{{Zawgyi/Unicode}}
ဒီမိုကေရစီအက်ိဳးျပဳကရင္တပ္မေတာ္ (DKBA) က ကေလးသူငယ္ေတြကို တပ္သားအျဖစ္ စုေဆာင္းအသုံးျပဳေနတာေတြကို အဆုံးသတ္ဖို႔ ကုလသမဂၢနဲ႔ ပူးတဲြလုပ္ငန္းအစီအစဥ္တရပ္ကို ဒီကေန႔မွာ လက္မွတ္ေရးထုိးလိုက္ပါတယ္။ ကေလးသူငယ္ေတြအေပၚမွာ ႀကီးမားတဲ့ ခ်ိဳးေဖာက္မႈေတြကို ေစာင့္ၾကည့္ အစီရင္ခံတင္ျပတဲ့ႏုိင္ငံအဆင့္ အထူးတာ၀န္အဖဲြ႔ (CTFMR) နဲ႔ DKBA တုိ႔ အင္တာနက္အြန္လိုင္းကေန တဆင့္ လက္မွတ္ေရးထုိးခဲ့ၾကတာျဖစ္ပါတယ္။ ဒါဟာ ကုလသမဂၢအဖဲြ႔နဲ႔ ျမန္မာႏုိင္ငံမွာရွိတဲ့ တုိင္းရင္းသားလက္နက္ကိုင္အဖဲြ႔ၾကား ေရးထုိးတဲ့ ပထမဆုံး ၂ ဘက္ပူးတဲြလုပ္ငန္းစဥ္တရပ္ျဖစ္ပါတယ္။
DKBA ဘက္က အခုလိုိ ကတိျပဳလက္မွတ္ေရးထိုးခဲ့တဲ့အတြက္ ခ်ီးက်ဴးေၾကာင္း၊ လက္နက္ကိုင္ ပဋိပကၡဒဏ္ခံေနရတဲ့ ကေလးသူငယ္ေတြနဲ႔ လူမႈအသုိင္းအ၀ိုင္းေတြကို ကာကြယ္ေစာင့္ေရွာက္ဖို႔က အေရးႀကီးတယ္လို႔ CTFMR အဖဲြ႔က ေျပာပါတယ္။
အခုလို လက္မွတ္ေရးထုိးလိုက္ျခင္းအားျဖင့္ ကေလးစစ္သားအျဖစ္ အသုံးျပဳေနတဲ့ လက္နက္ကိုင္အဖဲြ႔စာရင္းထဲကေန DKBA တပ္ဖဲြ႔ကို ပယ္ဖ်က္ဖို႔အတြက္ အေရးႀကီးတဲ့ေျခလွမ္းျဖစ္တယ္လို႔လည္း ေျပာပါတယ္။ DKBA တပ္ထဲမွာ ကေလးစစ္သားအသုံးျပဳတာေတြရွိခဲ့တယ္လို႔ ၂၀၁၃ ကစၿပီးေဖာ္ျပခဲ့ေပမယ့္လည္း ေနာက္ပိုင္းအစီရင္ခံစာေတြမွာေတာ့ မေတြ႔ရွိရေတာ့ဘူးလို႔လည္း ေျပာပါတယ္။
DKBA အေနနဲ႔ ၂၀၁၇ ကစၿပီး CTFMR အဖဲြ႔နဲ႔ ပူးေပါင္းေဆာင္ရြက္ခဲ့ၿပီး သူတုိ႔အဖြဲ႔အတြင္းမွာ ကေလးစစ္သားအသုံးျပဳတာေတြနဲ႔ ႀကီးမားတဲ့ ခ်ိဳးေဖာက္မႈေတြမရွိေတာ့ေၾကာင္း ျပသဖို႔ စိတ္အားထက္သန္ေနၿပီးေတာ့ ကုလသမဂၢရဲ႕ ကေလးစစ္သားအသုံးျပဳမႈ အစီရင္ခံစာထဲကေန ပယ္ဖ်က္ခံရဖို႔အတြက္ ႀကိဳးပမ္းေနတယ္လို႔ DKBA စစ္ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္ႀကီး ေစာမိုးေရွးကလည္း ေျပာပါတယ္။
ဒီအခမ္းအနားကို ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ Virginia Gamba လည္းတက္ေရာက္ၿပီး မ်က္ျမင္သက္ေသအျဖစ္ လက္မွတ္ေရးထုိးခဲ့ပါတယ္။ ဒါ့အျပင္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဗဟိုဌာန၊ ၿငိမ္းခ်မ္းေရးေကာ္မရွင္ဥကၠ႒ ေဒါက္တာတင္မ်ိဳး၀င္းနဲ႔ ျမန္မာႏုိင္ငံမွာရွိတဲ့ သံတမန္ေတြ၊ ကုလသမဂၢေအဂ်င္စီေတြလည္း တက္ေရာက္ခဲ့ၾကပါတယ္။
.......................................
{{Unicode}}
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) က ကလေးသူငယ်တွေကို တပ်သားအဖြစ် စုဆောင်းအသုံးပြုနေတာတွေကို အဆုံးသတ်ဖို့ ကုလသမဂ္ဂနဲ့ ပူးတွဲလုပ်ငန်းအစီအစဉ်တရပ်ကို ဒီကနေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ ကလေးသူငယ်တွေအပေါ်မှာ ကြီးမားတဲ့ ချိုးဖောက်မှုတွေကို စောင့်ကြည့် အစီရင်ခံတင်ပြတဲ့နိုင်ငံအဆင့် အထူးတာဝန်အဖွဲ့ (CTFMR) နဲ့ DKBA တို့ အင်တာနက်အွန်လိုင်းကနေ တဆင့် လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ ဒါဟာ ကုလသမဂ္ဂအဖွဲ့နဲ့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြား ရေးထိုးတဲ့ ပထမဆုံး ၂ ဘက်ပူးတွဲလုပ်ငန်းစဉ်တရပ်ဖြစ်ပါတယ်။
DKBA ဘက်က အခုလို ကတိပြုလက်မှတ်ရေးထိုးခဲ့တဲ့အတွက် ချီးကျူးကြောင်း၊ လက်နက်ကိုင် ပဋိပက္ခဒဏ်ခံနေရတဲ့ ကလေးသူငယ်တွေနဲ့ လူမှုအသိုင်းအဝိုင်းတွေကို ကာကွယ်စောင့်ရှောက်ဖို့က အရေးကြီးတယ်လို့ CTFMR အဖွဲ့က ပြောပါတယ်။
အခုလို လက်မှတ်ရေးထိုးလိုက်ခြင်းအားဖြင့် ကလေးစစ်သားအဖြစ် အသုံးပြုနေတဲ့ လက်နက်ကိုင်အဖွဲ့စာရင်းထဲကနေ DKBA တပ်ဖွဲ့ကို ပယ်ဖျက်ဖို့အတွက် အရေးကြီးတဲ့ခြေလှမ်းဖြစ်တယ်လို့လည်း ပြောပါတယ်။ DKBA တပ်ထဲမှာ ကလေးစစ်သားအသုံးပြုတာတွေရှိခဲ့တယ်လို့ ၂၀၁၃ ကစပြီးဖော်ပြခဲ့ပေမယ့်လည်း နောက်ပိုင်းအစီရင်ခံစာတွေမှာတော့ မတွေ့ရှိရတော့ဘူးလို့လည်း ပြောပါတယ်။ DKBA အနေနဲ့ ၂၀၁၇ ကစပြီး CTFMR အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး သူတို့အဖွဲ့အတွင်းမှာ ကလေးစစ်သားအသုံးပြုတာတွေနဲ့ ကြီးမားတဲ့ ချိုးဖောက်မှုတွေမရှိတော့ကြောင်း ပြသဖို့ စိတ်အားထက်သန်နေပြီးတော့ ကုလသမဂ္ဂရဲ့ ကလေးစစ်သားအသုံးပြုမှု အစီရင်ခံစာထဲကနေ ပယ်ဖျက်ခံရဖို့အတွက် ကြိုးပမ်းနေတယ်လို့ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုးရှေးကလည်း ပြောပါတယ်။
ဒီအခမ်းအနားကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Virginia Gamba လည်းတက်ရောက်ပြီး မျက်မြင်သက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ သံတမန်တွေ၊ ကုလသမဂ္ဂအေဂျင်စီတွေလည်း တက်ရောက်ခဲ့ကြပါတယ်။