[[ ZAWGYI / UNICODE ]]
ၾသစေၾတးလ် ေရြးေကာက္ပဲြမွာ ေလဘာပါတီ အႏိုင္ရ
ၾသစေၾတးလ်မွာ စေနေန႔ အေထြေထြ ေရြးေကာက္ပြဲမွာေတာ့ လက္ဝဲ အတိုက္အခံ Labor ပါတီက အႏိုင္ရလိုက္တာေၾကာင့္၊ ဆယ္စုႏွစ္ တခုနီးပါးၾကား တာ၀န္ယူခဲ႔တဲ႔ ကြန္ဆာေဗးတစ္ အစိုးရအုပ္ခ်ဳပ္မႈ အဆံုးသတ္ေတာ့မွာ ျဖစ္ပါတယ္။
ကမ ၻာႀကီး ပူေႏြးမႈ၊ ဌာေနတိုင္းရင္းသားမ်ား အခြင့္အေရးနဲ႔ လုပ္ခလစာ အေရး တိုးတက္မႈေတြ အတြက္ ေဆာင္ရြက္မယ့္ အေၾကာင္း Labor ပါတီ ေခါင္းေဆာင္ Anthony Albanese က ဆစ္ဒနီၿမိဳ႕က ေရြးေကာက္ပဲြ ေအာင္ပြဲခံ မိန္႔ခြန္းမွာ ရဲရဲ၀င့္၀င့္ ကတိေပးသြားပါတယ္။
ညီၫြတ္မႈနဲ႔ အေကာင္းျမင္ဝါဒကို ျမႇင့္တင္အားေပးလိုၿပီး အေၾကာက္တရားနဲ႔ ကြဲျပားမႈေတြကို မလိုလားဘူးလို႔ သူက ေျပာဆိုသြားပါတယ္။ ၾသစေၾတးလ်မွာ လက္ရွိ လွ်ပ္စစ္ဓာတ္အား အတြက္ ေက်ာက္မီးေသြးကို အမ်ားစု မွီခိုေနရာကေန အဓိက က်တဲ႔ အေျပာင္းအလဲေတြ လုပ္ဖို႔ အခြင့္အလမ္း ရွိေနၿပီလို႔လည္း မိန္႔ခြန္းမွာ ထည့္သြင္း ေျပာဆိုပါတယ္။
စုေပါင္းအားနဲ႔ ရာသီဥတု ေျပာင္းလဲမႈကို အဆံုးသတ္ႏိုင္မယ္၊ ၾသစေၾတးလ်ကို ျပန္ျပည့္ၿမဲ စြမ္းအင္ မဟာအင္အားႀကီး ႏိုင္ငံ တခု ျဖစ္လာမယ့္ အခြင့္အလမ္းကို အတူ ရယူေဆာင္ရြက္ႏိုင္မယ္။ ထုတ္လုပ္မႈ ျမႇင့္တင္ေရးနဲ႔ လုပ္ခလစာနဲ႔ ခံစားခြင့္ တိုးျမႇင့္ေရး အတြက္ စီးပြားေရး လုပ္ငန္းေတြနဲ႔ သမဂၢေတြ ဘံု အက်ိဳးစီးပြားအတြက္ စုေပါင္းေဆာင္ရြက္ႏိုင္တယ္လို႔ ေျပာဆိုခဲ႔တာပါ။
အစိုးရက တစိတ္တပိုင္း ေထာက္ပံ႔တဲ႔ အိမ္ယာမွာ မိခင္ျဖစ္သူနဲ႔ အတူ ေနထိုင္ခဲ႔သူ Albanese ဟာ ႏိုင္ငံရဲ႕ ၃၁ ဦးေျမာက္ ၀န္ႀကီးခ်ဳပ္ ျဖစ္လာမွာပါ။ Labor ပါတီ အေနနဲ႔ အစိုးရ ဖြဲ႔ႏိုင္ေလာက္ေအာင္ အႏိုင္ရသလား ဒါမွမဟုတ္လည္း တသီးပုဂၢလေတြနဲ႔ ပါတီငယ္ေတြထံက ေထာက္ခံမႈ လိုအပ္မလားဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မရွိေသးပါဘူး။
===================================
{{ UNICODE }}
သြစတြေးလျ ရွေးကောက်ပွဲမှာ လေဘာပါတီ အနိုင်ရ
သြစတြေးလျမှာ စနေနေ့ အထွေထွေ ရွေးကောက်ပွဲမှာတော့ လက်ဝဲ အတိုက်အခံ Labor ပါတီက အနိုင်ရလိုက်တာကြောင့်၊ ဆယ်စုနှစ် တခုနီးပါးကြား တာဝန်ယူခဲ့တဲ့ ကွန်ဆာဗေးတစ် အစိုးရအုပ်ချုပ်မှု အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။
ကမ ္ဘာကြီး ပူနွေးမှု၊ ဌာနေတိုင်းရင်းသားများ အခွင့်အရေးနဲ့ လုပ်ခလစာ အရေး တိုးတက်မှုတွေ အတွက် ဆောင်ရွက်မယ့် အကြောင်း Labor ပါတီ ခေါင်းဆောင် Anthony Albanese က ဆစ်ဒနီမြို့က ရွေးကောက်ပွဲ အောင်ပွဲခံ မိန့်ခွန်းမှာ ရဲရဲဝင့်ဝင့် ကတိပေးသွားပါတယ်။
ညီညွတ်မှုနဲ့ အကောင်းမြင်ဝါဒကို မြှင့်တင်အားပေးလိုပြီး အကြောက်တရားနဲ့ ကွဲပြားမှုတွေကို မလိုလားဘူးလို့ သူက ပြောဆိုသွားပါတယ်။ သြစတြေးလျမှာ လက်ရှိ လျှပ်စစ်ဓာတ်အား အတွက် ကျောက်မီးသွေးကို အများစု မှီခိုနေရာကနေ အဓိက ကျတဲ့ အပြောင်းအလဲတွေ လုပ်ဖို့ အခွင့်အလမ်း ရှိနေပြီလို့လည်း မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုပါတယ်။
စုပေါင်းအားနဲ့ ရာသီဥတု ပြောင်းလဲမှုကို အဆုံးသတ်နိုင်မယ်၊ သြစတြေးလျကို ပြန်ပြည့်မြဲ စွမ်းအင် မဟာအင်အားကြီး နိုင်ငံ တခု ဖြစ်လာမယ့် အခွင့်အလမ်းကို အတူ ရယူဆောင်ရွက်နိုင်မယ်။ ထုတ်လုပ်မှု မြှင့်တင်ရေးနဲ့ လုပ်ခလစာနဲ့ ခံစားခွင့် တိုးမြှင့်ရေး အတွက် စီးပွားရေး လုပ်ငန်းတွေနဲ့ သမဂ္ဂတွေ ဘုံ အကျိုးစီးပွားအတွက် စုပေါင်းဆောင်ရွက်နိုင်တယ်လို့ ပြောဆိုခဲ့တာပါ။
အစိုးရက တစိတ်တပိုင်း ထောက်ပံ့တဲ့ အိမ်ယာမှာ မိခင်ဖြစ်သူနဲ့ အတူ နေထိုင်ခဲ့သူ Albanese ဟာ နိုင်ငံရဲ့ ၃၁ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်လာမှာပါ။ Labor ပါတီ အနေနဲ့ အစိုးရ ဖွဲ့နိုင်လောက်အောင် အနိုင်ရသလား ဒါမှမဟုတ်လည်း တသီးပုဂ္ဂလတွေနဲ့ ပါတီငယ်တွေထံက ထောက်ခံမှု လိုအပ်မလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။