သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

တိုင္းရင္းသားအင္အားစုတခ်ိဳ႕ လိုခ်င္တဲ႔ ေဆြးေႏြးပံုစံ ထုတ္ျပန္ေၾကညာ


KNU တပ္ဖြဲ႔ဝင္မ်ား

လက္ရွိတုိင္းျပည္ရင္ဆုိင္ေနရတဲ့အၾကပ္အတည္းကုိ ေတြ့ဆုံေဆြးအေျဖရွာမယ္ဆုိရင္၊ စစ္ေကာင္စီရဲ႔ထုိးစစ္အားလုံးအျမန္ဆုံးရပ္ဆုိင္ဆုိင္းၿပီး၊ ပါသင့္ပါထုိက္တဲ့ အင္အားစု ေတြအကုန္ပါ၀င္ဖုိ႔လုိအပ္ေၾကာင္း၊ KNU၊ KNPP၊ ႏွင့္ CNF တုိင္းရင္းသားလက္ ႏွက္ကုိင္အဖဲြ႔ ၃ ဖဲြ႔က ေမလ ၉ ရက္ေန့မွာပူးတဲြေၾကျငာခ်က္ထုတ္ျပန္လုိက္ပါတယ္။

Zawgyi/ Unicode

တိုင္းရင္းသားအင္အားစုတခ်ိဳ႕ လိုခ်င္တဲ႔ ေဆြးေႏြးပံုစံ ထုတ္ျပန္ေၾကညာ

လက္ရွိတိုင္းျပည္ရင္ဆိုင္ေနရတဲ့အၾကပ္အတည္းကို ေတြ႕ဆုံေဆြးအေျဖရွာမယ္ဆိုရင္၊ စစ္ေကာင္စီရဲ႕ထိုးစစ္အားလုံးအျမန္ဆုံးရပ္ဆိုင္ဆိုင္းၿပီး၊ ပါသင့္ပါထိုက္တဲ့ အင္အားစု ေတြအကုန္ပါဝင္ဖို႔လိုအပ္ေၾကာင္း၊ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU၊ ကရင္နီအမ်ိဳး သားတိုးတက္ေရးပါတီ KNPP၊ ႏွင့္ခ်င္းအမ်ိဳးသားတပ္ဦး CNF တိုင္းရင္းသားလက္ ႏွက္ကိုင္အဖြဲ႕ ၃ ဖြဲ႕က ေမလ ၉ ရက္ေန႔မွာပူးတြဲေၾကျငာခ်က္ထုတ္ျပန္ၿပီး အာဏာ သိမ္းစစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႈးႀကီးမင္းေအာင္လႈိင္ကေတြ႕ဆုံေဆြးေႏြးဖို႔ ကမ္းလွမ္းထားခ်က္ကိုတုန႔္ျပန္လိုက္ပါတယ္။

ျပည္ေထာင္စုျပႆနာကို ႏိုင္ငံေရးအရေတြ႕ဆုံေဆြးေႏြးအေျဖရွာဖို႔ တိုင္းရင္းသား လက္ႏွက္ကိုင္အဖြဲ႕ေတြကအစဥ္တစိုက္ေတာင္းဆိုတိုက္တြန္းခဲ့ေၾကာင္း။ ဒါေပမယ့္ လက္ရွိႏိုင္ငံေရးအၾကပ္အတည္းကိုေျဖရွင္းဖို႔အတြက္ဆိုရင္ အဓိပၸါျပည္ဝတဲ့ေတြ႕ဆုံ ေဆြးေႏြးေရးကိုေဖၚေဆာင္ႏိုင္ဖို႔အတြက္ ထိုးစစ္ေတြအျမန္ဆုံးရပ္ၿပီး၊ ပါဝင္သင့္သူ အားလုံးပါဝင္ဖို႔နဲ႔၊ စစ္ေဘးသင့္ျပည္သူေတြကို ႏိုင္ငံတကာကေန လြတ္လပ္စြာကူညီ ေထာက္ပံ့ခြင့္ေပးဖို႔ စတာေတြကိုလုပ္ေဆာင္ဖို႔လိုမယ္လို႔ အဲဒိလက္ႏွက္ကိုင္အဖြဲ႕ ၃ ဖြဲ႕ ကတိုက္တြန္းထားပါတယ္။

ကုလသမဂၢနဲ႔ ႏိုင္ငံတကာအသိုင္းအဝိုင္းကၾကားဝင္ေစ့စပ္ေပးၿပီး စစ္မွန္မွ်တတဲ့ေတြ႕ ဆုံေဆြးေႏြးေရးကေနတဆင့္ အားလုံးေမွ်ာ္မွန္တဲ့ ဖက္ဒရယ္ျပည္ေထာင္စုတည္ ေဆာက္ေရးကိုဦးတည္သြားႏိုင္မွာျဖစ္တယ္လို႔ ဆက္လက္ေဖၚျပထားပါတယ္။

KNU ကရင္အမ်ိဳးသားအစည္းအ႐ုံးတဖြဲ႕ထဲသီးျခားထုတ္ျပန္ခ်က္မွာေတာ့ ယုံၾကည္မႈတ ည္ေဆာက္ႏိုင္ဖို႔အတြက္ စစ္ေကာင္စီအေနနဲ႔ျပည္သူလူထုကိုေလးစားတန္ဘိုးထားဖို႔နဲ႔ စစ္ပြဲမ်ား၊ အၾကမ္းဖက္တိုက္ခိုက္မႈမ်ား၊ ဖမ္းဆီးညႇင္းပန္းႏွိပ္စက္မႈမ်ား၊ ေက်း႐ြာေတြ ကိုမီးရႈိ႕ဖ်က္စီးျခင္းမ်ား၊ လက္ႏွက္ႀကီးမ်ားနဲ႔ပစ္ခတ္မႈမ်ား၊ ေလယဥ္ျဖင့္ဗုံးႀကဲတိုက္ခိုက္ ျခင္းမ်ားကိုရပ္တန႔္ရမည္လို႔ ေဖၚျပထားပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းကေတာ့ KNU ၿငိမ္းခ်မ္းေရးေကာင္စီ၊ DKBA ကရင္လက္ႏွက္ ကိုင္အဖြဲ႕၊ NMSP မြန္ျပည္သစ္ပါတီ နဲ႔ ALD ရခိုင္အဖြဲ႕ ေလးဖြဲ႕ကေတာ့ စစ္ေကာင္စီက ဖိတ္ေခၚတဲ့ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲတက္မယ္လို႔ေျပာဆိုထားပါတယ္။ KIO ကခ်င္လြတ္ ေျမာက္ေရးအဖြဲ႕ကေတာ့ စစ္ေကာင္စီရဲ႕ကမ္းလွမ္းခ်က္ကိုပယ္ခ်ထားပါတယ္။

#

တိုက္႐ိုက္ လင့္ခ္

Unicode

တိုင်းရင်းသားအင်အားစုတချို့ လိုချင်တဲ့ ဆွေးနွေးပုံစံ ထုတ်ပြန်ကြေညာ

လက်ရှိတိုင်းပြည်ရင်ဆိုင်နေရတဲ့အကြပ်အတည်းကို တွေ့ဆုံဆွေးအဖြေရှာမယ်ဆိုရင်၊ စစ်ကောင်စီရဲ့ထိုးစစ်အားလုံးအမြန်ဆုံးရပ်ဆိုင်ဆိုင်းပြီး၊ ပါသင့်ပါထိုက်တဲ့ အင်အားစု တွေအကုန်ပါဝင်ဖို့လိုအပ်ကြောင်း၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီအမျိုး သားတိုးတက်ရေးပါတီ KNPP၊ နှင့်ချင်းအမျိုးသားတပ်ဦး CNF တိုင်းရင်းသားလက် နှက်ကိုင်အဖွဲ့ ၃ ဖွဲ့က မေလ ၉ ရက်နေ့မှာပူးတွဲကြေငြာချက်ထုတ်ပြန်ပြီး အာဏာ သိမ်းစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကတွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းထားချက်ကိုတုန့်ပြန်လိုက်ပါတယ်။

ပြည်ထောင်စုပြဿနာကို နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးအဖြေရှာဖို့ တိုင်းရင်းသား လက်နှက်ကိုင်အဖွဲ့တွေကအစဉ်တစိုက်တောင်းဆိုတိုက်တွန်းခဲ့ကြောင်း။ ဒါပေမယ့် လက်ရှိနိုင်ငံရေးအကြပ်အတည်းကိုဖြေရှင်းဖို့အတွက်ဆိုရင် အဓိပ္ပါပြည်ဝတဲ့တွေ့ဆုံ ဆွေးနွေးရေးကိုဖေါ်ဆောင်နိုင်ဖို့အတွက် ထိုးစစ်တွေအမြန်ဆုံးရပ်ပြီး၊ ပါဝင်သင့်သူ အားလုံးပါဝင်ဖို့နဲ့၊ စစ်ဘေးသင့်ပြည်သူတွေကို နိုင်ငံတကာကနေ လွတ်လပ်စွာကူညီ ထောက်ပံ့ခွင့်ပေးဖို့ စတာတွေကိုလုပ်ဆောင်ဖို့လိုမယ်လို့ အဲဒိလက်နှက်ကိုင်အဖွဲ့ ၃ ဖွဲ့ ကတိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကကြားဝင်စေ့စပ်ပေးပြီး စစ်မှန်မျှတတဲ့တွေ့ ဆုံဆွေးနွေးရေးကနေတဆင့် အားလုံးမျှော်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးကိုဦးတည်သွားနိုင်မှာဖြစ်တယ်လို့ ဆက်လက်ဖေါ်ပြထားပါတယ်။

KNU ကရင်အမျိုးသားအစည်းအရုံးတဖွဲ့ထဲသီးခြားထုတ်ပြန်ချက်မှာတော့ ယုံကြည်မှုတ ည်ဆောက်နိုင်ဖို့အတွက် စစ်ကောင်စီအနေနဲ့ပြည်သူလူထုကိုလေးစားတန်ဘိုးထားဖို့နဲ့ စစ်ပွဲများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ဖမ်းဆီးညှင်းပန်းနှိပ်စက်မှုများ၊ ကျေးရွာတွေ ကိုမီးရှို့ဖျက်စီးခြင်းများ၊ လက်နှက်ကြီးများနဲ့ပစ်ခတ်မှုများ၊ လေယဉ်ဖြင့်ဗုံးကြဲတိုက်ခိုက် ခြင်းများကိုရပ်တန့်ရမည်လို့ ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ KNU ငြိမ်းချမ်းရေးကောင်စီ၊ DKBA ကရင်လက်နှက် ကိုင်အဖွဲ့၊ NMSP မွန်ပြည်သစ်ပါတီ နဲ့ ALD ရခိုင်အဖွဲ့ လေးဖွဲ့ကတော့ စစ်ကောင်စီက ဖိတ်ခေါ်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်မယ်လို့ပြောဆိုထားပါတယ်။ KIO ကချင်လွတ် မြောက်ရေးအဖွဲ့ကတော့ စစ်ကောင်စီရဲ့ကမ်းလှမ်းချက်ကိုပယ်ချထားပါတယ်။

XS
SM
MD
LG