သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံမှာ MOU မရှိ ထာက်အထားမဲ့ ဝင်လာသူတွေ ဆက်လက်နေစဉ်ရှိနေဆဲ


 သြဂုတ်လ (၁၂) ရက်နေ့က အယုဒယမြို့မှာမြန်မာနိုင်ငံသားတွေကို ခိုးပြီးတင်လာတာကို ဖမ်းဆီးစစ်ဆေးနေပုံ (Police)(ယခင်မှတ်တမ်းဓါတ်ပုံ)
သြဂုတ်လ (၁၂) ရက်နေ့က အယုဒယမြို့မှာမြန်မာနိုင်ငံသားတွေကို ခိုးပြီးတင်လာတာကို ဖမ်းဆီးစစ်ဆေးနေပုံ (Police)(ယခင်မှတ်တမ်းဓါတ်ပုံ)

ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့မှာ အလုပ်အကိုင်ရှာဖွေလိုကြတဲ့ အထောက်အထားမဲ့ မြန်မာ၈၀ကျော် အဖမ်းဆီးခံရပြီး၂ရက်အတွင်း မြန်မာ၁၀၀ကျော်ဖမ်းဆီးခံရပါတယ် ။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာ MOU မရှိ ထာက်အထားမဲ့ ဝင်လာသူတွေ ဆက်လက်နေစဉ်ရှိနေဆဲ

{{Zawgyi/Unicode}}
ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့မှာ အလုပ်အကိုင်ရှာဖွေလိုကြတဲ့ မြန်မာတွေဟာ ထိုင်း- မြန်မာနယ်စပ်တွေကတဆင့် အခုရက်ပိုင်း နေ့စဉ် အစုလိုက် အပြုံလိုက် ဝင်လာနေကြဆဲဖြစ်ပြီး ဇွန်လ၂ရက်နေ့က ပရာကျွတ်ခီရီကန်ပြည်နယ်ထဲမှာ အထောက်အထားမဲ့ မြန်မာ၈၀ကျော် အဖမ်းဆီးခံရပြီး၂ရက်အတွင်း မြန်မာ၁၀၀ကျော်ဖမ်းဆီးခံရပါတယ် ။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံထဲကို အလုပ်အကိုင်ရှာဖွေဖို့လာကြတဲ့ မြန်မာတွေနဲ့ ထိုင်းနိုင်ငံကနေတဆင့် မလေးရှားနိုင်ငံအထိ သွားပြီး အလုပ်လုပ်ကိုင်ကြမယ့် မြန်မာတွေဟာ ထိုင်းမြန်မာနယ်စပ်တွေကနေ အဆက်မပြတ် ဝင်ရောက်နေဆဲဖြစ်ပြီ းဇွန်လ ၂ရက်နေ့မှာတော့ ပရာကျွတ်ခီရီကန်ပြည်နယ်ထဲမှာ မြန်မာ၈၀ကျော် အဖမ်းဆီးခံရကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမူ့ကော်မတီရဲ့ဥက္ကဌ ဦးမိုးကြိုးကအခုလိုပြောပါတယ်။

" ထိုင်းနိုင်ငံမှာ တဖက်မှာ MOU လမ်းကြောင်းနဲ့ မြန်မာလုပ်သားတွေ ၂ထောင်ကျော် တင်သွင်းနေသလို အခြားတဖက်မှာ အဲဒီထက်ပိုမိုများပြားတဲ့ ပမာဏရှိတဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်မူ့ အရပ်အခေါ်နဲ့ ခိုးဝင်မူ့က ပိုမိုများပြာလာပါတယ်။ အခု ၂၀၂၂ခုနှစ် ဇွန်လထဲမှာတော့ ထိုင်းတောင်ပိုင်း ပရာကျွတ်ခီရီကန်ပြည်နယ် ဟွေ့ဆိုင်ကျေးရွာနဲ့ ကော့လတ်ကျေးရွာနှစ်ခု တောစပ်တနေရာမှာ မြန်မာ၈၃ယောက် အဖမ်းခံရပါတယ် ။ ယောက်ကျားလေး ၆၅ယောက်နဲ့ မိန်းကလေး ၁၈ယောက်ဖြစ်ပါတယ်။ အဲဒါ ဇွန်လ ၂ရက်နေ့မှာအဖမ်းခံရတာပါ။

ဖမ်းဆီးခံရတဲ့မြန်မာတွေဟာ လူကုန်ကူးတဲ့ပွဲစားတွေကို အခကြေးငွေ အများအပြားပေးရပြီး မြန်မာပြည်မှာ အိမ်တွေခြံတွေ ရောင်းချပေါင်းနှံတာနဲ့ အတိုးများစွာပေးပြီးငွေချေးလာကြတဲ့သူတွေက များပါတယ်။ အခုဆိုရင် လူပွဲစားတွေပေးရတဲ့ ငွေကြေးက မြန်မာကျပ်ငွေ ၁၇ သိန်းနဲ့ ညီမျှတဲ့ ထိုင်းဘတ်ငွေ ၃၀,၀၀၀ လောက်ထိပေးပြီး လာကြတာလို့လည်းဆိုပါတယ်။

" သူတို့တွေဟာ ရခိုင်ပြည်နယ်၊ ထားဝယ် ၊ ပဲခူး ၊ ဧရာဝတီတိုင်းတို့ကနေ လာကြတဲ့သူတွေပါ ။ ထိုင်းနိုင်ငံကို တရားမဝင်လာကြဖို့အတွက် ဘတ်ငွေ ၂သောင်းခွဲကနေ ၃သောင်းအထိပေးပြီးလာကြတဲ့သူတွေပါ။ သူတို့တွေထဲက မလေးရှားအထိ အလုပ်သွားလုပ်ကြဖို့ ရည်ရွယ်ချက်ရှိပါတယ်။ ဖမ်းဆီးခံရသူတွေကို ဥပဒေအရ အရေးယူဖို့အတွက် ပရာကျွတ်ခီရီကန်ပြည်နယ်မှာရှိတဲ့ ခရွန်ဝမ်ဆိုတဲ့ မြို့နယ်ရဲစခန်းကိုပို့ဆောင်ထားပါတယ် "

အခုဆိုရင်ဇွန်လ ၁ရက်နေ့နဲ့ ၂ရက်နေ့မှာ အဖမ်းဆီးခံရသူ မြန်မာ၁၀၀ကျော်ရှိတယ်လို့လည်းဆိုပါတယ် ။

" ဇွန်လ၁ရက်နေ့မှာလဲ ထိုင်းနိုင်မြောက်ပိုင်း မယ်ဟောင်ဆောင်ပြည်နယ်ထဲမှာ မနက်ဝေလီဝေလင်း အချိန်မှာ တရားမဝင်မြန်မာ ၂၆ယောက် အဖမ်းခံရပါတယ်။ မဲဆောက်နဲ့ မယ်ရမတ်ကြားက ကျေးရွာဘက်က တရားမဝင်ဝင်ရောက်လာသူတွေကို သက်ဆိုင်ရာ နယ်ခြားစောင့်တွေ ပူးပေါင်းပြီးဖမ်းဆီးလိုက်ပါတယ်။ ဇွန်လ ၁ရက်နေ့နဲ့ ဇွန်လ၂ရက်တွေမှာ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူ မြန်မာ၁၂၄ယောက်အဖမ်းခံရပါတယ် "

ပြီးခဲ့တဲ့နှစ် ၂၀၂၁ခုနှစ်ထဲမှာ အထောက်အထားမဲ့ နိုင်ငံခြားသား အလုပ်သမား ၆သောင်းကျော် အဖမ်းခံရတယ်လို့ ရွှေပြောင်းအလုပ်သမားရေး ဆောင်ရွက်နေတဲ့အဖွဲ့တွေကဆိုပါတယ်။ ဒီထဲမှာတော့ မြန်မာနိုင်ငံသားက အများဆုံးဖြစ်ပါတယ်။ ၂၀၂၂ခုနှစ်ထဲမှာလည်း အထောက်အထားမဲ့ မြန်မာတွေ သောင်းဂဏန်းနဲ့ ဖမ်းဆီးခံရထားရပါတယ်။ ဒီလိုအဖမ်းဆီးတွေရှိနေပေမယ့် ထိုင်းမြန်မာနယ်စပ် အသီးသီးကနေ နေ့စဉ် အစုလိုက် အပြုံလိုက် ဝင်ရောက်လာနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

.........................................


{{Zawgyi/Unicode}}








XS
SM
MD
LG