သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ရုရွားအေပၚ မွီခိုရမႈ ေလ်ာ႔နည္းေအာင္ ဂ်ပန္ ႏ်ဴကလီယားစြမ္းအင္ ပိုထုတ္မည္


ဂ်ပန္ႏိုင္ငံ ဖူကူရွီးမား ဒိုင္းအိခ်ိ ႏူကလီးယားစက္ရုံ (March 17, 2022. (Kyodo/via Reuters))

[[ ZAWGYI / UNICODE ]]

ရုရွားအေပၚ မွီခိုရမႈ ေလ်ာ႔နည္းေအာင္ ဂ်ပန္ ႏ်ဴကလီယားစြမ္းအင္ ပိုထုတ္မည္

႐ုရွားအေပၚ စြမ္းအင္အတြက္ မွီခိုေနရတာေတြကို ေလွ်ာ့ခ်ရာမွာ ဂ်ပန္ႏိုင္ငံနဲ႔ တျခားႏိုင္ငံေတြကိုပါ ကူညီႏိုင္ေအာင္ ႏ်ဴကလီးယား စြမ္းအင္ ပိုမိုထုတ္လုပ္ သုံးစဲြမယ့္အေၾကာင္း ဂ်ပန္၀န္ႀကီးခ်ဳပ္ Fumio Kishida ကေျပာလိုက္ပါတယ္။

၂၀၁၁ ခုႏွစ္က ငလ်င္နဲ႔ ဆူနာမီေရလႈိင္းဒဏ္ေၾကာင့္ ဖူကူရွီမား ႏ်ဴကလီးယား စက္႐ုံမွာ ဓာတ္ေငြ႕ယိုစိမ့္မႈေတြ ၾကံဳခဲ့ရၿပီးေနာက္၊ ႏ်ဴကလီးယား ဓာတ္အားေပး စက္႐ုံေတြကို ပိတ္ခဲ့တဲ့ ဂ်ပန္ႏိုင္ငံဟာ ႐ုရွားက ဓာတ္ေငြ႕တင္ပို႔မႈေတြကို ပိုမို အားထားလာခဲ့တာပါ။

ဒါေပမဲ့လည္း ဇူလိုင္လထဲ ေရြးေကာက္ပဲြေတြ က်င္းပဖို႔ရွိေနတဲ့ ဂ်ပန္ႏိုင္ငံမွာ စြမ္းအင္အတြက္ ကုန္က်စရိတ္ေတြ ျမင့္တက္လာတာေၾကာင့္ မဲဆႏၵရွင္ေတြ အက်ပ္အတည္း ၾကံဳေနရခ်ိန္မွာပဲ အနာဂတ္ စြမ္းအင္ဆိုင္ရာ မူဝါဒေတြမွာ ႏ်ဴကလီးယားစြမ္းအင္ဟာ တစိတ္တပိုင္း ပါ၀င္မွာျဖစ္ေၾကာင္း ၀န္ႀကီးခ်ဳပ္က ေျပာလိုက္တာလည္း ျဖစ္ပါတယ္။

ဂ်ပန္ႏိုင္ငံ စြမ္းအင္ ဖူလုံေရးမွာ အားနည္းခ်က္ေတြကို ေျဖရွင္းရာမွာ စြမ္းအင္၀ယ္ယူႏိုင္မယ့္ ေနရာေတြကို တိုးခ်ဲ႕ဖို႔၊ ျပန္ျပည့္ၿဖိဳးၿမဲ စြမ္းအင္ေတြကို သုံးစဲြဖို႔နဲ႔ ႏ်ဴကလီးယား စြမ္းအင္ကို သုံးစဲြဖို႔ ပါ၀င္မွာျဖစ္ေၾကာင္း ေျပာဆိုခဲ့တာပါ။ ႐ုရွားစြမ္းအင္အေပၚ မွီခိုေနရတာကို ေလွ်ာ့ခ်ဖို႔ ကမာၻတလႊား ႀကိဳးပမ္းမႈေတြကို ကူညီရာမွာ ႏ်ဴကလီးယား ဓာတ္အားေပး စက္႐ုံေတြကို ေဘးအႏၲရာယ္ကင္းကင္း အသုံးခ်သြားမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

လက္ရွိ ႏ်ဴကလီးယား စက္႐ုံေတြထဲက တခုကိုပဲ ျပန္လည္ပတ္မယ္ဆိုရင္ သဘာ၀ဓာတ္ေငြ႕ရည္ တန္ခ်ိန္ ၁ သန္းနဲ႔ ညီမွ်တဲ့ စြမ္းအင္ေတြကို ကမာၻ႔ေစ်းကြက္အတြက္ ထုတ္လုပ္ေပးႏိုင္မွာ ျဖစ္ေၾကာင္းလည္း ဂ်ပန္၀န္ႀကီးခ်ဳပ္က ေျပာပါတယ္။ အႀကီးအက်ယ္ ထိခိုက္ပ်က္စီးမႈေတြ ၾကံဳခဲ့ရတဲ့ ဖူကူရွီမား ႏ်ဴကလီးယား စက္႐ုံ မေတာ္တဆမႈေၾကာင့္ ဂ်ပန္ႏိုင္ငံမွာ ႏ်ဴကလီးယားစြမ္းအင္ သုံးစဲြေရး အစီအစဥ္ကို လက္ခံဖို႔ ခက္ခဲေနဆဲျဖစ္ၿပီး၊ လက္ရွိ စက္႐ုံအေဟာင္း ၃၀ ေလာက္အနက္ အနည္းအက်ဥ္းေလာက္သာ လည္ပတ္ေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

========================

{{ UNICODE }}

ရုရှားအပေါ် မှီခိုရမှု လျော့နည်းအောင် ဂျပန် နျူကလီယားစွမ်းအင် ပိုထုတ်မည်

ရုရှားအပေါ် စွမ်းအင်အတွက် မှီခိုနေရတာတွေကို လျှော့ချရာမှာ ဂျပန်နိုင်ငံနဲ့ တခြားနိုင်ငံတွေကိုပါ ကူညီနိုင်အောင် နျူကလီးယား စွမ်းအင် ပိုမိုထုတ်လုပ် သုံးစွဲမယ့်အကြောင်း ဂျပန်ဝန်ကြီးချုပ် Fumio Kishida ကပြောလိုက်ပါတယ်။

၂၀၁၁ ခုနှစ်က ငလျင်နဲ့ ဆူနာမီရေလှိုင်းဒဏ်ကြောင့် ဖူကူရှီမား နျူကလီးယား စက်ရုံမှာ ဓာတ်ငွေ့ယိုစိမ့်မှုတွေ ကြုံခဲ့ရပြီးနောက်၊ နျူကလီးယား ဓာတ်အားပေး စက်ရုံတွေကို ပိတ်ခဲ့တဲ့ ဂျပန်နိုင်ငံဟာ ရုရှားက ဓာတ်ငွေ့တင်ပို့မှုတွေကို ပိုမို အားထားလာခဲ့တာပါ။

ဒါပေမဲ့လည်း ဇူလိုင်လထဲ ရွေးကောက်ပွဲတွေ ကျင်းပဖို့ရှိနေတဲ့ ဂျပန်နိုင်ငံမှာ စွမ်းအင်အတွက် ကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့် မဲဆန္ဒရှင်တွေ အကျပ်အတည်း ကြုံနေရချိန်မှာပဲ အနာဂတ် စွမ်းအင်ဆိုင်ရာ မူဝါဒတွေမှာ နျူကလီးယားစွမ်းအင်ဟာ တစိတ်တပိုင်း ပါဝင်မှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောလိုက်တာလည်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ စွမ်းအင် ဖူလုံရေးမှာ အားနည်းချက်တွေကို ဖြေရှင်းရာမှာ စွမ်းအင်ဝယ်ယူနိုင်မယ့် နေရာတွေကို တိုးချဲ့ဖို့၊ ပြန်ပြည့်ဖြိုးမြဲ စွမ်းအင်တွေကို သုံးစွဲဖို့နဲ့ နျူကလီးယား စွမ်းအင်ကို သုံးစွဲဖို့ ပါဝင်မှာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။ ရုရှားစွမ်းအင်အပေါ် မှီခိုနေရတာကို လျှော့ချဖို့ ကမ္ဘာတလွှား ကြိုးပမ်းမှုတွေကို ကူညီရာမှာ နျူကလီးယား ဓာတ်အားပေး စက်ရုံတွေကို ဘေးအန္တရာယ်ကင်းကင်း အသုံးချသွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

လက်ရှိ နျူကလီးယား စက်ရုံတွေထဲက တခုကိုပဲ ပြန်လည်ပတ်မယ်ဆိုရင် သဘာဝဓာတ်ငွေ့ရည် တန်ချိန် ၁ သန်းနဲ့ ညီမျှတဲ့ စွမ်းအင်တွေကို ကမ္ဘာ့ဈေးကွက်အတွက် ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ကြောင်းလည်း ဂျပန်ဝန်ကြီးချုပ်က ပြောပါတယ်။ အကြီးအကျယ် ထိခိုက်ပျက်စီးမှုတွေ ကြုံခဲ့ရတဲ့ ဖူကူရှီမား နျူကလီးယား စက်ရုံ မတော်တဆမှုကြောင့် ဂျပန်နိုင်ငံမှာ နျူကလီးယားစွမ်းအင် သုံးစွဲရေး အစီအစဉ်ကို လက်ခံဖို့ ခက်ခဲနေဆဲဖြစ်ပြီး၊ လက်ရှိ စက်ရုံအဟောင်း ၃၀ လောက်အနက် အနည်းအကျဉ်းလောက်သာ လည်ပတ်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG