သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္ေျမာက္ပိုင္း ေက်ာင္းတခ်ိဳ႕ ျပန္မဖြင့္ႏိုင္ေသး


ရခုိင္ျပည္နယ္ စစ္ေတြၿမဳိ႕က အထက္တန္းေက်ာင္းတခု (မွတ္တမ္းဓါတ္ပုံ - June 1, 2021)

[[ ZAWGYI / UNICODE ]]

ရခိုင္ေျမာက္ပိုင္း ေက်ာင္းတခ်ိဳ႕ ျပန္မဖြင့္ႏိုင္ေသး

တႏိုင္ငံလုံး အတိုင္းအတာနဲ႔ အေျခခံပညာေက်ာင္းေတြကို ၾကာသပေတးေန႔မွာ စတင္ဖြင့္လွစ္ခဲ့ ေပမယ့္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မဖြင့္ႏိုင္ေသးတဲ့ စာသင္ေက်ာင္းေပါင္း ၁၀၀ ေက်ာ္အထိ ရွိေနပါတယ္။ အဲဒီေက်ာင္းေတြဟာ မြတ္ဆလင္ အမ်ားဆုံး တက္ေရာက္တဲ့ ေက်ာင္းေတြျဖစ္ပါတယ္။ ဒါေပမဲ့ ၿမိဳ႕နယ္ပညာေရးမႉးကေတာ့ ျပည္နယ္တြင္း မြတ္ဆလင္ေတြ ေက်ာင္းတက္ႏိုင္ဖို႔ စီစဥ္ေပးခဲ့တယ္လို႔ေျပာပါတယ္။ ရန္ကုန္က ေပးပုိ႔လာတဲ့သတင္းကို ကိုရဲမြန္ ေျပာျပမွာပါ။


တႏိုင္င္လုံး ေအျခခံပညာေက်ာင္းေတြကို ဇြန္(၂)ရက္ေန႔မွာ စတင္ဖြင့္လွစ္ခဲ့ေပမဲ့ ရခိုင္ေျမာက္ပိုင္းက ဘူူးသီးေတာင္ ေမာင္ေတာနဲ႔ ရေသ့ေတာင္စတဲ့ ၿမိဳ႕အပါအဝင္ ၿမိဳ႕နယ္တစ္ခ်ိဳ႕က စာသင္ေက်ာင္း ၁၀၀ေက်ာ္ကို မဖြင့္ႏိုင္ခဲ့ပါဘူး။

အဲဒီေက်ာင္းေတြဟာ ၿပီးခဲ့တဲ့ ၂၀၁၂၊ ၂၀၁၇ခုႏွစ္အေရးအခင္းေတြကတည္းက ပိတ္ထားရတာျဖစ္ၿပီး အခုအခ်ိန္ထိ မဖြင့္ႏိုင္ေသးဘူးလို႔ ျပည္နယ္ပညာေရးမႉး႐ုံးက ဒုတိယၫြန္ၾကားေရးမႉး ေဒါက္တာ ထြန္းထြန္းသိန္းကေျပာပါတယ္။

“ ၁၂၄ ေက်ာင္း ရခိုင္ျပည္နယ္ေျမာက္ပိုင္း ဘူးသီးေတာင္ ေမာင္ေတာ ရေသ့ေတာင္ အမ်ားအားျဖင့္က အဲဒီမွာျဖစ္တယ္။ ေနာက္ ေျမပုံၿမိဳ႕နယ္မွာ ၄ေက်ာင္းရွိတယ္၊ ေက်ာက္ေတာ္မွာ ရွိတယ္။ မင္းျပားမွာ ၁ေက်ာင္း အားလုံး ၁၂၄ေက်ာင္းျဖစ္တယ္။ အဲဒီေက်ာင္းေတြဟာ ၂၀၁၂ ၊ ၂၀၁၇ အေရးအခင္းေတြေၾကာင့္ ႐ြာေပ်ာက္ ေက်ာင္းေပ်ာက္ျဖစ္တာေၾကာင့္ ပိတ္ထားရတဲ့ ေက်ာင္းေတြျဖစ္တယ္။ တစ္ခ်ိဳ႕ ေက်ာင္းေတြက စစ္ေျပးေရွာင္ေက်ာင္းေတြ ျဖစ္တယ္ အဲတာေၾကာင့္ ပိတ္ထားရတဲ့ ေက်ာင္းေတြက ၁၂၄ေက်ာင္းရွိတယ္။”

ရခိုင္ျပည္နယ္မွာ ဒီကေန႔ေက်ာင္းတက္ေရာက္သူ ၄သိန္းေက်ာ္အထိ ရွိေနၿပီး အဲဒီထဲမွာ မြတ္ဆလင္ ေက်ာင္းသူ ေက်ာင္းသားေတြလည္း ပါဝင္ပါတယ္။ ရခိုင္ျပည္နယ္မွာ ၿပီးခဲ့တဲ့ ၂၀၁၂ ခုႏွစ္ကစတင္ၿပီး ရခိုင္နဲ႔ မြတ္ဆလင္ၾကား လူမ်ိဳးေရးဆန္တဲ့ ပဋိပကၡေတြ ျဖစ္ပြားခဲ့တာေၾကာင့္ သိန္းနဲ႔ခ်ီတဲ့ မြတ္ဆလင္ေတြ ဒုကၡသည္စခန္းေတြမွာ ေနထိုင္ေနရတာပါ။

မြတ္ဆလင္ ေက်ာင္းသူေက်ာင္းသားေတြအတြက္ သူတို႔ေနထိုင္တဲ့ IDP ယာယီစခန္းေတြမွာ ယာယီေက်ာင္းေတြ ေဆာက္လုပ္ေပးထားသလို တန္းတူအခြင့္အေရး ေပးထားတယ္လို႔လည္း ျပည္နယ္ ပညာေရးမႉး႐ုံးက ဒုတိယၫြန္ၾကားေရးမႉး ေဒါက္တာ ထြန္းထြန္းသိန္း ကေျပာပါတယ္။

“ မြတ္ဆလင္ေတြနဲ႔ ပတ္သတ္ၿပီး ကိုင္တြယ္ရတဲ့ ေက်ာင္းေတြက IDP camp ေတြမွာ ရွိေနတယ္၊ အခုဆိုရင္ ဘဂၤလားေဒရွ႕္ဖက္က ျပန္လာတဲ့ ေက်ာင္းသားေက်ာင္းသူေတြ ျဖစ္ျဖစ္ လက္ခံေရး စခန္းေတြမွာ ပါလာတဲ့ ေက်ာင္းသူ ေက်ာင္းသားေတြကို သင္ၾကားဖို႔အတြက္ ႀကိဳတင္ျပင္ဆင္ထားတာ ရွိတယ္၊ လုပ္ငန္းေဆာင္႐ြက္တာေတြ အားလုံး အဆင္ေျပေျပ ေဆာင္႐ြက္ထားပါတယ္။ လွဖိုးေခါင္ စခန္းတို႔ဘာတို႔မွာ ရွိေနၾကတယ္။ မြတ္ဆလင္ ကေလးေတြလည္း ေက်ာင္းတက္ခြင့္ရမွာေပါ့၊ ေက်ာင္းကိုေရာက္ရင္ ေက်ာင္းတက္ခြင့္ရမယ္ ေက်ာင္းမွာ တန္းတူ အခြင့္အေရးေတြရမယ္ ႏိုင္ငံေတာ္က ေထာက္ပံ့တဲ့ ဗလာစာအုပ္တို႔ ခဲတံတို႔ ပုံႏိုပ္စာအုပ္ေတြ အကုန္လုံး သူတို႔လည္း သာတူညီမွ် အခြင့္အေရးရမွာေပါ့။”

ရခိုင္ေတာင္ပိုင္း ေက်ာက္ျဖဴၿမိဳ႕နယ္အတြင္းက ေက်ာက္တလုံး မြတ္ဆလင္ ဒုကၡသည္စခန္းမွာ အေျခခံပညာ မူလတန္းက အထက္အတန္းအထိ ေက်ာင္းဖြင့္ထားသလို ေက်ာင္းသူေက်ာင္းသားဦးေရ ၂၀၀ ေက်ာ္အထိ ရွိတယ္လို႔ အဲဒီေက်ာင္းမွာ စာသင္ေပးေနတဲ့ ေက်ာင္းဆရာတစ္ဦးက ေျပာပါတယ္။

“ ဒီေန႔က ေက်ာင္းစဖြင့္တယ္ ေက်ာင္းသားဦးေရကေတာ့ အထက္တန္းအထိ ၂၀၀ နီးပါး ေလာက္ရွိပါတယ္၊ မေန႔ကေတာ့ ပညာေရးမႉးေရာက္လာတယ္။ က်ေနာ္တို႔ ဒီမွာ ေစတနာ့ဝန္ထမ္းလုပ္ေနတဲ့ ဆရာဆရာမ ၁၄ ဦးကို သူတို႔မွာ ဝန္ထမ္းအင္အား မျပည့္စုံတဲ့အတြက္ ဒီဇြန္လ တလေလာက္ လုပ္ေပးပါဆိုၿပီးေတာ့ ေျပာတယ္။ လစာမရပဲ က်ေနာ္တို႔က လစာကိုေမးေတာ့ သူတို႔က လစာကိုတာဝန္မယူဘူး၊ သူတို႔ကေတာ့ ျပည္နယ္ကို တင္ျပေပးမယ္ တကယ္လို႔ လစာ မရလို႔ရွိရင္လည္း ဒီလတစ္လေလာက္ေတာ့ နည္းနည္း လုပ္ေပးပါဆိုၿပီး ေျပာပါတယ္။”

ဒါအျပင့္ ရခိုင္ျပည္နယ္မွာ ၿပီးခဲ့တဲ့ ၂၀၁၈ အကုန္ပိုင္းေလာက္ကတည္းက ရခိုင္လက္နက္ကိုင္ AAအဖြဲ႔နဲ႔ ျမန္မာစစ္တပ္ၾကား တိုက္ပြဲေတြ ျဖစ္ပြားခဲ့တာေၾကာင့္ အိုးအိမ္စြန႔္ခြာ ထြက္ေျပးၾကရၿပီး စစ္ေဘးဒုကၡသည္ စခန္းေတြမွာ ေနထိုင္သူေတြလည္း ခုထိရွိပါတယ္။

အဲဒီ စစ္ေဘးဒုကၡသည္စခန္းေတြမွာ ရွိေနတဲ့ ေက်ာင္းသားေက်ာင္းသားေတြ ပညာသင္ၾကားႏိုင္ဖို႔ အတြက္လည္း ယာယီေက်ာင္းေတြ ဖြင့္လွစ္သင္ၾကားေပးေနတယ္လို႔ ေဒါက္တာ ထြန္းထြန္းသိန္းကေျပာပါတယ္။

ျမန္မာတႏိုင္ငံလုံး အတိုင္းအတားနဲ႔ ေက်ာင္းအပ္ထားသူ (၅.၂) သန္းအထိ ရွိတယ္လို႔ ဇြန္လ ၁ရက္ေန႔ ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ စစ္ေကာင္စီ သတင္းစာရွင္းလင္းပြဲမွာ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

============================

{{ UNICODE }}

ရခိုင်မြောက်ပိုင်း ကျောင်းတချို့ ပြန်မဖွင့်နိုင်သေး

တနိုင်ငံလုံး အတိုင်းအတာနဲ့ အခြေခံပညာကျောင်းတွေကို ကြာသပတေးနေ့မှာ စတင်ဖွင့်လှစ်ခဲ့ ပေမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတော့ အကြောင်းအမျိုးမျိုးကြောင့် မဖွင့်နိုင်သေးတဲ့ စာသင်ကျောင်းပေါင်း ၁၀၀ ကျော်အထိ ရှိနေပါတယ်။ အဲဒီကျောင်းတွေဟာ မွတ်ဆလင် အများဆုံး တက်ရောက်တဲ့ ကျောင်းတွေဖြစ်ပါတယ်။ ဒါပေမဲ့ မြို့နယ်ပညာရေးမှူးကတော့ ပြည်နယ်တွင်း မွတ်ဆလင်တွေ ကျောင်းတက်နိုင်ဖို့ စီစဉ်ပေးခဲ့တယ်လို့ပြောပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့သတင်းကို ကိုရဲမွန် ပြောပြမှာပါ။


တနိုင်င်လုံး အေခြခံပညာကျောင်းတွေကို ဇွန်(၂)ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပေမဲ့ ရခိုင်မြောက်ပိုင်းက ဘူူးသီးတောင် မောင်တောနဲ့ ရသေ့တောင်စတဲ့ မြို့အပါအဝင် မြို့နယ်တစ်ချို့က စာသင်ကျောင်း ၁၀၀ကျော်ကို မဖွင့်နိုင်ခဲ့ပါဘူး။

အဲဒီကျောင်းတွေဟာ ပြီးခဲ့တဲ့ ၂၀၁၂၊ ၂၀၁၇ခုနှစ်အရေးအခင်းတွေကတည်းက ပိတ်ထားရတာဖြစ်ပြီး အခုအချိန်ထိ မဖွင့်နိုင်သေးဘူးလို့ ပြည်နယ်ပညာရေးမှူးရုံးက ဒုတိယညွန်ကြားရေးမှူး ဒေါက်တာ ထွန်းထွန်းသိန်းကပြောပါတယ်။

“ ၁၂၄ ကျောင်း ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင် မောင်တော ရသေ့တောင် အများအားဖြင့်က အဲဒီမှာဖြစ်တယ်။ နောက် မြေပုံမြို့နယ်မှာ ၄ကျောင်းရှိတယ်၊ ကျောက်တော်မှာ ရှိတယ်။ မင်းပြားမှာ ၁ကျောင်း အားလုံး ၁၂၄ကျောင်းဖြစ်တယ်။ အဲဒီကျောင်းတွေဟာ ၂၀၁၂ ၊ ၂၀၁၇ အရေးအခင်းတွေကြောင့် ရွာပျောက် ကျောင်းပျောက်ဖြစ်တာကြောင့် ပိတ်ထားရတဲ့ ကျောင်းတွေဖြစ်တယ်။ တစ်ချို့ ကျောင်းတွေက စစ်ပြေးရှောင်ကျောင်းတွေ ဖြစ်တယ် အဲတာကြောင့် ပိတ်ထားရတဲ့ ကျောင်းတွေက ၁၂၄ကျောင်းရှိတယ်။”

ရခိုင်ပြည်နယ်မှာ ဒီကနေ့ကျောင်းတက်ရောက်သူ ၄သိန်းကျော်အထိ ရှိနေပြီး အဲဒီထဲမှာ မွတ်ဆလင် ကျောင်းသူ ကျောင်းသားတွေလည်း ပါဝင်ပါတယ်။ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစတင်ပြီး ရခိုင်နဲ့ မွတ်ဆလင်ကြား လူမျိုးရေးဆန်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာကြောင့် သိန်းနဲ့ချီတဲ့ မွတ်ဆလင်တွေ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတာပါ။

မွတ်ဆလင် ကျောင်းသူကျောင်းသားတွေအတွက် သူတို့နေထိုင်တဲ့ IDP ယာယီစခန်းတွေမှာ ယာယီကျောင်းတွေ ဆောက်လုပ်ပေးထားသလို တန်းတူအခွင့်အရေး ပေးထားတယ်လို့လည်း ပြည်နယ် ပညာရေးမှူးရုံးက ဒုတိယညွန်ကြားရေးမှူး ဒေါက်တာ ထွန်းထွန်းသိန်း ကပြောပါတယ်။

“ မွတ်ဆလင်တွေနဲ့ ပတ်သတ်ပြီး ကိုင်တွယ်ရတဲ့ ကျောင်းတွေက IDP camp တွေမှာ ရှိနေတယ်၊ အခုဆိုရင် ဘင်္ဂလားဒေရှ့်ဖက်က ပြန်လာတဲ့ ကျောင်းသားကျောင်းသူတွေ ဖြစ်ဖြစ် လက်ခံရေး စခန်းတွေမှာ ပါလာတဲ့ ကျောင်းသူ ကျောင်းသားတွေကို သင်ကြားဖို့အတွက် ကြိုတင်ပြင်ဆင်ထားတာ ရှိတယ်၊ လုပ်ငန်းဆောင်ရွက်တာတွေ အားလုံး အဆင်ပြေပြေ ဆောင်ရွက်ထားပါတယ်။ လှဖိုးခေါင် စခန်းတို့ဘာတို့မှာ ရှိနေကြတယ်။ မွတ်ဆလင် ကလေးတွေလည်း ကျောင်းတက်ခွင့်ရမှာပေါ့၊ ကျောင်းကိုရောက်ရင် ကျောင်းတက်ခွင့်ရမယ် ကျောင်းမှာ တန်းတူ အခွင့်အရေးတွေရမယ် နိုင်ငံတော်က ထောက်ပံ့တဲ့ ဗလာစာအုပ်တို့ ခဲတံတို့ ပုံနိုပ်စာအုပ်တွေ အကုန်လုံး သူတို့လည်း သာတူညီမျှ အခွင့်အရေးရမှာပေါ့။”

ရခိုင်တောင်ပိုင်း ကျောက်ဖြူမြို့နယ်အတွင်းက ကျောက်တလုံး မွတ်ဆလင် ဒုက္ခသည်စခန်းမှာ အခြေခံပညာ မူလတန်းက အထက်အတန်းအထိ ကျောင်းဖွင့်ထားသလို ကျောင်းသူကျောင်းသားဦးရေ ၂၀၀ ကျော်အထိ ရှိတယ်လို့ အဲဒီကျောင်းမှာ စာသင်ပေးနေတဲ့ ကျောင်းဆရာတစ်ဦးက ပြောပါတယ်။

“ ဒီနေ့က ကျောင်းစဖွင့်တယ် ကျောင်းသားဦးရေကတော့ အထက်တန်းအထိ ၂၀၀ နီးပါး လောက်ရှိပါတယ်၊ မနေ့ကတော့ ပညာရေးမှူးရောက်လာတယ်။ ကျနော်တို့ ဒီမှာ စေတနာ့ဝန်ထမ်းလုပ်နေတဲ့ ဆရာဆရာမ ၁၄ ဦးကို သူတို့မှာ ဝန်ထမ်းအင်အား မပြည့်စုံတဲ့အတွက် ဒီဇွန်လ တလလောက် လုပ်ပေးပါဆိုပြီးတော့ ပြောတယ်။ လစာမရပဲ ကျနော်တို့က လစာကိုမေးတော့ သူတို့က လစာကိုတာဝန်မယူဘူး၊ သူတို့ကတော့ ပြည်နယ်ကို တင်ပြပေးမယ် တကယ်လို့ လစာ မရလို့ရှိရင်လည်း ဒီလတစ်လလောက်တော့ နည်းနည်း လုပ်ပေးပါဆိုပြီး ပြောပါတယ်။”

ဒါအပြင့် ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၈ အကုန်ပိုင်းလောက်ကတည်းက ရခိုင်လက်နက်ကိုင် AAအဖွဲ့နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရပြီး စစ်ဘေးဒုက္ခသည် စခန်းတွေမှာ နေထိုင်သူတွေလည်း ခုထိရှိပါတယ်။

အဲဒီ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ ကျောင်းသားကျောင်းသားတွေ ပညာသင်ကြားနိုင်ဖို့ အတွက်လည်း ယာယီကျောင်းတွေ ဖွင့်လှစ်သင်ကြားပေးနေတယ်လို့ ဒေါက်တာ ထွန်းထွန်းသိန်းကပြောပါတယ်။

မြန်မာတနိုင်ငံလုံး အတိုင်းအတားနဲ့ ကျောင်းအပ်ထားသူ (၅.၂) သန်းအထိ ရှိတယ်လို့ ဇွန်လ ၁ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

XS
SM
MD
LG