သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ႏိုင္ငံျခားေငြ ထိန္းခ်ဳပ္မႈ ျမန္မာ႔စီးပါြးေရး ဘယ္လိုထိခိုက္


[[ ZAWGYI / UNICODE ]]

ႏိုင္ငံျခားေငြ ထိန္းခ်ဳပ္မႈ ျမန္မာ႔စီးပါြးေရး ဘယ္လိုထိခိုက္

ႏိုင္ငံျခားေငြ ဝယ္ယူခြင့္ စစ္ေကာင္စီက ဆက္လက္ တင္းၾကပ္လိုက္တာေၾကာင့္ လာဘ္စားမႈ ပိုမ်ားၿပီး စီးပြားယံုၾကည္မႈ ပိုက်လာမယ္လို႔ လုပ္ငန္းရွင္ေတြက သုံးသပ္ပါတယ္။ ႏိုင္ငံျခားေငြကုိ တရက္အတြင္းျပန္အပ္ေရး ဗဟိုဘဏ္အမိန္႔သစ္ ထုတ္ၿပီး ရက္ပိုင္းအတြင္းမွာပဲ၊ ႏိုင္ငံျခားေငြျပန္ဝယ္ဖို႔လည္း ပို႔ကုန္သြင္းကုန္ ကုမၸဏီေတြအေနနဲ႔ ထိပ္ပိုင္းဘုတ္အဖြဲ႔ဝင္(BOD) ကိုယ္တိုင္ လႊတ္ဖို႔အပါအဝင္ တင္းၾကပ္မူေတြကို ကုန္သြယ္ေရးဦးစီးဌာနက ညႊန္ၾကားခဲ့ပါတယ္။

အခုလိုျဖစ္လာတာက အရင္ ဆိုရွယ္လစ္ေခတ္ေဟာင္းပံုစံလုိ ဗဟိုခ်ဳပ္ကိုင္မႈ ျပန္မ်ားလာတာျဖစ္ၿပီး၊ ဆိုးက်ိဳးလည္း ႀကီးမားလာႏိုင္တယ္လို႔ စီးပြားေရးလုပ္ငန္းရွင္ေတြ သတိေပးလိုက္ပါတယ္။ ကိုဝင္းမင္းက ေမးထား တင္ျပထားပါတယ္။

ဧၿပီ(၃)ရက္ေန႔က ထုတ္တဲ့ ပုိ႔ကုန္ရေငြ ျပန္အပ္ေရး ဗဟုိဘဏ္အမိန္႔သစ္ ထုတ္ျပန္အၿပီး ထပ္ထြက္လာတ့ဲ ကုန္သြယ္ေရးဦးစီးဌာနရဲ႕ ညႊန္ၾကားခ်က္တရပ္ကို စီးပြားေရးလုပ္ငန္းရွင္ေတြ သိပ္ၿပီး သတိ မျပဳမိခဲ့ၾကပါဘူး။ အဲဒီ ညႊန္ၾကားခ်က္အသစ္ရဲ႕ သက္ေရာက္လာႏိုင္ေျခနဲ႔ ပတ္သက္လို႔ အမည္မေဖၚလိုတဲ့ စီးပြားေရး လုပ္ငန္းရွင္ႀကီးတဦးက -

" အခုက သြင္းကုန္/ပုိ႔ကုန္နဲ႔ ပတ္သက္တဲ့ စည္းမ်ည္းသစ္ေတြ ပါလာတာေပါ့ေနာ္။ ဒီ ႏိုင္ငံျခားေငြ ေစ်းကြက္က သမၼတႀကီး ဦးသိန္းစိန္လက္ထက္မွာ လြတ္လြတ္လပ္လပ္ ေရာင္းဝယ္လာရာကေနၿပီး က်ေနာ္တို႔ႏိုင္ငံ စီးပြားတက္လာတာ။ အခုဟာက သတ္မွတ္ေစ်းတခုထဲမွာ သြားရမယ့္ အေနအထား ျပန္ေရာက္သြားမွာေပါ့။ အဲဒီခါက်ေတာ့ လုပ္ငန္းရွင္ေတြရဲ႕ ယုံၾကည္မႈရယ္၊ လုပ္ခ်င္ကိုင္ခ်င္စိတ္ ေပ်ာက္သြားရင္ စီးပြားေရးလည္ပတ္မႈ ပိုခက္ခဲလာႏိုင္တယ္။ "

ကုန္သြယ္ေရးဦးစီးဌာနရဲ႕ ညႊန္ၾကားခ်က္နဲ႔ ပတ္သက္လို႔ ေနာက္ထပ္ သက္ေရာက္ႏိုင္မႈကိုလည္း အမည္မေဖၚလိုတဲ့ ေနာက္ထပ္ လုပ္ငန္းရွင္တဦး ေျပာတာက -

" ဒီမွာ ရယ္စရာတခု ေျပာေနၾကတာ ဘာလဲဆိုေတာ့။ သူတို႔သတ္မွတ္သလို BOD တေယာက္ သြားေတြ႔ရမယ္ဆိုေတာ့ က်ေနာ္တို႔ သြင္းကုန္သမားေတြက စီးပြားကူးသန္းကို ပုံမွန္သြားေနတဲ့ မန္ေနဂ်ာကိုပဲ BOD ရာထူး တိုးေပးရမလို ျဖစ္ေနၿပီ။ ေနာက္တခုက စီးပြားကူးသန္း ညႊန္မွဴးနဲ႔ ေတြ႔ဖို႔ဆိုရင္ BOD တေယာက္ သီးသန္႔ခန္႔ရေတာ့မယ့္ သေဘာ။ မ်ားေသာအားျဖင့္ Import/ Export အႀကီးက်ယ္ လုပ္ေနတဲ့ ကုမၸဏီေတြဆိုရင္ BOD က လာေတြ႔ဖုိ႔ ဘယ္အားမွာလဲ။ အဲဒီေတာ့ ဘာျဖစ္လာမလဲဆိုေတာ့ တန္းစီရေတာ့မယ္ ၊ တုိကင္ေတြ ေရာင္းစားၾကေတာ့မယ္၊ appointment ေတြ ေရာင္းစားေတာ့မယ္။ ပဲြစားေတြ ေအးဂ်င့္ေတြ မ်ားလာမယ္၊ ဒါက အဂတိလိုက္စား အက်င့္ပ်က္ျခစားမႈဆီကို ဦးတည္သြား ေနတယ္။ "

ေစ်းကြက္နဲ႔ ဆန္႔က်င္ၿပီး အခုလိုျဖစ္လာတဲ့ အုပ္ခ်ဳပ္မႈစနစ္ အေျခအေနကိုလည္း စီးပြားေရးလုပ္ငန္းရွင္ ေဒါက္တာ ဖုန္းဝင္းက -

" ဒီ import လုပ္တဲ့ လူေတြရဲ႕ ဆုံးျဖတ္ခ်က္က ေစ်းကြက္ေပၚမွာပဲ မူတည္ၿပီးေတာ့ - ဒီေန႔ သြင္းမွာလား ၊ နက္ျဖန္သြင္းမွာလား တသန္းဖိုး သြင္းမလား၊ ၅ သိန္းဖိုး သြင္းမလား ဆုံးျဖတ္ရမယ့္ဟာကို လုပ္ငန္းရွင္ေတြကိုယ္စား သူတို႔က ဆုံးျဖတ္မယ့္သေဘာ ျဖစ္ေနတာေပါ့။ ဗဟုိခ်ဳပ္ကိုင္မႈ မ်ားလာတာေပါ။ ျမန္မာျပည္ရဲ႕ အနာဂတ္ စီးပြားေရးအတြက္ မေကာင္းဘူးေလ။ ဒါကို မွန္ကန္တဲ့ ေပၚလစီေတြနဲ႔ ျပန္ျပင္ဖို႔လုိတယ္။ ဒီတုိင္း ထားလိုက္ဖို႔ မျဖစ္သင့္ဘူးထင္ပါတယ္။ "

ဒီလို ျပႆနာ ျပန္ေျဖရွင္းသင့္ပုံကိုလည္း အမည္မေဖၚလိုတဲ့ ပထမဆုံး လုပ္ငန္းရွင္ႀကီးက -
" ေငြေၾကးမူဝါဒကိုေတာ့ ခုိင္မာေအာင္ တည္ေဆာက္ထားဖို႔ လိုတယ္။ သြင္းကုန္ ထုတ္ကုန္ မူဝါဒကိုက်ေတာ့ ႏိုင္ငံတကာနဲ႔ ျပည္တြင္းေစ်းကြက္ေပၚ ၿခဳံငုံ သုံးသပ္ၿပီးေတာ့မွ ဟန္ခ်က္ညီေအာင္ လုပ္ဖို႔ လိုတယ္။ အခုလိုမ်ဳိး ႀကဳိးနီစနစ္ေတြနဲ႔ ခ်ည္လုိက္တဲ့အခါမွာ ေခတ္ေနာက္ျပန္ဆဲြသလို ျဖစ္သြားေစတယ္။ က်ေနာ္တုိ႔ လုပ္ငန္းရွင္ေတြၾကား စိုးရိမ္ေနမိပါတယ္။ "

ဒီေနရာမွာ ဘာ့ေၾကာင့္ ခုလို ရုတ္တရက္ ႏိုင္ငံျခားေငြ ထိန္းခ်ဳပ္ဖို႔ ျဖစ္လာရသလဲလို႔ ေမးျမန္းရာမွာ ဒုတိယ စီးပြားေရး လုပ္ငန္းရွင္က ႏုိင္ငံျခားအရံေငြ ျပတ္ေတာက္တာေၾကာင့္လို႔ သုံးသပ္ပါတယ္။

" က်ေနာ္ထင္တာေတာ့ ေဒၚလာအရံငေြ ျပတ္ေတာက္တာေၾကာင့္ပဲ။ ခုက အရံေဒၚလာေငြဆို အေရာင္းပဲ ရွိေတာ့တယ္။ အရင္ အစိုးရလက္ထက္မွာဆိုရင္ အေရာင္းေရာ အဝယ္ေရာရွိခဲ့တာ။ မႏွစ္ ေဖေဖၚဝါရီမွာ အာဏာသိမ္းၿပီးခ်ိန္ကစၿပီး ေဒၚလာ ထုတ္ေရာင္းေနတာပဲရွိတာ။ ကိန္းဂဏန္းေတြလည္း ထြက္ေနတာပဲေလ။ ပုိ႔ကုန္လည္း မရွိေတာ့ ေဒၚလာျပတ္လပ္လာမွာပဲေလ။ "

အခုလို တင္းၾကပ္တဲ့ ထိန္းခ်ဳပ္မႈေတြေၾကာင့္ စီးပြားေရးလုပ္ငန္းေတြ ထိခုိက္ လာရာကတဆင့္ ေစ်းအတက္အက် ဒဏ္ကို ေအာက္ေျခ လက္လုပ္လက္စား ျပည္သူေတြ ပုိၿပီးခံစားရလိမ့္မယ္လို႔ လုပ္ငန္းရွင္ေတြ သုံးသပ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

= = = = = = = = = = = = =

{{ UNICODE }}

နိုင်ငံခြားငွေ ထိန်းချုပ်မှု မြန်မာ့စီးပါွးရေး ဘယ်လိုထိခိုက်

နိုင်ငံခြားငွေ ဝယ်ယူခွင့် စစ်ကောင်စီက ဆက်လက် တင်းကြပ်လိုက်တာကြောင့် လာဘ်စားမှု ပိုများပြီး စီးပွားယုံကြည်မှု ပိုကျလာမယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။ နိုင်ငံခြားငွေကို တရက်အတွင်းပြန်အပ်ရေး ဗဟိုဘဏ်အမိန့်သစ် ထုတ်ပြီး ရက်ပိုင်းအတွင်းမှာပဲ၊ နိုင်ငံခြားငွေပြန်ဝယ်ဖို့လည်း ပို့ကုန်သွင်းကုန် ကုမ္ပဏီတွေအနေနဲ့ ထိပ်ပိုင်းဘုတ်အဖွဲ့ဝင်(BOD) ကိုယ်တိုင် လွှတ်ဖို့အပါအဝင် တင်းကြပ်မူတွေကို ကုန်သွယ်ရေးဦးစီးဌာနက ညွှန်ကြားခဲ့ပါတယ်။

အခုလိုဖြစ်လာတာက အရင် ဆိုရှယ်လစ်ခေတ်ဟောင်းပုံစံလို ဗဟိုချုပ်ကိုင်မှု ပြန်များလာတာဖြစ်ပြီး၊ ဆိုးကျိုးလည်း ကြီးမားလာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေ သတိပေးလိုက်ပါတယ်။ ကိုဝင်းမင်းက မေးထား တင်ပြထားပါတယ်။

ဧပြီ(၃)ရက်နေ့က ထုတ်တဲ့ ပို့ကုန်ရငွေ ပြန်အပ်ရေး ဗဟိုဘဏ်အမိန့်သစ် ထုတ်ပြန်အပြီး ထပ်ထွက်လာတဲ့ ကုန်သွယ်ရေးဦးစီးဌာနရဲ့ ညွှန်ကြားချက်တရပ်ကို စီးပွားရေးလုပ်ငန်းရှင်တွေ သိပ်ပြီး သတိ မပြုမိခဲ့ကြပါဘူး။ အဲဒီ ညွှန်ကြားချက်အသစ်ရဲ့ သက်ရောက်လာနိုင်ခြေနဲ့ ပတ်သက်လို့ အမည်မဖေါ်လိုတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတဦးက -

" အခုက သွင်းကုန်/ပို့ကုန်နဲ့ ပတ်သက်တဲ့ စည်းမျည်းသစ်တွေ ပါလာတာပေါ့နော်။ ဒီ နိုင်ငံခြားငွေ ဈေးကွက်က သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ လွတ်လွတ်လပ်လပ် ရောင်းဝယ်လာရာကနေပြီး ကျနော်တို့နိုင်ငံ စီးပွားတက်လာတာ။ အခုဟာက သတ်မှတ်ဈေးတခုထဲမှာ သွားရမယ့် အနေအထား ပြန်ရောက်သွားမှာပေါ့။ အဲဒီခါကျတော့ လုပ်ငန်းရှင်တွေရဲ့ ယုံကြည်မှုရယ်၊ လုပ်ချင်ကိုင်ချင်စိတ် ပျောက်သွားရင် စီးပွားရေးလည်ပတ်မှု ပိုခက်ခဲလာနိုင်တယ်။ "

ကုန်သွယ်ရေးဦးစီးဌာနရဲ့ ညွှန်ကြားချက်နဲ့ ပတ်သက်လို့ နောက်ထပ် သက်ရောက်နိုင်မှုကိုလည်း အမည်မဖေါ်လိုတဲ့ နောက်ထပ် လုပ်ငန်းရှင်တဦး ပြောတာက -

" ဒီမှာ ရယ်စရာတခု ပြောနေကြတာ ဘာလဲဆိုတော့။ သူတို့သတ်မှတ်သလို BOD တယောက် သွားတွေ့ရမယ်ဆိုတော့ ကျနော်တို့ သွင်းကုန်သမားတွေက စီးပွားကူးသန်းကို ပုံမှန်သွားနေတဲ့ မန်နေဂျာကိုပဲ BOD ရာထူး တိုးပေးရမလို ဖြစ်နေပြီ။ နောက်တခုက စီးပွားကူးသန်း ညွှန်မှူးနဲ့ တွေ့ဖို့ဆိုရင် BOD တယောက် သီးသန့်ခန့်ရတော့မယ့် သဘော။ များသောအားဖြင့် Import/ Export အကြီးကျယ် လုပ်နေတဲ့ ကုမ္ပဏီတွေဆိုရင် BOD က လာတွေ့ဖို့ ဘယ်အားမှာလဲ။ အဲဒီတော့ ဘာဖြစ်လာမလဲဆိုတော့ တန်းစီရတော့မယ် ၊ တိုကင်တွေ ရောင်းစားကြတော့မယ်၊ appointment တွေ ရောင်းစားတော့မယ်။ ပွဲစားတွေ အေးဂျင့်တွေ များလာမယ်၊ ဒါက အဂတိလိုက်စား အကျင့်ပျက်ခြစားမှုဆီကို ဦးတည်သွား နေတယ်။ "

ဈေးကွက်နဲ့ ဆန့်ကျင်ပြီး အခုလိုဖြစ်လာတဲ့ အုပ်ချုပ်မှုစနစ် အခြေအနေကိုလည်း စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ ဖုန်းဝင်းက -

" ဒီ import လုပ်တဲ့ လူတွေရဲ့ ဆုံးဖြတ်ချက်က ဈေးကွက်ပေါ်မှာပဲ မူတည်ပြီးတော့ - ဒီနေ့ သွင်းမှာလား ၊ နက်ဖြန်သွင်းမှာလား တသန်းဖိုး သွင်းမလား၊ ၅ သိန်းဖိုး သွင်းမလား ဆုံးဖြတ်ရမယ့်ဟာကို လုပ်ငန်းရှင်တွေကိုယ်စား သူတို့က ဆုံးဖြတ်မယ့်သဘော ဖြစ်နေတာပေါ့။ ဗဟိုချုပ်ကိုင်မှု များလာတာပေါ။ မြန်မာပြည်ရဲ့ အနာဂတ် စီးပွားရေးအတွက် မကောင်းဘူးလေ။ ဒါကို မှန်ကန်တဲ့ ပေါ်လစီတွေနဲ့ ပြန်ပြင်ဖို့လိုတယ်။ ဒီတိုင်း ထားလိုက်ဖို့ မဖြစ်သင့်ဘူးထင်ပါတယ်။ "

ဒီလို ပြဿနာ ပြန်ဖြေရှင်းသင့်ပုံကိုလည်း အမည်မဖေါ်လိုတဲ့ ပထမဆုံး လုပ်ငန်းရှင်ကြီးက -
" ငွေကြေးမူဝါဒကိုတော့ ခိုင်မာအောင် တည်ဆောက်ထားဖို့ လိုတယ်။ သွင်းကုန် ထုတ်ကုန် မူဝါဒကိုကျတော့ နိုင်ငံတကာနဲ့ ပြည်တွင်းဈေးကွက်ပေါ် ခြုံငုံ သုံးသပ်ပြီးတော့မှ ဟန်ချက်ညီအောင် လုပ်ဖို့ လိုတယ်။ အခုလိုမျိုး ကြိုးနီစနစ်တွေနဲ့ ချည်လိုက်တဲ့အခါမှာ ခေတ်နောက်ပြန်ဆွဲသလို ဖြစ်သွားစေတယ်။ ကျနော်တို့ လုပ်ငန်းရှင်တွေကြား စိုးရိမ်နေမိပါတယ်။ "

ဒီနေရာမှာ ဘာ့ကြောင့် ခုလို ရုတ်တရက် နိုင်ငံခြားငွေ ထိန်းချုပ်ဖို့ ဖြစ်လာရသလဲလို့ မေးမြန်းရာမှာ ဒုတိယ စီးပွားရေး လုပ်ငန်းရှင်က နိုင်ငံခြားအရံငွေ ပြတ်တောက်တာကြောင့်လို့ သုံးသပ်ပါတယ်။

" ကျနော်ထင်တာတော့ ဒေါ်လာအရံငွေ ပြတ်တောက်တာကြောင့်ပဲ။ ခုက အရံဒေါ်လာငွေဆို အရောင်းပဲ ရှိတော့တယ်။ အရင် အစိုးရလက်ထက်မှာဆိုရင် အရောင်းရော အဝယ်ရောရှိခဲ့တာ။ မနှစ် ဖေဖေါ်ဝါရီမှာ အာဏာသိမ်းပြီးချိန်ကစပြီး ဒေါ်လာ ထုတ်ရောင်းနေတာပဲရှိတာ။ ကိန်းဂဏန်းတွေလည်း ထွက်နေတာပဲလေ။ ပို့ကုန်လည်း မရှိတော့ ဒေါ်လာပြတ်လပ်လာမှာပဲလေ။ "

အခုလို တင်းကြပ်တဲ့ ထိန်းချုပ်မှုတွေကြောင့် စီးပွားရေးလုပ်ငန်းတွေ ထိခိုက် လာရာကတဆင့် ဈေးအတက်အကျ ဒဏ်ကို အောက်ခြေ လက်လုပ်လက်စား ပြည်သူတွေ ပိုပြီးခံစားရလိမ့်မယ်လို့ လုပ်ငန်းရှင်တွေ သုံးသပ်နေကြပါတယ်။

XS
SM
MD
LG