သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အာဖဂန္ ဗလီ ဝတ္ျပဳခ်ိန္ ဗံုးကဲြ လူ ၁၇ ဦးမက ေသဆံုး


AFGHANISTAN-BLAST

အာဖဂန္နစ္စတန္ႏိုင္ငံ ေျမာက္ပိုင္း Balkh ျပည္နယ္ ၿမိဳ႕ေတာ္ Mazar-e-Sharif က ရွီယာဗလီဝတ္ေက်ာင္းမွာ ေန႔ခင္းပိုင္းဝတ္ျပဳဆုေတာင္းေနတဲ့ လူအုပ္ထဲ ဗံုးေပါက္ကြဲခဲ့တဲ့အတြက္ ၁၇ ဦးထက္မနည္း ေသဆံုးခဲ့ရၿပီး ၅၂ ဦး ဒဏ္ရာရခဲ့တယ္လို႔ ေဒသဆိုင္ရာ တာလီဘန္အာဏာပိုင္ေတြက ေျပာပါတယ္။

အာဖဂန္ ဗလီ ဝတ္ျပဳခ်ိန္ ဗံုးကဲြ လူ ၁၇ ဦးမက ေသဆံုး

{{Zawgyi/Unicode}}
အာဖဂန္နစ္စတန္ႏိုင္ငံ ေျမာက္ပိုင္း Balkh ျပည္နယ္ ၿမိဳ႕ေတာ္ Mazar-e-Sharif က ရွီယာဗလီဝတ္ေက်ာင္းမွာ ေန႔ခင္းပိုင္းဝတ္ျပဳဆုေတာင္းေနတဲ့ လူအုပ္ထဲ ဗံုးေပါက္ကြဲခဲ့တဲ့အတြက္ ၁၇ ဦးထက္မနည္း ေသဆံုးခဲ့ရၿပီး ၅၂ ဦး ဒဏ္ရာရခဲ့တယ္လို႔ ေဒသဆိုင္ရာ တာလီဘန္အာဏာပိုင္ေတြက ေျပာပါတယ္။

ျပည္နယ္ေဆးရံုအႀကီးအကဲကေတာ့ အေျခေနသိပ္ဆိုးတဲ့ လူနာ ၆ ဦးရွိတယ္လုိ႔ VOA ကိုေျပာပါတယ္။ ထိခိုက္ ေသဆံုးသူ အေရတြက္ ခုထက္ပိုမ်ားႏုိင္တယ္လို႔ မ်က္ျမင္ေတြ႔သူေတြက ေျပာပါတယ္။ ဒီတိုက္ခိုက္မႈကို သူတို႔ လုပ္ေဆာင္တာလို႔ အာဖဂန္က အိုင္အက္စ္ စစ္ေသြးၾကြအဖြဲ႔ IS-Khorasan က ေျပာေၾကာင္း အိုင္အက္စ္ အဖြဲ႔ကို ေျခရာခံစံုစမ္းေနတဲ့ SITE ေထာက္လွန္းေရး အဖြဲ႔က ေျပာပါတယ္။

အနားက Kunduz ျပည္နယ္ရဲ့ ၿမိဳ႕ေတာ္ Kunduz မွာလည္း ဗံုးေပါက္ကြဲမႈ ရွိခဲ့ေၾကာင္း ေဒသအာဏာပိုင္ေတြက ေျပာေပမယ့္ အေသးစိတ္ကိုေတာ့ ထုတ္မေျပာပါဘူး။ ေလဆိပ္အလုပ္သမားေတြ သယ္ပို႔တဲ့ ယာဥ္ကို ပစ္မွတ္ထား တိုက္ခိုက္တာခံရတဲ့အတြက္ ၄ ဦး ေသဆံုးၿပီး ၁၈ ဦး ဒဏ္ရာရခဲ့တယ္လို႔ တာလီဘန္အရာရွိေတြေျပာၾကားခ်က္ကို ကိုးကားၿပီး ေဒသတြင္း သတင္းေတြမွာ ေဖၚျပၾကပါတယ္။

အာဖဂန္ၿမိဳ႕ေတာ္ ကာဘူးလ္ အေနာက္ပိုင္းက ရွီယာေတြ ေနထိုင္တဲ့ ရပ္ကြက္မွာေတာ့ လမ္းေဘးေထာင္ဗံုး ေပါက္ကြဲၿပီး ကေလး ၂ ဦး ဒဏ္ရာရခဲ့တယ္လို႔ ကာဘူးလ္ ရဲတပ္ဖြဲ႔ ေျပာခြင့္ရက ေျပာပါတယ္။ ဒါ့အျပင္ အေရွ႕ပိုင္း Nangarhar ျပည္နယ္က Khogiani ရပ္ကြက္မွာလည္း ဗံုးေပါက္ကြဲၿပီး တာလီဘန္လံုၿခံဳေရး ၄ ဦးထက္မနည္း ေသဆံုးခဲ့ရတာပါ။

အာဖဂန္မွာ အေမရိကန္ဦးေဆာင္တဲ့ မဟာမိတ္တပ္ေတြ ရုတ္သိမ္းသြားတဲ့ေနာက္ တာလီဘန္ေတြ ျပန္အာဏာရလာတဲ့ မႏွစ္က ၾသဂုတ္လက စၿပီး ISKP အဖြဲ႔ဟာ လူနည္းစု ရွီယာနဲ႔ တာလီဘန္ေတြကို တိုးျမွင့္ တိုက္ခိုက္လာေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

..................................................

အာဖဂန် ဗလီ ဝတ်ပြုချိန် ဗုံးကွဲ လူ ၁၇ ဦးမက သေဆုံး

{{Zawgyi/Unicode}}
အာဖဂန်နစ်စတန်နိုင်ငံ မြောက်ပိုင်း Balkh ပြည်နယ် မြို့တော် Mazar-e-Sharif က ရှီယာဗလီဝတ်ကျောင်းမှာ နေ့ခင်းပိုင်းဝတ်ပြုဆုတောင်းနေတဲ့ လူအုပ်ထဲ ဗုံးပေါက်ကွဲခဲ့တဲ့အတွက် ၁၇ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ၅၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာ တာလီဘန်အာဏာပိုင်တွေက ပြောပါတယ်။

ပြည်နယ်ဆေးရုံအကြီးအကဲကတော့ အခြေနေသိပ်ဆိုးတဲ့ လူနာ ၆ ဦးရှိတယ်လို့ VOA ကိုပြောပါတယ်။ ထိခိုက် သေဆုံးသူ အရေတွက် ခုထက်ပိုများနိုင်တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို သူတို့ လုပ်ဆောင်တာလို့ အာဖဂန်က အိုင်အက်စ် စစ်သွေးကြွအဖွဲ့ IS-Khorasan က ပြောကြောင်း အိုင်အက်စ် အဖွဲ့ကို ခြေရာခံစုံစမ်းနေတဲ့ SITE ထောက်လှန်းရေး အဖွဲ့က ပြောပါတယ်။

အနားက Kunduz ပြည်နယ်ရဲ့ မြို့တော် Kunduz မှာလည်း ဗုံးပေါက်ကွဲမှု ရှိခဲ့ကြောင်း ဒေသအာဏာပိုင်တွေက ပြောပေမယ့် အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။ လေဆိပ်အလုပ်သမားတွေ သယ်ပို့တဲ့ ယာဉ်ကို ပစ်မှတ်ထား တိုက်ခိုက်တာခံရတဲ့အတွက် ၄ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ တာလီဘန်အရာရှိတွေပြောကြားချက်ကို ကိုးကားပြီး ဒေသတွင်း သတင်းတွေမှာ ဖေါ်ပြကြပါတယ်။

အာဖဂန်မြို့တော် ကာဘူးလ် အနောက်ပိုင်းက ရှီယာတွေ နေထိုင်တဲ့ ရပ်ကွက်မှာတော့ လမ်းဘေးထောင်ဗုံး ပေါက်ကွဲပြီး ကလေး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ကာဘူးလ် ရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောပါတယ်။ ဒါ့အပြင် အရှေ့ပိုင်း Nangarhar ပြည်နယ်က Khogiani ရပ်ကွက်မှာလည်း ဗုံးပေါက်ကွဲပြီး တာလီဘန်လုံခြုံရေး ၄ ဦးထက်မနည်း သေဆုံးခဲ့ရတာပါ။

အာဖဂန်မှာ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ ရုတ်သိမ်းသွားတဲ့နောက် တာလီဘန်တွေ ပြန်အာဏာရလာတဲ့ မနှစ်က သြဂုတ်လက စပြီး ISKP အဖွဲ့ဟာ လူနည်းစု ရှီယာနဲ့ တာလီဘန်တွေကို တိုးမြှင့် တိုက်ခိုက်လာနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG