သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္ ႏိုင္ငံျခားေရးအၾကံေပး Chollet အာဆီယံႏိုင္ငံတခ်ိဳ႕ႏွင္႔ ျမန္မာ႔အေရး ေဆြးေႏြးမည္


ႏိုင္ငံျခားေရး၀န္ႀကီးဌာန အတိုင္ပင္ခံ အေရွ႕ေတာင္အာရွခရီးစဥ္မွာ ျမန္မာ့အေရးေဆြးေႏြးမည္

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန အတိုင္ပင္ခံ Derek Chollet ဟာ ဇြန္လ ၇ ရက္ ေန႔ကေန ၁၄ ရက္ေန႔အထိ ထိုင္း၊ စကၤာပူ၊ ဘ႐ူႏိုင္း ႏိုင္ငံေတြသြားေရာက္မွာျဖစ္ၿပီး ျမန္မာႏိုင္ငံဒီမိုကေရစီျပန္လည္ရရွိေရးအပါအဝင္၊ အာစီယံအေမရိကန္ ထိပ္သီးအစည္းအေဝးဆုံးျဖတ္ခ်က္ေတြကိုဆက္လက္အေကာင္အထည္ေဖၚဖို႔ေဆြးေႏြးသြားမွာျဖစ္ပါတယ္။

Zawgyi/Unicode

ကန္ ႏိုင္ငံျခားေရးအႀကံေပး Chollet အာဆီယံႏိုင္ငံတခ်ိဳ႕ႏွင့္ ျမန္မာ့အေရး ေဆြးေႏြးမည္

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန အတိုင္ပင္ခံ Derek Chollet ဟာ ဇြန္လ ၇ ရက္ ေန႔ကေန ၁၄ ရက္ေန႔အထိ ထိုင္း၊ စကၤာပူ၊ ဘ႐ူႏိုင္း ႏိုင္ငံေတြသြားေရာက္မွာျဖစ္ၿပီး ျမန္မာႏိုင္ငံဒီမိုကေရစီ ျပန္လည္ရရွိေရးကိစၥေတြအပါအဝင္၊ ၿပီးခဲ့တဲ့အာဆီယံအေမရိကန္ ထိပ္သီးအစည္းအေဝး ဆုံးျဖတ္ခ်က္ေတြကို ဆက္လက္အေကာင္အထည္ေဖၚဖို႔ကိစၥေတြ ေဆြးေႏြးသြားမွာျဖစ္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက တနလၤာေန႔မွာ ေျပာဆိုပါတယ္။

ထိုင္းႏိုင္ငံကိုေရာက္တဲ့အခါ အတိုင္ပင္ခံ Chollet ဟာ ထိုင္းအစိုးရအဆင့္ျမင့္အရာရွိ ေတြနဲ႔ေတြ႕ဆုံမွာျဖစ္ၿပီး ႏွစ္ႏိုင္ငံကိစၥေတြကို ေဆြးေႏြးမွာျဖစ္သလို၊ ႏိုင္ငံတကာလူသား ျခင္းစာနာမႈအဖြဲ႕ေတြ၊ အရပ္ဖက္အဖြဲ႕အစည္းေတြ၊ အျခားတာဝန္ရွိသူေတြနဲ႔လည္း ေတြ႕ဆုံၿပီး ျမန္မာျပည္သူေတြကို အေမရိကန္အစိုးရကကူညီဖို႔ လုပ္ေဆာင္ေနတဲ့ ကိစၥေတြနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးဖို႔ရွိပါတယ္။

စကၤာပူႏိုင္ငံကိုေရာက္တဲ့အခါ စကၤာပူအစိုးရအဆင့္ျမင့္အရာရွိေတြပါ တက္ေရာက္မယ့္ ျမန္မာႏိုင္ငံရဲ႕ပဋိပကၡနဲ႔ ပတ္သက္တဲ့ ေဆြးေႏြးပြဲကို တက္ေရာက္မွာျဖစ္သလို၊ ရွန္ဂရီလာ ေဆြးေႏြးပြဲကိုလည္း တက္ေရာက္မွာ ျဖစ္ပါတယ္။

ဘ႐ူႏိုင္းႏိုင္ငံကိုေရာက္ရွိတဲ့အခါမွာေတာ့ အတိုင္ပင္ခံ Chollet ဟာ ဘ႐ူႏိုင္း ႏိုင္ငံျခား ေရးဝန္ႀကီး ဧရာဝဏ္ ယူဆြတ္ Erywan Yusof အပါအဝင္၊ အျခားအစိုးရနဲ႔အရပ္ဖက္ တာဝန္ရွိသူေတြနဲ႔ေတြ႕သြားမွာျဖစ္ပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန အတိုင္ပင္ခံ Derek Chollet ဟာ ဒီရက္သတၱ ပတ္အတြင္းအေမရိကန္ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Sherman နဲ႔အတူ ဗီယက္နမ္၊ လာအိုနဲ႔ ဖိလစ္ပိုင္ႏိုင္ငံေတြသြားေရာက္ခဲ့ၿပီး ႏွစ္ႏိုင္ငံျခင္းစီဆက္ဆံေရးအျပင္၊ အာဆီယံတခုလုံးနဲ႔ပါဆက္ဆံေရးနဲ႔ပတ္သက္ၿပီး အေမရိကန္အစိုးရရဲ႕အေလးအနက္ထားမႈ ေတြကိုေဖၚျပေဆြးေႏြးခဲ့ၾကပါတယ္။

##

တိုက္႐ိုက္ လင့္ခ္

Unicode

ကန် နိုင်ငံခြားရေးအကြံပေး Chollet အာဆီယံနိုင်ငံတချို့နှင့် မြန်မာ့အရေး ဆွေးနွေးမည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ဟာ ဇွန်လ ၇ ရက် နေ့ကနေ ၁၄ ရက်နေ့အထိ ထိုင်း၊ စင်္ကာပူ၊ ဘရူနိုင်း နိုင်ငံတွေသွားရောက်မှာဖြစ်ပြီး မြန်မာနိုင်ငံဒီမိုကရေစီ ပြန်လည်ရရှိရေးကိစ္စတွေအပါအဝင်၊ ပြီးခဲ့တဲ့အာဆီယံအမေရိကန် ထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်တွေကို ဆက်လက်အကောင်အထည်ဖေါ်ဖို့ကိစ္စတွေ ဆွေးနွေးသွားမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြောဆိုပါတယ်။

ထိုင်းနိုင်ငံကိုရောက်တဲ့အခါ အတိုင်ပင်ခံ Chollet ဟာ ထိုင်းအစိုးရအဆင့်မြင့်အရာရှိ တွေနဲ့တွေ့ဆုံမှာဖြစ်ပြီး နှစ်နိုင်ငံကိစ္စတွေကို ဆွေးနွေးမှာဖြစ်သလို၊ နိုင်ငံတကာလူသား ခြင်းစာနာမှုအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ အခြားတာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံပြီး မြန်မာပြည်သူတွေကို အမေရိကန်အစိုးရကကူညီဖို့ လုပ်ဆောင်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ရှိပါတယ်။

စင်္ကာပူနိုင်ငံကိုရောက်တဲ့အခါ စင်္ကာပူအစိုးရအဆင့်မြင့်အရာရှိတွေပါ တက်ရောက်မယ့် မြန်မာနိုင်ငံရဲ့ပဋိပက္ခနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်သလို၊ ရှန်ဂရီလာ ဆွေးနွေးပွဲကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

ဘရူနိုင်းနိုင်ငံကိုရောက်ရှိတဲ့အခါမှာတော့ အတိုင်ပင်ခံ Chollet ဟာ ဘရူနိုင်း နိုင်ငံခြား ရေးဝန်ကြီး ဧရာဝဏ် ယူဆွတ် Erywan Yusof အပါအဝင်၊ အခြားအစိုးရနဲ့အရပ်ဖက် တာဝန်ရှိသူတွေနဲ့တွေ့သွားမှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ဟာ ဒီရက်သတ္တ ပတ်အတွင်းအမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sherman နဲ့အတူ ဗီယက်နမ်၊ လာအိုနဲ့ ဖိလစ်ပိုင်နိုင်ငံတွေသွားရောက်ခဲ့ပြီး နှစ်နိုင်ငံခြင်းစီဆက်ဆံရေးအပြင်၊ အာဆီယံတခုလုံးနဲ့ပါဆက်ဆံရေးနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့အလေးအနက်ထားမှု တွေကိုဖေါ်ပြဆွေးနွေးခဲ့ကြပါတယ်။

XS
SM
MD
LG