သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပို႔ကုန္ဝင္ေငြစာရင္းမရွင္းလို႔အေရးယူခံရတဲ့ကုမၸဏီေပါင္း၅၀၀ေက်ာ္ရွိ


ရန္ကုန္ၿမိဳ႕ ရွိ ေအးရွားေ၀ါ တာမင္နယ္ ဆိပ္ကမ္း။

ျပည္ပကို ကုန္တင္ပို႔ၿပီး ပို႔ကုန္ရဝင္ေငြစာရင္းကို ျပန္ၿပီးမတင္ျပႏိုင္တဲ့အတြက္ ဗဟိုဘဏ္ဘက္က အေရးယူထားတဲ့ ကုမၸဏီေပါင္းက ၅၀၀ ေက်ာ္သြားၿပီ ျဖစ္ပါတယ္။

Zawgyi/ Unicode

ပို႔ကုန္ဝင္ေငြစာရင္းမရွင္းလို႔အေရးယူခံရတဲ့ကုမၸဏီေပါင္း၅၀၀ေက်ာ္ရွိ

ျပည္ပကို ကုန္တင္ပို႔ၿပီး ပို႔ကုန္ရဝင္ေငြစာရင္းကို ျပန္ၿပီးမတင္ျပႏိုင္တဲ့အတြက္ ဗဟိုဘဏ္ဘက္က အေရးယူထားတဲ့ ကုမၸဏီေပါင္းက ၅၀၀ ေက်ာ္သြားၿပီ ျဖစ္ပါတယ္။ တခ်ိဳ႕ကုမၸဏီေတြက အေမရိ ကန္ေဒၚလာ ၇ သန္း နီးပါးေလာက္ကို ျပည္တြင္းဘဏ္ကိုလႊဲေျပာင္း စားရင္းရွင္းရမွာျဖစ္လို႔ ဗဟိုဘဏ္က သတ္မွတ္ထားတဲ့ေငြလဲႏႈန္းဟာ ျပင္ပနဲ႔ကြာဟေနတာအပါအဝင္ႏွစ္ၾကာတဲ့ စာရင္း ေဟာင္းေတြကိုျပန္ရွင္းဖို႔ မလြယ္ကူေၾကာင္း ကုမၸဏီေတြဘက္က တုံ႔ျပန္ပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကို ကိုေဇာ္မိုးေက်ာ္ ကေျပာျပမွာပါ။

ျပည္တြင္းကို ႏိုင္ငံျခားေငြ ( အေမရိကန္ေဒၚလာကို) အဝင္မျပမိတဲ့အတြက္ လိုင္စင္ပိတ္သိမ္း ခံထားရတဲ့ ပို႔ကုန္/သြင္းကုန္ ကုမၸဏီေပါင္း ၅၂၃ခုရွိသြားၿပီလို႔ ကုမၸဏီေရးရာ အႀကံေပးလုပ္ငန္း MES က ဗြီအိုေအကို ေျပာပါတယ္။ ဗဟိုဘဏ္ရဲ႕ဥပေဒပါ ျပ႒ာန္းခ်က္အတိုင္း ျပည္ပတင္ပို႔ကုန္ကရတဲ့ ႏိုင္ငံျခားေငြအားလုံးကို ကုမၸဏီတိုင္းက ရက္၉၀အတြင္းမွာ စာရင္းရွင္းေပးရမယ္လို႔ ျပန္ၿပီးတင္း က်ပ္လိုက္တဲ့အတြက္ အခုလိုကုမၸဏီအမ်ားအျပား အေရးယူခံရတာပါ။

အေရးယူခံရတဲ့ ကုမၸဏီ ၅၀၀ ေက်ာ္က ျပည္တြင္းကိုလႊဲေျပာင္းေပးရမယ့္ ပမာဏက အေမရိ ကန္ေဒၚလာ သန္းခ်ီရွိႏိုင္တယ္လို႔ ခန႔္မွန္းေနၾကေပမဲ့ ကုမၸဏီတခုခုနဲ႔တခု မတူတာေၾကာင့္ဒါကို တြက္ခ်က္ဖို႔ေတာ့ ခက္ခဲတယ္လို႔ MES ကေျပာပါတယ္။

" ပုံမွန္က အဲဒါေတြအကုန္လုံးက ဟြန္ဒီတို႔ ဘာတို႔ညာတို႔နဲ႔ ဝင္ထားၿပီးသား။ ဒါမွမဟုတ္ရင္ တျခားအင္ပို႔လုပ္တဲ့သူေတြကို earning အေဝးမွာလွမ္းေရာင္းၿပီးေတာ့ ထြက္ထားၿပီးသားဟာေတြ။ ဒါေပမဲ့ အခုက်မွသူတို႔က ဒီဟာကိုျပန္ၿပီးေတာ့မွ ဥပေဒအရ ျပန္ၿပီးတင္းက်ပ္မႈ လုပ္လိုက္တဲ့ အခါက်ေတာ့ အဲဒီမွာမဝင္ရေသးတဲ့ဟာေတြက အဝင္ျပရတဲ့အခါက်ေတာ့ တခ်ိဳ႕က (ေဒၚလာ) ၁၀,၀၀၀/ ၂၀,၀၀၀ က်န္တယ္၊ တခ်ိဳ႕က ၃/ ၄၀၀,၀၀၀ က်န္တယ္။ သုံးေလးသိန္းက်ေတာ့ က်ေနာ္တို႔က ခ်က္ခ်င္းႀကီး ျပန္ဝင္ဖို႔က မျဖစ္ႏိုင္ဘူး။"

ကုမၸဏီေပါင္း ၅၀၀ ေက်ာ္ဆီကရမဲ့ ေႂကြးက်န္ပမာဏနဲ႔ပတ္သက္လို႔ ဗဟိုဘဏ္ႏိုင္ငံျခားသုံးေငြ စီမံခန႔္ခြဲေရး၊ ပို႔ကုန္/သြင္းကုန္ ဌာနကို ဗြီအိုေအက ေမးျမန္းစုံစမ္းဖို႔ ဆက္သြယ္ခဲ့ေပမယ့္ မရခဲ့ပါဘူး။ ႏိုင္ငံျခားသုံးေငြစီမံခန႔္ခြဲမႈဥေပဒအတိုင္း မလုပ္ေဆာင္တဲ့ ကုမၸဏီေပါင္း ၁၅၈ ခုက ဒါ႐ိုက္တာ အဖြဲ႕ဝင္ေတြကိုလည္း နာမည္ပ်က္ စာရင္းသြင္းၿပီး အေရးယူခဲ့တယ္လို႔ ဗဟိုဘဏ္က ေမလ ၉ရက္က ထုတ္ျပန္ထားပါတယ္။ ဒီလို နာမည္ပ်က္စာရင္းေၾကာင့္ လုပ္ငန္းေတြ ပိုၿပီးၾကန႔္ၾကာသြားတယ္လို႔ လုပ္ငန္းလိုင္စင္အသိမ္းခံရတဲ့ ကုမၸဏီပိုင္ရွင္တဦးက ဗြီအိုေအကို ေျပာပါတယ္။

" မ်ားေတာ့မ်ားတယ္ တခ်ိဳ႕ေတြဆို ေဒၚလာသိန္း ၇၀ေလာက္အထိရွိတယ္ မနည္းဘူး။ ေလာေလာ ဆယ္ က်ေနာ္ဒီဘက္က အခြန္ေတြဘာေတြ ဘာမွေဆာင္လို႔မရဘူး။ သြင္းကုန္လည္း လုပ္မရဘူး၊ ပို႔ကုန္လည္း လုပ္မရဘူးျဖစ္ေနတယ္။ သူတို႔က blacklist လုပ္လိုက္ေတာ့ ဟိုဘက္မွာက်န္ေနတဲ့ ကုန္ၾကမ္းေတြ ျပန္သြင္းလို႔မရဘူး။ မလြယ္ေလာက္ဘူးဗ်၊ တကယ္တမ္းဆို က်ေနာ္မသြင္းႏိုင္ဘူး။ သူတို႔က ဗဟိုဘဏ္က သတ္မွတ္လိုက္တာ (တေဒၚလာကို) ၁၈၅၀က်ပ္၊ အျပင္ေပါက္ေစ်းနဲ႔က ကြာသြားတယ္။"

ေမလ၆ရက္မွာ ကုမၸဏီေပါင္း ၃၄၆ခု၊ ေမလ၉ရက္မွာ ကုမၸဏီ ၁၅၈ခု၊ ေမလ၁၂ရက္မွာ ကုမၸဏီ၁၉ခု စုစုေပါင္း ကုမၸဏီ၅၂၃ခု လိုင္စင္ပိတ္သိမ္း ခံထားရပါတယ္။ ဒီအထဲမွာ စာရင္းရွင္းၿပီးတဲ့ကုမၸဏီ တခ်ိဳ႕ရွိေပမဲ့ ဒီစာရင္းေတြကို လတ္တေလာမွာ ျမန္မာစီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဌာနက မထုတ္ျပန္ေသးပါဘူး။

ျပည္တြင္းဘဏ္စာရင္းထဲကို ပို႔ကုန္ကရတဲ့ ႏိုင္ငံေငြထည့္သြင္းဖို႔ ပ်က္ကြက္မယ္ဆိုရင္ ဗဟိုဘဏ္ရဲ႕ ႏိုင္ငံျခားသုံးေငြ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၄၂-က နဲ႔ ေထာင္ဒဏ္၊ ေငြဒဏ္ခ်မွတ္ခံရႏိုင္ပါတယ္။ ဒါေပမဲ့ ဘဏ္ေငြလႊဲၿပီးေၾကာင္း ေႂကြးက်န္မရွိေတာ့ေၾကာင္း ဗဟိုဘဏ္ကို တင္ၿပီၿပီးရင္ေတာ့ စီးပြားကူးသန္းဌာနက လုပ္ငန္းလိုင္စင္ ျပန္ဖြင့္ေပးႏိုင္တယ္လို႔ ကုမၸဏီအႀကံေပးဝန္ေဆာင္မႈ MES က ေျပာပါတယ္။

##

တိုက္႐ိုက္ လင့္ခ္

ပို့ကုန်ဝင်ငွေစာရင်းမရှင်းလို့အရေးယူခံရတဲ့ကုမ္ပဏီပေါင်း၅၀၀ကျော်ရှိ

ပြည်ပကို ကုန်တင်ပို့ပြီး ပို့ကုန်ရဝင်ငွေစာရင်းကို ပြန်ပြီးမတင်ပြနိုင်တဲ့အတွက် ဗဟိုဘဏ်ဘက်က အရေးယူထားတဲ့ ကုမ္ပဏီပေါင်းက ၅၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။ တချို့ကုမ္ပဏီတွေက အမေရိ ကန်ဒေါ်လာ ၇ သန်း နီးပါးလောက်ကို ပြည်တွင်းဘဏ်ကိုလွှဲပြောင်း စားရင်းရှင်းရမှာဖြစ်လို့ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ငွေလဲနှုန်းဟာ ပြင်ပနဲ့ကွာဟနေတာအပါအဝင်နှစ်ကြာတဲ့ စာရင်း ဟောင်းတွေကိုပြန်ရှင်းဖို့ မလွယ်ကူကြောင်း ကုမ္ပဏီတွေဘက်က တုံ့ပြန်ပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုဇော်မိုးကျော် ကပြောပြမှာပါ။

ပြည်တွင်းကို နိုင်ငံခြားငွေ ( အမေရိကန်ဒေါ်လာကို) အဝင်မပြမိတဲ့အတွက် လိုင်စင်ပိတ်သိမ်း ခံထားရတဲ့ ပို့ကုန်/သွင်းကုန် ကုမ္ပဏီပေါင်း ၅၂၃ခုရှိသွားပြီလို့ ကုမ္ပဏီရေးရာ အကြံပေးလုပ်ငန်း MES က ဗွီအိုအေကို ပြောပါတယ်။ ဗဟိုဘဏ်ရဲ့ဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း ပြည်ပတင်ပို့ကုန်ကရတဲ့ နိုင်ငံခြားငွေအားလုံးကို ကုမ္ပဏီတိုင်းက ရက်၉၀အတွင်းမှာ စာရင်းရှင်းပေးရမယ်လို့ ပြန်ပြီးတင်း ကျပ်လိုက်တဲ့အတွက် အခုလိုကုမ္ပဏီအများအပြား အရေးယူခံရတာပါ။

အရေးယူခံရတဲ့ ကုမ္ပဏီ ၅၀၀ ကျော်က ပြည်တွင်းကိုလွှဲပြောင်းပေးရမယ့် ပမာဏက အမေရိ ကန်ဒေါ်လာ သန်းချီရှိနိုင်တယ်လို့ ခန့်မှန်းနေကြပေမဲ့ ကုမ္ပဏီတခုခုနဲ့တခု မတူတာကြောင့်ဒါကို တွက်ချက်ဖို့တော့ ခက်ခဲတယ်လို့ MES ကပြောပါတယ်။

" ပုံမှန်က အဲဒါတွေအကုန်လုံးက ဟွန်ဒီတို့ ဘာတို့ညာတို့နဲ့ ဝင်ထားပြီးသား။ ဒါမှမဟုတ်ရင် တခြားအင်ပို့လုပ်တဲ့သူတွေကို earning အဝေးမှာလှမ်းရောင်းပြီးတော့ ထွက်ထားပြီးသားဟာတွေ။ ဒါပေမဲ့ အခုကျမှသူတို့က ဒီဟာကိုပြန်ပြီးတော့မှ ဥပဒေအရ ပြန်ပြီးတင်းကျပ်မှု လုပ်လိုက်တဲ့ အခါကျတော့ အဲဒီမှာမဝင်ရသေးတဲ့ဟာတွေက အဝင်ပြရတဲ့အခါကျတော့ တချို့က (ဒေါ်လာ) ၁၀,၀၀၀/ ၂၀,၀၀၀ ကျန်တယ်၊ တချို့က ၃/ ၄၀၀,၀၀၀ ကျန်တယ်။ သုံးလေးသိန်းကျတော့ ကျနော်တို့က ချက်ချင်းကြီး ပြန်ဝင်ဖို့က မဖြစ်နိုင်ဘူး။"

ကုမ္ပဏီပေါင်း ၅၀၀ ကျော်ဆီကရမဲ့ ကြွေးကျန်ပမာဏနဲ့ပတ်သက်လို့ ဗဟိုဘဏ်နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲရေး၊ ပို့ကုန်/သွင်းကုန် ဌာနကို ဗွီအိုအေက မေးမြန်းစုံစမ်းဖို့ ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပေဒအတိုင်း မလုပ်ဆောင်တဲ့ ကုမ္ပဏီပေါင်း ၁၅၈ ခုက ဒါရိုက်တာ အဖွဲ့ဝင်တွေကိုလည်း နာမည်ပျက် စာရင်းသွင်းပြီး အရေးယူခဲ့တယ်လို့ ဗဟိုဘဏ်က မေလ ၉ရက်က ထုတ်ပြန်ထားပါတယ်။ ဒီလို နာမည်ပျက်စာရင်းကြောင့် လုပ်ငန်းတွေ ပိုပြီးကြန့်ကြာသွားတယ်လို့ လုပ်ငန်းလိုင်စင်အသိမ်းခံရတဲ့ ကုမ္ပဏီပိုင်ရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

" များတော့များတယ် တချို့တွေဆို ဒေါ်လာသိန်း ၇၀လောက်အထိရှိတယ် မနည်းဘူး။ လောလော ဆယ် ကျနော်ဒီဘက်က အခွန်တွေဘာတွေ ဘာမှဆောင်လို့မရဘူး။ သွင်းကုန်လည်း လုပ်မရဘူး၊ ပို့ကုန်လည်း လုပ်မရဘူးဖြစ်နေတယ်။ သူတို့က blacklist လုပ်လိုက်တော့ ဟိုဘက်မှာကျန်နေတဲ့ ကုန်ကြမ်းတွေ ပြန်သွင်းလို့မရဘူး။ မလွယ်လောက်ဘူးဗျ၊ တကယ်တမ်းဆို ကျနော်မသွင်းနိုင်ဘူး။ သူတို့က ဗဟိုဘဏ်က သတ်မှတ်လိုက်တာ (တဒေါ်လာကို) ၁၈၅၀ကျပ်၊ အပြင်ပေါက်ဈေးနဲ့က ကွာသွားတယ်။"

မေလ၆ရက်မှာ ကုမ္ပဏီပေါင်း ၃၄၆ခု၊ မေလ၉ရက်မှာ ကုမ္ပဏီ ၁၅၈ခု၊ မေလ၁၂ရက်မှာ ကုမ္ပဏီ၁၉ခု စုစုပေါင်း ကုမ္ပဏီ၅၂၃ခု လိုင်စင်ပိတ်သိမ်း ခံထားရပါတယ်။ ဒီအထဲမှာ စာရင်းရှင်းပြီးတဲ့ကုမ္ပဏီ တချို့ရှိပေမဲ့ ဒီစာရင်းတွေကို လတ်တလောမှာ မြန်မာစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနက မထုတ်ပြန်သေးပါဘူး။

ပြည်တွင်းဘဏ်စာရင်းထဲကို ပို့ကုန်ကရတဲ့ နိုင်ငံငွေထည့်သွင်းဖို့ ပျက်ကွက်မယ်ဆိုရင် ဗဟိုဘဏ်ရဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၂-က နဲ့ ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်ခံရနိုင်ပါတယ်။ ဒါပေမဲ့ ဘဏ်ငွေလွှဲပြီးကြောင်း ကြွေးကျန်မရှိတော့ကြောင်း ဗဟိုဘဏ်ကို တင်ပြီပြီးရင်တော့ စီးပွားကူးသန်းဌာနက လုပ်ငန်းလိုင်စင် ပြန်ဖွင့်ပေးနိုင်တယ်လို့ ကုမ္ပဏီအကြံပေးဝန်ဆောင်မှု MES က ပြောပါတယ်။

XS
SM
MD
LG