သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဘားအံလမ္းေပၚက ရဲဂိတ္စခန္း KNU နဲ႔ ပူးေပါင္းအဖဲြ႕ေတြတိုက္ခိုက္


၂၀၂၂၊ ဧၿပီလတြင္း စစ္ေကာင္စီတပ္နဲ့ KNU တပ္မ်ားတိုက္ပဲြျဖစ္ေနပံု( KIC/CJ)

ကရင္ျပည္နယ္ ေကအန္ယူ တပ္မဟာ(၁) နယ္ေျမအတြင္းက စစ္ေကာင္စီရဲ ရဲကင္းဂိတ္ကို ဧျပီလ ၁၉ရက္ေန႔က ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ KNLA တပ္မဟာ(၁)နဲ႔ ပူးေပါင္းတပ္ဖဲြ႔ေတြက ၀င္ေရာက္တုိက္ခိုက္တာေႀကာင့္ ရဲ(၆)ဦး ေသဆံုးေႀကာင္း ေကအန္ယူ ကေျပာပါတယ္ ။ ဒီသတင္းကို ဗြီအိုေအ သတင္းေထာက္မေအးေအးမာ က သတင္းေပးပုိ႔ထားပါတယ္။

ဘားအံလမ္းေပၚက ရဲဂိတ္စခန္း KNU နဲ႔ ပူးေပါင္းအဖဲြ႕ေတြတိုက္ခိုက္

{{Zawgyi/Unicode}}
ကရင္ျပည္နယ္ ဘားအံျမိဳ႕ သထံုခရိုင္ ေကအန္ယူ တပ္မဟာ(၁) နယ္ေျမအတြင္းက စစ္ေကာင္စီရဲ ႔၀ါးဘုိးေတာလမ္းဆံု ရဲကင္းဂိတ္ကို ဧျပီလ ၁၉ရက္ေန႔က ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ KNLA တပ္မဟာ(၁)နဲ႔ ပူးေပါင္းတပ္ဖဲြ႔ေတြက ၀င္ေရာက္တုိက္ခိုက္တာေႀကာင့္ ရဲ(၆)ဦး ေသဆံုးေႀကာင္း ေကအန္ယူ ကေျပာပါတယ္ ။ ဒီသတင္းကို ဗြီအိုေအ သတင္းေထာက္မေအးေအးမာ က သတင္းေပးပုိ႔ထားပါတယ္။

ကရင္ျပည္နယ္ ဘားအံျမိဳ႔ သထံုခရိုင္အတြင္းက စစ္ေကာင္စီရဲ ႔၀ါးဘုိးေတာလမ္းဆံု ရဲကင္းဂိတ္ကို ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ KNLA တပ္မဟာ(၁)နဲ့ PDF ပူးေပါင္းတပ္ဖဲြကေတြ ဧျပီလ ၁၉ရက္ မနက္ပိုင္းမွာ ၀င္ေရာက္တုိက္ခိုက္ခဲ့တဲ့အေႀကာင္း ေကအန္ယူ တပ္မဟာ(၁) သထံုခရိုင္ အတြင္းေရးမွူ းဖဒုိေစာစိုးျမင့္ က အခုလိုေျပာပါတယ္။

"သထံုခရိုင္နဲ့ ဘားအံျမိဳနယ္ထဲမွာေပ့ါ။ ကမေမာင္းလမ္းဆံုနဲ ့ရန္ကုန္ ဘားအံလမ္းဆံုမွာ မနက္ ၈နာရီမွာ က်ေနာ္တို့ KNLA နဲ့ ပူးေပါင္းတပ္ဖဲြ ့ေတြက သြား၀င္ပစ္တာပါ။ အဲဒီမွာ က်ေနာ္တုိ့ ေခၚတာေတာ့ ၀ါးဘုိးေတာလို့ ေခၚတယ္။ ရန္သူဘက္က ၆ေယာက္က်တယ္။ က်ေနာ္တုိ့ကေတာ့ ေသနတ္၅လက္ရတယ္ ။ တိုက္ပဲြျဖစ္ျပီး ၉နာရီ ၁၀နာရီေလာက္ကေတာ့ စစ္ေကာင္စီတပ္ေတြ၀င္လာျပီး ေသနတ္ေတြ ရမ္သမ္းပစ္တယ္။ လမ္းေတြကိုပိတ္ထားတယ္"

၀ါးဘုိေတာ ရဲဂိတ္ကိုေတာ့ နယ္ေျမခံ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ တပ္မဟာ(၁)နဲ့ ျပည္သူ့ကာကြယ္ေရးတပ္ဖဲြ ့PDF ေတြက ကားနဲ့၀င္ေရာက္ပစ္ခတ္ခဲ့တာလို့ဆုိပါတယ္။ ပစ္ခတ္မူေတြျဖစ္ျပီး အဲဒီဂိတ္အနီးမွာ မုိင္းကဲြတာေတြထပ္ျဖစ္တယ္လုိ့ ေဒသခံေတြကဆိုပါတယ္ ။ အဲဒီ၀ါးဘိုးေတာကင္းစခန္း ကေတာ့ စစ္သားေတြနဲ့ ရဲေတြေစာင့္ႀကပ္ျပီး ေဒသခံေတြသြားလာတဲ့အခါ စစ္ေဆးေမးျမန္းတာေတြလုပ္တယ္လို့ိဆိုပါတယ္။

ေကအန္ယူ တပ္မဟာ(၁) ထိမ္းခ်ဳပ္ရာေနရာေတြမွာ ဧျပီလအတြင္းမွာ တိုက္ပဲြ ၅ႀကိမ္ထက္မနည္းျဖစ္ခဲ့ျပီး စစ္ေကာင္စီတပ္ေတြကေတာ့ ဧျပီလ ၁၈ရက္နဲ့ ၁၉ရက္ေန့ေတြမွာ ေဒသခံေတြရဲ ့ရြာေတြထဲကို လက္နက္ႀကီးေတြ ပစ္ခတ္မူေတြရွိတယ္လို့ ေကအန္ယူကဆုိပါတယ္။

" အဲဒီအနီးတ၀ိုက္မွာက်ေတာ့ ျပည္သူလူထုေတြရဲ့အိမ္ေတြ၀င္တယ္။ တက္တယ္။ ပစၥည္းေတြယူတယ္။ အိမ္ေတြျဖိဳတယ္။ ေကအန္ယူကေနာက္ထပ္ ပစ္ရင္ေတာ့ ရြာေတြမီးရွို့မယ္ေျပာတယ္ ။ မေန့တုန္းကလည္း လက္နက္ႀကီးေတြပစ္တယ္ ။ ခမရ ၉ကပစ္တယ္။ ရြာေတြထဲကုိလက္နက္ႀကီးေတြက်တာေပါ့ေနာ္။ ေနာက္ဒီေန့ထပ္ပစ္တယ္္"

ကရင္ျပည္ ဘားအံျမိဳအတြင္းက စစ္ေကာင္စီရဲ ့၀ါးဘိုးေတာ ရဲဂိတ္ ပစ္ခတ္ခံရမူနဲ့ ပတ္သက္လုိ့ စစ္ေကာင္စီဘက္ကေတာ့ သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။

မြန္ျပည္နယ္ က်ိဳက္ထိုၿမိဳ႕နယ္ထဲက က်ိဳက္ထိုျမိဳ ့ အေရွ့ဘက္ ၁၀မိုင္ေလာက္အကြာအေ၀း ေလာက္မွာရွိတဲ့ မုပၸလင္ ေက်းရြာအုပ္စု မုပၸလင္လမ္းဆုံမွာ မတ္လ၃၁ရက္ေန့ မနက္ပိုင္းက ကရင္အမ်ိဳးသားလြတ္ ေျမာက္ေရးတပ္မေတာ္-KNLA တပ္မဟာ-၁ နဲ႔ ျပည္သူကာကြယ္ေရး PDF အဖဲြ႔ေတြက မုပၸလင္စစ္ေကာင္စီဂိတ္ကို ၀င္ေရာက္တို္က္ခို္က္ခဲ့တာလည္းျဖစ္ခဲ့ပါတယ္

မတ္လ ၂၉ ရက္ေန႔ကလည္း သထုံ-ဘီးလင္း လမ္းမ ေ႐ႊေရာင္ျပေက်း႐ြာအနီးမွာေတာ့ စစ္ေကာင္စီနဲ့ ေကအန္ယူ ႏွစ္ဖက္တိုက္ပဲြျဖစ္တဲ့အတြက္ လမ္းမတေလွ်ာက္ ခရီးသြားျပည္သူမ်ား ကို စစ္ေကာင္စီဘက္က ပစ္ခတ္တာေႀကာင့္ အသက္မျပည့္ေသးတဲ့ သထံုျမိဳ့က ကေလး၂ ဦးေသဆံုးခဲ့ပါတယ္။

ကရင္ျပည္နယ္ ဘားအံ၊ ႀကာအင္းဆိပ္ႀကီး၊ ေကာ့ကရိတ္ နဲ့ မြန္ျပည္နယ္ က်ိဳက္ထို၊ သိမ္ဇရပ္၊ ဘီးလင္း၊ မုပၸလင္ေက်း႐ြာ လမ္းမေတြေပၚမွာ စစ္ေကာင္စီတပ္ေတြ နဲ့ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္နဲ႔ ျပည္သူ့ကာကြယ္ေရး ပူးေပါင္းတပ္ေတြ မၾကာခဏ တိုက္ပြဲေတြ႐ွိေနတယ္လို႔ KNU ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

............................................................................

ဘားအံလမ်းပေါ်က ရဲဂိတ်စခန်း KNU နဲ့ ပူးပေါင်းအဖွဲ့တွေတိုက်ခိုက်

{{Zawgyi/Unicode}}
ကရင်ပြည်နယ် ဘားအံမြို့ သထုံခရိုင် ကေအန်ယူ တပ်မဟာ(၁) နယ်မြေအတွင်းက စစ်ကောင်စီရဲ့ဝါးဘိုးတောလမ်းဆုံ ရဲကင်းဂိတ်ကို ဧပြီလ ၁၉ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA တပ်မဟာ(၁)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာကြောင့် ရဲ(၆)ဦး သေဆုံးကြောင်း ကေအန်ယူ ကပြောပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက်မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့ သထုံခရိုင်အတွင်းက စစ်ကောင်စီရဲ့ဝါးဘိုးတောလမ်းဆုံ ရဲကင်းဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA တပ်မဟာ(၁)နဲ့ PDF ပူးပေါင်းတပ်ဖွဲကတွေ ဧပြီလ ၁၉ရက် မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အကြောင်း ကေအန်ယူ တပ်မဟာ(၁) သထုံခရိုင် အတွင်းရေးမှူ းဖဒိုစောစိုးမြင့် က အခုလိုပြောပါတယ်။

"သထုံခရိုင်နဲ့ ဘားအံမြိုနယ်ထဲမှာပေ့ါ။ ကမမောင်းလမ်းဆုံနဲ့ရန်ကုန် ဘားအံလမ်းဆုံမှာ မနက် ၈နာရီမှာ ကျနော်တို့ KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သွားဝင်ပစ်တာပါ။ အဲဒီမှာ ကျနော်တို့ ခေါ်တာတော့ ဝါးဘိုးတောလို့ ခေါ်တယ်။ ရန်သူဘက်က ၆ယောက်ကျတယ်။ ကျနော်တို့ကတော့ သေနတ်၅လက်ရတယ် ။ တိုက်ပွဲဖြစ်ပြီး ၉နာရီ ၁၀နာရီလောက်ကတော့ စစ်ကောင်စီတပ်တွေဝင်လာပြီး သေနတ်တွေ ရမ်သမ်းပစ်တယ်။ လမ်းတွေကိုပိတ်ထားတယ်"

ဝါးဘိုတော ရဲဂိတ်ကိုတော့ နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် တပ်မဟာ(၁)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PDF တွေက ကားနဲ့ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။ ပစ်ခတ်မူတွေဖြစ်ပြီး အဲဒီဂိတ်အနီးမှာ မိုင်းကွဲတာတွေထပ်ဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ် ။ အဲဒီဝါးဘိုးတောကင်းစခန်း ကတော့ စစ်သားတွေနဲ့ ရဲတွေစောင့်ကြပ်ပြီး ဒေသခံတွေသွားလာတဲ့အခါ စစ်ဆေးမေးမြန်းတာတွေလုပ်တယ်လို့ိဆိုပါတယ်။

ကေအန်ယူ တပ်မဟာ(၁) ထိမ်းချုပ်ရာနေရာတွေမှာ ဧပြီလအတွင်းမှာ တိုက်ပွဲ ၅ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်တွေကတော့ ဧပြီလ ၁၈ရက်နဲ့ ၁၉ရက်နေ့တွေမှာ ဒေသခံတွေရဲ့ရွာတွေထဲကို လက်နက်ကြီးတွေ ပစ်ခတ်မူတွေရှိတယ်လို့ ကေအန်ယူကဆိုပါတယ်။

" အဲဒီအနီးတဝိုက်မှာကျတော့ ပြည်သူလူထုတွေရဲ့အိမ်တွေဝင်တယ်။ တက်တယ်။ ပစ္စည်းတွေယူတယ်။ အိမ်တွေဖြိုတယ်။ ကေအန်ယူကနောက်ထပ် ပစ်ရင်တော့ ရွာတွေမီးရှို့မယ်ပြောတယ် ။ မနေ့တုန်းကလည်း လက်နက်ကြီးတွေပစ်တယ် ။ ခမရ ၉ကပစ်တယ်။ ရွာတွေထဲကိုလက်နက်ကြီးတွေကျတာပေါ့နော်။ နောက်ဒီနေ့ထပ်ပစ်တယ်"

ကရင်ပြည် ဘားအံမြိုအတွင်းက စစ်ကောင်စီရဲ့ဝါးဘိုးတော ရဲဂိတ် ပစ်ခတ်ခံရမူနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲက ကျိုက်ထိုမြို့ အရှေ့ဘက် ၁၀မိုင်လောက်အကွာအဝေး လောက်မှာရှိတဲ့ မုပ္ပလင် ကျေးရွာအုပ်စု မုပ္ပလင်လမ်းဆုံမှာ မတ်လ၃၁ရက်နေ့ မနက်ပိုင်းက ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-KNLA တပ်မဟာ-၁ နဲ့ ပြည်သူကာကွယ်ရေး PDF အဖွဲ့တွေက မုပ္ပလင်စစ်ကောင်စီဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ခဲ့ပါတယ်

မတ်လ ၂၉ ရက်နေ့ကလည်း သထုံ-ဘီးလင်း လမ်းမ ရွှေရောင်ပြကျေးရွာအနီးမှာတော့ စစ်ကောင်စီနဲ့ ကေအန်ယူ နှစ်ဖက်တိုက်ပွဲဖြစ်တဲ့အတွက် လမ်းမတလျှောက် ခရီးသွားပြည်သူများ ကို စစ်ကောင်စီဘက်က ပစ်ခတ်တာကြောင့် အသက်မပြည့်သေးတဲ့ သထုံမြို့က ကလေး၂ ဦးသေဆုံးခဲ့ပါတယ်။

ကရင်ပြည်နယ် ဘားအံ၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ် နဲ့ မွန်ပြည်နယ် ကျိုက်ထို၊ သိမ်ဇရပ်၊ ဘီးလင်း၊ မုပ္ပလင်ကျေးရွာ လမ်းမတွေပေါ်မှာ စစ်ကောင်စီတပ်တွေ နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ မကြာခဏ တိုက်ပွဲတွေရှိနေတယ်လို့ KNU ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG