သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဖဂန္ အမ်ဳိးသမီး႐ုပ္သံတင္ဆက္သူေတြ မ်က္ႏွာဖုံး၀တ္ဖို႔ တာလီဘန္ေတြ အမိန္႔ထုတ္


အာဖဂန္နစၥတန္က ရုပ္သံတင္ဆက္သူ အမ်ဳိးသမီးတဦး

[[ ZAWGYI / UNICODE ]]

အာဖဂန္အမ်ဳိးသမီး႐ုပ္သံ တင္ဆက္သူေတြ မ်က္ႏွာဖုံး၀တ္ဖို႔ တာလီဘန္ေတြ အမိန္႔ထုတ္

အာဖဂန္နစၥတန္ႏိုင္ငံက ႐ုပ္ျမင္သံၾကားဌာနေတြမွာ အစီအစဥ္တင္ဆက္သူ အမ်ိဳးသမီးေတြ မ်က္ႏွာဖုံး၀တ္ၿပီး ထုတ္လႊင့္ဖို႔ အာဏာရ တာလီဘန္အဖြဲ႕က ၾကာသပေတးေန႔က အမိန႔္ထုတ္လိုက္ပါတယ္။ တာလီဘန္ေတြလက္ထက္မွာ အမ်ဳိးသမီး အခြင့္အေရးေတြ ကန္႔သတ္ခံေနရတဲ့အေပၚ ႏိုင္ငံတကာက ေဝဖန္သံေတြထြက္ေပၚေနတဲ့ၾကားကပဲ အမိန္႔သစ္ ထုတ္ျပန္လိုက္တာပါ။

တာလီဘန္အုပ္ခ်ဳပ္သူေတြ ဖြဲ႔စည္းထားတဲ့ အက်င့္သီလ စင္ၾကယ္ေရးဝန္ႀကီးဌာန ကေန သူတို႔ အဓိပၸါယ္ဖြင့္ဆိုထားတဲ့ အစၥလမၼစ္ ရွာရီယာ ဥပေဒအတိုင္း ေဆာင္ရြက္ရမယ္ဆိုတဲ့ အမိန္႔စာကို လက္ခံရရွိထားေၾကာင္း အာဖဂန္မီဒီယာေတြကလည္း အတည္ျပဳပါတယ္။

အမိန္႔နဲ႔ ပတ္သက္လို႔ ျပန္လည္ေဆြးေႏြးခြင့္ မရွိေၾကာင္း ၀န္ႀကီးဌာနတာ၀န္ရွိသူေတြက ေျပာဆိုထားတယ္လို႔လည္း Tolo အာဖဂန္ရုပ္သံ သတင္းဌာက ေျပာပါတယ္။ အမ်ဳိးသမီးေတြ ႐ုပ္ျမင္သံၾကားမွာ အစီအစဥ္ တင္ဆက္တဲ့အခါ မ်က္ႏွာဖုံး၀တ္ထားဖို႔ အမိန္႔သစ္မွာ ၫႊန္ၾကားထားတယ္လို႔လည္း Tolo မီဒီယာက Twitter မွာ ေရးသားထားပါတယ္။

ၿမိဳ႕ေတာ္ Kabul ရွိ အသံလႊင့္မီဒီယာေတြက အမ်ဳိးသမီး ဝန္ထမ္းေတြအေနနဲ႔ မ်က္ႏွာဖုံးမ၀တ္ရင္ သတင္းေၾကညာခြင့္မျပဳတဲ့အေၾကာင္း ဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Akif Sadiq က VOA ကို အတည္ျပဳပါတယ္။ တာလီဘန္ေတြရဲ႕ အမိန္႔ဟာ အမ်ဳိးသမီးေတြရဲ႕ အခြင့္အေရးကို ထပ္မံခ်ဳိးေဖာက္လိုက္တဲ့ လုပ္ရပ္အျဖစ္ ေ၀ဖန္လိုက္ၾကပါတယ္။

ဒီအမိန္႔ဟာ အမ်ဳိးသမီးေတြရဲ႕ လြတ္လပ္စြာ ေဖာ္ျပခြင့္ေတြကို ခ်ဳိးေဖာက္႐ုံသာမက အၾကားအာရုံ နဲ႔ အျမင္အာရုံခ်ဳိ႕တဲ့သူေတြ ကိုယ္ႏႈတ္အမူအယာကိုၾကည့္ၿပီး သတင္းအခ်က္အလက္ ရရွိႏိုင္မႈေတြကိုလည္း ပိတ္ပင္လိုက္တာျဖစ္ေၾကာင္း ႏိုင္ငံတကာ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႔ HRW က Heather Barr က Twitter လူမႈကြန္ယက္မွာ ေရးသားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

======================

{{ UNICODE }}

အာဖဂန်အမျိုးသမီးရုပ်သံ တင်ဆက်သူတွေ မျက်နှာဖုံးဝတ်ဖို့ တာလီဘန်တွေ အမိန့်ထုတ်

အာဖဂန်နစ္စတန်နိုင်ငံက ရုပ်မြင်သံကြားဌာနတွေမှာ အစီအစဉ်တင်ဆက်သူ အမျိုးသမီးတွေ မျက်နှာဖုံးဝတ်ပြီး ထုတ်လွှင့်ဖို့ အာဏာရ တာလီဘန်အဖွဲ့က ကြာသပတေးနေ့က အမိန့်ထုတ်လိုက်ပါတယ်။ တာလီဘန်တွေလက်ထက်မှာ အမျိုးသမီး အခွင့်အရေးတွေ ကန့်သတ်ခံနေရတဲ့အပေါ် နိုင်ငံတကာက ဝေဖန်သံတွေထွက်ပေါ်နေတဲ့ကြားကပဲ အမိန့်သစ် ထုတ်ပြန်လိုက်တာပါ။

တာလီဘန်အုပ်ချုပ်သူတွေ ဖွဲ့စည်းထားတဲ့ အကျင့်သီလ စင်ကြယ်ရေးဝန်ကြီးဌာန ကနေ သူတို့ အဓိပ္ပါယ်ဖွင့်ဆိုထားတဲ့ အစ္စလမ္မစ် ရှာရီယာ ဥပဒေအတိုင်း ဆောင်ရွက်ရမယ်ဆိုတဲ့ အမိန့်စာကို လက်ခံရရှိထားကြောင်း အာဖဂန်မီဒီယာတွေကလည်း အတည်ပြုပါတယ်။

အမိန့်နဲ့ ပတ်သက်လို့ ပြန်လည်ဆွေးနွေးခွင့် မရှိကြောင်း ဝန်ကြီးဌာနတာဝန်ရှိသူတွေက ပြောဆိုထားတယ်လို့လည်း Tolo အာဖဂန်ရုပ်သံ သတင်းဌာက ပြောပါတယ်။ အမျိုးသမီးတွေ ရုပ်မြင်သံကြားမှာ အစီအစဉ် တင်ဆက်တဲ့အခါ မျက်နှာဖုံးဝတ်ထားဖို့ အမိန့်သစ်မှာ ညွှန်ကြားထားတယ်လို့လည်း Tolo မီဒီယာက Twitter မှာ ရေးသားထားပါတယ်။

မြို့တော် Kabul ရှိ အသံလွှင့်မီဒီယာတွေက အမျိုးသမီး ဝန်ထမ်းတွေအနေနဲ့ မျက်နှာဖုံးမဝတ်ရင် သတင်းကြေညာခွင့်မပြုတဲ့အကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Akif Sadiq က VOA ကို အတည်ပြုပါတယ်။ တာလီဘန်တွေရဲ့ အမိန့်ဟာ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ထပ်မံချိုးဖောက်လိုက်တဲ့ လုပ်ရပ်အဖြစ် ဝေဖန်လိုက်ကြပါတယ်။

ဒီအမိန့်ဟာ အမျိုးသမီးတွေရဲ့ လွတ်လပ်စွာ ဖော်ပြခွင့်တွေကို ချိုးဖောက်ရုံသာမက အကြားအာရုံ နဲ့ အမြင်အာရုံချို့တဲ့သူတွေ ကိုယ်နှုတ်အမူအယာကိုကြည့်ပြီး သတင်းအချက်အလက် ရရှိနိုင်မှုတွေကိုလည်း ပိတ်ပင်လိုက်တာဖြစ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က Heather Barr က Twitter လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

XS
SM
MD
LG