သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းအတြက္ ေဒၚလာဘီလီယံ ၄၀ အကူအညီေပးဖို႔ ကန္လႊတ္ေတာ္အတည္ျပဳ


အေမရိကန္ လႊတ္ေတာ္

[[ ZAWGYI / UNICODE ]]

ယူကရိန္းအတြက္ ေဒၚလာဘီလီယံ ၄၀ အကူအညီေပးဖို႔ ကန္လႊတ္ေတာ္အတည္ျပဳ

ယူကရိန္းကို ေနာက္ထပ္ အကူအညီအျဖစ္ ေဒၚလာ ဘီလီယံ ၄၀ ထပ္ေပးဖို႔ အေမရိကန္အထက္လႊတ္ေတာ္က ၾကာသပေတးေန႔မွာ တခဲနက္ အတည္ျပဳေပးခဲ့ၿပီး သမၼတအတည္ျပဳ လက္မွတ္ေရးထိုးဖို႔ပါ တင္သြင္းလိုက္ၿပီျဖစ္ပါတယ္။

အခုခ်ထားေပးမယ့္ ရံပံုေငြဟာ ႐ုရွားရဲ႕ က်ဴးေက်ာ္မႈကို ခုခံတြန္းလွန္ေနတဲ႔ ယူကရိန္းအတြက္ လာမယ့္ ၅ လေလာက္အထိ အဆင္ေျပေအာင္ ပံ့ပိုးေပးဖို႔ ရည္ရြယ္တာ ျဖစ္ပါတယ္။ ဒီေငြနဲ႔ စစ္လက္နက္ပစၥည္းေတြ၊ ေလ့က်င့္ေရးနဲ႔ လက္နက္ေတြအျပင္ လူသားစာနာမႈ အကူညီအတြက္ ဘီလီယံနဲ႔ခ်ီ ခ်ထားေပးတာ ျဖစ္ၿပီး ဒီအထဲမွာ ၃ လတာ ျဖစ္ပြါးေနတဲ့ စစ္ပြဲေၾကာင့္ ကမာၻတလႊား စားနပ္ရိကၡာ ရွားပါးမႈျပႆနာဆိုင္ရာ အကူအညီေပးဖို႔ပါ ပါဝင္ပါတယ္။ အခုေပးအပ္တဲ့ အထာက္အကူဟာ ယူကရိန္းကို အေမရိကန္ အရင္ကေပးအပ္ထားတဲ့ ပစၥည္းကရိယာေတြနဲ႔ပတ္သက္ၿပီး ထပ္မံျဖည့္တင္းေပးဖို႔ ျဖစ္သလို ယူကရိန္းအစိုးရကို အကူညီေပးေနတဲ့ တျခားႏိ္ုင္ငံေတြအတြက္ ေငြေၾကးအကူအညီေပးဖို႔ပါ ပါဝင္ပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ ေအာက္လႊတ္ေတာ္က အတည္ျပဳေပးခဲ့တဲ့ ဒီအဆိုျပဳခ်က္အတြက္ အထက္လႊတ္ေတာ္မွာ ေထာက္ခံမဲ ၈၆ မဲ ကန္႔ကြက္မဲ ၁၁ မဲနဲ႔ အတည္ျပဳေပးလိုက္တာ ျဖစ္ပါတယ္။ ဒါဟာ လႊတ္ေတာ္မွာ သေဘာထားတိုက္ဆိုင္ေလ့ မရွိတဲ့ ပါတီႀကီး ၂ ရပ္စလံုးက ယူကရိန္းကို ေထာက္ခံေၾကာင္း ျပသလိုကတာလည္း ျဖစ္ပါတယ္။

အထက္လႊတ္ေတာ္ အနည္းစုအမတ္ေခါင္းေဆာင္ ရီပတ္ဘလစ္ကင္ပါတီက Mitch McConnell က အခုေပးအပ္တဲ့ အကူညီဟာ ယူကရိန္းအတြက္သာမကပဲ အေမရိကန္ႏိုင္ငံရဲ႕ အနာဂတ္လံုျခံဳေရးနဲ႔ မဟာဗ်ဴဟာက် အက်ိဳးစီးပြါးေတြအတြက္ပါ ပံုေဖၚေပးႏိုင္မယ့္ တိုက္ပြဲအတြက္ ျဖစ္ေၾကာင္း ေျပာပါတယ္။ အထက္လႊတ္ေတာ္ လက္နက္တပ္ဖဲြ႕ေရးရာ ေကာ္မတီဥကၠဌ ဒီမိုကရက္အမတ္ Jack Reed ကလည္း လာမယ့္ လေတြဟာ ယူကရိန္းအတြက္ အေရးႀကီးတဲ့ အခ်ိန္ျဖစ္ၿပီး၊ အခု စစ္ပြဲမွာ ႐ုရွားက ႏိုင္ခဲ့ရင္ေတာင္ သူကဒီေလာက္နဲ႔ ေက်နပ္မွာမဟုတ္ပဲ ထပ္တိုးလာမယ့္ အေနထား ျဖစ္ေနတယ္လို႔ သူထင္ေၾကာင္းလည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========================

{{ UNICODE }}

ယူကရိန်းအတွက် ဒေါ်လာဘီလီယံ ၄၀ အကူအညီပေးဖို့ ကန်လွှတ်တော်အတည်ပြု

ယူကရိန်းကို နောက်ထပ် အကူအညီအဖြစ် ဒေါ်လာ ဘီလီယံ ၄၀ ထပ်ပေးဖို့ အမေရိကန်အထက်လွှတ်တော်က ကြာသပတေးနေ့မှာ တခဲနက် အတည်ပြုပေးခဲ့ပြီး သမ္မတအတည်ပြု လက်မှတ်ရေးထိုးဖို့ပါ တင်သွင်းလိုက်ပြီဖြစ်ပါတယ်။

အခုချထားပေးမယ့် ရံပုံငွေဟာ ရုရှားရဲ့ ကျူးကျော်မှုကို ခုခံတွန်းလှန်နေတဲ့ ယူကရိန်းအတွက် လာမယ့် ၅ လလောက်အထိ အဆင်ပြေအောင် ပံ့ပိုးပေးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒီငွေနဲ့ စစ်လက်နက်ပစ္စည်းတွေ၊ လေ့ကျင့်ရေးနဲ့ လက်နက်တွေအပြင် လူသားစာနာမှု အကူညီအတွက် ဘီလီယံနဲ့ချီ ချထားပေးတာ ဖြစ်ပြီး ဒီအထဲမှာ ၃ လတာ ဖြစ်ပွါးနေတဲ့ စစ်ပွဲကြောင့် ကမ္ဘာတလွှား စားနပ်ရိက္ခာ ရှားပါးမှုပြဿနာဆိုင်ရာ အကူအညီပေးဖို့ပါ ပါဝင်ပါတယ်။ အခုပေးအပ်တဲ့ အထာက်အကူဟာ ယူကရိန်းကို အမေရိကန် အရင်ကပေးအပ်ထားတဲ့ ပစ္စည်းကရိယာတွေနဲ့ပတ်သက်ပြီး ထပ်မံဖြည့်တင်းပေးဖို့ ဖြစ်သလို ယူကရိန်းအစိုးရကို အကူညီပေးနေတဲ့ တခြားနိုင်ငံတွေအတွက် ငွေကြေးအကူအညီပေးဖို့ပါ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အောက်လွှတ်တော်က အတည်ပြုပေးခဲ့တဲ့ ဒီအဆိုပြုချက်အတွက် အထက်လွှတ်တော်မှာ ထောက်ခံမဲ ၈၆ မဲ ကန့်ကွက်မဲ ၁၁ မဲနဲ့ အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ လွှတ်တော်မှာ သဘောထားတိုက်ဆိုင်လေ့ မရှိတဲ့ ပါတီကြီး ၂ ရပ်စလုံးက ယူကရိန်းကို ထောက်ခံကြောင်း ပြသလိုကတာလည်း ဖြစ်ပါတယ်။

အထက်လွှတ်တော် အနည်းစုအမတ်ခေါင်းဆောင် ရီပတ်ဘလစ်ကင်ပါတီက Mitch McConnell က အခုပေးအပ်တဲ့ အကူညီဟာ ယူကရိန်းအတွက်သာမကပဲ အမေရိကန်နိုင်ငံရဲ့ အနာဂတ်လုံခြုံရေးနဲ့ မဟာဗျူဟာကျ အကျိုးစီးပွါးတွေအတွက်ပါ ပုံဖေါ်ပေးနိုင်မယ့် တိုက်ပွဲအတွက် ဖြစ်ကြောင်း ပြောပါတယ်။ အထက်လွှတ်တော် လက်နက်တပ်ဖွဲ့ရေးရာ ကော်မတီဥက္ကဌ ဒီမိုကရက်အမတ် Jack Reed ကလည်း လာမယ့် လတွေဟာ ယူကရိန်းအတွက် အရေးကြီးတဲ့ အချိန်ဖြစ်ပြီး၊ အခု စစ်ပွဲမှာ ရုရှားက နိုင်ခဲ့ရင်တောင် သူကဒီလောက်နဲ့ ကျေနပ်မှာမဟုတ်ပဲ ထပ်တိုးလာမယ့် အနေထား ဖြစ်နေတယ်လို့ သူထင်ကြောင်းလည်း ပြောပါတယ်။

XS
SM
MD
LG