သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတ်မှတ်ဈေးထက် ပိုပေးရပေမဲ့ လိုသလောက်ဝယ်မရတဲ့ စားအုံးဆီ


A worker fills jerrycans with cooking oil at a distribution station in Jakarta, Indonesia, May 20, 2022. REUTERS/Willy Kurniawan
A worker fills jerrycans with cooking oil at a distribution station in Jakarta, Indonesia, May 20, 2022. REUTERS/Willy Kurniawan

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက တပိဿာ ၅,၆၄၅ ကျပ် သတ်မှတ်ထားပေမယ့် ဈေးကွက်ထဲမှာတော့ လက်လီ၊ လက်ကားဈေး တပိဿာ ၈,၀၀၀ ကျော်ကနေ ၉,၀၀၀ ကျပ်အထိ အရောင်းအဝယ်ဖြစ်နေပါတယ်။

Zawgyi/Unicode

သတ်မှတ်ဈေးထက် ပိုပေးရပေမဲ့ လိုသလောက်ဝယ်မရတဲ့ စားအုံးဆီ

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက တပိဿာ ၅,၆၄၅ ကျပ် သတ်မှတ်ထားပေမယ့် ဈေးကွက်ထဲမှာတော့ လက်လီ၊ လက်ကားဈေး တပိဿာ ၈,၀၀၀ ကျော်ကနေ ၉,၀၀၀ ကျပ်အထိ အရောင်းအဝယ်ဖြစ်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့ထားတဲ့ သတင်းကို ကိုဇော်မိုးကျော် ပြောပြမှာပါ။

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေမှာ ဈေးနှုန်းတည်ငြိမ်နေလို့ ဇွန်လ ၁၃ ရက်ကနေ ၁၉ ရက်နေ့အထိ စားအုန်းဆီဈေးနှုန်း တပိဿာ ၅,၆၄၅ ကျပ်ဆိုပြီး စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးတဲ့ကော်မတီက သတ်မှတ်ထားတာပါ။ ဈေးနှုန်းမြှင့်ရောင်းချတာမလုပ်ဖို့ သတိပေးထားပေမယ့် ရန်ကုန်လက်ကားဈေးကွက်မှာတော့ သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးနဲ့ ဝယ်မရဘဲ တပိဿာကို အနည်းဆုံး ၈,၂၀၀ ကျော်ကနေ စရှိနေပါတယ်။ ခွဲတမ်းရသလောက် ရောင်းချပေးနေတဲ့ ရွှေပြည်သာမြို့နယ်က ဆီဆိုင်တဆိုင်မှာတော့ ဒီနေ့ ဇွန်လ ၁၃ ရက်နေ့မှာ စားအုန်းဆီလက်ကားဈေး ၁၀ ပိဿာကို ကျပ် ၈၂,၅၀၀ နဲ့ ရောင်းချပေးနေပါတယ်။

"၁၀ ပိဿာဈေး ၈၂,၅၀၀ ပါ။ ဈေးနှုန်းကတော့ အပြောင်းအလဲ မရှိသေးဘူး။ မနက်မှာရင် ညနေလောက်ဆို ရပါတယ်။ တယောက်ကို ပိဿာ ၄၀၊ ၅၀ အထိ ရောင်းပေးပါတယ်။"

စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့နေတဲ့ မလေးရှားနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှာ ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းတွေကို စောင့်ကြည့်ပြီး သယ်ယူကုန်ကျစရိတ်၊ ဘဏ်စရိတ်နဲ့ အခွန်အခတွေကို ထည့်သွင်းတွက်ချက်ပြီး အခြေခံလက်ကားဈေးနှုန်း စီးပွားကူးသန်းက သတ်မှတ်နေပေမယ့်လည်း ဈေးကွက်ထဲမှာတော့ ရည်ညွှန်းဈေးနှုန်းအတိုင်း အရောင်းအဝယ် တခါမှမဖြစ်ခဲ့ဘူးလို့ ရောင်းဝယ်သူတွေဘက်က ပြောပါတယ်။ ပြည်တွင်းမှာ နိုင်ငံခြားငွေရှားနေတာ၊ ပြည်ပကနေ ဆီကန့်သတ်ပြီး တင်ပို့တဲ့ အခြေအနေတွေကြောင့် ပြည်တွင်းမှာလည်း စားအုန်းဆီဈေးတွေ ဆက်ပြီးတက်နိုင်တယ်လို့ ကုန်သည်တွေက ခန့်မှန်းထားပါတယ်။ ဘုရင့်နောင်ပွဲရုံတန်းက ဆီလက်လီ၊ လက်ကားရောင်းချပေးနေတဲ့ ဆိုင်တဆိုင်ကတော့ စားအုန်းဆီဈေးနှုန်း မတည်ငြိမ်တာနဲ့ သူတို့တဆင့်ပြန်ရောင်းချဖို့ လိုသလောက်ဝယ်မရတဲ့ အခြေအနေတွေကြောင့် အရောင်းပိတ်ထားပြီး ဈေးနှုန်းလည်း မသတ်မှတ်ခဲ့ဘူးလို့ ပြောပါတယ်။

"စားအုန်းဆီဈေး မသိရဘူး။ ဆီလည်းကုန် စားအုန်းဆီဈေးလည်း မသိရဘူး။"

ဆီလက်ကားရောင်းဝယ်တဲ့ နေရာတွေမှာတောင် စားအုန်းဆီဈေးက တပိဿာ ကျပ် ၈,၀၀၀ ကျော်နေပြီး အရောင်းရပ်ထားတဲ့ ဆိုင်တချို့လည်း ရှိပါတယ်။ ပြည်တွင်းဈေးကွက်မှာ ဈေးနှုန်းမြှင့်တင် ရောင်းချတာ၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာ၊ မသမာတဲ့လုပ်ဆောင်မှုတွေ ပြုလုပ်မယ်ဆို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

###

တိုက်ရိုက် လင့်ခ်

သတျမှတျဈေးထကျ ပိုပေးရပမေဲ့ လိုသလောကျဝယျမရတဲ့ စားအုံးဆီ







XS
SM
MD
LG