သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကေလးလုပ္သားေတြအတြက္ အႏၱရာယ္မ်ားတဲ႔ အာရွစားအုန္းဆီ လုပ္ငန္း


(Zawgyi/Unicode)

ကမၻာမွာဆီအုန္းေတြအဓိကထုတ္လုပ္ေနတဲ႔ အာရွတုိက္ထဲက ဆီအုန္း လုပ္ငန္းခြင္မွာလုပ္ကိုင္ေနၾကတဲ့ ကေလးေတြရဲ ႔အလုပ္ခ်ိန္ရွည္လြန္းသလို အဆိပ္ရွိတဲ့ ပိုးမႊားတိိရိစၱာန္ေတြ အကိုက္ခံရမယ့္ ေဘး နဲ႔လည္းေန႔စဥ္ရင္ဆုိုင္ေနၾကရပါတယ္။ အသက္ ၁၅ ႏွစ္သာရွိေသးတဲ့ Ima ကေတာ့ ကင္းၿမီးေကာက္ကုိက္ခံရတာေတြ ေျမြေဟာက္နဲ႔ တည္႔တည္းတိုးတာမ်ိဳး မၾကာခဏ ႀကဳံေနရတာပါ။ သူ႔ကိုယ္အေလးခ်ိန္ထက္ ၃ ဆေလာက္ေလးတဲ႔ လက္တြန္းလွည္းနဲ႔ ဆီအုန္းသီးေတြြကို ေန႔တုိင္းလိုက္ေကာက္ရပါတယ္။ အင္ဒိုနီးရွားႏုိင္ငံ ဆီအုန္းလုပ္ငန္းခြင္က ကေလးလုပ္သားေတြအေၾကာင္း ေအပီသတင္းေဆာင္းပါးကိုအေျခခံၿပီး နန္းေလာင္၀္က တင္ျပထားပါတယ္။

အင္ဒိုနီးရွားႏုိင္ငံက ဆီအုန္းစိုက္ပိ်ဳေရးၿခံထဲမွာပဲ ေမြးဖြားၾကီးျပင္းလာတဲ့ Ima ဟာ အသက္ ၁၀ႏွစ္အရြယ္မွာ ေက်ာင္းထြက္ခဲ့ရပါတယ္။ သခ်ာၤေတာ္ၿပီး ေက်ာင္းေပ်ာ္တဲ့ Ima တေယာက္ ေက်ာင္းျပန္တက္ခ်င္ေပမယ့္ သူ႔အေမက စားအုန္းဆီၿခံမွာ အလုပ္ကူလုပ္ဖို႔ေက်ာင္းႏုတ္ခဲ့တာျဖစ္ပါတယ္။ ကမၻာ့တဖက္ျခမ္း အေမရိကန္ျပည္ေထာင္စု Tennessee ျပည္နယ္က အသက္ ၁၄ ႏွစ္အရြယ္ Olivia Chaffin ကေတာ့ Ima ကိုလူခ်င္း မေတြ႔ဖူးေပမယ့္ သူ ႔ခံစားခ်က္ကိုသေဘာေပါက္ပါတယ္။

အမ်ိဳးသမီးကင္းေထာက္လူငယ္ရန္ပုံေငြအျဖစ္ ကြြတ္ကီးမုန္႔ေတြ အမ်ားဆုံးေရာင္းခ်ႏုိင္ခဲ့တာကို Olivia တေယာက္ဂုဏ္ယူခဲ့ဖူးပါတယ္။ကြတ္ကီးမုန္႔အပါအ၀င္ သြားတုိက္ေဆးနဲ႔ မိတ္ကပ္လို လူသုံးကုန္ပစၥည္းမ်္ိဳးစုံမွာ ဆီအုန္းေတြကို အသုံးျပဳၾကတာပါ။ Ima အလုပ္လုပ္တဲ့ၿခံကထြက္တဲ့ ဆီအုန္းေတြကို အသုံးျပဳတဲ့ လုပ္ငန္းေတြကို APသတင္းဌာနက ေျခရာေကာက္တာမွာ ကြတ္ကီးမုန္႔ေတြ ထုတ္လုပ္တဲ့ကုမၸဏီေတြလည္းပါ၀င္ပါတယ္။ Ima ရဲ ေန႔တဓူ၀အလုပ္ေတြကို ျမင္ခဲ့ရတဲ့ Olivia က ခုေတာ့ ကြတ္ကီးမုန္႔ေတြေရာင္းခဲ့မိတာကို ေနာင္တရလို႔ မဆုံးျဖစ္ေနပါတယ္။

“ အဲဒီလိုဘ၀မ်ိဳးမွာ အသက္ရွင္ရတာ သိပ္ဆိုးပါတယ္။ ဘယ္ေလာက္ေတာင္ ဆိုးမလဲဆိုတာ စဥ္းစားၾကည့္လို႔ေတာင္မရပါဘူး”

ဆီအုန္း၀ယ္လိုအားတက္လာတာေၾကာင့္အပူပိုင္း အၿမဲစိမ္းသစ္ေတာေတြ ဧကသန္းနဲ႔ခ်ီ ပ်က္စီးခဲ့ရတာေၾကာင့္ သဘာ၀ပတ္၀န္းက်င္ကိုလည္း အႀကီးအက်ယ္ထိခိုက္လာေစပါတယ္။

San Francisco အေျခစိုက္ အၿမဲစိမ္းသစ္ေတာထိန္းသိမ္းေရးကြန္ယက္ က ညႊန္ၾကားေရးမွဴး Robin Averbeck က အခုလို ေထာက္ျပပါတယ္။

“ဆီအုန္းလုပ္ငန္းခြင္မွာ ကေလးလုပ္သားအသုံးျပဳမႈ၊ အတင္းအၾကပ္အလုပ္ခိုင္းေစမႈ၊ တရားမ၀င္ လူကုန္ကူးမႈနဲ႔ အမ်ိဳးသမီးအခြင့္အေရး ခ်ိဳးေဖာက္မႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ေပၚေပါက္ေနပါတယ္။”

ကမၻာတ၀ွမ္းအသုံးျပဳေနတဲ့ ဆီအုန္း ၈၅ ရာခိုင္ႏႈန္းနီးပါးက အလုပ္သမားသန္းနဲ႔ခ်ီခန္႔ထားတဲ့ အင္ဒိုနီးရွားနဲ႔ မေလးရွားႏုိင္ငံကျဖစ္ၿပီး ဒီထဲမွာ မိသားစုတခုလုံး လုပ္ကိုင္ေနတာလည္းရွိပါတယ္။ ဆီအုန္းလုပ္ငန္းခြင္က မတရားအလုပ္ခုိင္းေစခံေနရတဲ့ကိစၥေတြေပၚေပါက္ေနတာကို အင္ဒိုနီးရွား အစိုးရပိုင္းကလည္း သေဘာေပါက္ၾကပါတယ္။

အင္ဒိုနီးရွားႏိုင္ငံက အမ်ိဳးသမီးမ်ားဖြံ႔ၿဖိဳးတိုးတက္ေရးႏွင့္ ကေလးငယ္မ်ားကာကြယ္ေရးဆိုင္ရာ ၀န္ႀကီးဌာန ဒု၀န္ႀကီး Rafail Walangitan က

“အမ်ိဳးသမီးက်န္းမာေရးကိစၥနဲ႔ ကေလးလုပ္သားခိုင္းေစမႈေတြမွာ က်ေနာ္တို႔ လုံေလာက္စြာ အကာအကြယ္မေပးႏုိင္ေသးပါဘူး။ ဒီအေၾကာင္းအရာေတြက အစိုးရအတြက္ စိုးရိမ္စရာေကာင္းတဲ့ ကိစၥေတြ ျဖစ္လာပါတယ္။”

အေမရိကန္ကလည္းအတင္းအၾကပ္လုပ္အားခိုင္းေစမႈနဲ႔ ဆက္စပ္ေနတဲ့ မေလးရွားက ဆီအုန္းေတြကို တားျမစ္မယ္လို႔ လတ္တေလာေၾကျငာထားပါတယ္။ ဆီအုန္းလုပ္ငန္းရွင္ေတြ ကလည္း ဒီအေျခအေနေတြတိုးတက္ေအာင္ လုပ္ကိုင္လာတာပါ။ ၂၀၀၄ ခုႏွစ္မွာေတာ့ သဘာ၀ပတ္၀န္းက်င္ကို ထိခိုက္မႈမရွိေစပဲ က်င့္၀တ္န႔႔ဲညီတဲ့ ဆီအုန္းျဖစ္ေၾကာင္း အသိအမွတ္ျပဳႏုိင္ေရးအတြက္ ဆီအုန္းစိုက္ပ်ိဳးသူ၊ ၀ယ္ယူသူေတြနဲ႔ သဘာ၀ပတ္၀န္းက်င္အေရး ေစာင့္ၾကည့္သူေတြစုေပါင္းၿပီး Roundtable on Sustainable Palm Oil RSPO ဆိုတဲ့အဖြဲ႔ကို ဖြဲ႔စည္းခဲ့ပါတယ္။

RSPO အဖြဲ႔ေျပာခြင့္ရသူ Dan Strechay က

“ဆီအုန္းလုပ္ငန္းခြင္က အလုပ္သမားေတြ သင့္တင့္မ ွ်တစြာ ေနထုိင္ႏုိင္တဲ့ လုပ္အားခမ်ိဳးေပးႏုိင္ေအာင္ ေဒသႏၱရဥပေဒျပဌာန္းခ်က္ေတြထက္ေက်ာ္လြန္ၿပီး လုပ္ကိုင္ေပးႏုိင္တဲ့စနစ္မ်ိဳး ဖန္တီးၾကဖို႔ RSPO အဖြဲ႔၀င္ေတြကို တုိက္တြန္းထားပါတယ္။ လူ႔အခြင့္အေရး ကိစၥရပ္ေတြမွာေတာ့ RSPO က စစ္ေဆးတဲ့ ပုံစံေတြ ဒီထက္တိုးတက္ေအာင္လုပ္ ရမယ္ဆိုတာကိုလည္း က်ေနာ္တို႔ သေဘာေပါက္ပါတယ္”

RSPO အဖြဲ႔ရဲ အတည္ျပဳလက္မွတ္ရတာဟာ ဆီအုန္းလုပ္ငန္းခြင္မွာ ကေလးလုပ္သားဒါမွမဟုတ္ မတရားမႈေတြရွိမေနဘူးဆိုတဲ့အဓိပါယ္မဟုတ္ဘူးလို႔ တက္ၾကြလႈပ္ရွားသူေတြက ေထာက္ျပၾကပါတယ္။အီတာလ်ံမုန္႔မ်ိဳးစုံလုပ္ငန္း Little Brownie Bakers ကလည္း RSPO ကအျပည့္အ၀အသိအမွတ္ျပဳထားတဲ့ ဆီအုန္းေတြကိုသာ အျမန္ဆုံး အသုံးျပဳသြားဖို႔ လုပ္ကိုင္ေနပါတယ္လို႔ ၂၀၁၉ ဧၿပီလမွာေျပာၾကားထားပါတယ္။

ကေနဒါႏုိင္ငံအေျခစိုက္ Weston Foods ကလည္း သဘာ၀ပတ္၀န္းက်င္ကို ထိခိုက္မႈမရွိေစပဲ က်င့္၀တ္န႔႔ဲအညီထုတ္လုပ္ထားတဲ့ ဆီအုန္းေတြကိုသာ သူ႔မုန္႔တုိက္ေတြမွာအသုံးျပဳဖို႔ အဓိဌာန္ျပဳထားပါတယ္လို႔ ကုမၸဏီရဲ ႔ အင္တာနက္စာမ်က္ႏွာမွာေဖာ္ျပထားပါတယ္။

ဒါေပမယ့္လည္း ဘယ္ကုမၸဏီေတြကေန ဆီအုန္း၀ယ္ယူေနသလဲဆိုတာကိုေတာ့ ေဖာ္ျပမထားပါဘူး။ Olivia ကေတာ့ ကုမၸဏီေတြက ဒီလိုေျပာေနရုံနဲ႔မေက်နပ္ႏုိင္ပါဘူး။ အၿမဲစိမ္းသစ္ေတာေတြနဲ႔ Ima အတြက္ ဒီထက္ပိုလုပ္ကုိင္ၾကဖို႔ တုိက္တြန္းေနပါတယ္။

Ima ျဖစ္ခ်င္တဲ့ ဆရာ၀န္တေယာက္ျဖစ္လာေအာင္ ေက်ာင္းျပန္တက္ႏုိင္ပါေစလို႔ Olivia ကဆုေတာင္းေပးေနေပမယ့္ Ima အတြက္ကေတာ့ သူ႔အိမ္မက္ေတြနဲ႔အလွမ္းေ၀းေနၿပီး တေန႔တေန႔ ၿခံထဲက ဆီအုန္းသီးေတြ အၿပီးေကာက္ႏုိင္ဖို႔ပဲ အာရုံထား လုပ္ကိုင္ေနရတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ကလေးလုပ်သားတွေအတွက် အန္တရာယ်များတဲ့ အာရှစားအုန်းဆီ လုပ်ငန်း
(Unicode)

ကမ္ဘာမှာဆီအုန်းတွေအဓိကထုတ်လုပ်နေတဲ့ အာရှတိုက်ထဲက ဆီအုန်း လုပ်ငန်းခွင်မှာလုပ်ကိုင်နေကြတဲ့ ကလေးတွေရဲ့အလုပ်ချိန်ရှည်လွန်းသလို အဆိပ်ရှိတဲ့ ပိုးမွှားတိရိစ္တာန်တွေ အကိုက်ခံရမယ့် ဘေး နဲ့လည်းနေ့စဉ်ရင်ဆိုင်နေကြရပါတယ်။ အသက် ၁၅ နှစ်သာရှိသေးတဲ့ Ima ကတော့ ကင်းမြီးကောက်ကိုက်ခံရတာတွေ မြွေဟောက်နဲ့ တည့်တည်းတိုးတာမျိုး မကြာခဏ ကြုံနေရတာပါ။ သူ့ကိုယ်အလေးချိန်ထက် ၃ ဆလောက်လေးတဲ့ လက်တွန်းလှည်းနဲ့ ဆီအုန်းသီးတွေကို နေ့တိုင်းလိုက်ကောက်ရပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဆီအုန်းလုပ်ငန်းခွင်က ကလေးလုပ်သားတွေအကြောင်း အေပီသတင်းဆောင်းပါးကိုအခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ဆီအုန်းစိုက်ပျိုရေးခြံထဲမှာပဲ မွေးဖွားကြီးပြင်းလာတဲ့ Imaဟာ အသက် ၁၀နှစ်အရွယ်မှာ ကျောင်းထွက်ခဲ့ရပါတယ်။ သချာၤတော်ပြီး ကျောင်းပျော်တဲ့ Ima တယောက် ကျောင်းပြန်တက်ချင်ပေမယ့် သူ့အမေက စားအုန်းဆီခြံမှာ အလုပ်ကူလုပ်ဖို့ကျောင်းနုတ်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့တဖက်ခြမ်း အမေရိကန်ပြည်ထောင်စု Tennessee ပြည်နယ်က အသက် ၁၄ နှစ်အရွယ် Olivia Chaffin ကတော့ Ima ကိုလူချင်း မတွေ့ဖူးပေမယ့် သူ့ခံစားချက်ကိုသဘောပေါက်ပါတယ်။

အမျိုးသမီးကင်းထောက်လူငယ်ရန်ပုံငွေအဖြစ် ကွတ်ကီးမုန့်တွေ အများဆုံးရောင်းချနိုင်ခဲ့တာကို Olivia တယောက်ဂုဏ်ယူခဲ့ဖူးပါတယ်။ကွတ်ကီးမုန့်အပါအဝင် သွားတိုက်ဆေးနဲ့ မိတ်ကပ်လို လူသုံးကုန်ပစ္စည်းမျိုးစုံမှာ ဆီအုန်းတွေကို အသုံးပြုကြတာပါ။ Ima အလုပ်လုပ်တဲ့ခြံကထွက်တဲ့ ဆီအုန်းတွေကို အသုံးပြုတဲ့ လုပ်ငန်းတွေကို APသတင်းဌာနက ခြေရာကောက်တာမှာ ကွတ်ကီးမုန့်တွေ ထုတ်လုပ်တဲ့ကုမ္ပဏီတွေလည်းပါဝင်ပါတယ်။ Ima ရဲ နေ့တဓူဝအလုပ်တွေကို မြင်ခဲ့ရတဲ့ Olivia က ခုတော့ ကွတ်ကီးမုန့်တွေရောင်းခဲ့မိတာကို နောင်တရလို့ မဆုံးဖြစ်နေပါတယ်။

“ အဲဒီလိုဘဝမျိုးမှာ အသက်ရှင်ရတာ သိပ်ဆိုးပါတယ်။ ဘယ်လောက်တောင် ဆိုးမလဲဆိုတာ စဉ်းစားကြည့်လို့တောင်မရပါဘူး”

ဆီအုန်းဝယ်လိုအားတက်လာတာကြောင့်အပူပိုင်း အမြဲစိမ်းသစ်တောတွေ ဧကသန်းနဲ့ချီ ပျက်စီးခဲ့ရတာကြောင့် သဘာဝပတ်ဝန်းကျင်ကိုလည်း အကြီးအကျယ်ထိခိုက်လာစေပါတယ်။

San Francisco အခြေစိုက် အမြဲစိမ်းသစ်တောထိန်းသိမ်းရေးကွန်ယက် က ညွှန်ကြားရေးမှူး Robin Averbeck က အခုလို ထောက်ပြပါတယ်။

“ဆီအုန်းလုပ်ငန်းခွင်မှာ ကလေးလုပ်သားအသုံးပြုမှု၊ အတင်းအကြပ်အလုပ်ခိုင်းစေမှု၊ တရားမဝင် လူကုန်ကူးမှုနဲ့ အမျိုးသမီးအခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ပေါ်ပေါက်နေပါတယ်။”

ကမ္ဘာတဝှမ်းအသုံးပြုနေတဲ့ ဆီအုန်း ၈၅ ရာခိုင်နှုန်းနီးပါးက အလုပ်သမားသန်းနဲ့ချီခန့်ထားတဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံကဖြစ်ပြီး ဒီထဲမှာ မိသားစုတခုလုံး လုပ်ကိုင်နေတာလည်းရှိပါတယ်။ ဆီအုန်းလုပ်ငန်းခွင်က မတရားအလုပ်ခိုင်းစေခံနေရတဲ့ကိစ္စတွေပေါ်ပေါက်နေတာကို အင်ဒိုနီးရှား အစိုးရပိုင်းကလည်း သဘောပေါက်ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံက အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကလေးငယ်များကာကွယ်ရေးဆိုင်ရာ ဝန်ကြီးဌာန ဒုဝန်ကြီး Rafail Walangitan က

“အမျိုးသမီးကျန်းမာရေးကိစ္စနဲ့ ကလေးလုပ်သားခိုင်းစေမှုတွေမှာ ကျနော်တို့ လုံလောက်စွာ အကာအကွယ်မပေးနိုင်သေးပါဘူး။ ဒီအကြောင်းအရာတွေက အစိုးရအတွက် စိုးရိမ်စရာကောင်းတဲ့ ကိစ္စတွေ ဖြစ်လာပါတယ်။”

အမေရိကန်ကလည်းအတင်းအကြပ်လုပ်အားခိုင်းစေမှုနဲ့ ဆက်စပ်နေတဲ့ မလေးရှားက ဆီအုန်းတွေကို တားမြစ်မယ်လို့ လတ်တလောကြေငြာထားပါတယ်။ ဆီအုန်းလုပ်ငန်းရှင်တွေ ကလည်း ဒီအခြေအနေတွေတိုးတက်အောင် လုပ်ကိုင်လာတာပါ။ ၂၀၀၄ ခုနှစ်မှာတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေပဲ ကျင့်ဝတ်န့ဲညီတဲ့ ဆီအုန်းဖြစ်ကြောင်း အသိအမှတ်ပြုနိုင်ရေးအတွက် ဆီအုန်းစိုက်ပျိုးသူ၊ ဝယ်ယူသူတွေနဲ့ သဘာဝပတ်ဝန်းကျင်အရေး စောင့်ကြည့်သူတွေစုပေါင်းပြီး Roundtable on Sustainable Palm Oil RSPO ဆိုတဲ့အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

RSPO အဖွဲ့ပြောခွင့်ရသူ Dan Strechay က

“ဆီအုန်းလုပ်ငန်းခွင်က အလုပ်သမားတွေ သင့်တင့်မ ျှတစွာ နေထိုင်နိုင်တဲ့ လုပ်အားခမျိုးပေးနိုင်အောင် ဒေသန္တရဥပဒေပြဌာန်းချက်တွေထက်ကျော်လွန်ပြီး လုပ်ကိုင်ပေးနိုင်တဲ့စနစ်မျိုး ဖန်တီးကြဖို့ RSPO အဖွဲ့ဝင်တွေကို တိုက်တွန်းထားပါတယ်။ လူ့အခွင့်အရေး ကိစ္စရပ်တွေမှာတော့ RSPO က စစ်ဆေးတဲ့ ပုံစံတွေ ဒီထက်တိုးတက်အောင်လုပ် ရမယ်ဆိုတာကိုလည်း ကျနော်တို့ သဘောပေါက်ပါတယ်”

RSPO အဖွဲ့ရဲ အတည်ပြုလက်မှတ်ရတာဟာ ဆီအုန်းလုပ်ငန်းခွင်မှာ ကလေးလုပ်သားဒါမှမဟုတ် မတရားမှုတွေရှိမနေဘူးဆိုတဲ့အဓိပါယ်မဟုတ်ဘူးလို့ တက်ကြွလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။အီတာလျံမုန့်မျိုးစုံလုပ်ငန်း Little Brownie Bakers ကလည်း RSPO ကအပြည့်အဝအသိအမှတ်ပြုထားတဲ့ ဆီအုန်းတွေကိုသာ အမြန်ဆုံး အသုံးပြုသွားဖို့ လုပ်ကိုင်နေပါတယ်လို့ ၂၀၁၉ ဧပြီလမှာပြောကြားထားပါတယ်။

ကနေဒါနိုင်ငံအခြေစိုက် Weston Foods ကလည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေပဲ ကျင့်ဝတ်န့ဲအညီထုတ်လုပ်ထားတဲ့ ဆီအုန်းတွေကိုသာ သူ့မုန့်တိုက်တွေမှာအသုံးပြုဖို့ အဓိဌာန်ပြုထားပါတယ်လို့ ကုမ္ပဏီရဲ့ အင်တာနက်စာမျက်နှာမှာဖော်ပြထားပါတယ်။

ဒါပေမယ့်လည်း ဘယ်ကုမ္ပဏီတွေကနေ ဆီအုန်းဝယ်ယူနေသလဲဆိုတာကိုတော့ ဖော်ပြမထားပါဘူး။ Olivia ကတော့ ကုမ္ပဏီတွေက ဒီလိုပြောနေရုံနဲ့မကျေနပ်နိုင်ပါဘူး။ အမြဲစိမ်းသစ်တောတွေနဲ့ Ima အတွက် ဒီထက်ပိုလုပ်ကိုင်ကြဖို့ တိုက်တွန်းနေပါတယ်။

Ima ဖြစ်ချင်တဲ့ ဆရာဝန်တယောက်ဖြစ်လာအောင် ကျောင်းပြန်တက်နိုင်ပါစေလို့ Olivia ကဆုတောင်းပေးနေပေမယ့် Ima အတွက်ကတော့ သူ့အိမ်မက်တွေနဲ့အလှမ်းဝေးနေပြီး တနေ့တနေ့ ခြံထဲက ဆီအုန်းသီးတွေ အပြီးကောက်နိုင်ဖို့ပဲ အာရုံထား လုပ်ကိုင်နေရတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG