Zawgyi/Unicode
အမေရိကန်သတင်းဌာန ၂ ခု ရုရှား ဒဏ်ရိုက်
အမေရိကန်ကကြောထောက်နောက်ခံပေးထားတဲ့ Radio Free Europe နဲ့ Radio Liberty ကို ရုရှားက မမှန်မကန်သတင်းလွှင့်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့အမေရိကန်ဒေါ်လာ ၃ သိန်း ၂ သောင်း ၅ ထောင်နဲ့ညီမျှတဲ့ ရုရှားရူဘဲငွေသန်း ၂၀ ပေးဆောင်ဖို့ရုရှားက ပစ်ဒါဏ်ချမှတ်ထားကြောင်း Interfax သတင်းဌာနက တနင်္လာနေ့တုန်းကဖေါ်ပြပါ တယ်။
ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အရပ်သားတွေနဲ့ ရုရှားစစ်သား တွေသေဆုံးတဲ့အရေ အတွက်တွေသူတို့ရဲ့အင်တာနက်ဝက်ဆိုဒ်မှာဖေါ်ပြထားတာကို ရုရှားကမဟုတ်မမှန် ဖေါ်ပြတယ်လို့စွပ်စွဲပြီး၊ ဝက်ဆိုဒ်စာမျက်နှာကနေဖြုတ်ချပေးဖို့ တောင်းဆိုခဲ့တာကို ဒီသတင်းဌာနတွေက ငြင်းဆိုခဲ့တဲ့အတွက်အခုလို ဒါဏ်ငွေချမှတ်ခဲ့တာပါ။ ဒါ့အပြင် ရုရှုားနဲ့ပတ်သက်ပြီးအစွန်းရောက်ဖေါ်ပြ တယ်လို့လည်းစွပ်စွဲခဲ့ ကြောင်း Interfax သတင်းကဆိုပါတယ်။
ရုရှားက သူတို့တပ်ဖွဲ့တွေရဲ့ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး မတ်လကတည်းကစတင်ပြီး ထုတ်ပြန်ခြင်းမရှိပါဘူး။
Radio Free Europe နဲ့ Radio Liberty တို့ကိုပြီးခဲ့တဲ့လပိုင်းတွေထဲမှာ ဒါဏ်ငွေတွေ ဆက်တိုက်ချမှတ်ခဲ့ပါတယ်။ ဒီအသံလွှင့်ဌာနတွေအနေနဲ့ ငွေကြေးမတတ်နိုင်တော့ ကြောင်းနဲ့ ရုရှားရဲတွေကသူတို့ရဲ့သတင်းထောက်တွေကို ဖိအားပေးတာတွေရှိတဲ့ အတွက်လုပ်ငန်းတွေကိုရပ်တန့်ထားလိုက်ပြီဖြစ်ကြောင်းနဲ့တိုင်းပြည်ပြင်ကသာ ဆက်လက်ပြီးသတင်းပေးပို့သွားတော့မယ်လို့ မတ်လထဲတုန်းကကြေငြာခဲ့ပါတယ်။
ဒီသတင်းဌာနတွေရဲ့ဒေဝါလီခံရမှုနဲ့ပတ်သက်တဲ့ ကြားနာမှုကိုတော့ လာမယ့်ဗုဒ္ဓဟူး နေ့မှာလုပ်ဖို့ရှိနေပါတယ်။
#
Unicode
ဒီသတငျးဌာနတှရေဲ့ဒဝေါလီခံရမှုနဲ့ပတျသကျတဲ့ ကွားနာမှုကိုတော့ လာမယ့ျဗုဒ်ဓဟူး နေ့မှာလုပျဖို့ရှိနပေါတယျ။