သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿငိမ္းခ်မ္းေရး ေဆြးေႏြးပဲြ အလားအလာအေပၚ အကဲခတ္ေတြအျမင္


( မွတ္တမ္း ဓါတ္ပုံ ) - စစ္တပ္ ကုိယ္စားလွယ္နဲ႔ တုိင္းရင္းသား လက္နက္ကိုင္ ေခါင္းေဆာင္မ်ား ၿငိမ္းခ်မ္းေရး ေဆြးေႏြးပဲြ

[[ ZAWGYI / UNICODE ]]

ၿငိမ္းခ်မ္းေရး ေဆြးေႏြးပဲြ အလားအလာအေပၚ အကဲခတ္ေတြအျမင္

ဒီကေန႔ စတင္မယ့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပဲြမွာ တိုင္းရင္းသား လက္နက္ကိုင္ အဖဲြ႕ေတြရဲ႕ လိုလားခ်က္ေတြအေပၚမွာ ေစ့စပ္ညႇိႏႈိင္းၿပီး ရလဒ္ထြက္ေပၚလာဖို႔ ရည္ရြယ္ထားေၾကာင္း စစ္ေကာင္စီ ေျပာခြင့္ရက ေျပာလိုက္ပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီး ၁ ႏွစ္ေက်ာ္အၾကာ လက္နက္ကိုင္ ပဋိပကၡေတြၾကား က်င္းပမယ့္ ေဆြးေႏြးပဲြကို တိုင္းရင္းသား လက္နက္ကိုင္ အဖဲြ႕တခ်ဳိ႕ကေတာ့ မတက္ဖို႔ ဆုံးျဖတ္ထားၾကတာပါ။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္ က်င္းပမယ့္ အခုေဆြးေႏြးပဲြမွာ ဘယ္လိုစိန္ေခၚမႈေတြနဲ႔ အလားအလာေတြ ရွိႏိုင္ပါသလဲ အကဲခတ္တခ်ဳိ႕ရဲ႕ အျမင္ေတြကို ကို၀င္းမင္း စုစည္းတင္ျပထားပါတယ္။

ဒီ ေဆြးေႏြးပဲြနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီ ေျပာခြင့္ရ ဗုိလ္ခ်ဳပ္ ေဇာ္မင္းထြန္းက =
" တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္အေနနဲ႔ ဒီေဆြးေႏြးပဲြမွာ ရလဒ္ေတြ ထြက္လာေအာင္ ေဆြးေႏြးမယ္ ေျပာထားၿပီးသားပါ "

အခုလို ရလဒ္ ထြက္လာႏိုင္ေျခအေပၚ ျမန္မာ့အေရး ေလ့လာသူ ဦးရဲထြန္းက -
" က်ေနာ္ ထင္တယ္။ ေတာ္ေတာ္ေတာ့ ခက္လိမ့္မယ္။ NCA ထိုးထားၿပီးသား အဖြဲ႔ေတြနဲ႔က သိပ္ၿပီး မခဲယဥ္းလွေပမဲ့ NCA မထိုးထားတဲ့ အဖြဲ႔ေတြက်ေတာ့ သူတို႔ တင္ျပလာမယ့္ကိစၥ ေတြက ၂၀၀၈ ေျခဥနဲ႔ သိပ္ဆန္႔က်င္ေနရင္ေတာ့ အသစ္ျပန္ေရးဖို႔ ျဖစ္ေကာင္းျဖစ္လာႏိုင္တယ္။ အဲဒီထဲမွာ အင္အားႀကီးတဲ့ UWSA 'ဝ'ကို နစခက ရေအာင္ ညႇိႏိုင္မလားဆိုတဲ့ ျပသနာက အေရးႀကီးလိမ့္မယ္လို႔ က်ေနာ္ယူဆတယ္။ "

ဒါေပမဲ့ ေမွ်ာ္လင့္ခ်က္ ရွိပုံကိုလည္း အရင္က ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြမွာ ပါဝင္ေလ့ရွိတဲ့ ျပည္သူ႔ပါတီဥကၠဌ ဦးကိုကိုႀကီး ျမင္တာက -
" အဓိက ထူးျခားတာက တပ္ခ်ဳပ္က သူကိုယ္တုိင္ ေတြ႔မယ္လို႔ ကမ္းလွမ္းထားတယ္။ ေနာက္ ႀကဳိတင္စည္းကမ္းခ်က္ မထားပဲ လြတ္လြတ္လပ္လပ္ ေဆြးေႏြးႏိုင္တယ္လို႔ ျပည္ေထာင္စုေန႔ တုန္းကလည္း ေျပာထားတာရွိေတာ့ အရင္က ေဆြးေႏြးပဲြ ပုံစံေတြကေန ခြဲထြက္လာတယ္လို႔ ျမင္တယ္။ တဖက္မွာလည္း သက္ဆုိင္တဲ့ အဖြဲ႔အားလုံးမွာ အက်ပ္အတည္းေတြ ရွိေနေတာ့ ဒါကို အခြင့္အလမ္းအျဖစ္ အသုံးခ်ႏုိင္မယ္ဆိုရင္ ဒီကေန ထြက္ေပါက္တခု ရႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။"

ဒီလို ေမွ်ာ္လင့္ႏိုင္ဖို႔ ဦးရဲထြန္းက ခုလို အႀကံျပဳပါတယ္။
" ေဆြးေႏြးပဲြ ေခ်ာေခ်ာေမြ႔ေမြ႔ ျဖစ္ဖို႔ဆုိရင္ -တုိင္းရင္းသားေတြ တင္ျပတဲ့အထဲက ဘယ္အခ်က္ေတြက ဖက္ဒရယ္ ေဘာင္ထဲ ရွိတာမို႔လို႔ တပ္မေတာ္ဘက္က ကန္႔ကြက္စရာ မရွိဘူး၊ ဖြဲ႔စည္းပုံကို အသစ္ ေရးဆြဲဖို႔ အခြင့္အခါေပးတယ္ဆုိရင္လည္း အသစ္ျပန္ေရးဆဲြမယ္လို႔ ကတိေပးလာရင္ေတာ့ ေတာ္ေတာ္ေလး အဆင္ေျပလာႏုိင္တယ္။ အဲလိုမွ မဟုတ္ပဲ နည္းလမ္းေဟာင္း သုံးတာမ်ဳိးဆိုရင္ မလြယ္လွဘူး။ "

ဒီေနရာမွာ ဦးကိုကိုႀကီးကလည္း -
" ျမန္မာႏိုင္ငံရဲ႕ ျပသနာႀကီး ၂ ခုျဖစ္တဲ့ ဒီမုိကေရစီအေရးနဲ႔ ဖက္ဒရယ္အေရး .. ဒီ ႏွစ္ခုစလုံးနဲ႔ဆိုင္တဲ့ အေျခခံ သေဘာတူခ်က္ေတြ ရမယ္ဆိုရင္ ..ႏိုင္ငံေရးပုံစံသစ္တခု အလားလာေကာင္း တခု ေပၚထြက္လာမယ္လို႔ ေမွ်ာ္လင့္တယ္။ တပ္ကလည္း ႏိုင္ငံေရးကေန ဆုပ္ခြာမယ္ဆိုတဲ့ သတင္းစကားမ်ဳိးကိုပါ ေျပာႏိုင္ရင္ေတာ့ လူထုယုံၾကည္မႈပါ တက္လာမယ္လို႔ ျမင္တယ္။ ျပဳျပင္ေျပာင္းလဲမႈအတြက္ သေဘာတူညီခ်က္လည္း ရမယ္၊ အာဆီယံ အထူးကိုယ္စားလွယ္လို ႏိုင္ငံတကာရဲ႕ပါဝင္မႈပါ ခ်ိတ္ဆက္ႏိုင္မယ္ဆိုရင္ ႏိုင္ငံေရးတင္းမာမႈ ပဋိပကၡေတြကို ေဖါက္ထြက္ႏိုင္မယ့္ လမ္းစ ေပၚလာမယ္လို႔ ေမွ်ာ္လင့္ပါတယ္။"

အလားတူ အျခား သုံးသပ္သူေတြကလည္း အခုတေခါက္ ေဆြးေႏြးပြဲေတြ တုိးတက္မႈ မရွိရင္၊ ေနာက္တေခါက္ ေဆြးေႏြးပြဲ ျဖစ္လာဖို႔ အားနည္းသြားမွာျဖစ္ၿပီး တိုက္ပဲြ ေတြ ပိုျပင္းထန္လာမွာကို စုိးရိမ္ေနၾကပါတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

===============

{{ UNICODE }}

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အလားအလာအပေါ် အကဲခတ်တွေအမြင်

ဒီကနေ့ စတင်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ လိုလားချက်တွေအပေါ်မှာ စေ့စပ်ညှိနှိုင်းပြီး ရလဒ်ထွက်ပေါ်လာဖို့ ရည်ရွယ်ထားကြောင်း စစ်ကောင်စီ ပြောခွင့်ရက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၁ နှစ်ကျော်အကြာ လက်နက်ကိုင် ပဋိပက္ခတွေကြား ကျင်းပမယ့် ဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ကတော့ မတက်ဖို့ ဆုံးဖြတ်ထားကြတာပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပမယ့် အခုဆွေးနွေးပွဲမှာ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ အလားအလာတွေ ရှိနိုင်ပါသလဲ အကဲခတ်တချို့ရဲ့ အမြင်တွေကို ကိုဝင်းမင်း စုစည်းတင်ပြထားပါတယ်။

ဒီ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက =
" တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ဒီဆွေးနွေးပွဲမှာ ရလဒ်တွေ ထွက်လာအောင် ဆွေးနွေးမယ် ပြောထားပြီးသားပါ "

အခုလို ရလဒ် ထွက်လာနိုင်ခြေအပေါ် မြန်မာ့အရေး လေ့လာသူ ဦးရဲထွန်းက -
" ကျနော် ထင်တယ်။ တော်တော်တော့ ခက်လိမ့်မယ်။ NCA ထိုးထားပြီးသား အဖွဲ့တွေနဲ့က သိပ်ပြီး မခဲယဉ်းလှပေမဲ့ NCA မထိုးထားတဲ့ အဖွဲ့တွေကျတော့ သူတို့ တင်ပြလာမယ့်ကိစ္စ တွေက ၂၀၀၈ ခြေဥနဲ့ သိပ်ဆန့်ကျင်နေရင်တော့ အသစ်ပြန်ရေးဖို့ ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ အဲဒီထဲမှာ အင်အားကြီးတဲ့ UWSA 'ဝ'ကို နစခက ရအောင် ညှိနိုင်မလားဆိုတဲ့ ပြသနာက အရေးကြီးလိမ့်မယ်လို့ ကျနော်ယူဆတယ်။ "

ဒါပေမဲ့ မျှော်လင့်ချက် ရှိပုံကိုလည်း အရင်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်လေ့ရှိတဲ့ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီး မြင်တာက -
" အဓိက ထူးခြားတာက တပ်ချုပ်က သူကိုယ်တိုင် တွေ့မယ်လို့ ကမ်းလှမ်းထားတယ်။ နောက် ကြိုတင်စည်းကမ်းချက် မထားပဲ လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်တယ်လို့ ပြည်ထောင်စုနေ့ တုန်းကလည်း ပြောထားတာရှိတော့ အရင်က ဆွေးနွေးပွဲ ပုံစံတွေကနေ ခွဲထွက်လာတယ်လို့ မြင်တယ်။ တဖက်မှာလည်း သက်ဆိုင်တဲ့ အဖွဲ့အားလုံးမှာ အကျပ်အတည်းတွေ ရှိနေတော့ ဒါကို အခွင့်အလမ်းအဖြစ် အသုံးချနိုင်မယ်ဆိုရင် ဒီကနေ ထွက်ပေါက်တခု ရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။"

ဒီလို မျှော်လင့်နိုင်ဖို့ ဦးရဲထွန်းက ခုလို အကြံပြုပါတယ်။
" ဆွေးနွေးပွဲ ချောချောမွေ့မွေ့ ဖြစ်ဖို့ဆိုရင် -တိုင်းရင်းသားတွေ တင်ပြတဲ့အထဲက ဘယ်အချက်တွေက ဖက်ဒရယ် ဘောင်ထဲ ရှိတာမို့လို့ တပ်မတော်ဘက်က ကန့်ကွက်စရာ မရှိဘူး၊ ဖွဲ့စည်းပုံကို အသစ် ရေးဆွဲဖို့ အခွင့်အခါပေးတယ်ဆိုရင်လည်း အသစ်ပြန်ရေးဆွဲမယ်လို့ ကတိပေးလာရင်တော့ တော်တော်လေး အဆင်ပြေလာနိုင်တယ်။ အဲလိုမှ မဟုတ်ပဲ နည်းလမ်းဟောင်း သုံးတာမျိုးဆိုရင် မလွယ်လှဘူး။ "

ဒီနေရာမှာ ဦးကိုကိုကြီးကလည်း -
" မြန်မာနိုင်ငံရဲ့ ပြသနာကြီး ၂ ခုဖြစ်တဲ့ ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ်အရေး .. ဒီ နှစ်ခုစလုံးနဲ့ဆိုင်တဲ့ အခြေခံ သဘောတူချက်တွေ ရမယ်ဆိုရင် ..နိုင်ငံရေးပုံစံသစ်တခု အလားလာကောင်း တခု ပေါ်ထွက်လာမယ်လို့ မျှော်လင့်တယ်။ တပ်ကလည်း နိုင်ငံရေးကနေ ဆုပ်ခွာမယ်ဆိုတဲ့ သတင်းစကားမျိုးကိုပါ ပြောနိုင်ရင်တော့ လူထုယုံကြည်မှုပါ တက်လာမယ်လို့ မြင်တယ်။ ပြုပြင်ပြောင်းလဲမှုအတွက် သဘောတူညီချက်လည်း ရမယ်၊ အာဆီယံ အထူးကိုယ်စားလှယ်လို နိုင်ငံတကာရဲ့ပါဝင်မှုပါ ချိတ်ဆက်နိုင်မယ်ဆိုရင် နိုင်ငံရေးတင်းမာမှု ပဋိပက္ခတွေကို ဖေါက်ထွက်နိုင်မယ့် လမ်းစ ပေါ်လာမယ်လို့ မျှော်လင့်ပါတယ်။"

အလားတူ အခြား သုံးသပ်သူတွေကလည်း အခုတခေါက် ဆွေးနွေးပွဲတွေ တိုးတက်မှု မရှိရင်၊ နောက်တခေါက် ဆွေးနွေးပွဲ ဖြစ်လာဖို့ အားနည်းသွားမှာဖြစ်ပြီး တိုက်ပွဲ တွေ ပိုပြင်းထန်လာမှာကို စိုးရိမ်နေကြပါတယ်ခင်ဗျာ။

XS
SM
MD
LG