သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂြမ္တာနာမို အက်ည္းသား စစ္ရာဇဝတ္မႈက်ဴးလြန္ေၾကာင္း ဝန္ခံထြက္ဆို


Guantanamo Sept 11 Trial

Guantanamo Bay အက်ဥ္းစခန္းမွာ ၁၅ ႏွစ္ေက်ာ္ၾကာ ၊ ဖမ္းဆီး ထိန္းသိမ္းခံထားရတဲ့ အီရတ္အမ်ဳိးသားတဦးက စစ္ရာဇဝတ္မႈေတြနဲ႔ ပတ္သက္လို႔ ဝန္ခံ ထြက္ဆို လိုက္ပါတယ္။

Zawgyi/Unicode

ဂြမ္တာနာမို အက်ည္းသား စစ္ရာဇဝတ္မႈက်ဴးလြန္ေၾကာင္း ဝန္ခံထြက္ဆို

Guantanamo Bay အက်ဥ္းစခန္းမွာ ၁၅ ႏွစ္ေက်ာ္ၾကာ ၊ ဖမ္းဆီး ထိန္းသိမ္းခံထားရတဲ့ အီရတ္အမ်ဳိးသားတဦးက စစ္ရာဇဝတ္မႈေတြနဲ႔ ပတ္သက္လို႔ ဝန္ခံ ထြက္ဆို လိုက္ပါတယ္။ အာဖဂန္နစၥတန္မွာရွိတဲ့ အေမရိကန္နဲ႔ မဟာမိတ္တပ္ဖြဲ႔ဝင္ေတြကိုေရာ ၊ အရပ္သားေတြကိုပါ တိုက္ခိုက္ရာမွာ သူပါဝင္ လုပ္ေဆာင္ခဲ့တာေတြအတြက္ဆိုၿပီး သူ႔ကို စစ္ရာဇဝတ္မႈနဲ႔ တရားစြဲဆိုထားတာပါ။

အီရတ္ အမ်ဳိးသားျဖစ္သူ Abd al-Hadi al-Iraqi က က်ဴးဘားႏိုင္ငံမွာရွိတဲ့ အေမရိကန္စစ္စခန္းက စစ္ေကာ္မရွင္ ေရွ႕ေမွာက္ အခုလို ဝန္ခံထြက္ဆိုလိုက္တာက ၊ ႏွစ္ေပါင္းမ်ားစြာ ၾကံ့ၾကာေနခဲ့တဲ့ ဂြါတာနာမို တရား႐ုံးနဲ႔ အက်ဥ္းစခန္း ပိတ္သိမ္းေရး လုပ္ငန္းစဥ္ေတြအတြက္ အေတာ္ကို အေထာက္အကူျဖစ္ေစတယ္လို႔ ဆိုပါတယ္။

Hadi al-Iraqi ရဲ႕အမႈဟာ တရားဥပေဒေၾကာင္းအရေရာ လုပ္ထုံးလုပ္နည္းအရ စိန္ေခၚမႈေတြရွိခဲ့တာေၾကာင့္ ႏွစ္ေပါင္းအေတာ္ၾကာခဲ့ရၿပီး ၊ ခါးဆစ္႐ိုး ထိခိုက္ယိုယြင္းလာတဲ့ ေဝဒနာေၾကာင့္ ကိုယ္တျခမ္းေသတဲ့အထိ ျဖစ္လာရတာပါ။

အသက္ ၆၀ ရွိၿပီျဖစ္တဲ့ Hadi al-Iraqi က အခုလို ဝန္ခံလိုက္တဲ့အတြက္ ျပစ္ဒဏ္က ေလွ်ာ့ေပါ့ သက္သာခြင့္ ရမွာ ျဖစ္ပါတယ္။ သူ႔အေပၚ စဲြဆိုထားတဲ့ အမႈ(၅)ခုထဲက (၄)ခုကို သူက ဝန္ခံလိုက္တာျဖစ္ပါတယ္။ Hadi al-Iraqi ကို စြဲဆိုခဲ့တဲ့ အမႈေတြကေတာ့ အာဖဂန္စစ္ပဲြ အစပိုင္း တပ္မွဴးအျဖစ္ သူတာဝန္ယူခဲ့စဥ္က က်ဴးလြန္ခဲ့တဲ့ စစ္ရာဇဝတ္နဲ႔ ႏိုင္ငံတကာ ဥပေဒေ ခ်ဳိးေဖါက္မႈေတြအတြက္ ၂၀၁၄ မွာ စြဲခ်က္တင္ခဲ့တာ ျဖစ္ပါတယ္။

ေထာက္ဒဏ္ တသက္ က်ခံေနရတဲ့ Hadi al-Iraqi ကိုေတာ့ ၊ သူ႔က်န္းမာေရး အေျခအေနအရေရာ သူ႔ရဲ႕ဝန္ခံထြက္ဆိုမႈ အတြက္ေၾကာင့္ပါ Guantanamo အက်ဥ္းစခန္းကေန လႊတ္ေပးၿပီး တတိယႏိုင္ငံတခုကို ပို႔လိမ့္မယ့္ ေမွ်ာ္လင့္ရပါတယ္။ Guantanamo အက်ဥ္းစခန္းမွာ အခုခ်ိန္ထိ ဖမ္းဆီးထားသူ အမ်ဳိးသား (၃၇)ဦးရွိပါတယ္။

#

ဂွမ်တာနာမို အကျည်းသား စစ်ရာဇဝတ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆို

Guantanamo Bay အကျဉ်းစခန်းမှာ ၁၅ နှစ်ကျော်ကြာ ၊ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အီရတ်အမျိုးသားတဦးက စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ ဝန်ခံ ထွက်ဆို လိုက်ပါတယ်။ အာဖဂန်နစ္စတန်မှာရှိတဲ့ အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေကိုရော ၊ အရပ်သားတွေကိုပါ တိုက်ခိုက်ရာမှာ သူပါဝင် လုပ်ဆောင်ခဲ့တာတွေအတွက်ဆိုပြီး သူ့ကို စစ်ရာဇဝတ်မှုနဲ့ တရားစွဲဆိုထားတာပါ။

အီရတ် အမျိုးသားဖြစ်သူ Abd al-Hadi al-Iraqi က ကျူးဘားနိုင်ငံမှာရှိတဲ့ အမေရိကန်စစ်စခန်းက စစ်ကော်မရှင် ရှေ့မှောက် အခုလို ဝန်ခံထွက်ဆိုလိုက်တာက ၊ နှစ်ပေါင်းများစွာ ကြံ့ကြာနေခဲ့တဲ့ ဂွါတာနာမို တရားရုံးနဲ့ အကျဉ်းစခန်း ပိတ်သိမ်းရေး လုပ်ငန်းစဉ်တွေအတွက် အတော်ကို အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။

Hadi al-Iraqi ရဲ့အမှုဟာ တရားဥပဒေကြောင်းအရရော လုပ်ထုံးလုပ်နည်းအရ စိန်ခေါ်မှုတွေရှိခဲ့တာကြောင့် နှစ်ပေါင်းအတော်ကြာခဲ့ရပြီး ၊ ခါးဆစ်ရိုး ထိခိုက်ယိုယွင်းလာတဲ့ ဝေဒနာကြောင့် ကိုယ်တခြမ်းသေတဲ့အထိ ဖြစ်လာရတာပါ။

အသက် ၆၀ ရှိပြီဖြစ်တဲ့ Hadi al-Iraqi က အခုလို ဝန်ခံလိုက်တဲ့အတွက် ပြစ်ဒဏ်က လျှော့ပေါ့ သက်သာခွင့် ရမှာ ဖြစ်ပါတယ်။ သူ့အပေါ် စွဲဆိုထားတဲ့ အမှု(၅)ခုထဲက (၄)ခုကို သူက ဝန်ခံလိုက်တာဖြစ်ပါတယ်။ Hadi al-Iraqi ကို စွဲဆိုခဲ့တဲ့ အမှုတွေကတော့ အာဖဂန်စစ်ပွဲ အစပိုင်း တပ်မှူးအဖြစ် သူတာဝန်ယူခဲ့စဉ်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်နဲ့ နိုင်ငံတကာ ဥပဒေေ ချိုးဖေါက်မှုတွေအတွက် ၂၀၁၄ မှာ စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။

ထောက်ဒဏ် တသက် ကျခံနေရတဲ့ Hadi al-Iraqi ကိုတော့ ၊ သူ့ကျန်းမာရေး အခြေအနေအရရော သူ့ရဲ့ဝန်ခံထွက်ဆိုမှု အတွက်ကြောင့်ပါ Guantanamo အကျဉ်းစခန်းကနေ လွှတ်ပေးပြီး တတိယနိုင်ငံတခုကို ပို့လိမ့်မယ့် မျှော်လင့်ရပါတယ်။ Guantanamo အကျဉ်းစခန်းမှာ အခုချိန်ထိ ဖမ်းဆီးထားသူ အမျိုးသား (၃၇)ဦးရှိပါတယ်။

XS
SM
MD
LG