သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဩစတေးလျရွေးကောက်ပွဲ အတိုက်အခံခေါင်းဆောင်အသာရ


Voters walk into a pre-polling booth in Sydney, May 20, 2022.
Voters walk into a pre-polling booth in Sydney, May 20, 2022.

(zawgyi/unicode)

သြစတြေးလျနိုင်ငံမှာ ဒီနေ့ ကျင်းပတဲ့ ပါလီမန်ရွေးကောက်ပွဲမှာတော့ အတိုက်အခံ လေဘာပါတီက အနိုင်ရသွားတယ်လို့ သြစတြေးလျ သတင်းတွေက ဖော်ပြနေကြပါတယ်။ အတိုက်အခံ လေဘာပါတီက လက်ရှိ ဝန်ကြီးချုပ် Scott Morrison ရဲ့ ကွန်ဆာဗေးတစ်ညွန့်ပေါင်း အစိုးရကို အနိုင်ရသွားတယ်လို့ သြစတြေးလျနိုင်ငံရဲ့ ABC ရုပ်သံသတင်းဌာနက ခန့်မှန်းထားပါတယ်။ ဒါကြောင့်အတိုက်အခံလေဘာပါတီ အနေနဲ့ သြစတြေးလျနိုင်ငံရဲ့ လာမယ့်အစိုးရအဖွဲ့ကို ဖွဲ့ခွင့်ရမှာဖြစ်ပြီး၊ လေဘာပါတီခေါင်းဆောင် Anthony Albanese လည်း သြစတြေးလျနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်လာတော့မယ်လို့ ဖော်ပြကြနေပါတယ်။

သြစတြေးလျနိုင်ငံရဲ့ ပါလီမန်ရွေးကောက်ပွဲတွေကို ဒီနေ့မှာ ကျင်းပခဲ့တာဖြစ်ပြီး၊ အခုဆိုရင်နိုင်ငံတဝန်းက မဲရုံတွေလည်း ပိတ်ပြီး မဲတွေ စတင် ရေတွက်နေတာမှာလည်း လေဘာပါတီက ရှေ့ကဦးဆောင်နေတယ်လို့ သြစတြေးလျးသတင်းတွေက ဖော်ပြနေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ကောက်ယူခဲ့တဲ့ လူထုစစ်တမ်းတွေမှာလည်း အတိုက်အခံလေဘာပါတီက ဆယ်စုနှစ်တခုနီးပါးကြာ အုပ်ချုပ်လာခဲ့တဲ့ ဝန်ကြီးချုပ် Scott Morrison ရဲ့ ကွန်ဆာဗေးတစ် ညွန့်ပေါင်းအစိုးရအဖွဲ့ထက် အနည်းငယ်အသာရရှိထားတာဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံ အောက်လွှတ်တော်မှာ ပါလီမန်အမတ်နေရာ ၁၅၁ နေရာရှိပြီး၊ အဲဒီထဲက ၁၂၄ နေရာကတော့ နိုင်ငံ အရှေ့ဘက်ခြမ်းက New South Wales, Victoria, Queensland, Tasmania ပြည်နယ်တွေ နဲ့ သြစတြေးလျနိုင်ငံမြို့တော်နယ်နိမိတ်ဒေသတွေက ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံရဲ့ ပါလီမန်ရွေးကောက်ပွဲတွေကို ၃ နှစ်တကြိမ် ကျင်းပတာဖြစ်ပြီး ၊ လက်ရှိဝန်ကြီးချုပ် Scott Morrison ရဲ့ ကွန်ဆားဗေးတစ် ညွန့်ပေါင်းအစိုးရဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ၃ ကြိမ်ကို အနိုင်ရပြီး သြစတြေးလျနိုင်ငံကို ၉ နှစ်ကြာ အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။

(unicode)






XS
SM
MD
LG