဲျခားပဲနဲ႔အဲ ဒီလို မ်ိဳးတိုက္ခိုက္မူ လုပ္တာကေတာတစ္တခ်က္ကေတာ့စစ္ရာဇဝတ္မူ႔ေျမာက္တာေပါ့ေနာ္ အထူး သျဖင့္ျပည္သူလူထုထိခိုက္ေစမယ့္တိုက္ခိုက္မူ႔မ်ိဳးေတြ ျပည္သူလူထုရဲ ပိုင္ဆိုင္မူ အေဆာက္ အဦးေတြထိခိုက္ရင္ေတာ့စစ္ရာဇဝတ္မူ႔ေျမာက္တယ္၊ ႏွစ္တခ်က္ေတာ့ ႏိုင္ငံတကာလူသားခ်င္း စာနာေထာက္ထားမူ ဥပေဒေတြကိုခ်ိဳးေဖာက္ရာေရာက္တာေပါ့ေနာ္”

ဘီလင္းဘက္မွာေတာ့စစ္ေကာင္စီတပ္ေတြနယ္ျခားေစာင့္BGF ပူးေပါင္းတပ္ဖြဲ႕ေတြနဲ႔ ေကအန္ယူ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ PDF ျပည္သူ႔ကာကြယ္ေရးတပ္ေတြ ႏွစ္ဖက္တိုက္ပြဲ ျဖစ္ေနၿပီး လက္နက္ႀကီးက်ည္ဆံေတြ ဟာဘီးလင္းၿမိဳနယ္ထဲကေက်း႐ြာေတြေပၚက်ေရာက္တာေၾကာင့္ ေက်း႐ြာေပါင္း ၁၀႐ြာလာက္ကေဒသခံ စစ္ေဘးဒုကၡသည္၁၀၀၀၀ ေက်ာ္ဟာ ၿပီးခဲ့တဲ့ တပတ္ေလာက္ကတည္းက ထြက္ေျပးတိမ္းေရွာင္ေနရတာပါ ။ေဒသခံေတြ ထြက္ေျပးေနတဲ့အခ်ိန္မွာ ႐ြာေတြထဲကိုေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္မူေတြလုပ္တာေၾကာင့္ ႐ြာထဲကအိမ္ေတြေပၚကိုက်ၿပီး ေပါက္ကြဲမီးေလာင္မူေတြျဖစ္ခဲ့ပါတယ္

ဘီးလင္းၿမိဳနယ္ထဲက စစ္ေကာင္စီစခန္းေတြျဖစ္တဲ့ေလးေကစခန္းနဲ႔ဝင္းတာပန္စခန္းေတြကို သူတို႔နယ္ ထဲကေန ဧၿပီလ၂၃ရက္ေန႔ ေနာက္ဆုံးထားၿပီး ဆုတ္ခြါေပးဖို႔ ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ဖြဲ႕ -KNDO စာထုတ္ၿပီးေတာင္းဆိုခဲ့ေပမယ့္ စစ္ေကာင္စီဘက္ကေတာ့ဆုတ္ခြါသြားတာမ်ိဳးမရွိပါဘူး ဒီအတြက္ ႏွစ္ဖက္တိုက္ပြဲေတြလည္းျပင္းထန္ေနၿပီး ေဒသခံေက်း႐ြာ၁၀႐ြာေလာက္ကျပည္သူေတြဟာ ေနအိမ္ေတြမွာမေနရဲေတာ့ပဲ ေတာင္ေတာင္ေတြေက်ာက္ဂူေတြၾကားမွာ ပုန္းေအာင္းၿပီးစစ္ေဘးေရွာင္ ေနရတယ္လို႔လည္းလူအခြင့္အေရးအဖြဲ႕အစည္းေတြကေျပာဆိုခဲ့ပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

###

Unicode

ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်(တပ်မဟာ ၁ ) ထိမ်းချုပ်ရာ ဘီးလင်းမြို့ နယ်ထဲက လေးကေကျေးရွာထဲသို့ မေလ (၁)ရက်နေ့က စစ်ကောင်စီက လေကြောင်းကနေ့နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့အတွက် ဒေသခံတွေရဲ့အိမ် ၁၀လုံးထက်မနည်းထိ ခိုက်မီးလောင်ခဲ့ပြီး တခြားနေ အိမ်တွေလည်းပျက်ဆီးခဲ့ပါတယ်။ အဲဒီဒေသမှာတော့ စစ်ဘေးဒုက္ခသည်၁၀၀၀၀ လောက်ဟာဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေပါတယ် ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေး အေးမာကသတင်းပေးပို့ထားပါတယ်။

ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်(တပ်မဟာ ၁ ) ထိမ်းချုပ်ရာ ဘီးလင်း မြို့နယ်ထဲ က လေးကေကျေး ရွာထဲသို့ မေလ (၁)ရက်နေ့က စစ်ကောင်စီဘက်က လေကြောင်းနဲ့နှစ်ကြိမ် တိုက်ခိုက်မူ့လုပ်ခဲ့စဉ်အတွင်းမှာ ဒေသခံတွေရဲ့အိမ်တွေ ၁၀လုံးထက်မ နည်းထိခိုက်မီး လောင်ခဲ့တယ်လို့ကရင်လူ့အခွင့်ရေးအဖွဲ့KHRGကပြောရေးဆိုခွင့်ရှိသူစောနန္ဒဆူးကအခုလိုပြောပြပါတယ်။

“လေယာဉ်နဲ့ပစ်တာဟုတ်တယ် အခု အိမ်တွေကတော့ ၁၀အိမ်ကျော်လောက်မီးလောင်တာပေါ့နော်”

စစ်ကောင်စီအနေနဲ့ ကရင်လက်နက်ကိုင်တွေနဲ့တိုက်ခိုက်မူဖြစ်တိုင်းမှာ လေကြာင်းကနေ ဒေသခံ အရပ်သားပြည်သူတွေကိုပစ်မှတ်ထားတိုက်ခိုက်မူတွေလုပ်တာဟာစစ်ရာဇဝတ်မူ့မြောက်တယ်လို့ ကရင်လူ့ အခွင့်ရေးအဖွဲကဆိုပါတယ်။
“လေကြောင်းတိုက်ခိုက်မူကျတော့ အထူးသဖြင့်အရပ်သားပြည်သူနဲ့ရန်သူကိုမခွဲခြားပဲနဲ့အဲ ဒီလို မျိုးတိုက်ခိုက်မူ လုပ်တာကတောတစ်တချက်ကတော့စစ်ရာဇဝတ်မူ့မြောက်တာပေါ့နော် အထူး သဖြင့်ပြည်သူလူထုထိခိုက်စေမယ့်တိုက်ခိုက်မူ့မျိုးတွေ ပြည်သူလူထုရဲ ပိုင်ဆိုင်မူ အဆောက် အဦးတွေထိခိုက်ရင်တော့စစ်ရာဇဝတ်မူ့မြောက်တယ်၊ နှစ်တချက်တော့ နိုင်ငံတကာလူသားချင်း စာနာထောက်ထားမူ ဥပဒေတွေကိုချိုးဖောက်ရာရောက်တာပေါ့နော်”

ဘီလင်းဘက်မှာတော့စစ်ကောင်စီတပ်တွေနယ်ခြားစောင့်BGF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ကေအန်ယူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် PDF ပြည်သူ့ကာကွယ်ရေးတပ်တွေ နှစ်ဖက်တိုက်ပွဲ ဖြစ်နေပြီး လက်နက်ကြီးကျည်ဆံတွေ ဟာဘီးလင်းမြိုနယ်ထဲကကျေးရွာတွေပေါ်ကျရောက်တာကြောင့် ကျေးရွာပေါင်း ၁၀ရွာလာက်ကဒေသခံ စစ်ဘေးဒုက္ခသည်၁၀၀၀၀ ကျော်ဟာ ပြီးခဲ့တဲ့ တပတ်လောက်ကတည်းက ထွက်ပြေးတိမ်းရှောင်နေရတာပါ ။ဒေသခံတွေ ထွက်ပြေးနေတဲ့အချိန်မှာ ရွာတွေထဲကိုလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မူတွေလုပ်တာကြောင့် ရွာထဲကအိမ်တွေပေါ်ကိုကျပြီး ပေါက်ကွဲမီးလောင်မူတွေဖြစ်ခဲ့ပါတယ်

ဘီးလင်းမြိုနယ်ထဲက စစ်ကောင်စီစခန်းတွေဖြစ်တဲ့လေးကေစခန်းနဲ့ဝင်းတာပန်စခန်းတွေကို သူတို့နယ် ထဲကနေ ဧပြီလ၂၃ရက်နေ့ နောက်ဆုံးထားပြီး ဆုတ်ခွါပေးဖို့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ -KNDO စာထုတ်ပြီးတောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီဘက်ကတော့ဆုတ်ခွါသွားတာမျိုးမရှိပါဘူး ဒီအတွက် နှစ်ဖက်တိုက်ပွဲတွေလည်းပြင်းထန်နေပြီး ဒေသခံကျေးရွာ၁၀ရွာလောက်ကပြည်သူတွေဟာ နေအိမ်တွေမှာမနေရဲတော့ပဲ တောင်တောင်တွေကျောက်ဂူတွေကြားမှာ ပုန်းအောင်းပြီးစစ်ဘေးရှောင် နေရတယ်လို့လည်းလူအခွင့်အရေးအဖွဲ့အစည်းတွေကပြောဆိုခဲ့ပါတယ်ရှင်။

XS
SM
MD
LG