သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ စစ္ဆင္ေရးကာလ ကနီၿမိဳ႕နယ္မွာ အရပ္သားေသဆုံးမႈရွိ 


စစ္ကိုင္းတိုင္း ကနီၿမိဳ႕နယ္က ေက်းရြာတရြာမီးရိႈ႕ခံခဲ့ရစဥ္ / ကနီ (မွတ္တမ္းဓါတ္ပုံ)

စစ္ကိုင္းတိုင္း ကနီၿမိဳ႕နယ္ထဲက ေက်းရြာေတြမွာ စစ္ေကာင္စီက နယ္ေျမရွင္းလင္းေရးလုပ္ခဲ့တဲ့ ၁ လေလာက္အတြင္း အရပ္သား ၇ ဦး ေသဆုံးခဲ့ၿပီး ေနအိမ္ ၁ ေထာင္ေက်ာ္ မီးေလာင္ ပ်က္စီးခဲ့ေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ ရန္ကုန္ကေပးပို႔လာတဲ့ စစ္ကိုင္းတိုင္းနဲ႔ မေကြးတိုင္းက အေျခအေနေတြကို ကိုရဲမြန္ ကေျပာျပပါမယ္။

စစ္ေကာင္စီ စစ္ဆင္ေရးကာလ ကနီၿမိဳ႕နယ္မွာ အရပ္သားေသဆုံးမႈရွိ

{{Zawgyi/Unicode}}
စစ္ကိုင္းတိုင္း ကနီၿမိဳ႕နယ္ထဲက ေက်းရြာေတြမွာ စစ္ေကာင္စီက နယ္ေျမရွင္းလင္းေရးလုပ္ခဲ့တဲ့ ၁ လေလာက္အတြင္း အရြယ္မေရာက္ေသးသူ ၁ ဦး အပါအ၀င္ အရပ္သား ၇ ဦး ေသဆုံးခဲ့ၿပီး ေက်းရြာ ၁၄ ရြာက ေနအိမ္ ၁ ေထာင္ေက်ာ္ မီးေလာင္ ပ်က္စီးခဲ့ေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ မေကြးတိုင္း ေပါက္ၿမိဳ႕နယ္မွာလည္း ေဆး၀ါးေတြျပတ္လပ္ေနၿပီး အခက္ေတြ႕ေနပါတယ္။ ရန္ကုန္ကေပးပို႔လာတဲ့ စစ္ကိုင္းတိုင္းနဲ႔ မေကြးတိုင္းက အေျခအေနေတြကို ကိုရဲမြန္ ကေျပာျပပါမယ္။

စစ္ကိုင္းတိုင္းေဒသႀကီး ကနီၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္ေတြက မတ္လဆန္းကေန ဇြန္လဆန္းအထိ နယ္ေျမရွင္းလင္းေရး လုပ္ရာမွာ ခ်င္းတြင္းျမစ္ထဲကေန ေရေၾကာင္းေရာ ကုန္းေၾကာင္းကေနပါ စစ္ေၾကာင္း ၂ ေၾကာင္းခြဲၿပီး လုပ္ခဲတာပါ။

အဲ့ဒီေနာက္ စစ္ေကာင္စီတပ္သားေတြ ထြက္သြားခ်ိန္ ေဒသခံေတြ ေကာက္ယူထားတဲ့ စာရင္းအရ အရပ္သား ၇ ဦးေသဆံုးၿပီး ေနအိမ္ေထာင္နဲ႔ခ်ီ မီးရိႈ႕ဖ်က္ဆီးခံရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ဒါနဲ႔ပတ္သက္လို႔ ကနီေဒသခံတဦးက အခုလိုေျပာပါတယ္။

“စစ္ေၾကာင္းမွာဆိုရင္ ခ်င္းတြင္းျမစ္ကမ္း ၀ဲယာနဲ႔ ခ်င္းတြင္းျမစ္အတြင္းက စစ္ေကာင္စီပိုင္တဲ့ ေရယာဥ္ေတြေပၚကေန စစ္ေၾကာင္းထိုးခဲ့တာမ်ိဳးေတြရွိတယ္။ အဓိကအားျဖင့္ ဒီတေခါက္မွာေတာ့ အၾကမ္းဖက္ စစ္ေကာင္စီတပ္က ရြာေပါင္း ၄၅ ရြာကို ေရာက္ရွိၿပီးတဲ့အခါမွာ ရြာေပါင္း ၁၄ ရြာကို မီးရိႈ႕ဖ်က္ဆီးခဲ့ၿပီးေတာ့မွ အိမ္ေျခ ၁ ေထာင္ေက်ာ္ မီးေလာင္ဆံုးရံႈးခဲ့တာမ်ိဳးေတြရွိတယ္။ အဲ့လိုစစ္ေၾကာင္းထိုးရင္းနဲ႔ ကနီၿမိဳ႕နယ္ကင္းရြာက အရပ္သား ျပည္သူ ၁ ဦး ၊ ကနီၿမိဳ႕နယ္ ကင္းေတာင္ရြာက အရပ္သား ျပည္သူ ၁ ဦးနဲ႔ တန္႔ဆည္ေခ်ာင္ရြာက အရပ္သား ျပည္သူ ၄ ဦး၊ ေဒါင္းၿခံရြာက အရပ္သား ျပည္သူ ၁ ဦးတို႔ကို ဖမ္းဆီးသတ္ျဖတ္ခဲ့တာမ်ိဳးေတြရွိတယ္။ အဲ့လို ဖမ္းဆီးသတ္ျဖတ္ခံရတဲ့ အထဲမွာ တန္႔ဆည္ေခ်ာင္ရြာက အရပ္သား ျပည္သူ ၁ ဦးဆိုရင္ အသက္မျပည့္ေသးတဲ့ အသက္ ၁၇ ႏွစ္အရြယ္ ကေလး သူငယ္ျဖစ္တာကို ေတြ႕ရတယ္။ ေဒါင္းၿခံရြာက ဖမ္းဆီးသတ္ျဖတ္ခံရတဲ့ အရပ္သားျပည္သူဆိုရင္ ပထမေတာ့ ဘယ္သူ ဘယ္၀ါဆိုတာကို ကြ်န္ေတာ္တို႔ မသိႏိုင္ဘူးေပါ့။ မီးရိႈ႕ၿပီးသတ္ခဲ့တာမို႔ ေနာက္ဆံုး စံုစမ္း စစ္ေဆးတဲ့အခါမွာ ေဒါင္းၿခံရြာက ကိုခ်စ္လြင္ဆိုတာကို ကြ်န္ေတာ္သိရတဲ့ အေနအထားမွာရွိတယ္။”

ေဒသခံေတြရဲ႕ ေျပာဆိုခ်က္နဲ႔ ပတ္သက္လို႔ သီးျခားအတည္ျပဳလို႔ မရေသးသလို၊ စစ္ေကာင္စီက တစံုတရာ သတင္းထုတ္ျပန္တာမ်ိဳးလည္း မရွိေသးပါဘူး။ စစ္ေကာင္စီက ကနီနယ္ထဲကို မၾကာခဏဆိုသလို နယ္ေျမရွင္းလင္းတာေတြလုပ္ၿပီး ေနအိမ္ေတြ မီးရိႈ႕တာေတြ လုပ္တဲ့အတြက္ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ မၾကာခဏဆိုသလို တိုက္ပြဲေတြျဖစ္ပြားေလ့ရွိပါတယ္။ ကနီနယ္ထဲမွာဆိုရင္ ေထာင္နဲ႔ခ်ီတဲ့ စစ္ေဘးေရွာင္ေတြဟာ အကူအညီေတြ လိုအပ္ေနပါတယ္။

ဒါက စစ္ကိုင္းတိုင္းထဲက ကနီၿမိဳ႕နယ္ အေျခအေနပါ။ စစ္ေကာင္စီက မၾကာခဏ နယ္ေျမရွင္းလင္းတဲ့ မေကြးတိုင္းထဲက ေပါက္ၿမိဳ႕နယ္ ေတာင္ပိုင္းမွာဆိုရင္လည္း စစ္ေကာင္စီက ေဆး၀ါးေတြ သယ္ယူတာေတြကို ပိတ္ပင္ထားတဲ့အတြက္ ေဒသခံေတြမွာ အခက္အခဲျဖစ္ေပၚေနပါတယ္။ ေဆး၀ါးေတြ သယ္ေဆာင္တာေတြ ေတြ႕ရွိရင္ စစ္ေကာင္စီတပ္ေတြရဲ႕ စစ္ေဆးေရး ဂိတ္ေတြကေန သိမ္းဆည္းတာေတြ လုပ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဒီအေျခအေနနဲ႔ ပတ္သက္လုိ႔ ေဒသခံတဦးက အခုလိုေျပာပါတယ္။

“သယ္ခြင့္မေပးတာ စစ္ေကာင္စီက အခုကြ်န္ေတာ္တို႔ ဒီဘက္ေတြမွာက ကားကရွားတယ္။ ရွားပါးကားေတြကို သူတို႔ကေနမွ ဖမ္းတယ္ စစ္ေဆးတယ္။ ဒဏ္ေငြေတြ ေဆာင္ခိုင္းတယ္ဆိုေတာ့ ဘယ္ကားသမားမွ မသယ္ရဲေတာ့ဘူး အဲ့လိုျဖစ္သြားတာ။ ပခုကၠဴနဲ႔ေပါက္နဲ႔ၾကား ကြ်န္ေတာ္တို႔ ေဒသဘက္ကိုေရာက္ေအာင္ဆိုရင္ ေပါက္နဲ႔ ေတာင္ပိုင္းေဒသနဲ႔ၾကေတာ့ သရက္ေတာဂိတ္ဆိုတာရွိတယ္။ အဲ့မွာက လူေတြပဲ ေစာင့္ၿပီးေတာ့မွ အဲ့ဒါေတြကို စစ္ေဆးတယ္။ သယ္လို႔မရတာမ်ိဳးျဖစ္ေနတာေလ။ ေဆး၀ါး လံုး၀ ျပတ္ေတာက္တာ မျပည့္စံုတာမဟုတ္ဘူး။ ေဆးထိုးေပးဖုိ႔ ပိုက္ေတြကို ျပတ္သြားတာ အဲ့လို။”

ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းကို စစ္ေကာင္စီက နယ္ေျမရွင္းလင္းတာေတြလုပ္သလို ၿပီးခဲ့တဲ့ ဧၿပီလက စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြ တိုက္ပြဲျပင္းထန္စြာ ျဖစ္ပြားၿပီး ေက်းရြာေပါင္း ၂၀ ေက်ာ္က ေနအိမ္ ရာနဲ႔ခ်ီ မီးရိႈ႕ခံခဲ့ရပါတယ္။ အဲ့ဒီေနာက္ ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြဟာ ေတာေတာင္ေတြထဲမွာပဲ ေနထိုင္ေနရၿပီး စစ္ေဘးေရွာင္ေနရကာ ရိကၡာ ေဆး၀ါး ျပတ္ေတာက္ၿပီး အခက္အခဲေတြ ျဖစ္ေပၚေနတာပါ။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ တုိက္ပြဲျဖစ္ပြားၿပီး ပထမဆံုး ေနအိမ္ရာနဲ႔ခ်ီမီးေလာင္ခဲ့တဲ့ ေပါက္ၿမိဳ႕နယ္ ေတာင္ပိုင္းက ကင္းမေက်းရြာက ေဒသခံေတြဟာဆိုရင္လည္း ေနအိမ္ေတြ မီးေလာင္ၿပီးတာ ၁ ႏွစ္ျပည့္ေတာ့မယ့္ အခ်ိန္ထိ ေနရပ္မျပန္ႏိုင္ေသးဘဲ ေတာေတာင္ေတြထဲ ပုန္းေရွာင္ေနရပါေသးတယ္။

တိုက္႐ိုက္ လင့္ခ္

................................................

စစ်ကောင်စီ စစ်ဆင်ရေးကာလ ကနီမြို့နယ်မှာ အရပ်သားသေဆုံးမှုရှိ

{{Zawgyi/Unicode}}
စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်ခဲ့တဲ့ ၁ လလောက်အတွင်း အရွယ်မရောက်သေးသူ ၁ ဦး အပါအဝင် အရပ်သား ၇ ဦး သေဆုံးခဲ့ပြီး ကျေးရွာ ၁၄ ရွာက နေအိမ် ၁ ထောင်ကျော် မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မကွေးတိုင်း ပေါက်မြို့နယ်မှာလည်း ဆေးဝါးတွေပြတ်လပ်နေပြီး အခက်တွေ့နေပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက အခြေအနေတွေကို ကိုရဲမွန် ကပြောပြပါမယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်မှာ စစ်ကောင်စီတပ်တွေက မတ်လဆန်းကနေ ဇွန်လဆန်းအထိ နယ်မြေရှင်းလင်းရေး လုပ်ရာမှာ ချင်းတွင်းမြစ်ထဲကနေ ရေကြောင်းရော ကုန်းကြောင်းကနေပါ စစ်ကြောင်း ၂ ကြောင်းခွဲပြီး လုပ်ခဲတာပါ။

အဲ့ဒီနောက် စစ်ကောင်စီတပ်သားတွေ ထွက်သွားချိန် ဒေသခံတွေ ကောက်ယူထားတဲ့ စာရင်းအရ အရပ်သား ၇ ဦးသေဆုံးပြီး နေအိမ်ထောင်နဲ့ချီ မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ ကနီဒေသခံတဦးက အခုလိုပြောပါတယ်။

“စစ်ကြောင်းမှာဆိုရင် ချင်းတွင်းမြစ်ကမ်း ဝဲယာနဲ့ ချင်းတွင်းမြစ်အတွင်းက စစ်ကောင်စီပိုင်တဲ့ ရေယာဉ်တွေပေါ်ကနေ စစ်ကြောင်းထိုးခဲ့တာမျိုးတွေရှိတယ်။ အဓိကအားဖြင့် ဒီတခေါက်မှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်က ရွာပေါင်း ၄၅ ရွာကို ရောက်ရှိပြီးတဲ့အခါမှာ ရွာပေါင်း ၁၄ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီးတော့မှ အိမ်ခြေ ၁ ထောင်ကျော် မီးလောင်ဆုံးရှုံးခဲ့တာမျိုးတွေရှိတယ်။ အဲ့လိုစစ်ကြောင်းထိုးရင်းနဲ့ ကနီမြို့နယ်ကင်းရွာက အရပ်သား ပြည်သူ ၁ ဦး ၊ ကနီမြို့နယ် ကင်းတောင်ရွာက အရပ်သား ပြည်သူ ၁ ဦးနဲ့ တန့်ဆည်ချောင်ရွာက အရပ်သား ပြည်သူ ၄ ဦး၊ ဒေါင်းခြံရွာက အရပ်သား ပြည်သူ ၁ ဦးတို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာမျိုးတွေရှိတယ်။ အဲ့လို ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ အထဲမှာ တန့်ဆည်ချောင်ရွာက အရပ်သား ပြည်သူ ၁ ဦးဆိုရင် အသက်မပြည့်သေးတဲ့ အသက် ၁၇ နှစ်အရွယ် ကလေး သူငယ်ဖြစ်တာကို တွေ့ရတယ်။ ဒေါင်းခြံရွာက ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ အရပ်သားပြည်သူဆိုရင် ပထမတော့ ဘယ်သူ ဘယ်ဝါဆိုတာကို ကျွန်တော်တို့ မသိနိုင်ဘူးပေါ့။ မီးရှို့ပြီးသတ်ခဲ့တာမို့ နောက်ဆုံး စုံစမ်း စစ်ဆေးတဲ့အခါမှာ ဒေါင်းခြံရွာက ကိုချစ်လွင်ဆိုတာကို ကျွန်တော်သိရတဲ့ အနေအထားမှာရှိတယ်။”

ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ သီးခြားအတည်ပြုလို့ မရသေးသလို၊ စစ်ကောင်စီက တစုံတရာ သတင်းထုတ်ပြန်တာမျိုးလည်း မရှိသေးပါဘူး။ စစ်ကောင်စီက ကနီနယ်ထဲကို မကြာခဏဆိုသလို နယ်မြေရှင်းလင်းတာတွေလုပ်ပြီး နေအိမ်တွေ မီးရှို့တာတွေ လုပ်တဲ့အတွက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွားလေ့ရှိပါတယ်။ ကနီနယ်ထဲမှာဆိုရင် ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်တွေဟာ အကူအညီတွေ လိုအပ်နေပါတယ်။

ဒါက စစ်ကိုင်းတိုင်းထဲက ကနီမြို့နယ် အခြေအနေပါ။ စစ်ကောင်စီက မကြာခဏ နယ်မြေရှင်းလင်းတဲ့ မကွေးတိုင်းထဲက ပေါက်မြို့နယ် တောင်ပိုင်းမှာဆိုရင်လည်း စစ်ကောင်စီက ဆေးဝါးတွေ သယ်ယူတာတွေကို ပိတ်ပင်ထားတဲ့အတွက် ဒေသခံတွေမှာ အခက်အခဲဖြစ်ပေါ်နေပါတယ်။ ဆေးဝါးတွေ သယ်ဆောင်တာတွေ တွေ့ရှိရင် စစ်ကောင်စီတပ်တွေရဲ့ စစ်ဆေးရေး ဂိတ်တွေကနေ သိမ်းဆည်းတာတွေ လုပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“သယ်ခွင့်မပေးတာ စစ်ကောင်စီက အခုကျွန်တော်တို့ ဒီဘက်တွေမှာက ကားကရှားတယ်။ ရှားပါးကားတွေကို သူတို့ကနေမှ ဖမ်းတယ် စစ်ဆေးတယ်။ ဒဏ်ငွေတွေ ဆောင်ခိုင်းတယ်ဆိုတော့ ဘယ်ကားသမားမှ မသယ်ရဲတော့ဘူး အဲ့လိုဖြစ်သွားတာ။ ပခုက္ကူနဲ့ပေါက်နဲ့ကြား ကျွန်တော်တို့ ဒေသဘက်ကိုရောက်အောင်ဆိုရင် ပေါက်နဲ့ တောင်ပိုင်းဒေသနဲ့ကြတော့ သရက်တောဂိတ်ဆိုတာရှိတယ်။ အဲ့မှာက လူတွေပဲ စောင့်ပြီးတော့မှ အဲ့ဒါတွေကို စစ်ဆေးတယ်။ သယ်လို့မရတာမျိုးဖြစ်နေတာလေ။ ဆေးဝါး လုံး၀ ပြတ်တောက်တာ မပြည့်စုံတာမဟုတ်ဘူး။ ဆေးထိုးပေးဖို့ ပိုက်တွေကို ပြတ်သွားတာ အဲ့လို။”

ပေါက်မြို့နယ်တောင်ပိုင်းကို စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေလုပ်သလို ပြီးခဲ့တဲ့ ဧပြီလက စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး ကျေးရွာပေါင်း ၂၀ ကျော်က နေအိမ် ရာနဲ့ချီ မီးရှို့ခံခဲ့ရပါတယ်။ အဲ့ဒီနောက် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ တောတောင်တွေထဲမှာပဲ နေထိုင်နေရပြီး စစ်ဘေးရှောင်နေရကာ ရိက္ခာ ဆေးဝါး ပြတ်တောက်ပြီး အခက်အခဲတွေ ဖြစ်ပေါ်နေတာပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး ပထမဆုံး နေအိမ်ရာနဲ့ချီမီးလောင်ခဲ့တဲ့ ပေါက်မြို့နယ် တောင်ပိုင်းက ကင်းမကျေးရွာက ဒေသခံတွေဟာဆိုရင်လည်း နေအိမ်တွေ မီးလောင်ပြီးတာ ၁ နှစ်ပြည့်တော့မယ့် အချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ တောတောင်တွေထဲ ပုန်းရှောင်နေရပါသေးတယ်။

XS
SM
MD
LG