သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်တွင်းပစ်ခတ်မှု ဖြစ်ပွား


လုံခြုံရေးယူနေသော DKBA တပ်များ (သတင်းဓါတ်ပုံ)
လုံခြုံရေးယူနေသော DKBA တပ်များ (သတင်းဓါတ်ပုံ)

ကရင်ပြည်နယ်၊ တွင်းမှာအခြေစိုက်လှုပ်ရှားနေတဲ့ သင်္ကန်းညီနောင် နယ်ခြားစောင့်တပ် (BGF) ဝင်းအတွင်းမှာတပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်မူကြောင့်လူ ၄ဦး သေဆုံးပြီး အရပ်သားတဦး ဒဏ်ရာရခဲ့သလို ပစ်ခတ်သူကိုတော့ ဇန်နဝါရီလ ၂ရက်နေ့ မှာ အသေပစ်ခတ်ဖမ်းဆီးခဲ့တယ် လို့ ဆိုပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့၊ သင်္ဃန်းညီနောင်တွင် အခြေစိုက်တဲ့ မြန်မာအစိုးရ လက်အောက်ခံတပ် ဖြစ်တဲ့ နယ်ခြားစောင့်တပ် ၉၀၁ ဝင်းအတွင်းမှာ ဇန်နဝါရီ(၁)ရက် ညက ပစ်ခတ်မူဖြစ်ပွားခဲ့တာပါ။ ပစ်ခတ်မူအတွင်း လူ၄ဦး သေဆုံးခဲ့ကြောင်း မြဝတီမြို့ရဲစခန်းကတော့ အတည်ပြုပြောကြားပါတယ်။

" ၄ယောက်လို့တော့ပြောတယ်ဗျ၊ အဲဒါ သင်္ကန်းညီနောင် ရဲစခန်းဘက်ကဗျ။ ကျနော်တို့မြဝတီဘက်ကတော့ မဟုတ်ဘူး"

ပစ်ခတ်မှုကြောင့် BGF တပ်ဖွဲ့ဝင် လေးဦးသေဆုံးကာ အရပ်သား
တစ်ဦး ဒဏ်ရာ ရရှိခဲ့တာပါ။ ပစ်ခတ်တာကတော့ ပစ်ခတ်ပြီး ထွက်ပြေးသွားတဲ့ တပ်ဖွဲ့ ဝင်ကိုတော့ နယ်ခြားစောင့်တပ် က လိုက်လံဖမ်းဆီးရာမှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် အချင်းအချင်း ပစ်ခတ်တာဖြစ်ပြီး ဇန်နဝါရီလ ၂ရက်နေ့မှာတော့ အသေ ဖမ်း ပစ်ခတ် ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်ထွက်ပြေးသူဟာ လမ်းပေါ်ကနေ ဆိုင်ကယ်မောင်းလာသူအရပ်သားတဦးကို ထပ်မံပစ်ခတ်ပြီး ဆိုင်ကယ်လုယူကာ ထွက်ပြေးသွားခဲ့တယ် လို့လည်း ဆိုပါတယ်။ အရပ်သားကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် ဘားအံဆေးရုံကို ပို့ပြီး ကုသနေရတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရနဲ့ ၁၉၉၄ခုနှစ်တုန်းကအပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ဟာ ၂၀၁၀ခုနှစ်ထဲမှာ နယ်ခြားစောင့်တပ်အဖြစ်အသွင်ပြောင်းရေးမှာသဘောကွဲလွဲမူတွေဖြစ်ခဲ့ပါတယ်။ ဒီထဲက ဗိုလ်မူးကြီး စာချစ်သူ ဦးဆောင်တဲ့ DKBA အုပ်စုက နယ်ခြားစောင့် တပ်အဖြစ် အသွင်ပြောင်းခဲ့ပြီး ဗိုလ်မူးနှုတ်ခမ်းမွေး ဦးဆောင်တဲ့အုပ်စုကတော့ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော် ဒီကေဘီအေ နာမည်ပြောင်းခဲ့ပြီး မြန်မာအစိုးရနဲ့ တနှစ်နီးပါးကြာ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပါတယ်။

အခုပစ်ခတ်မူဖြစ်ပွားခဲ့တဲ့ နယ်ခြားစောင့်တပ်ရင်းကတော့ တပ်ရင်း ၁၃ရင်းနဲ့ဖွဲစည်းထားပါတယ်။ အခုပစ်ခတ်မူကတော့ မြန်မာတပ်မတော် ရဲလက်အောက်ခံ ကရင်ပြည်နယ်က နယ်ခြားစောင့် တပ်ရင်းက တပ်ဖွဲဝင်အချင်းချင်းပစ်ခတ်မူဖြစ်ပြီး ဘာကြောင့် ပစ်ခတ်သလဲဆိုတာ နယ်ခြာစောင့်တပ်ဘက်ကို မေးမြန်းခဲ့ပေမဲ့ ပြောရေးဆိုခွင့်ရှိသူက အခြေအနေ မသိရှိရသေးဘူးလို့ပဲ ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG