စားအံုးဆီတင္ပို႔မႈ အင္ဒိုနီးရွား မေရရာလို႔ မေလးရွားအခြင္႔သာ
{{Zawgyi/Unicode}}
အင္ဒုိနီးရွားရဲ႔ စားအုန္းဆီတင္ပုိ႔မႈ မူ၀ါဒမေရမရာျဖစ္ေနတဲ့အတြက္ မေလးရွားႏုိင္ငံဟာ အိႏၵိယကုိ စားအုန္းဆီတင္ပုိ႔ဖုိ႔ အခြင့္အလမ္းေတြပုိရလာတယ္လုိ႔ စားအုန္းဆီ လုပ္ငန္းရွင္မ်ားက ေျပာဆုိပါတယ္။
အင္ဒိုနီးရွားဟာ ကမၻာေပၚမွာ စားအုန္းဆီ အမ်ားဆုံး ထုတ္လုပ္တင္ပုိ႔တဲ့ႏုိင္ငံျဖစ္ၿပီး အိႏၵိယဟာ စားအုန္းဆီ အမ်ားဆုံး၀ယ္ယူ တင္သြင္းတဲ့ႏုိင္ငံ ျဖစ္ပါတယ္။
အင္ဒုိနီးရွားမွ ာစားအုန္းဆီတင္ပုိ႔မႈ အခြန္ေတြေလ်ာ႔ခ်ခဲ့ၿပီး၊ ၿပီးခဲ့တဲ့ဧၿပီလ ၂၂ ရက္ေန႔က ျပည္ပတင္ပုိ့မႈေတြကုိလည္း ကန္႔သတ္ပိတ္ပင္ခဲ့ပါတယ္။ ဒါေၾကာင့္ အိႏိၵယက ၀ယ္ယူသူေတြဟာ မေလးရွားအေပၚမွ ာပုိမုိမွီခုိအားထားလာရပါတယ္။
မေလးရွားဟာ စားအုန္းဆီ ဒုတိယအမ်ားဆုံး ႏုိင္ငံျဖစ္ပါတယ္။ ဒါေပမယ့္ အင္ဒုိနီးရွား ထုတ္လုပ္မႈရဲ႔ ထက္၀က္နီးပါးသာရွိပါတယ္။
အင္ဒိုနီးရွားရဲ႔ အခုလုိအေျခေနေတြေၾကာင့္ မေလးရွားအတြက္ အခြင့္အလမ္းေကာင္း တခုျဖစ္လာတယ္လုိ႔ မေလးရွာ းစားသုံးကုန္၀န္ႀကီး Zuraida Kamaruddin ကအဂၤါေန႔တုန္းက ေျပာဆုိခဲ့ပါတယ္။
၂၀၂၁၊၂၀၂၂ ကုန္သြယ္ေရးႏွစ္ ပထမ ၅ လအတြင္းမွာ အိႏၵိယက မေလးရွားကေန စားအုန္းဆီ တန္ခ်ိန္ ၁ ဒႆမ ၄ သန္းတင္သြင္းခဲ့ၿပီး၊ အင္ဒုိနီးရွားကေန တန္ခ်ိန္ ၉ သိန္း ၈ ေသာင္းေက်ာ္ တင္သြင္းခဲ့ပါတယ္။
အခုလုိ အေျခအေနေတြေၾကာင့္ အင္ဒုိနီးရွားကေန အိႏၵိယကုိ တင္သြင္းတဲ့ စားအုန္းဆီ ပမ ာဏဟာ၊ လြန္ခဲ့တဲ့ ၁၀ ႏွစ္က တင္သြင္းမႈရဲ့ ၇၅ ရာခိုင္ႏႈန္း ေက်ာ္အထိရွိခဲ့ေပမယ့္၊ အခုအခါ ၃၅ ရာႏႈန္းအထိက် ဆင္းသြားႏုိင္တယ္လုိ႔ အိႏၵိယ စားသုံးဆီငန္းရွင္မ်ားအသင္း SEA က တြက္ခ်က္ထားပါတယ္။
.......................................................................
စားအုံးဆီတင်ပို့မှု အင်ဒိုနီးရှား မရေရာလို့ မလေးရှားအခွင့်သာ
{{Zawgyi/Unicode}}
အင်ဒိုနီးရှားရဲ့ စားအုန်းဆီတင်ပို့မှု မူဝါဒမရေမရာဖြစ်နေတဲ့အတွက် မလေးရှားနိုင်ငံဟာ အိန္ဒိယကို စားအုန်းဆီတင်ပို့ဖို့ အခွင့်အလမ်းတွေပိုရလာတယ်လို့ စားအုန်းဆီ လုပ်ငန်းရှင်များက ပြောဆိုပါတယ်။
အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ စားအုန်းဆီ အများဆုံး ထုတ်လုပ်တင်ပို့တဲ့နိုင်ငံဖြစ်ပြီး အိန္ဒိယဟာ စားအုန်းဆီ အများဆုံးဝယ်ယူ တင်သွင်းတဲ့နိုင်ငံ ဖြစ်ပါတယ်။
အင်ဒိုနီးရှားမှ ာစားအုန်းဆီတင်ပို့မှု အခွန်တွေလျော့ချခဲ့ပြီး၊ ပြီးခဲ့တဲ့ဧပြီလ ၂၂ ရက်နေ့က ပြည်ပတင်ပို့မှုတွေကိုလည်း ကန့်သတ်ပိတ်ပင်ခဲ့ပါတယ်။ ဒါကြောင့် အိန္ဒိယက ဝယ်ယူသူတွေဟာ မလေးရှားအပေါ်မှ ာပိုမိုမှီခိုအားထားလာရပါတယ်။
မလေးရှားဟာ စားအုန်းဆီ ဒုတိယအများဆုံး နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှား ထုတ်လုပ်မှုရဲ့ ထက်ဝက်နီးပါးသာရှိပါတယ်။
အင်ဒိုနီးရှားရဲ့ အခုလိုအခြေနေတွေကြောင့် မလေးရှားအတွက် အခွင့်အလမ်းကောင်း တခုဖြစ်လာတယ်လို့ မလေးရှာ းစားသုံးကုန်ဝန်ကြီး Zuraida Kamaruddin ကအင်္ဂါနေ့တုန်းက ပြောဆိုခဲ့ပါတယ်။
၂၀၂၁၊၂၀၂၂ ကုန်သွယ်ရေးနှစ် ပထမ ၅ လအတွင်းမှာ အိန္ဒိယက မလေးရှားကနေ စားအုန်းဆီ တန်ချိန် ၁ ဒဿမ ၄ သန်းတင်သွင်းခဲ့ပြီး၊ အင်ဒိုနီးရှားကနေ တန်ချိန် ၉ သိန်း ၈ သောင်းကျော် တင်သွင်းခဲ့ပါတယ်။
အခုလို အခြေအနေတွေကြောင့် အင်ဒိုနီးရှားကနေ အိန္ဒိယကို တင်သွင်းတဲ့ စားအုန်းဆီ ပမ ာဏဟာ၊ လွန်ခဲ့တဲ့ ၁၀ နှစ်က တင်သွင်းမှုရဲ့ ၇၅ ရာခိုင်နှုန်း ကျော်အထိရှိခဲ့ပေမယ့်၊ အခုအခါ ၃၅ ရာနှုန်းအထိကျ ဆင်းသွားနိုင်တယ်လို့ အိန္ဒိယ စားသုံးဆီငန်းရှင်များအသင်း SEA က တွက်ချက်ထားပါတယ်။