သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆီအုန္းစိုက္ပ်ိဳးေရးနဲ႔ စိုးရိမ္စရာ သစ္ေတာျပဳန္းတီးမႈ


မလေးရွားရွိ စားအုန္းဆီထုတ္ စက္႐ုံတြင္းသုိ႔ ပုိ႔ေဆာင္မည့္ ဆီအုန္းသီးမ်ား။ (ၾသဂုတ္ ၄၊ ၂၀၁၄)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံတြင္း ဆီအုန္းပင္စိုက္ပ်ိဳးမႈဟာ လာမယ့္ ဆယ္စုႏွစ္အတြင္း ကမၻာမွာ စားအုန္းဆီ အမ်ားဆံုးထုတ္လုပ္ေနတဲ့ ႏုိင္ငံတခုျဖစ္တဲ့ မေလးရွားႏုိင္ငံကို ေက်ာ္လြန္္သြားႏုိင္တယ္ဆိုၿပီး ပညာရွင္ေတြ စိုးရိမ္ေနၾကပါတယ္။ ျမန္မာ့အိမ္နီးခ်င္း အင္ဒိုနီးရွားနဲ႔ မေလးရွားႏုိင္ငံမွာ သစ္ေတာေတြကို ခုတ္လွဲၿပီး စားအုန္းဆီေတြ စိုက္ပ်ိဳးေနတာေၾကာင့္ သဘာ၀ပတ္၀န္းက်င္ေပၚ ထိခိုက္ေနေပမယ့္ ျမန္မာမွာေတာ့ ဆီအုန္းစိုက္ပ်ိဳးေရးအတြက္ သစ္ေတာေတြ မျပဳန္းေအာင္လုပ္ဖို႔ အခ်ိန္မီပါေသးတယ္။ ကမၻာ့ဥတုရာသီ ေျပာင္းလဲမႈမွာ အေရးပါလွတဲ့ အပူပိုင္းသစ္ေတာေတြ၊ အၿမဲစိမ္းသစ္ေတာေတြရွိရာ ျမန္မာႏုိင္ငံေအာက္ပိုင္း တနသၤာရီတုိင္းက သစ္ေတာေတြေနရာမွာ စားအုန္းဆီပင္ေတြ အစားထိုးလာေတာ့မလား။ အျပည့္အစုံကို နန္းေလာင္၀္က တင္ျပထားပါတယ္။

လူသုံးကုန္ပစၥည္းေတြ၊ အလွကုန္ပစၥည္းေပါင္းစုံနဲ႔ ေရခဲမုန္႔လို စားသုံးကုန္ အမ်ိဳးေပါင္း ေထာင္နဲ႔ခ်ီမွာ အသုံးျပဳေနၾကတဲ့ စားအုန္းဆီေၾကာင့္ ဆီအုန္းစိုက္ပ်ိဳးေရးလုပ္ငန္း က်ယ္က်ယ္ျပန္႔ျပန္႔လုပ္ေနတဲ့ အေရွ႕ေတာင္အာရွေဒသက သစ္ေတာျပဳန္းတီးေနရသလို ေအာ္ရီဂူတန္ ေမ်ာက္၀ံေတြ၊ က်ားေတြနဲ႔ ဆင္ေတြလို ရွားပါး ေတာ႐ိုင္းတိရစၦာန္ေတြလည္း မ်ိဳးတုန္းေပ်ာက္ကြယ္လာေနရတယ္လုိ႔ တက္ႂကြလႈပ္ရွားသူေတြက ေျပာၾကပါတယ္။ စားအုန္းဆီၿခံဧကေပါင္း သိန္းခ်ီရွိတဲ့ တနသၤာရီတုိင္းက ရာဘာလုပ္ငန္းရွင္ တဦးျဖစ္တဲ့ ကိုေကာင္းထက္ကေတာ့ သဘာ၀ပတ္၀န္းက်င္ကို ထိန္းသိမ္းတဲ့နည္းနဲ႔ ဆီအုန္းစိုက္ပ်ိဳးဖို႔ စိတ္၀င္စားေၾကာင္း ဗြီအုိေအကို ေျပာပါတယ္။

“က်ေနာ္ကေတာ့ ေနာက္ပိုင္း စားအုန္းဆီလုပ္ငန္းဘက္ကို ေျပာင္းခ်င္တယ္၊ ဘာျဖစ္လို႔လဲဆိုေတာ့ စားအုန္းဆီက ျမန္မာႏုိင္ငံအေနနဲ႔ အမ်ားႀကီးလိုေသးတယ္။ က်ေနာ္တို႔ဆီမွာက သန္႔စင္မထားတဲ့ဆီေတြပဲ ထြက္ေသးတယ္။ သန္႔စင္ၿပီးသားဆီေတြ ထုတ္တဲ့ စက္႐ုံေတြလည္း မရွိေသးဘူး။ ရန္ကုန္မွာေတာင္ မရွိေသးဘူးထင္တယ္။ ဆီအုန္းက ေစ်းလည္းပိုေကာင္းတယ္၊ သုံးရမယ့္ သုံးစရာေနရာလည္း ပိုမ်ားတယ္။ ရာဘာေစ်းက က်လာတာလည္းၾကာၿပီ။ ေစ်းတက္လာတယ္ဆိုေပမယ့္ ဒီ ၃ ႏွစ္၊ ၄ ႏွစ္အတြင္း ေငြေၾကးေဖာင္းပြမႈႏႈန္း အရဆိုရင္ ေစ်းက်ေနတာ။ ရာဘာၿခံလည္း ဆက္လုပ္ရမယ္၊ ဆီအုန္းလည္း ဆက္လုပ္ရမယ္။ ဒါေပမယ့္ အေရးႀကီးတဲ့ သဘာ၀ပတ္၀န္းက်င္နဲ႔ ပတ္သက္တယ္ဆိုရင္ေတာ့ တကယ္တမ္းက က်ေနာ္တို႔ လုပ္ငန္းရွင္ေတြေရာ၊ အစိုးရေတြေရာ သတ္သတ္မွတ္မွတ္ လုပ္ရမွာေပါ့။ စိုက္ရမယ့္ေနရာက ဘယ္ႏွစ္ဧကလဲ၊ သစ္ေတာကို ထိန္းသိမ္းရမယ္ဆိုတာက ဘယ္ႏွစ္ဧကလဲ ဆိုတဲ့ဟာေပါ့။ အခုလုပ္ေနတဲ့ၿခံေတြ အမ်ားစုကလည္း အမ်ားအားျဖင့္ေတာ့ ေကာ့ေသာင္းဘက္မွာဆိုရင္ ဧကေသာင္းနဲ႔ခ်ီတယ္။ အထူးသျဖင့္ ၿမိတ္ကေန ေကာ့ေသာင္းကိုသြားတဲ့ လမ္းတေလွ်ာက္လုံးဆိုရင္ ဆီအုန္းၿခံေတြမ်ားတယ္။ ရာဘာၿခံ မရွိသေလာက္ဘဲ။”

ကမၻာ့ေလထုထဲက ကာဗြန္ဒိုင္ေအာက္ဆုိက္ဓာတ္ေငြ႔ေတြ အမ်ားအျပား စုပ္ယူထားတဲ့ သစ္ေတာေတြ ခုတ္လွဲၿပီး စိုက္ပ်ိဳးေရးလုပ္ေနတာေၾကာင့္ ဥတုရာသီ ေျပာင္းလဲမႈအေပၚ ဆိုးဆိုးရြားရြား သက္ေရာက္လာသလို အပူပိုင္း မုတ္သံုေတာႀကီးေတြကို မွီခိုေနရတဲ့ ေဒသခံလူနည္းစုေတြနဲ႔ ရွားပါး ေတာ႐ိုင္းတိရစၦာန္ေတြ အသက္ရွင္သန္ေရး အခက္အခဲ ျဖစ္လာေစပါတယ္။ ျမန္မာအစိုးရဟာ လက္ရွိခ်ိန္ထိ စားအုန္းဆီ စိုက္ပ်ိဳးေရးအတြက္ ကုမၸဏီ ၄၄ ခုကို ေျမဧက တသန္းနီးပါးကို လုပ္ငန္းလိုင္စင္ ခ်ေပးတယ္လို႔ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လက ထုတ္ျပန္တဲ့ Scientific Reports သိပၸံစာေစာင္မွာ ေဖာ္ျပထားတာပါ။ ျမန္မာအစိုးရဟာ လူမႈေရးအရေရာ သဘာ၀ပတ္၀န္းက်င္ အေရးကိုပါ ထည့္သြင္းစဥ္းစားျခင္းမျပဳဘဲ အပူပိုင္း မုတ္သုံေတာေတြ၊ အၿမဲစိမ္းသစ္ေတာေတြနဲ႔ သဘာ၀ ေတာ႐ုိင္းတိရစၦာန္ေတြ မွီတင္းေနတဲ့ တနသၤာရီတုိင္းထဲက သစ္ေတာေျမေနရာေတြကို စားအုန္းဆီ စိုက္ပ်ိဳးေရးအတြက္ ခြင့္ျပဳေနတယ္လို႔ ေလ့လာသုံးသပ္သူေတြက ေ၀ဖန္ေထာက္ျပၾကပါတယ္။

ၿဗိတိန္ႏုိင္ငံအေျခစိုက္ ပတ္၀န္းက်င္နဲ႔ ေတာ႐ုိင္းတိရစာၦန္ ထိန္းသိမ္းေရး လႈပ္ရွားမႈအဖဲြ႔ Fauna and Flora International (FFI) က Mark Grindley က ၂၀၁၇ ခုႏွစ္မွာ တနသၤာရီတုိင္းကို ကိုုယ္တုိင္သြားေရာက္ခဲ့ၿပီး ဆီအုန္းစိုက္ခင္းေတြေၾကာင့္ က်ားမ်ိဳးစိတ္ေတြ မ်ိဳးတုံးသြားမယ့္အေရး စိုးရိမ္စရာ အေျခအေနကို ခုလိုရွင္းျပပါတယ္။

“ျမန္မာအစိုးရသစ္အေနနဲ႔ လိုအပ္တဲ့ေနရာေတြထိ ကြင္းဆင္းစစ္ေဆးရမယ့္ အခ်ိန္ေရာက္ၿပီလို႔ ထင္ပါတယ္။ ဆီအုန္းလုပ္ငန္းေတြကို ေရရွည္ခံၿပီး သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရးမွာ စံျပျဖစ္မယ့္နည္းနဲ႔ စို္က္ပ်ိဳးဖို႔ တုိက္တြန္းခ်င္ပါတယ္။ ဆီအုန္းလုပ္ငန္းေၾကာင့္ ထိခိုက္နစ္နာေနတဲ့ လူမႈအသိုင္းအ၀ိုင္းအတြက္လည္း တာ၀န္ခံမႈ ရွိေစခ်င္ပါတယ္။ အရင္အစိုးရ လက္ထက္တုန္းက အမွားအယြင္းေတြ ျဖစ္ခဲ့ၿပီးၿပီမို႔လို႔ လာမယ့္ ျမန္မာ့အနာဂတ္မွာေတာ့ ေရရွည္ခံတဲ့ သဘာ၀ပတ္၀န္းက်င္မ်ိဳး ဖန္တီးေစခ်င္ပါတယ္။ က်ေနာ္တို႔ဘက္ေတာ့ လက္တြဲေဆာင္ရြက္ဖို႔ အဆင္သင့္ပါ။ တနသၤာရီတုိင္းထဲမွာ ခုလက္ရွိ က်ားေကာင္ေရ ဘယ္ေလာက္က်န္သလဲဆိုတာ က်ေနာ္တို႔ အတိအက် မသိပါဘူး။ သူတုိ႔ကို အကာအကြယ္ေပးဖို႔ ကိစၥကလည္း ေန႔စဥ္နဲ႔အမွ် ခက္ခဲလာေနပါတယ္။ တိရစၦာန္ ကာကြယ္ေရးအတြက္ ခုခ်ိန္မွာ လုပ္သင့္တာ မလုပ္ဘူးဆိုရင္ လာမယ့္ ၅ ႏွစ္ ၁၀ ႏွစ္အတြင္း က်ားတေကာင္မွ က်န္ေတာ့မွာ မဟုတ္ပါဘူး။”

စားအုန္းဆီစိုက္ပ်ိဳးေရးနဲ႔ ပတ္သက္လို႔ သုေတသန လုပ္ၾကတဲ့သူေတြကေတာ့ လြန္ခဲ့တဲ့ အႏွစ္ ၃၀ ေလာက္ထိ သစ္ေတာႀကီးေတြအျဖစ္ ရွိခဲ့တဲ့ အေရွ႕ေတာင္အာရွက သစ္ေတာႀကီးရဲ႕ တ၀က္ေလာက္ကို စားအုန္းဆီ စိုက္ခင္းေတြ ေနရာယူသြားၿပီလို႔ ေျပာပါတယ္။ မေလးရွားႏုိင္ငံမွာေတာ့ Roundtable Sustainable Palm Oil- RSPO လို႔ေခၚတဲ့ သဘာ၀ပတ္၀န္းက်င္ကို ထိခိုက္မႈမရွိေစတဲ့ စားအုန္းဆီ စိုက္ပ်ိဳးထုတ္လုပ္ေရး စံသတ္မွတ္ခ်က္ေတြကို ေတာင္သူေတြ လိုက္နာဖို႔ သတ္မွတ္ထားတာပါ။ ကြာလာလမ္ပူအေျခစိုက္ လူမႈေရးအဖြဲ႔အစည္းတခုျဖစ္တဲ့ Wild Asia အဖြဲ႔ ပူးတြဲတည္ေထာင္သူ Dr Reza Azmi ကေတာ့ စားအုန္းဆီလုပ္ငန္းရွင္ေတြ မျဖစ္မေန လိုက္နာရမယ့္ Malaysia Palm Oil Certification Council ရဲ႕ ျပ႒ာန္းခ်က္နဲ႔ပတ္သက္လို႔ ခုလိုေထာက္ျပပါတယ္။

“RSPO စံသတ္မွတ္ခ်က္ေတြကေတာ့ မျဖစ္မေန လိုက္နာရမွာမ်ိဳးေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ MSPO ဆိုတာကေတာ့ မေလးရွားအစိုးရက တရား၀င္ သတ္မွတ္ထားတာျဖစ္ၿပီး စုိက္ပ်ိဳးေရးသမားေတြ မျဖစ္မေန လိုက္နာရမယ့္စနစ္ပါ။ ဒါေပမယ့္လည္း ဒီထဲမွာ တကယ့္ကို အေရးႀကီးတဲ့ အခ်က္ေတြေတာ့ မပါပါဘူး။ လုပ္ငန္းစလုပ္ၿပီ ဆိုကတည္းက ထည့္ၿပီးစဥ္းစားရမယ့္ သစ္ေတာျပဳန္းတီးမႈ၊ ေျမယာခ်ဲ႕ထြင္မႈေတြ၊ အလုပ္သမားေတြရဲ႕ လုပ္ခလစာေတြနဲ႔ ၿခံထဲက အလုပ္သမားေတြ ေခတ္သစ္ေက်းကၽြန္လို ျဖစ္လာမယ့္ အေျခအေနမ်ိဳးေတြ မျဖစ္ေအာင္ ဘယ္လိုကာကြယ္မလဲ ဆိုတာမ်ိဳးေတာ့ မပါပါဘူး။”

စားအုန္းဆီေတြကို ဧကေပါင္း ၇ သိန္းနီးပါးထိ စိုက္ပ်ိဳးဖို႔ ၁၉၉၉ ခုႏွစ္မွာ ျမန္မာစစ္အစိုးရက ရည္မွန္းထားခဲ့တယ္လို႔လည္း သိပၸံစာေစာင္က ေဖာ္ျပထားပါတယ္။ ၁၉၇၀ ျပည့္လြန္ႏွစ္ေတြမွာ တနသၤာရီ၊ မြန္၊ ကခ်င္နဲ႔ ရခုိင္ျပည္နယ္ေတြမွာ စၿပီး စားအုန္းဆီကို စိုက္ပ်ိဳးခဲ့ေပမယ့္ ၁၉၉၉ ခုႏွစ္ပုိင္းေတြ ေရာက္မွ ဒီလုပ္ငန္းအေပၚ ျမန္မာအစိုးရက ပိုၿပီး အာ႐ုံစိုက္လာတာ ျဖစ္ပါတယ္။ ျပည္တြင္းျပည္ပ ေစ်းကြက္ရဲ႕ အလားအလာေကာင္းေတြကို ျမင္ခဲ့တ့ဲ စစ္အစိုးရက ဧကေပါင္း ၂ သိန္း ၈ ေသာင္းေက်ာ္မွာ စားအုန္းဆီစိုက္ပ်ိဳးဖို႔ သူ႔စိတ္ႀကိဳက္ ကုမၸဏီေတြကို ေရြးၿပီး လုပ္ငန္းလိုင္စင္ ခ်ေပးခဲ့တယ္လို႔လည္း ေဆာင္းပါးရွင္ Nanditha Chandraprakash က သဘာ၀ပတ္၀န္းက်င္အေရး ေဖာ္ျပေနတဲ့ Mongabay.com မွာ ေထာက္ျပ ေရးသားထားတာပါ။

ခုလက္ရွိ လုပ္ကုိင္ေနၾကတဲ့ တနသၤာရီတုိင္းထဲက စားအုန္းဆီလုပ္ငန္းရွင္ေတြ လိုက္နာရမယ့္ သဘာ၀ပတ္၀န္းက်င္ကို ထိခုိက္မႈမရွိေစတဲ့ စံသတ္မွတ္ခ်က္ေတြ ခ်မွတ္ထားသလား ဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မရွိပါဘူး။ ေစ်းႏႈန္းသက္သာတာေၾကာင့္ေရာ ကုန္ပစၥည္းေပါင္းစုံမွာပါ အသုံးျပဳလို႔ရတဲ့ စားအုန္းဆီကို ကမၻာတ၀ွမ္း ၀ယ္လိုအားေတြ ျမင့္တက္လာတဲ့အတြက္ သစ္ေတာေတြ ျပဳန္းတီးၿပီး ဥတုရာသီအေပၚ ထိခုိက္လာမွာကို သိပၸံပညာရွင္ေတြ စိုးရိမ္လာေနသလို စိုက္ခင္းေတြမွာ အသုံးျပဳၾကတဲ့ ပိုးသတ္ေဆးေတြေၾကာင့္လည္း ေရအရင္းအျမစ္အေပၚ ထိခုိက္မႈေတြ ရွိလာမွာကိုလည္း စိုးရိမ္ေနၾကတာ ျဖစ္ပါတယ္။

-------------------------------------

(Unicode)

ဆီအုန်းစိုက်ပျိုးရေးနဲ့ စိုးရိမ်စရာ သစ်တောပြုန်းတီးမှု

မြန်မာနိုင်ငံတွင်း ဆီအုန်းပင်စိုက်ပျိုးမှုဟာ လာမယ့် ဆယ်စုနှစ်အတွင်း ကမ္ဘာမှာ စားအုန်းဆီ အများဆုံးထုတ်လုပ်နေတဲ့ နိုင်ငံတခုဖြစ်တဲ့ မလေးရှားနိုင်ငံကို ကျော်လွန်သွားနိုင်တယ်ဆိုပြီး ပညာရှင်တွေ စိုးရိမ်နေကြပါတယ်။ မြန်မာ့အိမ်နီးချင်း အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံမှာ သစ်တောတွေကို ခုတ်လှဲပြီး စားအုန်းဆီတွေ စိုက်ပျိုးနေတာကြောင့် သဘာဝပတ်ဝန်းကျင်ပေါ် ထိခိုက်နေပေမယ့် မြန်မာမှာတော့ ဆီအုန်းစိုက်ပျိုးရေးအတွက် သစ်တောတွေ မပြုန်းအောင်လုပ်ဖို့ အချိန်မီပါသေးတယ်။ ကမ္ဘာ့ဥတုရာသီ ပြောင်းလဲမှုမှာ အရေးပါလှတဲ့ အပူပိုင်းသစ်တောတွေ၊ အမြဲစိမ်းသစ်တောတွေရှိရာ မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီတိုင်းက သစ်တောတွေနေရာမှာ စားအုန်းဆီပင်တွေ အစားထိုးလာတော့မလား။ အပြည့်အစုံကို နန်းလောင်ဝ်က တင်ပြထားပါတယ်။

လူသုံးကုန်ပစ္စည်းတွေ၊ အလှကုန်ပစ္စည်းပေါင်းစုံနဲ့ ရေခဲမုန့်လို စားသုံးကုန် အမျိုးပေါင်း ထောင်နဲ့ချီမှာ အသုံးပြုနေကြတဲ့ စားအုန်းဆီကြောင့် ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်း ကျယ်ကျယ်ပြန့်ပြန့်လုပ်နေတဲ့ အရှေ့တောင်အာရှဒေသက သစ်တောပြုန်းတီးနေရသလို အော်ရီဂူတန် မျောက်ဝံတွေ၊ ကျားတွေနဲ့ ဆင်တွေလို ရှားပါး တောရိုင်းတိရစ္ဆာန်တွေလည်း မျိုးတုန်းပျောက်ကွယ်လာနေရတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောကြပါတယ်။ စားအုန်းဆီခြံဧကပေါင်း သိန်းချီရှိတဲ့ တနင်္သာရီတိုင်းက ရာဘာလုပ်ငန်းရှင် တဦးဖြစ်တဲ့ ကိုကောင်းထက်ကတော့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့နည်းနဲ့ ဆီအုန်းစိုက်ပျိုးဖို့ စိတ်ဝင်စားကြောင်း ဗွီအိုအေကို ပြောပါတယ်။

“ကျနော်ကတော့ နောက်ပိုင်း စားအုန်းဆီလုပ်ငန်းဘက်ကို ပြောင်းချင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ စားအုန်းဆီက မြန်မာနိုင်ငံအနေနဲ့ အများကြီးလိုသေးတယ်။ ကျနော်တို့ဆီမှာက သန့်စင်မထားတဲ့ဆီတွေပဲ ထွက်သေးတယ်။ သန့်စင်ပြီးသားဆီတွေ ထုတ်တဲ့ စက်ရုံတွေလည်း မရှိသေးဘူး။ ရန်ကုန်မှာတောင် မရှိသေးဘူးထင်တယ်။ ဆီအုန်းက ဈေးလည်းပိုကောင်းတယ်၊ သုံးရမယ့် သုံးစရာနေရာလည်း ပိုများတယ်။ ရာဘာဈေးက ကျလာတာလည်းကြာပြီ။ ဈေးတက်လာတယ်ဆိုပေမယ့် ဒီ ၃ နှစ်၊ ၄ နှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်း အရဆိုရင် ဈေးကျနေတာ။ ရာဘာခြံလည်း ဆက်လုပ်ရမယ်၊ ဆီအုန်းလည်း ဆက်လုပ်ရမယ်။ ဒါပေမယ့် အရေးကြီးတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တယ်ဆိုရင်တော့ တကယ်တမ်းက ကျနော်တို့ လုပ်ငန်းရှင်တွေရော၊ အစိုးရတွေရော သတ်သတ်မှတ်မှတ် လုပ်ရမှာပေါ့။ စိုက်ရမယ့်နေရာက ဘယ်နှစ်ဧကလဲ၊ သစ်တောကို ထိန်းသိမ်းရမယ်ဆိုတာက ဘယ်နှစ်ဧကလဲ ဆိုတဲ့ဟာပေါ့။ အခုလုပ်နေတဲ့ခြံတွေ အများစုကလည်း အများအားဖြင့်တော့ ကော့သောင်းဘက်မှာဆိုရင် ဧကသောင်းနဲ့ချီတယ်။ အထူးသဖြင့် မြိတ်ကနေ ကော့သောင်းကိုသွားတဲ့ လမ်းတလျှောက်လုံးဆိုရင် ဆီအုန်းခြံတွေများတယ်။ ရာဘာခြံ မရှိသလောက်ဘဲ။”

ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေ အများအပြား စုပ်ယူထားတဲ့ သစ်တောတွေ ခုတ်လှဲပြီး စိုက်ပျိုးရေးလုပ်နေတာကြောင့်ဥတုရာသီ ပြောင်းလဲမှုအပေါ် ဆိုးဆိုးရွားရွား သက်ရောက်လာသလို အပူပိုင်း မုတ်သုံတောကြီးတွေကို မှီခိုနေရတဲ့ ဒေသခံလူနည်းစုတွေနဲ့ ရှားပါး တောရိုင်းတိရစ္ဆာန်တွေ အသက်ရှင်သန်ရေး အခက်အခဲ ဖြစ်လာစေပါတယ်။ မြန်မာအစိုးရဟာ လက်ရှိချိန်ထိ စားအုန်းဆီ စိုက်ပျိုးရေးအတွက် ကုမ္ပဏီ ၄၄ ခုကို မြေဧက တသန်းနီးပါးကို လုပ်ငန်းလိုင်စင် ချပေးတယ်လို့ ၂၀၁၉ ခုနှစ် သြဂုတ်လက ထုတ်ပြန်တဲ့ Scientific Reports သိပ္ပံစာစောင်မှာ ဖော်ပြထားတာပါ။

မြန်မာအစိုးရဟာ လူမှုရေးအရရော သဘာဝပတ်ဝန်းကျင် အရေးကိုပါ ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ အပူပိုင်း မုတ်သုံတောတွေ၊ အမြဲစိမ်းသစ်တောတွေနဲ့ သဘာ၀ တောရိုင်းတိရစ္ဆာန်တွေ မှီတင်းနေတဲ့ တနင်္သာရီတိုင်းထဲက သစ်တောမြေနေရာတွေကို စားအုန်းဆီ စိုက်ပျိုးရေးအတွက် ခွင့်ပြုနေတယ်လို့ လေ့လာသုံးသပ်သူတွေက ဝေဖန်ထောက်ပြကြပါတယ်။

ဗြိတိန်နိုင်ငံအခြေစိုက် ပတ်ဝန်းကျင်နဲ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး လှုပ်ရှားမှုအဖွဲ့ Fauna and Flora International (FFI) က Mark Grindley က ၂၀၁၇ ခုနှစ်မှာ တနင်္သာရီတိုင်းကို ကိုယ်တိုင်သွားရောက်ခဲ့ပြီးဆီအုန်းစိုက်ခင်းတွေကြောင့် ကျားမျိုးစိတ်တွေ မျိုးတုံးသွားမယ့်အရေး စိုးရိမ်စရာ အခြေအနေကို ခုလိုရှင်းပြပါတယ်။

“မြန်မာအစိုးရသစ်အနေနဲ့ လိုအပ်တဲ့နေရာတွေထိ ကွင်းဆင်းစစ်ဆေးရမယ့် အချိန်ရောက်ပြီလို့ ထင်ပါတယ်။ ဆီအုန်းလုပ်ငန်းတွေကို ရေရှည်ခံပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ စံပြဖြစ်မယ့်နည်းနဲ့ စိုက်ပျိုးဖို့ တိုက်တွန်းချင်ပါတယ်။ ဆီအုန်းလုပ်ငန်းကြောင့် ထိခိုက်နစ်နာနေတဲ့ လူမှုအသိုင်းအဝိုင်းအတွက်လည်း တာဝန်ခံမှု ရှိစေချင်ပါတယ်။ အရင်အစိုးရ လက်ထက်တုန်းက အမှားအယွင်းတွေ ဖြစ်ခဲ့ပြီးပြီမို့လို့ လာမယ့် မြန်မာ့အနာဂတ်မှာတော့ ရေရှည်ခံတဲ့ သဘာဝပတ်ဝန်းကျင်မျိုး ဖန်တီးစေချင်ပါတယ်။ ကျနော်တို့ဘက်တော့ လက်တွဲဆောင်ရွက်ဖို့ အဆင်သင့်ပါ။ တနင်္သာရီတိုင်းထဲမှာ ခုလက်ရှိ ကျားကောင်ရေ ဘယ်လောက်ကျန်သလဲဆိုတာ ကျနော်တို့ အတိအကျ မသိပါဘူး။ သူတို့ကို အကာအကွယ်ပေးဖို့ ကိစ္စကလည်း နေ့စဉ်နဲ့အမျှ ခက်ခဲလာနေပါတယ်။ တိရစ္ဆာန် ကာကွယ်ရေးအတွက် ခုချိန်မှာ လုပ်သင့်တာ မလုပ်ဘူးဆိုရင် လာမယ့် ၅ နှစ် ၁၀ နှစ်အတွင်း ကျားတကောင်မှ ကျန်တော့မှာ မဟုတ်ပါဘူး။”

စားအုန်းဆီစိုက်ပျိုးရေးနဲ့ ပတ်သက်လို့ သုတေသန လုပ်ကြတဲ့သူတွေကတော့ လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်ထိ သစ်တောကြီးတွေအဖြစ် ရှိခဲ့တဲ့ အရှေ့တောင်အာရှက သစ်တောကြီးရဲ့ တဝက်လောက်ကို စားအုန်းဆီ စိုက်ခင်းတွေ နေရာယူသွားပြီလို့ ပြောပါတယ်။ မလေးရှားနိုင်ငံမှာတော့ Roundtable Sustainable Palm Oil- RSPO လို့ခေါ်တဲ့သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေတဲ့ စားအုန်းဆီ စိုက်ပျိုးထုတ်လုပ်ရေး စံသတ်မှတ်ချက်တွေကို တောင်သူတွေ လိုက်နာဖို့ သတ်မှတ်ထားတာပါ။ ကွာလာလမ်ပူအခြေစိုက် လူမှုရေးအဖွဲ့အစည်းတခုဖြစ်တဲ့ Wild Asia အဖွဲ့ ပူးတွဲတည်ထောင်သူ Dr Reza Azmi ကတော့ စားအုန်းဆီလုပ်ငန်းရှင်တွေ မဖြစ်မနေ လိုက်နာရမယ့် Malaysia Palm Oil Certification Council ရဲ့ ပြဋ္ဌာန်းချက်နဲ့ပတ်သက်လို့ ခုလိုထောက်ပြပါတယ်။

“RSPO စံသတ်မှတ်ချက်တွေကတော့ မဖြစ်မနေ လိုက်နာရမှာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် MSPO ဆိုတာကတော့ မလေးရှားအစိုးရက တရားဝင် သတ်မှတ်ထားတာဖြစ်ပြီး စိုက်ပျိုးရေးသမားတွေ မဖြစ်မနေ လိုက်နာရမယ့်စနစ်ပါ။ ဒါပေမယ့်လည်း ဒီထဲမှာ တကယ့်ကို အရေးကြီးတဲ့ အချက်တွေတော့ မပါပါဘူး။ လုပ်ငန်းစလုပ်ပြီ ဆိုကတည်းက ထည့်ပြီးစဉ်းစားရမယ့် သစ်တောပြုန်းတီးမှု၊မြေယာချဲ့ထွင်မှုတွေ၊ အလုပ်သမားတွေရဲ့ လုပ်ခလစာတွေနဲ့ ခြံထဲက အလုပ်သမားတွေ ခေတ်သစ်ကျေးကျွန်လို ဖြစ်လာမယ့် အခြေအနေမျိုးတွေ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ ဆိုတာမျိုးတော့ မပါပါဘူး။”

စားအုန်းဆီတွေကို ဧကပေါင်း ၇ သိန်းနီးပါးထိ စိုက်ပျိုးဖို့ ၁၉၉၉ ခုနှစ်မှာ မြန်မာစစ်အစိုးရက ရည်မှန်းထားခဲ့တယ်လို့လည်း သိပ္ပံစာစောင်က ဖော်ပြထားပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ တနင်္သာရီ၊ မွန်၊ ကချင်နဲ့ ရခိုင်ပြည်နယ်တွေမှာ စပြီး စားအုန်းဆီကို စိုက်ပျိုးခဲ့ပေမယ့် ၁၉၉၉ ခုနှစ်ပိုင်းတွေ ရောက်မှ ဒီလုပ်ငန်းအပေါ် မြန်မာအစိုးရက ပိုပြီး အာရုံစိုက်လာတာ ဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ ဈေးကွက်ရဲ့ အလားအလာကောင်းတွေကို မြင်ခဲ့တဲ့ စစ်အစိုးရက ဧကပေါင်း ၂ သိန်း ၈ သောင်းကျော်မှာ စားအုန်းဆီစိုက်ပျိုးဖို့ သူ့စိတ်ကြိုက် ကုမ္ပဏီတွေကို ရွေးပြီး လုပ်ငန်းလိုင်စင် ချပေးခဲ့တယ်လို့လည်း ဆောင်းပါးရှင် Nanditha Chandraprakash က သဘာဝပတ်ဝန်းကျင်အရေး ဖော်ပြနေတဲ့ Mongabay.com မှာ ထောက်ပြ ရေးသားထားတာပါ။

ခုလက်ရှိ လုပ်ကိုင်နေကြတဲ့ တနင်္သာရီတိုင်းထဲက စားအုန်းဆီလုပ်ငန်းရှင်တွေ လိုက်နာရမယ့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေတဲ့ စံသတ်မှတ်ချက်တွေ ချမှတ်ထားသလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ ဈေးနှုန်းသက်သာတာကြောင့်ရော ကုန်ပစ္စည်းပေါင်းစုံမှာပါ အသုံးပြုလို့ရတဲ့ စားအုန်းဆီကို ကမ္ဘာတဝှမ်း ဝယ်လိုအားတွေ မြင့်တက်လာတဲ့အတွက် သစ်တောတွေ ပြုန်းတီးပြီး ဥတုရာသီအပေါ် ထိခိုက်လာမှာကို သိပ္ပံပညာရှင်တွေ စိုးရိမ်လာနေသလို စိုက်ခင်းတွေမှာ အသုံးပြုကြတဲ့ ပိုးသတ်ဆေးတွေကြောင့်လည်း ရေအရင်းအမြစ်အပေါ် ထိခိုက်မှုတွေ ရှိလာမှာကိုလည်း စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG